ပုံရိပ်ဟောင်းများ

ခုတလော.. ဘလော့ဂ် လောက သားတွေ လည်း.. ဖဘ ပေါ် ပြောင်းကုန် ကြ သလား.. သုံးဖြတ် တကုံး..အလံတော် အသစ် ရဲ့ မင်္ဂလာကြက်သရေ မှာ..မှင်သက် သွားကြ သလား .. နာဂစ် ဂီရိ တွေ နဲ့.. စိတ်ပန်း လူပန်း ဖြစ်ကုန် ကြပြီလား.. ဒါမှ မဟုတ်.. ၇ ရက်နေ့ နီးလို့.. စိတ်လှုပ်ရှား.. နေ ကြ လေ သလား.. လား ပေါင်း များစွာ ကြားမှာ..သေချာ တာတော့..ဘလော့ဂ် ရွာကြီး တခု လုံး တိတ်ဆိတ် ခြောက်ကပ် နေ လေ သည်။

ဘယ်သူ တွေ ဘာပဲ ပြောပြော..ဘလော့ဂါ တွေ ကတော့.. ပျော်ရွှင်စွာ..ချစ်ခင်စွာ.. နှုတ်ခွန်း ဆက် ကြရင်း.. တဂ် ခြင်း လို့ ခေါ်တဲ့..ရေးစရာ အကြောင်းအရာ လေး တွေ ဖော်ထုပ် ကြရင်း.. တခါတလေ ..လေးလေး နက်နက်.. တခါတရံ တော့လည်း.. ပေါ့ပေါ့ ပါးပါး.. နဲ့.. ဘလော့ဂါ ပီသ ခြင် ကြ ပါသေး သည်။


ပြီးတဲ့ တပတ်က.. အီးမေးလ် ထဲကို..သူငယ်ချင်း တွေ..အဆင့်ဆင့် ပို့ ရင်း.. သီချင်းလေး တပုဒ် ရောက် လာ လေသည်။ သီချင်း နာမည် က.. “ဘူမိကျောင်းတော်သား”  တဲ့။ စပ်တဲ့သူက.. တတန်းထဲသား..ကျော်ကျော်မင်း ဆိုတဲ့..သူငယ်ချင်း ပါ။ တကယ်တော့..သူနဲ့ ကျောင်းမှာ တုန်းက..သိပ်မခင်လှ.။ သူက.. အောနပ်စ် ကျောင်းသား.. စာတော် သော ၊ ...ဘူမိဗေဒ ကို.. အလေးအမြတ်ထား...သင်ယူ လေ့ကျက်သော..ကျောင်းသား တယောက်။ ပြီးတော့...ရန်ကုန် မြို့ထဲက တက်တဲ့..နေ့ကျောင်းသား။ ဥပဓိ ကောင်းကောင်း နဲ့ သပ်သပ်ရပ်ရပ် နေတတ် တာ ကိုတော့.. သတိ ထားမိ သည်။ ဂီတ ဘာညာ လိုက်စား တာ ..တီးတတ် မှုတ်တတ် တာ ကိုတော့.. field ဆင်း..ကွင်းထဲ ရောက်မှ.. သိဖူး ကြ သည်။ ကျောင်းတွေ ပြီး.. လမ်းခွဲ အသီးသီး ဆက်လျှောက် ကြ တော့ .ကျောင်းမှာ..ဆရာ လုပ်ပြီး ကျန်ခဲ့တယ် ဆိုတာပဲ.. သိ လိုက် သည်။ ပြီးခဲ့ တဲ့..လေး ငါး ခြောက် နှစ် လောက် ကတော့.. ဌါန ကနေ..ဆရာ ငယ်တွေ..အစိုးရ စကော်လာ လွှတ် ဖို့.. ယှဉ်ပြိုင် ကြ.. ရွေးချယ် ကြ တာမှာ.. သူ့ကို.. ဘာသာရေး..လူမျိုးရေး အကြောင်းပြ ချက် နဲ့.. ကန့်သတ် ခံရ လိုက် လို့.. စိတ်နာ နာ နဲ့ အလုပ်ထွက် သွားတယ် ဆိုတာ .. နောက်တော့... အပြင် မှာ.. ဂစ်တာတီး..သီချင်းဆို နေတယ် ဆိုတာ ရယ် ..ခပ်သန့်သန့် ကြားခဲ့ ရ သည်။  ခု..ဒီ သီချင်း လေး ကို.. သူ..ဘယ် နှစ် ဘယ်အချိန် လောက်က..ဘယ်လို ခံစားချက် နဲ့.. ဖန်တီး တီးခတ် ထား လဲ တော့..မသိပေ။ အဆက်အသွယ် အမြဲ ရှိတဲ့ သူငယ်ချင်း တွေ မေးကြည့် တော့ လည်း.. သူတို့ အားလုံး..ခုမှ သာ ကြားဖူး ပြီး..ဘယ်တုန်းက စပ် ခဲ့ သလဲ... ဘယ်ရာက်နေ သလဲ... မသိ ကြပေ..။

ချစ်စရာ ကောင်း တဲ့ သီချင်း လေး ကို..ဒီ အတိုင်း မထားချင် တာ နဲ့.. ရှိတဲ့ ပုံလေး တွေ နဲ့..ဗီဒီယို ကလစ် လေး လုပ်ပြီး.. အမှတ်တရ.. တင် လိုက်ပါတယ်။ အလုပ်မအား တဲ့ ကြားထဲက.. အဲဒီ ဗစ်ဖိုင် ကို..ကလိ ရတော့.. အကုန် လုပ်ပြီးမှ.. Evaluation copy ဆိုတာ ကြီး ပေါ် နေတာလဲ..ပြန် မပြင်ချင် တော့ဘူး။ software application က..အလကားပဲ သုံးနိုင်တာ ကိုး။း) ကောင်းပါတယ်။ လူပုံ တွေ ကိုလည်း..နဲနဲ လေး ကွယ်လိုက် သလို ဖြစ်သွား တာပေါ့.။ ပုံတွေ ထဲ မှာ ပါတဲ့ သူငယ်ချင်း တွေ အနေနဲ့.. သိပ်ပေါ်လွင် နေရင်.. ကြိုက်ချင် မှ ကြိုက်မှာ လေ..။ 

ဓါတ်ပုံ အဟောင်း တွေ ပြန်ရှာ.. စကန် ဆွဲ နဲ့.. တော်တော် တော့..အလုပ်ရှုပ်သွားသား။ မနှစ်က..စိန်ပန်း ကံ့ကော် ရေးတုန်းက.. သုံးထား ပြီးသာလေး တွေ လည်း ရှိ နေတော့..အတော်ပါပဲ..။ပုံအဟောင်းလေး တွေ ပြန်ကြည့်ရ တာ လည်း..ဘယ်လို အရသာ ရှိမှန်းကို မသိတာ။ ဓါတ်ပုံတွေက..ကြာလေ တန်ဖိုး ရှိလေ ပါပဲ...။

“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...”....
“ ဟယ်တော့....အဲဒါ ကြီးက..နင်..ရီဖို့ ကောင်းလိုက်တာ ဟယ်..” 

အဲဒီလို... ပျော်ရွှင် ရယ်မြူးရင်း.. အရသာ ရှိ လှ ပေ သည်။ နောက်ပြီး.. ခေတ်တခေတ် ရဲ့..၀တ်စား ဆင်ယင် ပုံ လေး တွေ ပြန်မြင် ရ တာလည်း.. စိတ်ဝင်စား စရာ တမျိုး ကောင်းသည် ။ ဓါတ်ပုံ တပုံ ကြည့်လိုက်လို့.. အ၀တ် အစား ဖက်ရှင်ကို မြင်တာ နဲ့..ဘယ်နှယ် ခုနှစ် လောက်...ဘယ်ကာလ လောက် ဆိုတာ ကို မှန်း ရ တာ လည်း.. ရုပ်ရှင်ဖွက် တမ်း..ကစား နည်း တခု လို..ပျော်စရာ ကောင်း တယ် ရော...။ 

ကဲ.. ဒီပုံ တွေ ကတော့.. ဖွက် စရာ မလိုပါဘူး.. အတိ အလင်း ပြောထားပြီးသား..။ ၁၉၉၄-၉၅ ကာလ များ ဆီက...။





အတော်ပဲ.. ဘလော့ဂ် ရွာ ကြီး ခြောက်ကပ် နေတုန်း.. ကစား လိုက် အုံး မည်။

တက္ကသိုလ် တုန်း က.. ဒါမှမဟုတ်..ဘ၀ တက္ကသိုလ် တုန်းက.. အဲဒီလို ပုံဟောင်း အုပ်စု ပုံလေး တွေ.. ကြည့်ချင်ပါကြောင်း.. အနည်းငယ် ၀ါးထား နိုင်ပါကြောင်း.. ကျောက်မောင်နှမ များ နဲ့ တကွ.. အောက်ပါ..ဘလော့ဂ် မိတ်ဆွေ များကို.. တဂ် လိုက်ပါသည်။   ရုပ်ရှင်ဖွက်တမ်း ..ဓါတ်ပုံ ဖွက်တမ်း ပေါ့.။ 


“ သူက.. ဒါပဲ ဖြစ်ရမယ်..”
“  အင်း..သူ့စာတွေ အရ ဆို..ဒီဖက် အစွန်က..ဆံပင်အရှည်လေး ဖြစ်ရမယ်.. ” 

အဲဒီလို မျိုး...။

ကိုကြီးကျောက်.. ( စိတ်ပြေ လက်ပျောက်.... ကွင်းထဲက..အလန်းပုံလေး တွေ ကြည့်ချင်ပါတယ်..)  ( ရေးပြီး)
ကိုအောင်သာငယ်.. ( စိတ်ပြေ လက်ပျောက်.. အဲ.. ယောင် သွားလို့..း)  ( ရေးပြီး )
မမိုးချိုသင်း.. ( ဘူမိ ကွင်း ပုံလေးတွေ ထုတ်ပြပါ.. ကွင်းဆင်းတုန်းကလို့ ပြောတာ )


ကျောက်မောင်နှမ တွေထဲ.. အေးအေးဆေးဆေး ဖြေးဖြေး ခြင်း.. ဘလော့ဂ် ရေးတဲ့.. အောင်ပန်းသား.. ကိုစိုင်းမော်ခမ်း  ကိုလည်း ထဲ့ စာရင်းတို့ပါ ရစေ။ ( ရေးပြီး)

ကျမ မသိသေးတဲ့.. လူတွေလည်း ရှိအုန်းမယ် ထင်ပါတယ်။

 ပြီးတော့ကာ...


မမေငြိမ်း ( အတော်ပဲ.. အမ .. အတိတ်တွေဆီ ပြန်ရောက် နေတုန်း.. )
မခင်မင်းဇော

မခင်ဦးမေ
 ( ဟန်းဖုန်း က ပုံတွေထက် ပို ၀ါးပစေ.. )
မအယ်ဇီ

မမီးငယ် ( ဘလော့ဂ် မရှိရင်..ရှိတဲ့နေရာကို လှမ်းတင် ပေး )း)
မသီတာ  ( ရေးတုံး)

မသိဂီ င်္ နွယ်
မမွန် (သုနှင်းဆီ)
မတန်ခူး
မရွှေစင်ဦး ( ရေးပြီး)

တီတီဆွိ  (ရေးပြီး)

မချစ်ကြည်အေး   (ရေးပြီး)
မသက်ဝေ  ( ရေးပြီး)
ပန်ဒိုရာ
မနော်
အိန္ဒြာ
ခွန်မြလှိုင(ရေးပြီး)

မနော်ဖော

မမေဒါဝီ
မလေး ( အိမ့်ချမ်းမြေ့)  (ရေးပြီး)

ကိုပီတိ ( တောင်တက်တာတွေ တင်ဖူးတယ်.. ခု..ဘလော့ဂ် မရေးတာကြာတော့.. ပြန် နှိုးပေးတာ )း) ရေးပြီး

ကလူသစ်     

(ရေးပြီး)
ကိုလူထွေး
ကိုပေါ ( တလောက တည်းက ပုံတွေ တထောကြီး ပြထားပြီးသား.. မကျန်ခဲ့အောင် ထဲ့လိုက်တယ် )း) 


ကိုအောင်   (ရေးပြီး)
ကိုတင်မင်းထက်
ကိုချစ်ဖေ  (ရေးပြီး)

အားလုံးကို... စပ်စု စိတ်ဝင်စား စွာ ဖြင့်..တဂ်ပါသည်။ တခြား စိတ်ဝင်စားတဲ့ သူတွေလည်း အများကြီး ကျန်သေးတယ်။ အထူးသဖြင့် အသက်မှန်းမရ တဲ့..လျှို့ဝှက်တတ်သူတွေပေါ့..။ ဒါပေမဲ့..သိပ်များနေမှာ စိုးလို့.... ကိုယ့် နဲ့.. ခေတ်ခြင်းသိပ်မကွာလှ ဟု ထင်သူများကိုသာ.. တဂ် လိုက်တာပါ။ ဘယ်သူတွေ ရှိအုံးမလဲ..?????
၇ ရက်နေ့ မတိုင်ခင် နော်။ 

၇ ရက်နေ့ မှာ.. အိမ်ထဲက.အိမ်ပြင် မထွက်ပါ... ( ကြောက်လို့ )း)


ဆက်စပ် ဖတ်ရန်-







Share/Bookmark

35 Comments:

ရွှေရတုမှတ်တမ်း said...

မကေရေ....
ဓါတ်ပုံတွေက ရွာမှာကျန်ခဲ့တာ..
အဲဒီခေတ်ကပုံတွေ မြင်ရင်တော့ ရီချင်မှာပဲ..
ဂျင်းဘောင်းဘီ လက်ရှည်လက်တို အမျိုးမျိုးဝတ်ပြီး အိုက်တင်ပေးနေတာ..ငယ်သေးတော့ ကြည့်လို့သိတ်မဆိုးပါဘူး..ဘော်ဒီကတော့ အရင်ကနဲ့ ခု အတူတူပဲ...အရပ်လဲအတူတူပါပဲ

ရွှေရတုမှတ်တမ်း said...

မကေ..မော်ခမ်းလဲကျန်သေးတယ်..
သူ့လဲ tag ရမယ်

:P said...
This comment has been removed by the author.
:P said...

မကေရေ..
သီချင်းနားထောင်သွားတယ်...
တေးသွားလေးက ကိုင်ဇာသီချင်းလေး နားထောင်လိုက်ရသလိုပဲ.. ....။
အသံလည်း ကောင်းတယ်...။

မေဓာဝီ said...

ဟိဟိ မကေက လုပ်ပြီတော့ ...
ဒီက အုပ်စုလိုက် သိပ်မရိုက်ဘူး။ တကိုယ်တော် ပဲပေးပြီး ရိုက်ထားတာတွေပဲရှိတယ်။
ဘကျောက်ပြောသလို ဘော်ဒီရော အရပ်ရော အရင်ကနဲ့ တူတူပဲ။ ရုပ်ကလေး နည်းနည်း ရင့်(ကျက်) လာတာပဲ ပြောစရာရှိတာ ... ဟဲ ...
ခပ်ရှက်ရှက်နဲ့ တင်တော့ပါဘူး မကေရာ ... :)

ahphyulay said...

အင်း...
ငယ်ဘဝ ဆိုပါတော့ နော်..၊
မျှဝေ ခံစားသွားပါသည်။

TURN-ON-IDEAS said...

အစ်မကေရေးတဲ့ တက္ကသိုလ်နောက်ခံတွေ ဖတ်ရတိုင်း အငှားရင်ဘတ်ကြီးနဲ့ လွမ်းလိုက်ရတာ အမော...

သီချင်းလေးက အားမာန်တွေလည်းပါ၊ လွမ်းစရာလေးလဲ ဖြစ်တော့ အစ်ကို အစ်မတွေကို ကြည့်ရင်း အားလဲကျသလို လွမ်းလဲလွမ်းတယ်...
မနာလိုဝန်တိုစိတ်လဲဖြစ်မိတယ်.... :(
ဒီလိုမျိုး တန်ဖိုးရှိတဲ့ အမှတ်တရမျိုးတွေ ဘဝမှာ မပိုင်ဆိုင်ခဲ့ရဘူး..

သီချင်းလေးကို ကြိုက်လို့ ၂ခါပြန်နားထောင်လိုက်တယ်...
သီချင်းက မပြီးသေးဘဲ ဘာလို့ ရပ်သွားတာလဲ?

ချစ်လိုက်ရတာ လွမ်းလိုက်ရတာ အဲဒိ မြန်မာပြည်ကြီးကို...

Moe Cho Thinn said...

သီချင်းနားထောင်တဲ့ တချိန်လုံး ဓာတ်ပုံတွေကြည့်ပြီး လွမ်းလဲ လွမ်း၊ ပျော်လဲ ပျော်။ သီချင်းရေး-ဆိုတဲ့ ကိုကျော်ကျော်မင်းက တော်လိုက်တာနော်။

တဂ်တယ် ဆိုပါ့လား၊ ကျောက်နှမရဲ့.. ဒီလို တောင်ပေါ်က တွန်းမချပါနဲ့ကွဲ့..။ :)
ဓာတ်ပုံတွေ ဒီကို ပါမလာဘူး ကေ။ အကုန်စိုထိုင်းပြီး ပျက်ကုန်ပြီ။ ဘယ်လို ရေးရပါ့။

tin min htet said...

ဓါတ်ပုံတွေက ရန်ကုန်မှာ ကျန်ခဲ့တာများတယ်။ ခု ဘာတွေများရှိမလဲ ပြန်ရှာလိုက်ဦးမယ်။ တကယ်က ကျွန်တော့်လေဒီပုံတွေများတာပဲ၊ သူက တနေ့တပုံ ဦးစိန်ဝင်းနဲ့ ရိုက်တာ။

စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံ ၂ ခုက ပျောက်နေတယ်။ တပုံက တီချယ်မေငြိမ်းတို့ စိုးစိုးတို့နဲ့ တောင်ငူကန်တင်းမှာ ရိုက်ထားတဲ့ပုံ၊ နောက်တပုံက မြစ်ကျဉ်း ၃ ကလူတွေ ဘွဲ့နှင်းသဘင်ဖက်ကို မျက်နှာမူပြီး လူတွေကျောဖက်က ရိုက်ထားတဲ့ပုံ ..

တဂ်တဲ့ အတွက် ကျေးဇူးပါပဲ မကေ ..

tin min htet said...

သီချင်းနားထောင်ပြီး နောက်တခါ ထပ်လာရေးတာ -
သီချင်းလေးကလည်း ကောင်းလိုက်တာ။ အာစီရှေ့က သစ်ကိုင်းကြီးပေါ် တက်ရိုက်ထားတဲ့ပုံ အမိုက်ဆုံးပဲ။

ဒီသီချင်းနဲ့ ဒီပုံတွေနဲ့ တွဲကြည့်လိုက်တော့၊ ဘာလို့ ကျောက်ခဲ မောင်နှမတွေ တယောက်နဲ့ တယောက်ချစ်ကြတယ် ဆိုတာ ပိုသိသွားတယ်။

ကျွန်တော်တို့လည်း ၅ တန်း ၆ တန်း စာမေးပွဲအပြီးမှာတော့ ၁ လ ဖီးဒ်ဆင်းရတယ်။ စက်ရုံတွေဆိုတော့ မကေတို့လောက်တော့ မပင်ပန်းဖူးပေါ့။ စာမေးပွဲမဖြေခင်လည်း ထုံးဖို၊ ဆင်တဲကို ၃-၄ ရက် သွားကြရသေးတယ်။ အဲဒီလို ခရီးမျိုးထွက်ပြီးရင် မောင်နှမတွေလို ချစ်သွားကြတာပဲ။ ဒါကြောင့် ကျောင်းက သူငယ်ချင်းတွေက ခုထိ တော်တော်များများ အဆက်အသွယ် မပြတ်ကြသေးဘူး။

သက်ဝေ said...

အပြင်က ပြန်ရောက်ရောက်ခြင်း ကေ့ဆီမှာ ပိုစ့်အသစ်တွေ့လို့ ဝမ်းသာအားရ လာဖတ်တာ... ကျောင်းတက်တုန်းက အချိန်တွေအကြောင်း ဖတ်ရတာဘယ်တော့မှ မရိုးဘူးနော်... အမြဲတမ်း ကြည်နူး ပျော်ရွှင်စရာ ကောင်းနေတာပဲ...

အပေါ်က မောင်နှမတွေပြောသွားသလိုပဲ ကျောင်းတုန်းက ဓါတ်ပုံတွေက ရန်ကုန်မှာ ကေရဲ့... ဒါပေမယ့် တနည်းတဖုံ အကြံထုတ်လိုက်ပါအုံးမယ်... ကျောင်းအကြောင်းရေးချင်နေတာနဲ့ အတော်ပဲ ကေ...
တက်ဂ်အတွက် ကျေးဇူးပါ...း))

khin oo may said...

#
khinoomay77
2 minutes ago

တိုင်းရင်းးသားအသံလိုဘဲ. . မှတ်မိတယ် အဲီးကျောင်းကြီး.လက်ဘက်ရည်သွားေ­သာက်ဘူးတယ်။ ဘွဲ့လဲယူဘူးတယ်။ လွမ်းစရာဘဲ ကိုယ်တိုင်မဟုတ်ဘပမဲ့လွမ်းစရာခံ­စားပျော်ရွင်ခဲ့မှာပါ. ကိုယ့်ကျောင်းမစတ်ပေမဲ့ခဏခဏရောက­ေါ်ပတယ်။ အတော်လွမ်းမှာဘဲ. အဲဒါဓါတ်ပုံတွေ ရှိသေးတယ်လား ယမ်းသာစရာဘဲပေါ့. မနွလေးဆောင် .................ပျော်ရွင်ခဲ့သ­လို ဆက်လက်ပျော်ရွင်နိုင်ါပါစေလို့.


ပုံတွေက မပါလာဘူးကေ. ရန်ကုန်မှာကျန်ခဲ့တာ...မောင်နစ်မတွေအိမ်ထောင်ကျ.ထွက်လာတာကြာပြီ်ဆိုတော့ ပျောက်ကုန်ပြီ. တတ်နိုင်သလောက်တော့ရှာကြည့်ဦးမယ်။ ရိုက်တုံးကတော့အများကြီးရိုက်ခဲ့တာဘဲ. တစ်နေ့တစ်ပုံတော့ဟုတ်ဘူးပေါ့ :P ကျေးဇူးချစ်ချစ်.

ကိုပေါ said...

ကွင်းဆင်းတုန်းက ဓါတ်ပုံတွေက ဘယ် ရောက်နေမှန်းမသိတော့ဘူးဗျိုး။ ၇ ရက်မတိုင်ခင်လို့တော့ မလုပ်ပါနဲ့ဗျာ။ စည်းကမ်းရှိသော ဒီမိုကရေစီခေတ်ရောက်တော့မှ အေးအေးဆေးဆေး ရေးပါရစေ။ ရောက်တော့မှာပါ။ မကြာတော့ပါဘူး။

Unknown said...

တီတီကေ
ဘလော့ဖတ်သူတယောက်နှစ်ယောက်ရဲ့ ကြိမ်လုံးဒဏ်ကိုအာခံပြီး တက်။တက်။တက် လုပ်သလိုဖြစ်နေသပ။ ပြန်လည်လူပ်ရှားသက်ဝင်လာစေချင်တဲ့စေတနာကိုတွေ့ရပါတယ်။ တကယ်ပြောတာပါ ။ ဒီကွန်မန့်ကို မဖျက်ပစ်ဘူးလို့ယုံကြည့်ပါတယ်။
ကြိမ်လုံးဆိုလို့။ကဗျာဆရာကြီး မောင်လေးအောင်ရဲ့ကြိမ်လုံးတော့မဟုတ်လောက်ဘူးထင်ပ၊
ပျော်ရွင်ပါစေ။ 
No 13 commment :) , cheers

ကိုအောင် said...

ွှtag ကို လာဖတ်တယ် မကေရေ ...း)

MieMie said...

မကေ .. ကျောင်းတက်တုန်းက အုပ်စုလိုက်ပုံတွေက သူငယ်ချင်းတွေ စီမှာဘဲ ရှိတယ် ..ရန်ကုန်ပြန်တုန်းက သူငယ်ချင်းတယောက် ပြတော့ မေ့ပြီး ယူမလာခဲ့ဘူး
ကျမမှာခုရှိတာ တယောက်တည်းပုံဘဲ ရှိတယ် .. ဖဘ ထဲမှာ နောက်တော့တင်ပေးမယ် နော် .. ( ၀ါးချင်လည်း
ဝါးမလား မသိသေး ) သီချင်းလေးက နားထောင်ကောင်းလိုက်တာ အသံလည်းကောင်းလို့
ကြိုက်တယ် သိလား ....

mie nge

kay said...

ပေါ့ပေါ့ပါးပါး မှတ်ချက်လေး များ အားလုံးကို ကျေးဇူးတင်ပါတယ်။

သ၀ဇ ပြောသလို.. သီချင်းက..အဆုံးထိ မပါ နေတာရယ်.. ပုံတချို့ လည်း ထပ် တွေ့တာရယ်ကြောင့်.. ဗီဒီယို လေးကို..ထပ်ပြီး ပိုမို ပြည့်စုံ အဆင်ပြေအောင်..ကလိ လိုက်ပါတယ်။

ပြန်ရစ် ပြီး ကြည့်ကြပါအုံးနော်..။း))

rose of sharon said...

တော်တော်ပြန်ရှာရမယ်ကေ... တဂ်တာကျေးဇူးနော်

ATN said...

စိတ်ပြေလက်ပျောက်-တဲ့လား...

ဟိုး လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်...
၁၉၈၄-၈၅ နှစ်များဆီကို
စိတ်တွေ အလိုအလျောက်
ပြေးသွားပြီးတဲ့နောက်မတော့...

စိတ်မပြေ လက်မပျောက်တဲ့အပြင်...

ပုံရိပ်ဟောင်းတွေက...
ဒဏ်ရာအသစ်တွေကိုပါ ခေါ်ဆောင်လာခဲ့သလိုပါပဲ...း(

ကွင်းဆင်းကာလတွေတုန်းက
ရိုက်ခဲ့ကြဖူးတဲ့ ဒါ့ပုံဆိုလို့
၃ ပုံပဲ ရှိခဲ့ဖူးတာ မှတ်မိတယ်...
တယောက်တည်း ၁ပုံ...
ကိုယ့် ဂရုဖ်နဲ့ ၁ ပုံ...
ကဲမ့်တခုလုံးနဲ့ ၁ ပုံ...
(ဒါတောင် နောက်ဆုံးနှစ်မှပါ...)

တို့တွေတုံးက
ဆင်းရဲသားတွေချည့်
စုနေမိတော့
ဒါ့ပုံတွေ မရှိဘူးလေ...

ရှိတဲ့ ဒါ့ပုံလေးတွေတောင်
လွန်ခဲ့လေတဲ့ ၄-၅ နှစ်က
အမေနဲ့ စကားတွေ ပြောမိနေတုန်း
မေးမိတော့...

သားရေ့...
ပျက်တဲ့ပုံတွေက ပျက်ကုန်ပြီလေ
ကောင်းတဲ့ပုံတွေကိုတော့
ဟိုကောင်တွေက
(ဘယ်ကောင်တွေဆိုတာ သိတယ် ဟုတ်) အတင်းအဓမ္မ
ယူသွားခဲ့ကြပြီ... တဲ့....

ကဲ... ...

သည်ကြားထဲ...
ထီးဆိုင်ရဲ့ သီချင်း တပုဒ်ကလည်း...
နားထဲကိုပဲ
အတင်း ထိုးထိုးဝင်လာတယ်...

(ပျော်နိုင်သူတွေ အိပ်မက်ထဲ အမောအပမ်းဖြေဆဲဝယ်...
ကိုယ့်ဘ၀ရဲ့ ညက နက်နေဆဲပါကွယ်...) တဲ့

ဘာမှလဲ
မဟုတ်ပါဘူး...
ကိုယ် - ပျောက် - သွားတာလေးပါ...

ဒါ့ပုံတွေကလည်း မရှိတော့...

ချိုသင်းပြောသလို
သည် တဂ်ပို့စ်ကို
(ဘယ်လိုရေးရပါ့...)

ခုတော့...
လက်ကျန် Foster လေး မော့ရင်း...
စဉ်းစားလိုက်ဦးမယ်...

ATN

ဂျူနို said...

မကေ ရန်စတယ်။ စိတ်ကောက်နေပါတယ်ဆို ရောပြီး မခေါ်ပဲ နေလိုက်မယ်နော်။

မအယ်

ကလူသစ် said...

လူမျိုးရေး ဘာသာရေးနဲ့ ပက်သက်ပြီး ၀န်ထမ်းလောကမှာ ခွဲခြားတာ ကြာလှပြီပဲဗျာ။ အမှန်က သူ့အနေနဲ့ သိတ်မခံစားသင့်ဘူး။ ကြိုမျှော်လင့်ပြီးသား ဖြစ်နေသင့်တယ်။

တသက်လုံးမှာ ရိုက်ခဲ့တဲ့ဓာတ်ပုံက လက်ချိုးရေလို့ရတယ်။ ကျောင်းတုန်းကပုံတော့ အနည်းအကျဉ်းရှိတယ် (မြန်မာပြည်မှာ) ခွိခွိ။နောက် ကြုံတော့ ရေးကြတာပေါ့ဗျာ။

Anonymous said...

ကြီးကေတော့မြင်ဖူးပြီးသား...
ခေတ်တူသူတွေဆိုတဲ့အတွက် အတက်ဂ်ခံရသူတွေအားလုံး ၃၀-၄၀ ကျော် အဘိုးကြီးအဘွားကြီးတွေလို့ သတ်မှတ်ပြီး နာမည်တွေ သေချာလိုက်ဖတ်သွားတာ..

P.Ti said...

“ ဟယ်..အဲတုန်းက.. သူ..ပိန်ပိန်လေး နော်.. မထင်ရဘူး ...” ဆိုတာ စောင်းပြောတာလား မကေ

Sonata Cantata said...

ကေရေ...
သီချင်းလေးနဲ့ ပုံရိပ်ဟောင်းများရဲ့လျှို့ဝှက်ချက်တွေက
အသက်ဝင်လာလိုက်တာ...
မျက်ရည်တွေကို ပုတ်ခတ်ထုတ်ရင်း
ပြုံးဖြစ်အောင် ပြုံးလိုက်ပါတယ်း)

ချစ်ကြည်အေး said...

ကေ....အမ ရေးဖို့ ပြင်နေတာ ကြာပြီ၊ ရေးပါ့မယ် ဒါပေမဲ့ ၇ ရက်နေ့ မတိုင်ခင် မပြီးလောက်ဘူး အိတ်စတန်းရှင်း လုပ်ပေးပါနော်...:)

ချစ်ကြည်အေး said...

ကေက ရုပ်မပြောင်းဘူးပဲ၊ တို့တွေ ခေတ်က ဝတ်ပုံ စားပုံတွေ ပြန်တွေ့ရတာ၊ ကျောင်းသားဘဝ အငွေ့အသက်တွေ ပြန်မြင်ရတာ ပျော်စရာရယ်....

mks said...

အရေးပေါ် ရွာပြန်ရမှာ မို့ .. ကျနော်လည်း မကေဆီ ခွင့်တင်သွားပါတယ် ..

T T Sweet said...

မကေ တက်ဂ်ထားတာ ခုမှတွေ့တယ်။ ရေးပေးပါ့မယ် ။ ရေးဖို့ လိုက်ရှာလိုက်ဦးမယ်။ သတိတရ တက်ဂ်ပေးတာ ကျေးဇူးမကေရေ။ ခုမှ ဒီပို့စ်လေး လာဖတ်မိလို့။ ဘယ်လို လွတ်သွားလဲမသိဘူး။

T T Sweet said...

မကေရေ သီချင်းလေးရော စာသားလေးရော ကောင်းလိုက်တာ။ ဘူမိကမဟုတ်ပေမဲ့ တကယ်လွမ်းသွားပါတယ်။

မနေ့က တက်ဂ်ဆိုတာနဲ့ ကမန်းကတန်း မန့်သွားတာ။ ခုမှ ဖတ်ဖြစ်တာပါ။

၇ရက်နေ့တော့မီပါ့မလားမသိ။ ပုံတွေတော့အများကြီး ရှိဘူးရယ်နော်။

Eaindra said...

မကေ.......

သူများက နာဂစ်ဒုက္ခသည်လေးးးးးပါ...
သူများရဲ့ ၀တ္ထုတွေ စာအုပ်တွေ ဓါ့ပုံတွေအားလုံး...
(ကွန်ပြူတာ တောင်ပါသေး..)
နာဂစ်က အတင်းယူသွားတာ.....
လူတောင် စင်ကာပူကို လွင့်ထွက်လာတာကြည့်...
ကြည့်ချင်ရင်တော့ စလုံးမှာ စွတ်ပဲများထားတာတွေ မေးလ်က ပို့ ပေးမယ်...လေ...နော်..နော်..နော်..

စာမရေးဖြစ်တာ မကေပြောထားတာတွေ တပြိုင်တည်းဖြစ်နေတယ်...
အဲ
ဖဘ တော့ မရောက်ဖြစ်ပါဘူးးးးးးးး

ချစ်မကြီးများ ငယ်မူငယ်သွေးနဲ့ ပဲပေးကြမှာကို
ရင်ခုန်စောင့်မျှော်လျက်...:P

Eaindra said...

မကေ..

အပေါ်က မှတ်ချက်ရော ဒီမှတ်ချက်ရော.. "အိန္ဒြာ" နော်.....

အကောင့်ကြီးပဲပေါ်နေတယ်...

MANORHARY said...

ကေ
ကိုးနတ်ရှင်နှောက်ယှက်နေတာနဲ့ ပို့စ်ကို ဒီနေ့မှ ဖတ်ရတယ် .. စိန်ပန်းတွေ အကြွေးဆပ်ဖို့ ဖိုတိုအက်ဆေးလေး လုပ်မလို့ ဓာတ်ပုံတွေ စကင်တင်ဖို့ လုပ်နေတာနဲ့ အတော်ပဲ ..
မကြာမီ လာမည် မျှော် ..း)

SHWE ZIN U said...

မကေ ရေ

တာဝန်ကျေပြီနော်

မကေ ဒီလို ခင်ခင်မင်မင်နဲ့ တဂ် ပို့စ်လေး ကိုရေးခိုင်းတဲ့ အတွက် ကျေးဇူးတင်ပါတယ်
အဲ နောက်လည်း ရေးခိုင်းပါ ရေးချင်နေပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

HtooHtoo said...

ခုရက်ပိုင်း အချိန်အားတိုင်း မကေရဲ့ blog ကို စာလာဖတ်ဖြစ်နေပါတယ်။မကေ ဘာရေးရေးဖတ်လို့ကောင်းတယ်။ ဒီနေ့တော့ မထင်မှတ်ပဲ ပုံရိပ်ဟောင်းများ ကို ဖတ်ရင်း သီချင်းလေးနားထောင်မိရင်း ဘော်ဆိုင်းအိမ်ပုံကို တွေ့ရတယ်။ မကေ ဘော်ဆိုင်းရောက်ဖူးတာပေါ့ နော်။ ဒီနေ့တော့ လွမ်းသွားပြီ မကေရေ။

kay said...

ထူးထူး.. အခါတိုင်း ဖတ်နေကျ..ပြောနေ ဆိုနေကျ မိတ်ဆွေ တွေ ထဲက..မဟုတ်လို့.. ကျေးဇူးတင် ကြောင်း သီးသန့် ပြောပါရစေ..။ ဟုတ်တယ်..ဘော်ဆိုင်း ကို ရောက်ခဲ့ ကြတယ်။ ဟော်အဟောင်း ကြီး မှာ..အဲဒီတုန်းကတော့..ဦးသန်းမောင် ဆိုတဲ့..အိမ်စောင့် လိုလို မိသားစု တစု ပဲ တွေ့ခဲ့ရတယ်။ အိမ်အလယ်ခေါင်မှာ ထားတဲ့..မှန်အခေါင်း ကြီးကို ခုထက် ထိ သတိရ နေ မိ သေးတယ်။