လူလား မြောက် ခြင်း


မိန်းမ တန်မဲ့..ဆံပင် တို တွေ ကို..ဖြစ်သလို သပ် တင် ထားတဲ့...သူ့မျက် နှာ က..ရဲတွတ် လို့..။ မျက်လုံး တွေက..မို့မို့အစ် အစ်..။ ခဏ နေ တော့.. ရှပ် အကျီ င်္ အိပ် ကပ် ထဲက.. ကားသော့ ကို.. ထုတ် ပြီး.. အရှေ့က.. ကျောက်ခုံ ပေါ် မှာ..တဂျစ် ဂျစ် ..ပွတ် တိုက် ရင်း..
` ငါ တော့..ညက..အိမ် မှာ တယောက်တည်း..အဖေ့ ဘရန်ဒီ တွေ ယူသောက် ပြီး..မူး ပစ် လိုက် တယ်..ငါ မေ့ထား ချင်တယ်..ငါ..ခဏ လောက် ကလေး..ဘာမှ မသိ ပဲ နေ ချင် တယ်ဟာ..´

အဲဒီ နေ့က..၀ိဇ္ဖါ ခန်းမ ရှေ့က..ကံ့ကော် တွေ.. အုံးအုံး ကြွက် ကြွက် ပွင့် နေ တဲ့ အချိန် ပေါ့။ ပန်းခူး တဲ့ သူတွေ တောင်..မနိုင် တော့ လို့.. မြေကြီး ပေါ် မှာ.. ကျောက်ခုံ လေး တွေ ပေါ် မှာ.. ကျဲ ပြန့် လို့ ..မွှေးမြ လို့။ ကျောက်ခုံ ပေါ် ကို ၀ဲကျ လာတဲ့..ကံ့ကော်တပွင့် ရဲ့ ၀တ် ဆံ လေး တွေ ကို.. ဦးတည် ရာ မဲ့ ဆွဲ ဖြုတ် နေ မိ ရင်း ..သူငယ် ချင်း မ ရဲ့..ရင်ဖွင့် သံ တွေ ကို..သူ ဘယ်လို အားပေး ရ မလဲ ....။

ကိုယ် တိုင်က..နားလည်..ခံစား ပေး လို့.. မရ နိုင် သေး ချိန်။ သူ အသဲကွဲ လို့..ကိုယ် နားထောင် ပေး မိ တာ သက် သက် ပဲ..။ သူ့ချစ်သူ ဆိုတာ က..ရုပ်က ခပ်ဖြောင့်ဖြောင့်..ဘာသာ ရပ် ခြင်း..တူတူ.. တတန်းပဲ ကြီး သည်။ ခုတော့..ကျောင်းပြီးလို့.. အိုတီအက်စ် ၀င်ဖြေ ရင်း.. သင်တန်း ပင် မဆင်းသေး.. အပွင့် ကြိုက်သူ..ဆရာဝန် လောင်းမ တယောက် နဲ့ ချိတ်သွား သည်တဲ့။ သူငယ်ချင်း ရဲ့ လက်ကို ခပ်တင်း တင်း ဆုပ် လိုက် ရင်း..ထားလိုက်စမ်းပါဟာ.. အခွင့်အရေး သမား..ဖြတ်လမ်းလိုက်.. သူတို့ဟာ သူတို့ ဂုဏ်ရှိ တယ် ထင် နေတာ.. ဂုဏ်ချင်းထပ်တယ် ထင်နေတာ.. ဘာ မှ ဖြစ် မနေ နဲ့..။ ဒီစကား တွေ က..သူ့ရင် ကို ပိုတောင် နာ ကျင် စေ မလား .. မသိခဲ့ ပေ။

တလ လောက် နေ တော့ လည်း.. နှစ် ယောက် သား..ပျော် ပျော် ရွှင် ရွှင် ပဲ.. IFL ည နေ ပိုင်း သင် တန်း တွေ..ပြန် တက် ဖြစ် ကြ သည်။ နိုင်ငံခြား ကျောင်း ဘွဲ့လွန် လျှောက် ဖို့ ကိစ္စ တွေ..အတူတူ လုပ် ကြ သည်။ ထောက် ခံစာ တွေ ပြေး လုပ် လိုက်..အမှတ် စာရင်းတွေ ထုတ် ရင်း..ကွန်ဗိုကေးရှင်း ကြီး ပေါ် ကို ..တက်လိုက်..ဆင်းလိုက်..။ ညဖက် မှောင် ရင်..သူ့ ပါဘလစ်ကာ လေး နဲ့..အိမ် ကို အမြဲ လိုက် ပို့ လို့...လက် ဆောင် ၀ယ်ပေး မယ် လုပ် တော့..` ဟေ့အေး..ငါ့ကို နင် ဘာမှ ၀ယ် ပေး စရာ မလို ဘူး.. အဲဒီ အတွက်..နင် နောက်တယောက် ကို ..ထပ် ကူ ညီ လိုက် ပါ လို့ပဲ တောင်း မယ် ဟာ..´ တဲ့။ အမယ် မယ်..တယ် ပြော တတ် နေပါလား.. ဘယ်က စကား တွေ လည်း ဆို တော့...` ဟီး..chicken soup ထဲက...´ တဲ့။ ဟုတ် လည်း ဟုတ် တဲ့ မိန်းမ။

တည နေ.. သင် တန်း အဆင်း မှာ..ညစာ ကျွေး မယ် ဆို ပြီး..ဆိုင် တဆိုင် မှာ ဆုံ ကြတယ်။ ပြီး တော့..အသားဖြူ ဖြူ လူပုံသန့်သန့်လူ တယောက် နဲ့ မိတ် ဆက်ပေးတယ်။ သူ့ချစ် သူ အသစ် တဲ့။ ဟိုက် ရှား... အဲဒါ ကြောင့်..သူငယ် ချင်း တွေ ကြား ထဲ မှာ..အမြဲ နောက်လေ့ ရှိတာ။ ` နင်ကလေ..ဟ၀ှါ သာ မဖြစ်တာ..ဟ၀ှါ တော့..တော် တော် ဖြစ် တယ်..´ လို့ ပြော ရင်..ယောက်ကျား သံ ကြီး နဲ့..တဟားဟား အော် ရယ် လေ့ ရှိ တဲ့..သူငယ် ချင်း မ။

` ငါတော့..ကျောင်း ရ ရင် ရ..မရ ရင်..အမေရိ က ကို..ထွက် တော့မယ်´ လို့သူ ပြော လာတော့.. သူ့ ချစ်သူ အသစ် က..အမေရိက မှာ..ညီအကို မောင်နှ မတွေ ရှိလို့..ထွက် မလို့..ကြိုးစား နေ ရင်း..သူ့ကို လည်း ခေါ် သွား မယ် ဆိုတာ..နား လည် လိုက် တယ်။ နောက် ပိုင်း ..ညနေ ပိုင်း အတန်း တွေ..သူ ပုံ မှန် ရောက် မလာ တော့ဘူး။

ဒီကြား ထဲ.. ၂ ယောက် အတူ တူ လျှောက် ကြ တဲ့ ကျောင်းဝင် ခွင့် မှာ..သူ ပါ မလာ ခဲ့ဘူး။ တကယ် တော့..သူ လျှောက် တာနဲ့.. ကိုယ်လျှောက်တာ..ဘာသာ ခြင်း လည်း မတူ လို့ပါ။ သူက..သိပ် ညဏ် ကောင်း ပြီး..လက် တွေ့လည်း ကျသူ..အမြဲ ဖြတ် ဖြတ် လတ် လတ် နဲ့..လုပ် စရာ ရှိ တာကို..မြန်မြန် ဆန် ဆန် လုပ် လေ့ ရှိ သူ။

ဗမာ ပြည် က..ပထမ ဆုံး.. ခရီး ရှည် ထွက် တဲ့ နေ့က.. လေ ဆိပ် မှာ လိုက် ပို့တဲ့..သူငယ် ချင်း ၃ ယောက် နဲ့အတူ..သူ့ ပုံစံ က..အားပေး မူ တွေ အပြည့်...။ လက် တွေ ကို ..လှိုက် လှိုက် လှဲ လှဲ ဆုပ် ကိုင် ရင်း..ကဲ သွားပေ ရော့ တဲ့။

သူ့ဆီက..မ မျှော်လင့် ပဲ ဖုန်း ၀င် လာ တော့....စာမေးပွဲ နဲ့ အလုပ် ရှုပ် နေ တဲ့ အချိန် ကြီး မှာ..။ `ဟေး..ငါ လေဆိပ် မှာ..transit ရောက် နေ ပြီ.. ဒီမှာ..ည ၁၀ နာရီ ထိ နေရ မှာ.. နင် လာတွေ့ဟာ..´။ အော်..သူ တကယ် ထွက် ဖြစ် ပြီ ပဲ။ စာမေးပွဲ လဲ ကိစ္စ မရှိ..ပြန် လာမှ..ပို လုပ် တော့ မည်.. ကျောင်းဝန်း နဲ့ လေဆိပ် က လည်း..နာရီ ၀က်လောက်သာ မို့..အပြေး တ ပိုင်း နဲ့ ရောက် သွား ပြန် သည် ။ သူက..မှာ သေးတယ်..ငါ့ဖို့..ကျွဲ ရိုင်း တဗူး နဲ့..မုန့် လဲ ၀ယ်ခဲ့နော် တဲ့။ တကယ်တော့.. ၂ ယောက် စလုံး.. တောသား ကြ တာလေ။ သူ့ transit က..ဗီဇာ မပါ တော့..အပြင် ထွက် မရ။ အဲဒီ အချိန် တွေက.. လက်ကိုင် ဖုန်း တွေ လည်း..လူတိုင်း တွင် တွင် ကျယ် ကျယ် မသုံး နိုင် သေး...။ ရောက် တဲ့ အတူ တော့..မထူး ပြီ။ ဘာ ရ မလဲ.. Information desk ကနေ ပြီး..အော်ခိုင်း တာပေါ့ ။ နောက် ပိုင်း ဖုန်း ဆက် ဖြစ် တော့..နှစ် ယောက်သား ပြော ပြီး..ရီ မိ ကြ တယ်။ ` ငါ..အိမ် သာ ထဲ ရောက် နေတုံး.. ငါ့ နံမယ် ကြီး..ကြေ ညာ သံ ကြား တာ..လန့်သွားတာပဲ..´ တဲ့။

အဲဒါ နဲ့.. သူလဲ..နေရာသစ် မှာ..ဘ၀ သစ် ကို.. ထူ ထောင် ရင်း..အဆက် အသွယ် တွေ ပြတ် သွား ကြ ပြန် ရော။ ၂ နှစ် လောက် နေ တော့.. စင်ကာပူ မှာ ရှိ တုန်း.. ထူးထူး ဆန်း ဆန်း..အီးမေးလ် နဲ့..သူ့သမီး လေး ပုံ လေး ပို့လာ တယ်။ သမီး လေး တောင် ..တော် တော် ရှိ နေ ပြီ ပဲ။ အဆက် အသွယ် ပြန် ရ ကြ တော့.. ထုံးစံ အတိုင်း..အားရ ပါး ရ လေသံ နဲ့ .. ` ငါ တို့ လည်း.. ရောက် ရောက် ချင်း..ကလေး ရ အောင် ယူ ကြ ရ တာဟဲ့.. ကလေး ကို ပြန် depend လုပ် လို့ ရ တယ်လေ..´ ။ သိပ် နား မလည် ပေမဲ့.. `ဘာပဲ ပြော ပြော..ကောင်း တာပေါ့ဟယ်´ လို့ ပြော ဖြစ် တယ်။

ပြီး တော့ ..သူ ပျောက် သွား ပြန် ရော တခါ..။ အီးမေးလ် တွေ ပို့ လည်း ပြန် မလာ..။ သူ ဆိုင် ဖွင့် နေ တယ် ဆို တာ သိ လို့.. ပိတ်ရက် မရှိ.. လုပ် နေ တယ် ဆို တာ သိလို့.. နား လည် ခွင့် လွှ တ်စွာ နဲ့ပဲ..ကဲ..နေပေါ့ဟာ..။ ခဏ ခဏ တော့..သတိ ရ ပြီး..ပြော မိ ကြတယ်။

ကဲ..ဒီ ရောက် ပြီး.. ၂ နှစ် လောက် ရှိ ..တရေး တမော ကြ မှ..ပေါ် လာ ပြန် ပြီ။ ဒီ တခါ လည်း.. ဘာမပြော..ညာ မပြော.. သူ့သားလေး ပုံ ..ပို့လိုက် ပြန် တယ်။ ဖုန်း နံပတ် တွေ ရ ကြ တော့..တယောက် တလှည့်.. ၄-၅ နှစ် စာ..အကြောင်း ကို..အတိုးချ ပြီး..ပြော လိုက်တာ.. ၃ ရက် လောက် နေ မှ..အရှိန် သေ သွားတယ်..။ သူ့မှာ..ဒီ သား လေး ကို.. ကျန်း မာရေး..အာမခံ က..အသက် မကျော် ခင်.. အမှီ ယူ လိုက် တာတဲ့..။ လာပြန်ပီ...။ သူ့မှာ..အချိန် ဇယား တွေက..အပြည့် ။ အမေရိ က က..ကျန်းမာရေး အာမခံ တွေ အကြောင်း..ရှင်း ပြ သေးတယ်..ခု..သူ ပေါင် ချိန် တွေ တက်လာ လို့.. အာမခံ ကြေး..ပိုပေး နေ ရ ကြောင်း.. ၀ိတ် လျှော့ နေ ရ ကြောင်း..။ ခု ဆို...ဆိုင်ခွဲ ၃ ခု ကို..လက် မလည် နိုင် အောင်..ဖြစ် နေ တယ်တဲ့ ။ အလုပ် သမား တွေ လည်း..သူပဲ ကြီး ကြပ် ရ တာ ဆို ပြီး..ညီး လဲ ညီး ...။ ဓါတ် ပုံ ထဲ မှာ တွေ့ ရ တဲ့.. သူ့ပုံ စံ ကတော့..တကယ့်ကို ဘာမှ မပြောင်းလဲ.. ဆံပင် တို ရှင်း ရှင်းလေး နဲ့..ရှပ် အကျီ င်္ နဲ့ ပဲ။ အား ရ ပါး ရ စကား ပြော ဟန် က လည်း..ဒီ အတိုင်း ပဲ။

သမီး လေး ရော..ဆို တော့.. အဘိုး အဘွား တွေ နဲ့ ..ရန်ကုန် ပို့ထား တာ.. ခု ဆို..၇ နှစ် သမီး တောင် ဖြစ် နေပီ တဲ့။ သူ ပြော ပြ မှ.. ဗမာ နိုင်ငံသား မဟုတ် တဲ့ ကလေး အတွက်..ပေး ရတဲ့ လူဝင်မူ ကုန်ကျ စရိတ် တွေ ကလည်း.. အံ သြ စရာ ပါလား...။ သူ့ အဖေ အမေ ကို လည်း.. ကွန် ဒို တလုံး ၀ယ်ပေး ထားတာ..ခု တော့..သူ့သမီး ကျောင်း ILBC နဲ့ နီး တဲ့ နား မှာ..လုံးချင်း တလုံး ထပ် ၀ယ် ပေး ထား ပြန် တယ်တဲ့... ကောင်း လိုက်တာ.. သူ့မိဘ တွေ တော့..သမီး ကြီး..အမိ ရာ ဆို သလို..တကယ် ကို.. မွေး ရကျိုးနပ် လိုက် တာ...။
`နင် တို့ ရော..အဲဒီ မှာ..အဆင် ပြေ လား..ငါ နင့်ကို အမြဲသတိ ရတယ်..လာလည် ချင် တယ်ဟာ.. ဆိုင် အလုပ် တွေကို..ဘယ်လို ထားခဲ့ ရမှန်း ကို မသိတာ..ဒီ နှစ် ထဲ တော့..သမီး ကို တွေ့ ရင်း.. ငါ့မိဘ တွေ နဲ့..အာရှ နိုင် ငံ တွေ..လည် ဖို့..စိတ်ကူး ထားတယ်..ငါ့ ညီမ တယောက် လည်း..ငါ ခေါ် ထားတာ..ဒီရောက် နေ ပြီ ဟဲ့... နင့် ဆီ ကို..တခါ တော့..ရောက် အောင် လာ မယ်ဟာ...´

ဖုန်း ချ သွား တော့.. ဘာ ရယ် မသိ.. သူ နဲ့ ကိုယ် နဲ့ ..ပြန် နီး လာ တာလား... ပို ဝေးသွား တာလား..။ ငူ တူ တူ အတွေး တွေ နဲ့ ပဲ..

သူငယ် ချင်း ရေ .. ငါ တို့ လည်း..အဆင် ပြေပါတယ်။ ဒါပေမဲ့..ငါ..နင်နဲ့ ပြန် တွေ့..စကား တွေ ပြောဖြစ် မှပဲ.. ငါ ဟာ..လူ လား မြောက် ပြီ လား ဆို တာ..သံသယ တွေ ၀င် လာ မိ တော့တယ်။

ဘာပဲ ပြော ပြော ကွာ...ကဲ.. ရော့...ဒီစာ ဟာ... ငါတို့ ၂ ယောက်..ပြန် အဆက် အသွယ် ရ ခြင်း အတွက်...နင့် မိ သား စု အတွက်.. ပြီး တော့..လူလား မမြောက် သေး တဲ့..ငါ့ အတွက်..

ချီးယားစ်


Share/Bookmark

8 Comments:

Anonymous said...

လွမ်းသွားတယ်အစ်မရေ..
တွေ့ ကြုံ ဆုံ ကွဲ တဲ့..
တရားစကားရှိပေမယ့် ဘယ်တော့မှလည်း တရားမရပါဘူး..
အစ်မပြောလိုက်တဲ့စကားလေ..
လူလားမြောက်ပြီလားတဲ့..
အဲ့ဒီစကားက ဒီညတော့ ကျနော့ကို ခြိမ်းခြောက်တော့မယ်နဲ့တူတယ်..
ပိုစ်တော့ဆုံးသွားပါရဲ့ လူတော့မောပြီး ကျန်ခဲ့တယ်ဗျာ....

pandora said...

တနေရာမှာ ဝေးကုန်ကြတာ သေချာတယ်။

Anonymous said...

I am gonna be 31 on 15 June. I am still young to be mature/grow up with my age...compare with all of my friends's life. As you mention I am still .........
I feel as Mote Thone said.... felt tired with too many thoughts.........

ကိုပေါ said...

လံကဓေါ၊ လောကဓံ
ခံနိုင်ရည် ရှိရှိ မရှိရှိ ခံကြရတာ။
အသက်အရွယ်အားဖြင့်တော့ တနေ့တခြား ကြီးထွားလာကြ။
တကယ်ရော ရင့်ကျက်လာသလားကတော့ စဉ်းစားစရာ။
လူ့ဘ၀ ရဲ့ အနှစ်သာရက ဘာလဲ....ခဏလောက် ရပ်တန့် တွေးတောစရာ။

ခင်မင်းဇော် said...

ကေ... တယောက်နဲ့တယောက် တန်ဖိုးထားမှုချင်း ကွာခြားကြသလို ဘ၀တွေ ကွာဝေးသွားမှာပါပဲလေ....

ဇနိ said...

ကိုယ်ရောက်ရာမှာ ပျော်အောင်နေ...
မပျော်၊မကျေနပ်ရင် နေရာပြောင်း....
ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ကျေနပ်ရင် ပြီးတာပဲ..
သူငယ်ချင်းကို ပြောဖြစ်တဲ့ စကားတွေပါ...

ပြန်ဆုံတော့ ပျော်စရာပေါ့နော

P.Ti said...

လုပ်သင့်တာတွေထက် လုပ်ချင်တာတွေကိုလုပ်နေတတ်ပြီး လူလားမမြောက်သေး တဲ့ ကျွန်တော့်အတွက်လည်း ချီးယားစ်...

တွေးလို့ကောင်းတယ် မကေ...

Dr. Yi Yi Win said...

မကေရဲ့သူငယ်ချင်းအကြောင်းဖတ်ရမှပဲ ကိုယ်မိဖကို ကိုယ်ဘာမှထိထိရောက်ရောက်မ
လုပ်ပေးနိုင်သေးတဲ့၊ ကိုယ်တိုင်လည်းလူလားမမြောက်သေးတဲ့ ကိုယ့်ကိုယ်ကိုပြန်မြင်ရ
တယ်။ ဖတ်လို့ ကောင်းတယ် မကေရေးတာ။