Sweet December

ဒီဇင်ဘာ ချို

ဒီဇင်ဘာ (၁) ရက် နေ့ ကို Sweet December တဲ့။ ဘာ အတွက် ဆွိ လည်း တော့ မသိ။ ခရစ် စမတ် ပွဲတော် အ၀င် လ မို့.. ထင်ပါတယ်။ တချိန် တည်း မှာပဲ.. ဒီနေ့ ဟာ..ကမ္ဘာ့ အေ အိုင် ဒီ အက် စ် နေ့ တဲ့။ ဒါ ဆို ရင် တော့..ဘယ်လို လုပ် ဆွိ လို့ ရပါ့မလဲ လေ။ အေး လေ.. Sweet December က အရင် တည်းက ပေါ်တာ.. အေ အိုင်ဒီ အက် စ် ဆိုတာ ကြီး က..ခုမှ ဖြစ် လာ တာကိုး။ တမ္ဘာလုံး မှာ .. အခုတ် တရ ကျင်း ပနေ ကြ ပီ ဆိုတော့..တရုတ် သမ္မတ ဟူချင် တောင် က တောင်..လူနာတွေ ဘာတွေ သွား ကိုင် ကြည့် ရ ကောင်း မှန်း သိသွားပီ။ ကိုယ် တို့ ပြည်မှာ တော့..ဘာသံမှ မကြား ရပါလား။ မနေ့ကတော့.. အေအိုင် ဒီ အက်စ် ဝေ ဒ နာ ရှင် တွေ ကို..ပြုစု စောင့်ရှောက် နေတဲ့..မဂ္ဂင် ကျောင်း ကို..ချိတ်ပိတ် လိုက်တယ် ကြား မိတယ်။ ဘာဖြစ် လို့ပါလိမ့်နော်။

ကဲပါလေ.. ကမ္ဘာ မှာ ဘာ တွေ လုပ်နေ လုပ်နေ.. အခု လော လော ဆယ် ကိုယ် လုပ် နိုင် တာ က..မြို့လေး မှာ ကျင်းပ နေ တဲ့.. ဘုရားပွဲ ကို သွား နွှဲ ဖို့ပါပဲ။ ဒီဇင် ဘာ ပထ မပတ် ပိတ် ရက် နဲ့. Sweet December. ကြုံ ကြိုက် နေတာမို့.. ဒီမြို့လေးရဲ့ နှစ်စဉ် ကျင်းပ နေကျ ..စိန့်ဘာဘာရာ ပွဲ လေး က..ပို စည်ကား နေသလိုပဲ။ ဘုရားပွဲ လို့ ခေါ် မိတာကလည်း..တကယ့်ကို..ဗမာ ပြည် က ဘုရားလှည့် တဲ့ပွဲ နဲ့တော် တော်တူ တာ။ ဗမာ ဘုရား ပွဲ က ဇာတ် နိပါတ် တွေ လိုလို...တချို့ ကျ လဲ .သင်္ကြန် အလှပြ ကား တွေ လိုလို..။ကျင်းပ ရ တဲ့ အကြောင်း ကလဲ.. ရန်ကုန် ဖက် မှာ ဦး ရှင် ကြီး ပွဲ လုပ် ကြ သလိုပဲ.. အဲဒီ စိန့်ဘာဘ ရာ ဆိုတဲ့..သူတော် စင် အမျိုးသမီး ( ဗမာ လိုတော့..နတ်ပေါ့) က..မြို့လေးမှာ ရှိတဲ့.. ရွှေ တွင်းတူး လုပ်ငန်း တွေကို..ခုထက် ထိ စောင့်ရှောက် နေတယ် ဆိုတဲ့..အယူပေါ့..။ ရိုးရာ ထိန်းသိမ်းမူ တခု ပဲ ထင် ပါတယ်။

သူတို့မှာ ကလည်း..ပွဲလမ်းသဘင် ကရှား တော့..လူ တွေ..ကလေး တွေက တော့.. အရမ်း ပျော် ပီး တက်ကြွ နေကြတာပဲ ။ ကိုယ် တွေ ကတော့း ၁၂ လရာသီ ပွဲ ခင်း တဲ့ တိုင်း ပြည် ကလာ တာ ဆိုတော့.. ဟိ ဟိ ရီတာပေါ့။

မြို့ကိုက..Gold Field ရွှေ တော လို့ ခေါ် ကြတာ.. တမြို့လုံးက..လည်း မိုင်းသမား တွေ ချည့်ပဲ။ နံမယ် ကြီး မိုင်း တက္က သိုလ် ကြီး တခု လည်း ရှိတာပေါ့။ မြို့တောင်ဖက် က..ရွှေ တွင်း ကြီး ဆို တာ..ဧရာ မ ကြီး.. Open Pit ဟောက်ပက် တွင်း ကြီးပေါ့။ တ တိုက် လုံး မှာအ ကြီးဆုံး ဆိုလားပဲ။( နောက်မှ..ကြုံ ရင် ပုံတွေ ပြအုံးမယ်)

ခုလည်း St. Barbara Parade မှာ တမြို့လုံးက.. မိုင်း လုပ်ငန်း တွေ အပါ အ၀င်.. လူ မူ ရေး အသင်း အဖွဲ့ တွေ. ရုံး တွေ..တခြား လုပ်ငန်း အသီးသီးကနေ ပီး.. အလှပြ ယဉ် တွေ..ကား တွေ တန်းစီ လှည့်ကြ တာပေါ့။ ကား စင်းရေ က..လူဦးရေ ထက် များ တဲ့ အရပ်ေ တွမို့..ကား ပြပွဲ လား ထင်ရတယ်။ အထူး သဖြင့်..မိုင်းတူးတဲ့..ကရိန်းတွေ..ကုန် တင်တဲ့ ကားရှည် ကြီး တွေ.. ပီးတော့..ဒီမှာ တကယ် အံ့ဖို့ကောင်းတာက.. အဲဒီ အကြီး ဆုံးမိုင်းကြီးမှာ သုံးတဲ့..မြေသယ် တဲ့ ကား ကြီး တွေ... ကြည့်ပါအုံး ပုံတွေထဲမှာ ..( နောက်ဆုံးဖက်မှာ ) တကယ့်နဲတာ ကြီး တွေဟုတ်ဘူး။ ကားဘီး တလုံးက.. အလယ် ခွေ က တင်..ကိုယ်တို့ လူ ကြီး တရပ် ထက် မြင့်တယ်။ တန် ဖိုးက လည်း အဲဒီ ဘီး တလုံး တင်..အိမ် တလုံးလောက် ၀ယ် နိုင် တယ်။ ဒီမှာ က..အဲဒီကား ကြီး တွေကို ..icon အဖြစ် ဂုဏ်ယူ ကြ တာလေ။ အဲဒီ ..ခု န မိုင်း ကြီး မှာ ဆို..အဲလို ကားမျိုး ကြီး တွေ ချည်း အစင်း ၃၀ ကျော် လောက် ရှိတာတဲ့။ ပီး တော့.. ထူးထူးခြား ခြား ဖြစ်အောင်.. အမျိုးသမီး တွေ ကိုပဲ..ဒရိုင်ဘာ ထား တာတဲ့။ ထူးရော ပဲ။

ထားပါတော့.. ခုတော့ ကြုံ လို့ ..ဓါတ်ပုံတွေ လည်း ရိုက် ထား မိလိုက် တာနဲ့..တင်ပေး လိုက်တယ်။ စိတ်ဝင်စား ရင် တော့ ကြည့်ကြပါ။ ခုတော့... Sweet December ကနေ ..Sleep December ကို ပြောင်းတော့မှာ မို့..အိပ်တော့မယ်။








Share/Bookmark

2 Comments:

ကလိုစေးထူး said...

ပုံတွေကို ကြည့်ရတာ အဲဒီမှာ သိပ်မအေးသလိုပဲနော်။ တချို့ဆို စွပ်ကျယ်နဲ့တောင် နေနိုင်တယ်။

Anonymous said...

Sweet December to you!

Best,
Lwin Moe