ငှက် တွေ အကြောင်း ဓမ္မဓိဌါန်

ငှက်တွေဟာ.. သူတို့ အတောင် တွေ ဘယ်လောက် လေးလေး..သွားလေရာ သယ်သွား ကြတယ်။


ငှက်တကောင်က.. သူ့ အတောင်ညောင်းရင်.. တခြား ငှက်တကောင်ရဲ့ အတောင် နဲ့ ခဏ ငှါးပြီး ပျံသန်း ချင်လို့ ရမလား..။ ( မရဘူး )


ကျီးကန်းတကောင်လို အရုပ်ဆိုးတဲ့ ငှက်တကောင်က.. ဒေါင်းတကောင်လို လှပ တင့်တယ် တဲ့ ငှက်တကောင် အယောင်ဆောင်ရင်း..စကားပုံ တခု ပေါ်ပေါက်လာ သတဲ့။


ဥသြတကောင် ရဲ့ အလုပ်က..လူတွေ ကို..လွမ်းဆွေးစေဖို့ သက်သက်ပဲ ဖြစ်သလို.. လဒ တကောင် ရဲ့ အလုပ်ကလည်း..လူတွေကို ဆွေးမြေ့သွားစေဖို့ပဲ ဖြစ်တယ်။


ကြက်တူရွေး တကောင် နဲ့ သာလိကာ တကောင် အလုပ်ပြိုင်လျှောက်တဲ့ အခါ.. ဘယ်အရည်အချင်းကို.. အဓိက ထားပြီး ရွေးချယ် ခန့်ထား ဖို့ များနိုင်သလဲ..။ ( လောဂျစ်)


ဆက် မဖြေ တတ်တော့ဘူးရယ်။။


..
Blue Jay, Ruby Throat

နိုင်ငံခြား မျိုးရင်း ငှက်များ

ဘလူးဂျေး တို့..ရူဘီသရုတ် တို့ ဆိုတာတွေကို မကြားဖူး မသိဖူး ရင် ထားလိုက်။ လျှောက် မရွှေ နဲ့..။ ငါ့အတွက်...စာကလေး တကောင် ဘယ်လောက် တောင် ကြီးတယ် ဆိုတာတော့..သိရင် တော်ပြီ။


တခါတလေ တော့ လည်း ဇရက် နဲ့ ချိုးက.. မကွဲပြား တတ်ဘူး။ ဒါကို သတိရှိရမယ်။

ခိုတွေ အကြောင်း ညည်းဖွဲ့  ဖို့ အတောင်ခတ် လိုက်သူ ဟာ..ခို တကောင်ပဲ ဖြစ်တော့ မပေါ့။
ဒါပေမဲ့... ကံဆိုးလိုက်တာ လို့.. ညည်းနေတာ..ခိုတကောင် မဟုတ်ဘူး..။ ငုံးတကောင်။ ခပ်တုံးတုံး ငုံး လို့ ပဲ ဆိုကြပါစို့ ရဲ့  ။ သူ့ ခြေထောက် နောက်တချောင်း ကို ..ဘယ်လို တဲ့တဲ့ မှန်မှန် အသုံးချ ရ မှန်း တောင်..မသိနားမလည် တတ်လိုက်ပုံ။  ဒါပေမဲ့...သူ ငုံးစူ တာ ကိုတော့..လူတကာ သိစေချင် ။


ဇီးကွက် တွေ လို ညမှာ မအိပ်တဲ့ သူတွေ.. များသထက် များလာ နေတော့.. ည တွေမှာ လမသာ တော့ တာ..မဆန်းတော့ ဘူးပေါ့..။


ဇရက် တကောင် တောင်ပံ ကျိုးသွားပြီ ဆိုရင်တော့.. ခံတွင်း ပျက် နေတဲ့ ကြောင် တကောင် အတည်ကြံ ခံရဖို့ ထက် ပိုပြီး.. ဘာမှ မျှော်လင့်စရာ မရှိတော့ဘူး။


ပူပင်စရာတွေနဲ့ မသေချာလွန်း တဲ့ လောကကြီး ထဲမှာ.. တစ်တီတူး တွေ..စိတ်အေးလက်အေး မှောက်ခုံ အိပ်နိုင်မဲ့… ယူတိုပီးယား တခုအကြောင်း စိတ်ကူး ယဉ်နေတုန်း… တစ်တီတူး တကောင်..စူးစူးရဲရဲ အော်ပြီး ငါ့မျက်နှာကို အတောင်နဲ့ ဖြတ်ရိုက်သွား တယ်။ ငါကိုက.. အ လွန်းပါတယ်လေ..။ 




ဇာမဏီ ဆိုတာ..ဖီးနစ် ငှက်လား.. ဘာသာစကား နဲ့  အကျယ်ချဲ့ မူ များ အကြောင်း ။ 
ပုံပြင်တွေ ထဲမှာတော့.. အရာအားလုံးက.. အားတက်စရာ တွေ ချည်း။   
ဟသာင်္ာ ကိုးသောင်း ရှိခဲ့ဖူး ..ပျက်ခဲ့ ဖူး တဲ့.. အကြောင်း ... အတောင်မပါ တဲ့ ငှက်မျိုးရင်း သန်း ၆၀ လောက် ရှိတဲ့.. ခြေရာဗွက် ကလေး ထဲ ကနေ.. ဘယ်လို တွေး ကြည့် နိုင်မလဲ။  ပုံပြင် တပုဒ် သို့မဟုတ် ပြဇတ်တထုတ်။

ဖေ့စ်ဘွတ်ခ် ခေတ်  ပုံပြင်လက်သစ် မှာ တော့..ကိန္ဒရီ ကိန္ဒရာ  ..  ခုနှစ် ရက် နဲ့.. အငိုတိတ်စေ ရမည် လို့… ထိုးဇတ်တခု ထပ်ထဲ့ လိုက်။ အင်း..သူတို့က ငှက် ဆိုတာ သေချာရဲ့ လား။


ငှက်တွေ မှာ..အချစ် မရှိဘူး လို့ ထင်တယ်။ အချစ်မှ မရှိရင်..သစ္စာ နဲ့ တန်ဖိုးထား မူ ဘယ်လို ရှိ မလဲ။ ဒါဆို သေချာတယ်.. ကိန္ဒရီ ကိန္ဒရာ တွေဟာ ငှက်မဟုတ်ဘူး။  ငှက် ကျင့်ဝတ် မှာ ဖို-မ တရား ကိုပဲ လိုက်နာတယ်။ ငှက်မ တကောင်ဟာ .. သူ့ ဥ တွေ အကြောင်း. မှတ်တမ်း တင် မထား ဘူး။  နာမည် တွေ မပေး ထားဘူး။ ဒါပေမဲ့..သူ့ ဥ တွေကို ခင် တယ်။ အဖိုကောင်က..၀ပ်ကျင်း ထဲကို အစာတွေ လာလာ ချ ပေး တယ်။ ငှက်ဘ၀ မှာ..အဲဒါ ထက် ဘာများ ထပ် လိုအပ် လိမ့် ဦးမလဲ။

ဆိုပါတော့.. ဥ.. မ ဥ တဲ့ ငှက်မ တကောင် ဟာ..သူဘာမှား နေလဲ လို့..သူ့ ဗိုက်ကို ခဏခဏ ခွဲ ကြည့် ရ မတဲ့လား...။သူ့ ဗိုက်ထဲ မှာေ၀၀ါးမူ တွေ နဲ့.. ကုန်လွန် သွားခြင်း တွေပဲ တွေ့ ရ မှာပေါ့။

ဒီကမ္ဘာကြီး တခု စာ ငှက်တွေ တောင် နေ့စဉ် အသက်မွေးလောက် သော  အစာ ကို ပေးတဲ့ ဘုရားသခင်…

ရွှေလင်းယုန် လိုသာ.. ကြီးရင့် ခြင်း နဲ့ အတူ.. စူးရှ ထက်မြ ခြင်း များ..လေးနက် တည်ကြည်ခြင်း များ.. အသစ် အသစ် ဖြစ်စေ တော်မူပါ..။

Photo- Kay


 


Share/Bookmark

8 Comments:

မမသီရိ said...

ငှက်တွေ ရဲ့ အကြောင်း ..

ငှက်တွေမှာလဲ အချစ် ရှိမှာပါ ကေ..
တကောင်သေလို့ နောက်တကောင်လိုက်သေတတ်တာ အောက်ချင်းငှက်တွေ မှာ ရှိတာ မဟုတ်ဖူးလား

ဥ မဥ တဲ့ ငှက်မ ကလေးကလဲ သူ့ ဗိုက်ကို ခဏ ခဏ ခွဲ ကြည့်စရာ မလိုပါဘူး လေ..
သူ ၀ပ်ကျင်းထဲ မှာ သူ့ဥတွေဝပ်ပေးစရာ မလိုတဲ့အတွက် .. တခြား လုပ်စရာတွေ အများကြီးလုပ်လို့ရတာပေါ့.. တေးသီတတ်တဲ့ ငှက်က တေးသီမယ်.. ပိုးမွှား ကြိုက်တတ်တဲ့ငှက်က လူသားတွေ အကျိုးမပြုတဲ့ ပိုမွှားတွေ ဖြုန်းတီး နှိမ်နင်းပေးမယ်..

ထုံးစံအတိုင်း အကျင့်ပါနေတဲ့ (ဆရာကြီးလေသံနဲ့)comment ပေးဖို့..
အတွေးတွေနဲ့ ဖတ်သွားခဲ့ပါတယ် ကေ..
ငြိမ်းချမ်းပျော်ရွှင်ပါစေ..

အိမ့်ချမ်းမြေ့ said...

ရွှေလင်းယုန်ကဲ့သို့ အသစ်ပြုပြင်တတ်သော သတ္တ၀ါသာမက၊ စူးရှထက်မြက်သော အမြင်အာရုံ (မျက်စိဖြင့် မမြင်နိုင်သော အရာများသော မြင်နိုင်သော) အာရုံကို ပေးသနားတော်မူပါ....။

သိုးမဲတစ်ကောင် ခေါင်းလောင်းသံကို လွမ်းတယ်..ကေ။

mks said...

ခုဘဲ .. စာကလေး ကြော် ကို ထန်းပင်ကျရည် နဲ့ မြည်းလို့ကောင်းကြောင်း ပြောနေ ကြတာ .. :-) .. မင်္ဂလာပါ မကေ

rose of sharon said...

ငှက်တွေအကြောင်းဖတ်သွားတယ်ကေ... ငှက်တွေမှာ အချစ်မရှိဘူးလား... တခါမှမတွေးမိဘူး...

ဂျူနို said...

ငှက်တွေက ငှက်တွေပဲကိုး ကေရာ။

မအယ်

တန်ခူး said...

ကြိုးကြာတွေ ငိုနေကြတယ်ကေ... သူတို့ ကိုချန်ထားခဲ့လို့ တဲ့...

sosegado said...

စာလာဖတ်သွားပါတယ်၊ အပိုင်း၅ကိုခုမှဖတ်ဖူးပါတယ်၊ ပြောပြတဲ့သူနဲ့အဖြစ်အပျက်ချင်း မတူပေမဲ့ ပါလာထဲမှာ တကယ်ရှိတယ်လို့သူကယုံတယ်၊ ကျနော်က အဲဒီနားမှာနေခဲ့တာ ခေမရဌ်ရှိတဲ့လမ်းပေါ့ ကေဂျာနူးက လမ်းဆုံးက အဆောင်မှာနေတယ်။

ahphyulay said...

အင်း...
အဆုံးထိအောင် ဖတ်လာပြီးမှ
ကောင်းကင်ပြာကြီးနောက်ခံထားပြီး
ဝေ့ ဝဲ ပျံသန်းနေတဲ့  ငှက်ကြီးကို
မြင်မိတော့ မှ သူ့ လိုပဲ လေအဟုန်မှာ
လွတ်လွတ်လပ်လပ် မနားတန်းပျံသန်း
လိုက်ချင်စိတ် ပေါက်လာတော့ တယ်ဗျာ..။