ခေါင်းစဉ်မဲ့

သြော်- ဘ၀ အဓိပ္ပါယ်က..စလိုက်တာ.. ဆရာ သမား Hush က.. ကဗျာတွေ ပြိုင်ပြီး ဘာသာပြန်မယ်တဲ့။ တပုဒ် ပြီး တပုဒ် ပေးနေတယ်။ လာပြီဗျိုး။ ဘာ ရ မလည်း။း)
အာ- ကဗျာက..ခေါင်းစဉ်လည်း မပါ -ပါလား။ စိတ်ဝင်စားသူ များ..ခေါင်းစဉ်ပေး- ပေးကြပါ။


I'm nobody!
Who are you?
Are you nobody, too?
Then there's a pair of us — don't tell!
They'd banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
(Emily Dickinson )

တကယ်တော့ ငါဟာ ဘာမှ မဟုတ်ပါဘူးလေ-
နင်ကရော-
နင်လည်း ဘာမှ မဟုတ်ဘူး မဟုတ်လား-
ဒါဆို- ငါတို့ နှစ်ယောက် အတူတူပေါ့-
လျှောက် တော့ မပြောလေနဲ့
သူတို့က.. တို့ကို ကန်ထုတ်ပြစ်လိမ့်မယ်- သိလား

တပ်မက် စရာ ကောင်းလှတဲ့..ရွှံ့နွံတွေထဲမှာ-
ဖားတကောင်လို တအွမ်အွမ် အသံပေးရင်း-
တစုံတယောက် ဖြစ်ဖို့ -
နင့် သမိုင်းကြောင်းတွေ အဓွန့်ရှည်ဖို့ ဆိုတာ-
ဘယ်လောက်တောင် စိတ်ပင်ပန်းစရာ ကောင်းသလည်း လို့။


Share/Bookmark

13 Comments:

Kaung Kin Ko said...

တကယ့် သရုပ်မှန် ဖော်နိုင်တဲ့ သရော်ကဗျာလေးပါလား။

PAUK said...

မကေရေ..
ကောင်းကင်ကိုပြောတာကို ထောက်ခံပါတယ်။။
ကဗျာလေးက ကောင်းတယ်။။

Moe Cho Thinn said...

ဒီကဗျာလေး ကြိုက်မိတယ်။
ကိုယ့်အကြောင်းများ စပ်ထားသလား ထင်မိတယ်။ :)

Dr. Yi Yi Win said...

ကေ ဘာသာပြန်တာ ကောင်းတယ်။ စကားလုံးရွေးရတာက ခက်တာလေ။

ATN said...

ငါဘာကောင်မှ မဟုတ်ဘူး...
မင်းလည်း ဘာကောင်မှ မဟုတ်ဘူးလား...

ဒါဆို တို့ နှစ်ယောက်ရှိနေတယ်ဆိုတာ
လျှောက်မပြောပါနဲ့...
ငါတို့ မောင်းထုတ်ခံရမယ်၊ သိလား။

တကောင်ကောင်ဖြစ်ရတာ
ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ။

ရွှံ့နွံတွေ ကြည်ညိုမှုရအောင်
ဖားတကောင် မသေမချင်း
သူ့နံမည်သူ အတင်း အော်နေသလိုမျိုး... ....


တတ်နိုင်သမျှ ကဗျာဆန်အောင် ကြိုးစား ဘာသာ ပြန်ကြည့်ပါသည်။ bog မှာ သာမန်ကြည့်လျှင် မြေမာဟု ထင်ရသော ရွှံ့နွံဖြစ်သဖြင့် အနှစ်မရှိသူများကို တင်စားသည်ဟု ထင်ပါသည်။

M.Y. said...

မကေ နဲ့ ကိုအောင်သာငယ် ဘာသာပြန်ထားတဲ့ ကဗျာလေးကောင်းလွန်းလို့ တတ်ယောင်ကား ၀င်လုပ်ကြည့်တာ..


"နာမည်ကြီး"

ငါ…...ဘာကောင်မှ မဟုတ်
မင်းလဲ……ဘာကောင်မှ မဟုတ်ဘူးတဲ့လား
ဒါဆို..တို့ နှစ်ယောက် တစ်စုံ ဖြစ်ကြောင်း
လျှောက်ပြောမနေနဲ့ ဦး..သိတယ်ဟုတ်
ဒင်းတို့ ပေးမှာက.. ငါတို့ အတွက် ပြည်နှင်ဒါဏ်..

နာမည်လေးတစ်ခု ရဖို့ 
ငြီးငွေ့ စရာကောင်းပုံများ
လူသိများတယ် ဆိုတဲ့အဖြစ်က
ကိုယ့်နာမယ်ကို
ကိုယ် ချစ်တဲ့ ရွှံ့ ခွက်ကမ္ဘာလေးဆီ
တစ်သက်လုံး တိုင်တည် နေရတဲ့
ဖားသူငယ်လိုပဲလေ…

မောင်ရင်

Anonymous said...

Everybody's translations are good in it's own way. Here is another poems which has given me extreamly strong comfort for living in this chaotic world. Let me know if it can give you guys the same comfort. http://www.omplace.com/rumi/

Here is my translation which i don't reaaly like. I believe Kay's translate might be alot better than mine.
http://www.myanmaritpros.com/photo/photo/show?id=1445004%3APhoto%3A30868&context=user


Peace
Hush

ကိုအောင် said...

ဒီကဗျာဖတ်ပြီး လူတွေ တော်တော်ရယ်စရာ ကောင်းတယ် ဆိုတာ ပိုသိလာတယ် မကေရေ။

sait phay yar said...

လက်ခုတ်ထဲကဖားသငယ် လို့ နာမည်ပေးလိုက်တော့မယ်နော်

Anonymous said...

ကောင်းကင်ကို- ပေါက် - မချိုသင်း- ချာမ ယုဝရီ-
အခုလို..အားနာပါးနာ မိတ်မပျက် အောင်ချီးမွမ်း အားပေးတဲ့အတွက်- ကျေးဇူးပဲ။း)

ကိုအောင်သာငယ် ရော ကို မောင်ရင်ရော- သိပ်ကျေးဇူးတင်တယ်။ အချိန်ပေးပြီး..စိတ်ပါလက်ပါ..ကျမ နဲ့အတူ ဘာသာပြန်ပေးထားလို့။ အခု ဘလော့ပေါ် တင်လိုက်မယ်နော်။ သဘောမတူ စရာ မရှိဘူးထင်ပါတယ်။း)

Hush-ကျမတော့..မထတမ်း ဘာသာပြန်မိတော့မယ်။ ဘာပဲဖြစ်ဖြစ်..စာကောင်းလေးတွေ ဖတ်ခွင့် မြည်းခွင့်ရ လိုက်လို့ ကျေးဇူးပဲ။

ကိုအောင်- ရီစရာ ဟုတ်လို့လား။ တွေးစရာ လေးပါ။ တကယ်တော့..လက်တွေ့မှာ မဖြစ်နိုင်လို့..လူတွေက..ကဗျာထဲ မှာ ထဲ့ဖျော်ကြတဲ့ အပုန်းစိတ်တွေပေါ့။

မေ (စိတ်ဖြေရာ) ပေးတဲ့ ခေါင်းစဉ်လေးလည်း.. တမျိုးကောင်းတာပဲ။ ကျေးဇူး။

P.Ti said...

နောက်ကျပြီးမှ စာလာတင်ပါတယ် ဆရာမ.... :P


ရှူး တိုးတိုး

ဘာမှမဟုတ်နဲ့ ငါ
အဖြစ်မရှိတဲ့မင်းနဲ့
နှစ်ယောက်ပေါင်းကာ
လောင်းကျော်မယ်ကြံ
တိုးတိုးသက်သာလုပ်စို့
မဟုတ်ရင် တောထုတ်ခံရလိမ့်မယ်
အဲဒါတော့ သိတယ် ဟုတ်။

နာမည်ကြီးဆိုတာ
ငြီးငွေ့စရာနေ့တွေနဲ့ရှုပ်
ဖားတစ်ကောင်လို
ကိုယ့်နာမည်ကို ဖော်ထုတ်
ရွှံ့မြေကြီးပေါ်မှာထိုင်ပြီး
အရှုပ်ထုပ်တွေမြုပ်နေရတာကွ။

Anonymous said...

ပီတိရေ- စကားလုံးတွေက.. A ပေးချင်ပါရဲ့- လာတင်တာ နောက်ကျတော့..B+ ပဲ ရပြီပေါ့။း)
ပီတိဟာက..ကာရံလေးတွေပိုညိတယ်။

P.Ti said...

ဆရာမက အိမ်စာပေးကြောင်း သေချာမှမပြောတာကိုး.. နောက်ကျမှာပေါ့.. ကျောင်းအုပ်ဆရာမကြီး ဒေါ်မေ နဲ့ တိုင်ပြောမယ်...

:P