ခံစားမိသော ကဗျာ တချို့

ဘလော့ရေးတာ ၂ပတ်လောက် နားမလို့ နေတုန်း .. အနာဂါတ် ဟန်နရီဒူးနန့်ဆုရှင် ဇူလိုင် အိမ်မက် က..နှစ်သက်မိသော ကဗျာလေး- တဲ့။ သိပ်ကြာသွားမှာ စိုးလို့..မသွားခင် အမြန် ရေးပေးလိုက် ပါ တယ်။

ကဗျာ တွေနဲ့ပတ်သတ်လို့တော့..သိပ်နီးနီးစပ်စပ် ကျွမ်းကျွမ်းကျင်ကျင် အကဲမဖြတ်တတ်..မဝေဖန်တတ်..။ သိပ် အများကြီးလည်း မဖတ်ဘူး..မခံစားဘူး သူ။

အဲဒီ အတွက်လည်း.. စာ < ကဗျာ < သီချင်း < ပန်းချီ ဆိုပြီး ရေးပြ ခဲ့ဘူးသေးတယ်။

အခုလည်း..အဲဒီတုန်းထဲက.. နှစ်သက်မိတဲ့..အားတတ် ရွှင်လန်းမိတဲ့.. ဖုန်းဆိုး ရဲ့ -
`၅၄-တက္ကသိုလ်ရိပ်သာလမ်း-ရန်ကုန်´ ကဗျာရှည်ကြီးကို ပြန်လည် ဖတ်ရှု ကြည့်စေချင်ပါတယ်။ ကဗျာက..သိပ်ရှည် တော့..link မှာပဲ ဖတ်ကြည့်ကြပါ။ သူ့ကဗျာလေးက..ကိုယောဟန်အောင် ပြောတဲ့ vision ဆန်ဆန် လေးပါပဲ။

++++++

နောက် - တလောကမှ..သူငယ်ချင်း မချိုက.. ဝေမျှ လို့ ကြိုက်မိတဲ့ အင်္ဂလိပ်ကဗျာလေး တပုဒ်။

I know why the caged bird sings
_
A free bird leaps on the back of the wind
and floats downstream till the current end
sand dips his wing in the orange suns rays and dares to claim the sky.
But a bird that stalks down his narrow cage
can seldom see through his bars of rage
his wings are clipped and his feet are tied so he opens his throat to sing.
The caged bird sings with a fearful trill
of things unknown but longed for still
and his tune is heard on the distant hill
for the caged bird sings of freedom.
The free bird thinks of another breeze
and the trade winds soft through the sighing trees
and the fat worms waiting on a dawn-bright lawn and he names the sky his own.
But a caged bird stands on the grave of dreams
his shadow shouts on a nightmare scream
his wings are clipped and his feet are tied so he opens his throat to sing.
The caged bird sings with a fearful trill
of things unknown but longed for still
and his tune is heard on the distant hill
for the caged bird sings of freedom.


( Maya Angelou)

ကဗျာရှင်ကတော့..အမေရိကန် နိုင်ငံရဲ့ civil right လှုပ်ရှားမူမှာ ရှေ့ဆောင် တယောက် အပါအ၀င် ဖြစ်ခဲ့တဲ့..လူမည်း အမျိုးသမီး စာဆို တယောက်ပါ။ သူ့ရဲ့ ၆ တွဲ စာ ကိုယ်တိုင်ရေး အတုပတ္တိ ဟာ..အမေရိကန် စာပေမှာ ထင်ရှားခဲ့ပါတယ်။ အဲဒီ စီးရီးတွဲ ရဲ့ ပထမဆုံး စာအုပ် ဖြစ်တဲ့.. I know why the caged bird sings ဟာ ၁၉၇၀ ခုနှစ် National Book Award ကို ရရှိ ခဲ့တယ်။

ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က.. အိမ်ထဲကနေ..သီချင်းတွေ အကျယ်ကြီး ဖွင့်ခဲ့တယ် ဆိုတဲ့.. ဒေါ်အောင်ဆန်းစုကြည် ရဲ့.. လှောင်အိမ်စံ ဘ၀ ကိုလည်း..သတိတရ ထင်ဟပ်လိုက်ပါတယ်။
တခြားတခြားသော.. လှောင်ချိုင့်ထဲက..ငှက်ငယ်လေးများ အတွက်လည်း..မမေ့မလျော့ သတိရနေ စေခြင်တယ်။

+++++

နောက် ထပ် တခု ကတော့..ကဗျာ မဟုတ်ရင်တောင်..ကဗျာ လိုခံစားလိုက်ရတဲ့.. ၅ နှစ်အရွယ် ကလေး ငယ်လေး တယောက်ရဲ့ ခံစားမူ ပါ။

၅ နှစ်ကျော် အရွယ် တူမငယ်က..သူ့မိခင်ကို ပြောတယ်တဲ့။

` ကမ္ဘာကြီးကို ပြောင်းပြန် လှန် ပြစ်လိုက်ချင်တယ်..´

ဘာဖြစ်လို့ လဲ..သမီးရယ်..ဆိုတော့..

` မြေကြီးပေါ်မှာ လမ်းမလျှောက်ချင်တော့ဘူး..တိမ်တွေပေါ်မှာပဲ လမ်းလျှောက်ချင်တယ်...´
တဲ့။

ကလေး လေး တယောက် ရဲ့ ရိုးရိုးရှင်းရှင်း ဆန္ဒလေးက..သူ့ရင်ထဲကို ကဗျာ တပုဒ်လို ဖြတ်စီးသွားခဲ့တယ်။

ချက်ခြင်းပဲ..တွေးမိတာက.. တီဗီတွေ မှာ မြင်ကြားနေရတဲ့.. ကမ္ဘာမြေကြီး အကြောင်းကို.. ၅ နှစ် အရွယ် ကလေး ငယ် တယောက်ကတောင်..နာကျင် နေတတ်ပြီလား.. ဘ၀ ကြီးကို အကောင်း မမြင်ချင်တော့ဘူးလား ဆိုပြီး..စိတ်လည်း မကောင်း ဖြစ်သွားတယ်။

တချိန်တည်းမှာပဲ...
အင်း--- ငါ့တူမလေးတော့..အဒေါ်ကို တူ ဦးတော့မှာပဲ.. လို့ တွေးရင်း..ပြုံးမိတော့တယ်။


Share/Bookmark

13 Comments:

Anonymous said...

တိမ်တွေပေါ်မှာလမ်းလျှောက်ချင်တယ်......

ATN said...

ကိုယ်တိုင် လှောင်ချိုင့်ထဲက ငှက်တကောင်ဖြစ်နေပါပေါ့လား...

JulyDream said...

Dream က အိမ်မက် မဟုတ်ပါ။ အိပ်မက်ပါ ခင်ဗျာ။ အင်း.. ကိုယ့်ဖာသာ ကိုယ် အမှန်ကို ပြင်ဖတ်လိုက်ပါမယ်။

ကဗျာ တစ်ပုဒ်ပါဆိုမှ ရေးလိုက်တာများ။ အားပါးပါး...မနာလိုတောင် ဖြစ်တယ်။ မကျေနပ် လေဖြတ်လို့ ပြောခံရမယ်မှန်း သိပေမယ့် ပြောလိုက်ပါတယ်လေ။ အားကျ မနာလိုဖြစ်တယ်လို့ပဲ သဘောထားလိုက်ပေါ့။ အဟီး..

RePublic said...

ကဗျာ ၂ ပုဒ်လုံးကောင်းတယ် ၊၊ အဓိပ္ပါယ်တွေ အပြည့်နဲ့ပေါ့ ၊၊

ဆောင်းယွန်းလ said...

ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်လိုက်ချင်တယ်..

မေ့သမီး said...

ကိုဖုန်းဆိုးရဲ့ကဗျာကို တစ်ခါမှမဖတ်ခဲ့ဖူးဘူး။ အခုဖတ်လိုက်ရတဲ့အခါ ကြက်သီးတောင်ထအောင် လှုပ်ရှားရတယ်။ ဝေမျှပေးတဲ့အစ်မကိုကျေးဇူးတင် လိုက်တာ။

Anonymous said...

ဖုန်းဆိုးရဲ့ကဗျာကိုဖတ်ရတာ နှလုံးသွေးတွေတောင်
ဆူပွတ်မတတ်ပဲ။ တကယ်.. အနှစ်သာရပြည့်လိုက်တဲ့ ကဗျာ။

Maya Angelou ရဲ့ကဗျာကလည်း သိပ်ကိုကောင်းတာပဲ။ လွတ်လပ်မှုနဲ့ အနှောင်အဖွဲ့ဘ၀ကို
မျက်လုံးထဲတန်းခနဲ မြင်သွားတယ်။ ငှက်ကလေးသနားပါတယ်။ အဲ့လိုဘ၀ကနေ မိခင်ကြီးကိုလည်း လွတ်မြောက်စေချင်လှပြီ..။

"But a caged bird stands on the grave of dreams
his shadow shouts on a nightmare scream"
သိပ်ကောင်းတဲ့ စာသားတွေ...

ကျေးဇူးအများကြီးတင်သွားတယ် မကေကြီးရေ..။း)

Kaung Kin Ko said...

Maya Angelou ရဲ့ ကဗျာကို ခံစားသွားပါတယ်။

Moe Cho Thinn said...

ကဗျာတွေကို ဖတ်ပြီး ခံစား နာကျင်သွားတယ်။ ကိုဖုန်းဆိုးက ကဗျာရေးကောင်းသလို စာလဲ အရေးကောင်းတဲ့သူပါ။
တူမလေး ကဗျာကိုတော့ အကြိုက်ဆုံးပေါ့။
တိမ်တွေပေါ်မှာ လမ်းလျှောက်ချင်တယ်...

ဇင်ယော် said...

ကဗျာတွေ အားလုံးဖတ်သွားတယ် အစ်မရေ။ ကိုဖုန်းဆိုးရဲ့ကဗျာက တကယ့်ကိုထိမိပြီး အနှစ်ပါသလို Maya Angelou ရဲ့ ကဗျာကလည်း အဓိပ္ပါယ်ပြည့်ဝပါပေရဲ့။ လှောင်အိမ်ထဲက ငှက်တွေရဲ့ လွတ်မြောက်ရေးတေးသံကို ကြားယောင်လာမိအောင်ကို ရေးထားနိုင်လိုက်တာ။ ကလေးငယ်တစ်ယောက်ရဲ့ အတွေးကဗျာကတော့ ရှင်းရှင်းလေးနဲ့  လှပနေတာပဲ၊ တိမ်တွေပေါ်မှာလမ်းလျှောက်ချင်တယ်တဲ့။

Anonymous said...

မကေ..ကဗျာတွေ လာဖတ်သွား တယ်...
နှစ်သက်မိရဲ့ အားလုံးကို....
တူမလေး က..ကောင်းကင်ပေါ်မှာ ပဲ..လမ်းလျှောင် ချင် တယ် ဆိုတာ.. ကိုယ်တွေ့မို့..ယုံ တယ်... ဒီကမ္ဘာကြီး
ကို အကောင်း မမြင် တယ်ရယ်လို့ တော့ မဟုတ်ခဲ့ ဘူး..
ကောင်းကင် ပြာပြာ ထက် က.. တိမ်စိုင် ဖြူဖြူ တွေ ကို နှစ်သက်လွန်း လို့ ပါ.....

တန်ခူး said...

ကိုဖုန်းဆိုးကဗျာကို စဖတ်တုန်းက မျက်ရည်တွေကျခဲ့ဘူးတယ်…
ထူးခြားတာက နောက်တနှစ်ကြာမှ ဖတ်တော့လဲ မျက်ရည်တွေကျတုန်းပဲ…
လှောင်အိမ်ထဲက ငှက်ကလေးတွေရဲ့ တေးဆိုသံတွေက ညံနေတာပဲ ကေရေ…
နောင်၁၀နှစ်လောက်ဆို ကေ့တူမလေးက တိမ်တွေပေါ်မှာ လမ်းလျှောက်တတ်တဲ့ ဘလော့ဂါလေးဖြစ်နေမှာ….

မီယာ said...

လှောင်အိမ်ထဲက ငှက်လေး သီချင်းဆိုရတဲ့ အကြောင်းရင်းက ရင်နင့်စရာနော်