Me Generation


မကြာ သေးခင် အပတ် လောက်က.. အွန်လိုင်း မဂ္ဂဇင်း အင်တာ ဗျူး တခု မှာ Me, Myself and I ဆိုတာ ကို..ကြိုက် နှစ်သက်ကြောင်း ..ကိုးကား သွားသည် ။ အဖြေ ရှင် က.. `မိမိ ကိုယ် သာ ..အားကိုး ရာ´ လို့ များ ပြော ချင် တာ လား တော့ မသိ။ ဘာ ရယ် လို့တော့ မဟုတ်.. Me ချင်း တူနေ တာနဲ့..စိတ်ကူး ထဲ မယ် တန်းစီ စောင့် နေ တဲ့.. တိုင်းမ် မဂ္ဂဇင်း ထဲက.. Me Generation ဆို တဲ့ အကြောင်း အရာ လေး ကို. ပြန် တူး ဆွ လိုက် မိ တယ်။

တရုတ် နိုင်ငံ ၏ Me Generation များ

တရုတ် နိုင်ငံ မှာ.. Me Generation များ တိုးတက် များပြား လျက် ရှိ သည် ဟူ၏။ ၂၀၁၅ ခု လောက်တွင်..လူဦးရေ ၏ ၆၀ % ကို ကျော် ကာ သန်း ၅၀၀ အထိ ရှိ လာ ပေ တော့မည်။ သူ တို့ သည် အလုပ် အကိုင် ကောင်းကောင်း ရှိ ကြ သည်။ ကိုယ်ပိုင် တိုက်ခန်း မှာ တယောက်တည်း..ခွေး တကောင် မွေး ကာ နေချင် နေမည်။ နေ့လည် စာ ကို စားသောက်ဆိုင် မှာ စား ပီး..ည စာ ကို တော့.. နိုက်ကလပ် မှာ ကျော် ပြစ် တတ် ကြ သည် ။

ဆောင်းပါး ရှင် က... အသက် ၃၀ အောက် အသီးသီး ရှိ တဲ့ .. ကြော်ငြာ ကုမ္ပဏီ တခုက. စာရင်း ကိုင် အရာရှိ မလေး ရယ်.. အာမခံ အေဂျင်စီ က..အတိုင်ပင်ခံ တယောက် ရယ်.. ဖန်စီ မဂ္ဂဇင်း တွေ ထုတ်ဝေ သူ ကောင်လေး တယောက် ရယ် နှင့် ..ရှန်ဟိုင်း မြို့လယ်ခေါင် က..အကောင်းစား စားသောက်ဆိုင် တခု မှာ.. starbuck ကော်ဖီ သောက် ရင်း စကား ပြောခဲ့ သည် များ ကို အခြေ တည် ရေးသား ထား သည်။ ထိုင်း နိုင်ငံ တောင်ပိုင်းကျွှန်း တခုမှာ..ဒိုက် ဗင်း သွား ကြဖို့ တယောက် က ပြော သည်။ နောက် တော့..နှင်းလျှော စီး တာ ရောက် သွား သည်။ ကနေ ဒါ နိုင်ငံ လုပ် နှင်းလျှော စီး ကိရိယာ ဆက်လိုက် ..သူဝယ် လိုက်တာ.. ဒေါ်လာ ၇၀၀ ကျ သည် ဆို ၏။ အိုင်ပေါ့ဒ် အကြောင်း လည်း ပါသည်။ အကြွေးဝယ် ကဒ် တွေ..လွယ်လွန်း လို့..ဘယ်နှယ် ကဒ် ယူ မလဲ လို့ ပင် ..နောက်လိုက် သေးသည်။





THIS YEAR'S MODEL: Young Chinese like Liu Yun, 23, an actress pictured in a Beijing dance studio, belong to a generation for whom prosperity and personal freedom haven't required democracy
Photograph for TIME by Ian Teh



blog it


သူတို့ တွေ သည်..တရုတ်နိုင်ငံ စီးပွားရေး ကို အဓိက..မောင်းနှင်သူ များ ဖြစ်နေ သည်။ စီးပွားရေး ကောင်း လျှင်..ပြီး ပြီ ဆိုသော ရိုးရာ အစွဲ အလမ်း ကို ကြိုက် နှစ် သက် သော..အခု တိုင်..ကွန်မြူနစ် ပါတီ ဟု ဆက်လက် သုံးစွဲ နေ သေး သော အုပ်ချုပ်ရေး အင်အားစု ကြီး အတွက်.. လုံခြုံ သော ခြံစည်းရိုး တခု ကို..တည် ဆောက် ပေး နေ သူ များ လည်း ဖြစ် ကြ သည်။

One child policy

တရုတ် ပြည် ၏ one child policy သည်...လူ ဦးရေ လျှော့ချ နိုင် ခြင်း ထက် ..ပိုမို နက်ရှိုင်း သော အကျိုးဆက် များစွာ ကို ဖြစ် ပေါ် လာ စေ သည်။ ဆိုပါစို့...ကလေး များ သည်.. အိမ်မှာ ရှိသမျှ တယောက်တည်း အကြိုက်သုံး..တဦးတည်း အလိုလိုက် ခံ ရ ရင်း..ဝေမျှ ပေးကမ်း ခြင်း ကို နား မလည်..အတ္တ များလာ ကြ သည်။ ဒါက.. Me Generation ၏ အခြေခံ အုတ်မြစ် ။ တရုတ် ယဉ်ကျေး မူ ..သားယောက်ျား ကို သာလို ချင် သော ကြောင့်..ကလေး မှောင်ခို မွေးဖွားမူ တွေ..သမီး သန္ဓေ ဖျက် ချ မူ တွေ.. ။ နောင် ဆို ရင်..နိုင်ငံ အနှံ့ သတို့သမီး ရှားပါး လာ မူကြောင့်.. အနီး အပါး နိုင်ငံများ မှ..လူ မှောင်ခို ( သတို့သမီး တင်သွင်းမူ တွေ) ဖြစ် လာ ဦး မည်။ ကောင်း ကွက် လို့ ပြော ရ မလား... သားသမီး ၀န် တာ တွေ ပိ မနေ တော့ ပဲ.. ဇနီး မောင် နှံ တွေ ပို လွတ်လပ် လာ သည်.. ပို သုံးစွဲ လာသည်။ အမေရိ ကန် စတိုင် Consumerism ပြောင်းလဲ လာ ခြင်းသည်.. ဘာ အကျိုးဆက် တွေ..ထပ် လာ ဦး မလဲ။

Cultural Revolution to Sexual Revolution

ဒီ အကြောင်း တွေ..ခေါင်း ထဲ ရောက် နေ တုန်း.. SBS TV မှာ Sexual Revolution ဆို တဲ့ အစီအစဉ် ကို..ကြည့် ခွင့် ရ လိုက် ပြန် သည်။ ကြည့် ပါဦး တော့...ခေါင်း စဉ် ကို က.. ရင် တုန် စရာ..။ စီးပွား ရေး ပွင့် လမ်း မူ တွေ နဲ့ အတူ.. လိင် ကိစ္စ တွေ လည်း.. အား ရှိ ပါး ရှိ ..ပွင့် လန်း လာ ကြ သည်။ Expo တွေ တင် မက.. Sexpo ဆို တာ ကြီး ကတော့..လန့်စရာ။ ပြပွဲ ကို လာသူ ပေါင်း သန်း နဲ့ချီ သည် ဟု ဆို သည်။ ယဉ်ကျေး မူ တော်လှန်ရေး ခေတ် က..လူ ကြီး တွေ က လည်း..ခင်းကျင်း ပြသ ထား တဲ့ အရာ တွေ ကို.. နတ်ပြည် က ရောက် လာ တဲ့ ပစ္စည်း တွေ အလား ..လာ ငေး ကြသည်။ လူငယ် တွေ ဆီက.. ပြုပြင် ပြောင်းလဲ မူ တွေ လေ့လာ ရ မည် ဟု ဆို သည်။( တခြား ကိစ္စ တွေ တော့ မသိ။ )လူငယ် တွေ ကလည်း..သူတို့ သိပ် ကံကောင်း သည် ဟု ပြော ကြ သည်။ တရုတ် ကွန်မြူ နစ် အစိုး ရ က.. Valentine Day ကို ပင်.. တရားဝင် ရုံး ပိတ် ရက် အဖြစ် ..မကြာခင် က မှ..သတ်မှတ် ပေး လိုက်သည်... တဲ့။ ဘာပြော ရ မှန်း တောင် မသိတော့။ အနောက် နိုင်ငံ တွေ မှာ တောင်.. ရုံး တော့ ပိတ် ပေး မည် မထင်။ အဲဒီ နေ့ မှာ..လူမြင် ကွင်း ထဲ..အနမ်း ပြိုင်ပွဲ တွေ ကြည့် ရမည်။ ဈေး ဆိုင် တွေ ရောင်း ကောင်း မည်။ တီရနန်မင်း ရင်ပြင် ရှေ့က..မော်စီ တုန်း ရဲ့ ဧရာမ ပုံ ကြီး ကတော့.. ပြုံး မြဲ ပြုံး လျက် ပါပဲ။


Photos



China's Me Generation


Today's young Chinese are better educated and more worldly than ever. Portraits by Ian Teh for TIME


blog it


စီးပွားရေး အရင်..ဒီမို ကရေ စီ နောက် မှ

အမေ ရိကန် အပါ အ၀င် အနောက်အုပ် စု တွေ ကလည်း.. တရုတ် ရဲ့ တံခါးဖွင့် ခြင်းကို သတိ နှင့် စောင့် ကြည့် နေ ကြသည်။ ဈေးကွက် ကြီး က လည်း.. သားရေ ယို စရာ မို့.. စီးပွား ရေး တိုးတက် ပြောင်း လဲ လာ လျှင်..တဖြည်း ဖြည်း နဲ့..ဒီမို ကရေ စီ လည်း လိုက် လာ လိမ့် မည် ဟု.. ချော်လဲ ရော ထိုင်ကာ..အခါ တော် ပေး ကြည့် သည်။ ခု တော့..အားလုံး က ..သဘော ပေါက် စပြု လာ ပြီ။ အဲဒီ လို.. စနစ် တကျ မွေး မြူ ထား တဲ့.. Me generation တွေ နဲ့..ဘယ်လို ဒီမို ကရေ စီ ကြ မလဲ..။ ခု တင်က.. ၃ ယောက် ထဲက.. တယောက်က ဆိုရင် ..နိုင်ငံရေး နဲ့ပတ်သတ် လို့..ဘာမှ လုပ် လို့မရ ဘူး..လုပ်စရာ လည်း မရှိဘူး..ပါ လည်း မပါဘူး ဟု ဆို သည်။ ၈၉ ခု နှစ် တီရနန်မင်း ရင်ပြင် အရေး တော်ပုံ ဖြစ် တုန်း က..၁၁ နှစ် သမီး သာ ရှိ သေးတဲ့.. စာရင်းကိုင် အရာရှိမ ကတော့..` ကျောင်း သား တွေ လုပ်တာ ..ကောင်းပါတယ်..ဒါပေမဲ့.. ဖြိုခွင်း ဖို့ တော့..လိုမယ်လေ..´ လို့ ..ပေါ့ပါး စွာ ပြော ခဲ့သည်။ နောက် တယောက် ကတော့..` ခု..ကျမ တို့ လက်ရှိ ဘ၀ က..သိပ် ကောင်း ပါတယ်..ကျမတော့..ကိုယ့် အခွင့်အရေး ကိုပဲ စိတ်ဝင် စားတယ်.. စားသောက် ဆိုင် မှာ..၀န် ဆောင်မူ ကောင်း ကောင်း ရ -ရ မယ်.. ကိုယ်ဝယ် တဲ့ ပစ္စည်း တွေက..အရည် အသွေး ကောင်း မယ် ဆို..ပြီးတာ ပဲ ပေါ့..´ တဲ့။

လူတန်းစား တိုက်ပွဲ ပြီး တော့..လူတန်းစား တိုက်ပွဲ

တကယ် တော့..အဲဒီလို ..ငါ တို့ တော့..ကံကောင်း လှပီ ဟု.. ကျေ နပ် ပီတိဖြာ နေ ကြ သော Me Generation များ နှင့် မြို့နေ လူတန်းစား တို့၏ ကြွယ်ဝ ပြည့်စုံ မူ များ သည်.. ဝေးလံ ခေါင် ဖျား ဒေသ တွေ က..တရုတ် လယ်သမား ကြီး များ၏ ..ချွေး များ အခွင့်အရေး များ နှင့် ဖလှယ် သုံးစွဲ နေခြင်း ဖြစ်ကြောင်း..သတိ မူ မိသူ ရှားပေ လိမ့် မည်။ ဒါ က..ပါတီ အထူး ကေဒါ များ ၏ ကျွမ်းကျင် သော မျက် လှည့် ပြ ကွက်။ တချိန် တည်း မှာပဲ.. ကျေးလက် နေ ပြည်သူ တွေ ရဲ့ ဘ၀ ကို မြှင့် တင် ဖို့ ..လူတန်း စား ကွာ ဟ မူ လျှော့ ချ ဖို့..စီမံကိန်း များ လုပ် နေသ ည် ဟု.. အော် ထား လိုက် သည်။ ဟိုဖက် လျော့ လိုက်..ဒီဖက် တင်း လိုက်..ချိန်ဆ ..ကစား နေ သော် လည်း.. ဒီပွဲ မှာ..တခုခု တော့..မှား နေသည်။ ရှန် ဟိုင်း ပီကင်း မြို့ ကြီး တွေရဲ့ အထပ်မြင့် အဆောက် အဦ ကြီး တွေ.. ကုန် တိုက် ကြီး တွေ..စက်ရုံ ကြီး တွေ ရဲ့ နောက် က.. ညစ်ညမ်း လေထု တွေ နဲ့ မှိုင်း ဝေ နေတဲ့ ကောင်း ကင် ကြီး တွေ ဆီမှာ.. ဆင်းရဲ မွဲ တေ ... မကျေ နပ် သံ တွေ..ခပ် ကျယ် ကျယ် ပင် ပဲ့တင် ထပ် နေ ခဲ့ တာ အတော် ကြာ ပေ ပြီ။ လူပေါင်း သန်း ၂၀ လောက် သေကျေ ခဲ့ တဲ့ ..ယဉ်ကျေးမူ တော်လှန် ရေး..လူတန်းစား တိုက်ပွဲ ကြီး ရဲ့.. အရိပ် မဲ ကြီး တွေ က..ခြောက် လှန့် နေ လို့သာ။

လုပ်ချင် တာလုပ်..ဒါတော့ မလုပ် နဲ့...

ဇာဂနာ ၏ ပြတ် လုံး အတိုင်း ပါ ပေ။ တရုတ် ပြည် မှာ လည်း .. လုပ်ချင် တာလုပ်.. ။ အင်တာနက် ကဖေး မှာ.. loving technique ဆို တာ မျိုး ပေါ် တင် ကြည့် မလား...မထူး ဆန်း။ ဒါပေမဲ့..တီရနန်မင်း ကျောင်းသား လှုပ်ရှား မူ ဆိုရင် တော့..ဆောရီး ။ မော်စီတုန်း နှင့် မာ့က်ဇ် အကြောင်း မှ..လူ တွေ ..စိတ်မ၀င် စား တော့ တဲ့ အတူတူ.. ဘာသာရေး ကို ရော..ဘာလုပ် နှိပ်ကွပ် နေ တော့မလဲ..။ ဒါပေမဲ့..ဘာသာ ရေး က.. အသင်းအပင်း ယဉ်ကျေး မူ တွေ အားကောင်း လာ နိုင် သည်။ လူမူ ရေး လုပ်ငန်း တွေ ပါလာ မည်။ (သူတို့ အပြော) ချောင်ခြို ချောင် ကြား က..ဆင်းရဲ ငတ်ပြတ် ..ဒုက္ခရောက် နေ သူ တွေကို..ဆွဲထုတ် ပြီး လူမူ ရေး တွေ လုပ် လာ ရင်..အရှက် ကွဲ ရ ဦး မည်။

တရုတ် နဲ့ မြန်မာ ဟာ.. တော် တော် များများ မှာ..သွား တူ နေ ပြန် သည်။ တူ ပေမည် ပေါ့ ..။ ..စီမံ အုပ်ချုပ်မူ နည်း က..တခု ထဲ လို့ပင် ပြော ရ မလောက် ကိုး။ မြန် မာ ပြည် မှာ တော့..ကံကောင်း တာလား..ကံဆိုး တာလား မသိ..... တရုတ် မြို့ပြ Me Generation များ ရဲ့ ဆပ်ပြာပူ ပေါင်း လှ လှလေး တွေ .. သိပ် မ ရှိ ပါ။ တကယ်တော့.. မရှိ နိုင် ခြင်း ပါ။ အဲ ဒီ ပူပေါင်း လှလှလေး များ ကို .. မှုတ် ပေး နိုင် လောက် သော စီးပွားရေး ရင်း နှီးမြုတ် နှံ လုပ်ကိုင် မူ တွေ..မရောက် လာ နိုင် ခဲ့ပါ။ ဒါ ကြောင့် ပင်.. တခြား ဘာ မှ ဂ ရု မစိုက် လှ သော် လည်း.. နိုင်ငံ တကာ ကနေ.... ဖိ ထား သော အမြီး လေး ကို ..နဲနဲ လောက် ကြွ ပေး စေ ချင် နေ သည်။ သူ တို့လည်း..ဆပ်ပြာ ပူပေါင်း လေး တွေ..တအား လို အပ် နေသည်။ ခု တော့..နည်း လမ်း ခြင်း တူ ပေမဲ့ လည်း.. မြန်မာ မျက် လှည့် ပွဲ က တော့..ကြည့် လို့ မကောင်း လောက် အောင်..ကသောင်းကနင်း ဖြစ် နေ သည်။

-----------------------------------------------------
( မြန်မာပူပေါင်ေးလးများ ဘယ်ရောက်နေလည်း ဆိုသော..ခေါင်းစဉ် နှင့်.. ရေးသားထားသော နောက်ဆုံး အပိုဒ် အား.. ..နားလည်မူ လွဲနိုင် သော..အညင်းပွားဖွယ်..မှတ်ချက် များကြောင့်.. ပြန်လည်..ရုတ်သိမ်း လိုက်ပါ တယ်။ )



ကိုးကား-
"China' s Me Generation " by Simon Elegant - ၂၀၀၇ ဇူလိုင် လ ထုတ် Time Magazine
Sexual Revolution via SBS TV Channel


Share/Bookmark

10 Comments:

ကိုပေါ said...

မြန်မာပြည်က ဆပ်ပြာပူပေါင်းတို့ ကွန်းခိုရာ စင်္ကာပူက အချုပ်အမှူးကြီး ဘဘလီကတော့ တရုတ်စီးပွားရေးနဲ့ တရုတ်ပြည်ရဲ့ အုပ်ချုပ်မှုစနစ်ကို ချီးမွမ်းလို့ မဆုံးဘူးဗျိုး။ စင်္ကာပူမှာလည်း တရုတ်ပြည်မှာလိုဘဲ “မီ” ဂျင်နရေးရှင်းတွေချည်းဘဲလေ။ အခု စင်္ကာပူမှာ တရုတ်စာ၊ တရုတ်စကားကို မြှင့်တင်ဘို့ ကြိုးစားနေပြန်ပြီ။ အရင်ကလည်း သူချမှတ်ခဲ့တဲ့ မိသားစု စနစ်တွေ၊ စီပီအက်ဖ်စုဆောင်းမှုစနစ်တွေရဲ့ မှားယွင်းမှုဒဏ်ကို အခု လူတွေ ကျောကော့အောင်ခံနေကြရပြီ။ စင်္ကာပူရဲ့ တိုးတက်မှု ဆပ်ပြာပူပေါင်းမပေါက်ခင် ထွက်ပြေးနိုင်အောင်ဘဲ ကြိုးစားမှ တော်ချေမယ်။

Anonymous said...

Burma might become just like that. You might have to write about "Me generation" of Burma ;)

P.Ti said...

ဟုတ်တယ် မကေ…. ဒီမှာ မြန်မာလူငယ်တော်တော်များများက မကေ ရေးသလို Me-Generation တွေဖြစ်ကုန်ပြီ။ တခါတလေ ကိုယ်နဲ့ရွယ်တူတွေ အတွေးအမြင်တွေ ပြောင်းလဲကုန်တာ ၀မ်းနည်းစရာပဲ။ ကားစီးဖို့ကို တလ ၁၀၀၀ မက ပိုက်ဆံကို သုံးနိုင်ပေမယ့် လိုအပ်တဲ့နေရာမှာကူဖို့ ၁၀ လောက်လှူဖို့ ပြောရခက်နေပါတယ်။

khin oo may said...

ုk. why i could not write c box. can see only.
khin oo may

http://khinoomay77.blogspot.com/

Khin said...

လူတိုင်းဟာ မိမိကိုယ်ကို အရင် ဦးစားပေး ရမယ် ချစ် ရမယ် ဆိုတာ

သဘာဝအကျဆုံးပါ

အပြစ်မတင်ပါ

ဟန်ဆောင်မှု မ၇ှိတာကို ချီးကျူးရပါမယ်။

Anonymous said...

ဘလော့ ဖောက်သည် ကြီး များ ဖြစ် သော..လွင်မိုး ..ပီတိ နဲ့.. ဆရာ ပေါ တို့ အား အချိန်ပေး..မှတ်ချက် ပေး တဲ့ အတွက် ကျေးဇူးတင် တယ်နော်။ မခင် ဦးမေ နဲ့..မမေ (မေ) ကို လည်း..မိတ်ဆွေ သစ် များ အဖြစ်..၀မ်းသာ စွာ ကြို ဆို ပါတယ်။

ဟုတ် တယ်.. မေ ပြော သလို..လူ ဆိုတာ..အတ္တ ကို အခြေ ခံ တာပါ.. ( အသားထဲ က..ထွက် တဲ့ အတ္တ လို့ တောင်.. ကျမ..ကဗျာစပ်ဘူးသေးတယ်) ။ နောက်ပီး.. ဘာ နီတိ နောက်မှ..မလိုက်ပဲ..စိတ်ထဲ ရှိ တဲ့ အတိုင်း ပြောဆို ခြင်း ကိုလည်း.. ခုနောက်ပိုင်း ခေတ် မှာ.. ဂုဏ်ပုဒ် တခု အဖြစ်.. အယူ အဆ တွေ ပြောင်း လဲ လာပါတယ်။

ကျမ ထင် တာ တော့.. အရှိ အတိုင်း ဆို တာတွေ နောက်ကို သိပ် လိုက် လျော လို့.. မရ ဘူး တော့..ထင် တယ်လေ။ ရှိ သင့်..လုပ်သင့်..ပြောသင့်.. တာ တွေ ကိုလ ည်း.. `အများ ´ ဆိုတဲ့..ခေါင်းစဉ် နဲ့..တွဲဖက် စဉ်းစား သင့် မလား .. ဆို တာ မျိုးပါ။

အားလုံး ကို..ခင် မင် လျက် :-)

kay said...

အော်..ထပ်ထဲ့လိုက် အုံး မယ်း))
စီးပွားရေး ပိတ် ဆို့ခြင်း နဲ့ ပတ် သတ် လို့.. ကျ မ ကိုယ်တိုင် မှာ လည်း..ပြတ်သား တဲ့ အမြင် မရှိပါဘူး ..နား မလည် ဘူး ဆို ရင် ပို မှန် ပါမည် ။ ( အပေါ် မှာ ပြော သလို.. အရမ်း ကြီး ကို ..၀န် ခံ ထား တာ.. ` မသိ တာ ကို မသိ ဘူး လို့ ပြော တယ် ဆို ပြီး..ချီးများ ကျူး မလား လို့ --- နောက်တာ နော်.. )း)

အကျိုး နဲ့ အပြစ် ဘယ်ဟာ အားသာ သလဲ ဆို တာ..ယခု တိုင်.. တိ ကျ တဲ့ အဖြေ မပေး နိုင် ကြပါ။

သို့သော် လည်း.. လက် ရှိ ဖြစ်ပေါ် နေတဲ့..ရလဒ် ကိုတော့..တရုတ် ပြည် ကိစ္စ မှာ .. တွေ့နိုင် ပါတယ်။ ထို ဆောင်းပါးထဲ မှာ ပင် တွေ့ လိုက် သော ..စိတ်ဝင်စား စရာ အချက် တချက် မှာ.. လူသား အချင်း ချင်း..ငတ်ပြတ် နှိပ်စက် မတရားခံ နေ ရ ခြင်း များ အား.. မသိ ချင် ..စိတ် မ၀င် စား သော် လည်း.. မြို့ပြ စီမံကိန်း တခု ၌၊ အိမ်တွင်း တိရိစ္ဆန် ..ခွေး မွေး ခြင်း ကို..အရွယ်..အရည် အတွက်..ကန့်သတ် ခြင်း ကြောင့်..ခွေးပိုင် ရှင် များ..လမ်းပေါ် ထွက်..ဆန္ဒ ပြ ကြ သည် ဟူ၏။

ိထို့ကြောင့်..ဂေါတမ ဘုရားရှင် ကိုယ်တော်မြတ် ဟောခဲ့သလို.. အတွင်း အပြင်..အစွန် ၂ ဖက် မျှ တ ရန်..အရေး ကြီး လှ ပါ ကြောင်း။

Thet Oo said...

အရေးအသားတွေ လက်တက်လာပါလား။ ကြိုးစား.. ကြိုးစား... ကေရေ...

ပုံရိပ် / Pon Yate said...

စဉ်းစားစရာတွေနဲ့ ပြန်သွားပါတယ် မကေ။

Rita said...

Me, Myself & I

အဲဒါ ညီလင်းဆက် ပြောခဲ့တာလားလို့။

ကောင်းပါတယ်။
သူ တွေ့ကြုံလာရတဲ့ အကြောင်းတွေထဲက ထွက်လာတဲ့ စကား ဖြစ်နိုင်တယ်။

အဓိကက ဒါမျိုး ဖြစ်တယ် ဆိုရင် အဲဒါရဲ့ နောက်မှာ ဖြစ်လောက်တဲ့ အကြောင်း တခုတော့ ရှိလို့သာပဲ။