ကိုကြီးကျောက် ဆိုတဲ့ နာမည် ကို ..ကျမ တို့ ကျောက်မောင်နှမ တွေ ကပဲ ပေးခဲ့ မိ တယ် ထင်ပါရဲ့..။
နောက်ဆုံး အချိန် ထိ.. ဘယ်သူ့ကို မှ စိတ်မညစ်စေချင်.. ဒုက္ခ မပေးချင် လို့.. ပျော်စရာ တွေ နဲ့ပဲ နှုတ်ဆက် ခဲ့ လေ သလား..ကိုကြီးကျောက်..။
အဖြူစင် ဆုံး မေတ္တာတွေ ၀ိုင်းပတ် ပြီး.. တမလွန် ကို ရောက်သွား ရ တဲ့ ကိုကြီးကျောက် ရဲ့ နောက်ဆုံး ထွက်သက် မှာ... ဒီလောက ထဲ က.. ချစ်ခင် ခဲ့ ကြတဲ့ ..မောင်နှမ တွေ အတွက်.. တခုခု ရေးဖို့ ဘာတွေ များ စဉ်းစား နေလေ အုံးမလဲ...
ကိုကြီးကျောက် ရေးခဲ့တဲ့.. ဘလော့ဂ် လေး ထဲက..စာလေး တွေ ဟာ...
ကဗျာ တပုဒ် ထက် ပိုပြီး သန့်စင် တယ်..
တရား တပုဒ် ထက် ပိုပြီး သဘာဝ ကျတယ်..
ဝတ္တု တပုဒ် ထက် ပိုပြီး လက်တွေ့ ဆန်တယ်..
ဘယ်လို လှည့်ဖျား ကာကွယ် မူ မျိုး မှ မပါပဲ.. ရေးခဲ့ တဲ့..ကိုကြီးကျောက် ရဲ့ စာလေး တွေဟာ..ဘာပဲ ပြောပြော.. ကျမ တို့ အတွက် တော့.. လေးနက် စွာ နဲ့ တရားပြ သွား ခဲ့ ပါပြီ.. ။
ကိုကြီးကျောက် ကောင်းရာ သုဂတိ ရောက်ပါစေ...
ဖန်မျှင် အလင်း တန်း တွေ ပေါ်မှာ.. တင်ကျန်ရစ် တဲ့.. ကိုကြီးကျောက်
This is a good one, but almost like JoJo Moyes' bestselling, Me before You,
except here the man is less disabled.
-
https://www.youtube.com/watch?v=2n7sCDVWG44
However, Maintenance will come in to install mandatory fire alarms,
mandated by the state--not the nation stat...
5 hours ago



9 Comments:
RIP ကိုကြီးကျောက်
မကေရေ မအားလို့ ဘယ်မှ မရောက်တာနဲ့ မသိလိုက်ဘူး။ ဒီနေ့မှ မခင်ဦးမေ ဘလော့ဂ်မှာ ရေးထားတာ ကိုကြီးကျောက် နောက်ဆုံအချိန်အတွက် ဘ၀ကူးကောင်းအောင် ဆုတောင်းပေးကြရအောင် ဆိုပြီးရေးထားတာ တွေ့လို့ ဘလော့ဂ်ကို ရောက်လာတာ မမီလိုက်ဘူး။ အားလုံးက ကောင်းရာသုဂတိ လားပါစေချည်းပဲ ရေးထားကြတာတွေ့လို့ ဘာပြောရမှန်းတောင်မသိ ဖြစ်သွားတယ်။
ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေလို့ မကေနဲ့အတူ ဆုတောင်းသွားပါတယ်။
ဘကျောက်တယောက် ကောင်းရာသုဂတိလားပါစေရှင်..။
နောက်ဆုံးအချိန်ထိ တူမကြီးတို့ကို အပျော်တွေပဲ ခံစားစေခဲ့တဲ့ဘကျောက် အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။
ကိုကြီးကျောက် ကောင်းရာသုဂတိလားပါစေ
မနေ့ကကြားကြားချင်း မယုံနိုင်ဘူး ၂၄ရက်နေ့က
သူ့ကိုအွန်လိုင်းမှာတွေ့မိတယ်
နေမကောင် နဲနဲဖြစ်နေတယ်ဆိုလို့ စကားမပြောဖြစ်ခဲ့ဘူး
မနေ့က သတင်းရပြီ ကျမအမျိုးသားဖုန်းခေါ်တော့
သူ့သူငယ်ချင်း ကိုဝင်းဦး(အတူနေ)က ဖုန်းကိုင်ပြီး
အကျိုးအကြောင်းပြောပြတယ်။ မဆုံးခင်လေ
ဘုန်းကြီးခေါ်ပြီ သင်္ကန်၂စုံကပ်ပေးတယ်တဲ့
အသုဘအတွက်မေးတော့ ဗုဒဟူးနေ့ချမယ်ပြောထားပေမဲ့ ချလို့မရတော့ဘူး
ဆေးရုံက အလောင်းကို မိသားစုဝင် တယောက်မှ မရှိတဲ့အတွက် မပေးဘူးဆိုတော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ မြန်မာတွေ ရောက်တဲ့နေရာမှာ မြန်မာ ကွန်မြူနတီ ဖွဲ့ထားသင့်တယ် ထင်ပါတယ်။ အခုလို အချိန်မှာ ကူညီလို့ရအောင်ပါ။
လူကသေဆုံးသွားပေမဲ့ နာမည်ကောင်းတစ်ခု ချန်ထားရစ်ခဲ့နိုင်ခဲ့သူပါ... May he rest in peace :(
မကေရေ
ရေးသမျှလာပြီး စနောက်ပြီး ကွန်မန့် ပေးတဲ့ ဘကျောက်
ရောဂါ ဒဏ်ကို စိတ်ဓတ်ကြံခိုင်စွာနဲ့  ရပ်တည်ပြသွားတဲ့ ဘကျောက်
ကောင်းရာသုဂတိလားပါစေ ....
ချစ်နှမ
မယ်ကြည်
စိတ်မကောင်းလိုက်တာဗျာ။ တပင်တိုင်မြနန်းနဲ့  သူ့ ရောဂါတွေ တကယ်ပျောက်သွားပြီလို့  ထင်ခဲ့မိတာ။ အားလုံးစိတ်ချမ်းသာအောင် ပိပိရိရိလေး ထွက်ခွာသွားတာ။
kmj
လွန်ခဲ့တဲ့ ၂ပတ်ကျော်ကပဲ အကို Las Vegas ရောက်တုန်း ငါ့နှမကို လာတွေ့ချင်တယ် တဲ့၊ ဖုန်းဆက်သေးတယ်။ နေ့ချင်းပြန်မယ်ဆိုလို့ အကို သိပ်ပင်ပန်းနေမှာပေါ့ လို့ ပြောရသေးတယ်။ နောက်တနေ့ သူ့ဆီဖုန်းဆက်တော့ strip ပေါ်မှာ လမ်းလျှောက်တာ အေးလိုက်တာဟာ တဲ့၊ ငါ အခု အိပ်ယာထဲ စောင်ခြုံရင်း နင့်ကို စကားပြောနေရတာ တဲ့။ အကို ဘယ်လောက်ပဲ နေကောင်းတယ် ပြောပြော ခံနိုင်ရည် မရှိသေးဘူး ဆိုတာ အဲဒီတုန်းက ပိုလို့ သတိထားမိခဲ့ပါတယ်။
ဆုံးခါနီးရော ဆုံးတော့ရော ကိုနေလင်း အကြောင်းကြားပါတယ်။ ဟာ ကနဲ ဖြစ်သွားတယ် ကေ။ မြန်လွန်းလို့..။ သူ နောက်နောက်ပြောင်ပြောင် စ တတ်သလို နောက်ပြောင်တာမျိုးပဲ ဖြစ်ပါစေ လို့ ဆုတောင်းမိတယ်။
တို့တွေ တခါမှ မမြင်ဖူးလိုက်ကြပေမဲ့ ဘူမိသံယောဇဉ် ဘလော့သံယောဇဉ် ပျော်ရွှင်ခင်မင်တတ်တဲ့ သူ့စိတ်ကလေးကြောင့် အကိုကြီးတယောက်လို ခင်မင်မိတယ်။ ငါ့နှမ ကျန်းမာရေးဂရုစိုက်အုံး နင့်ရောဂါက ငါ့ထက် ပိုဆိုးသေးတယ်၊ ငါက ပျောက်နေပြီ လို့ သူ ဖုန်းဆက်ပြောတာလေး ကြားနေမိတော့တာပဲ ကေရယ်..
ကိုကြီးကျောက် ကောင်းရာ မွန်ရာကို အစွဲကင်းစွာ ရောက်ပါစေ . . . !_!
Post a Comment