အတွေးစများ (၆)

နိုင်ငံ အသစ်

ကမ္ဘာကြီး ပေါ်မှာ နိုင်ငံ တခု တိုးသွား ပြန်ပြီ။ ဘာပဲဖြစ်ဖြစ်..သာဓု ပဲ ခေါ် ချင် သည်။ ဟာလေလုယ ....။ ကော်ဆိုဗို နိုင်ငံ အလံ ကို ဝှေ့ယမ်း ပြီး အောင်ပွဲခံ နေ ကြတဲ့.. သူတွေကို ကြည့် ရတာ..ဘာပဲ ပြောပြော.. ပျော်လိုက်တာ။ သူတို့ ဘယ်လောက် ပျော်ရွှင် ကျေနပ် နေမလဲဆိုတာ..နှလုံးသား က အတိုင်းသား သိနေသည်။ သူတို့ သမိုင်း တွေ..ရှေ့ဖြစ် တွေ မသိ ပေမဲ့.. မဆန့်ရင်ကန်..စု စည်း ထားတဲ့ အုပ်ချုပ် မူ တခု အောက်က.. လူမျိုးစု တခု လွတ်လွတ်လပ် လပ် ခွဲထွက် နေလို ခြင်း ကို၊ တားဆီး အပြစ် မြင် စရာ အကြောင်း မရှိပေ။ သို့သော် လည်းပေါ့.. ထောက်ခံ သူ ..ကန့်ကွက်သူ အသီးသီး ကတော့ ဖြင့် သူ့အကြောင်းပြချက် နှင့်သူ ရှိနေမည်သာ။ ထုံးစံအတိုင်း.. အမေရိကန် ကတော့..ဈေးဦးပေါက် အသိအမှတ် ပြုလိုက်ပြီ။ အော်စီ ကလည်း..တရားဝင် အသိအမှတ် ပြု လေ၏။ ဥရော ပ အုပ်စု တွေလည်း.. ပွစိ ပွစိ ဖြင့်ပင် လက်ခံ လိုက် သည်။ မပြု သူ တွေ ကတော့..သိကြတဲ့ အတိုင်း.. တရွာလုံး နှင့် မတည့် မှတော့...။ ဘန်ကီမွန်း တော့..တော်တော် ခေါင်း စား ဦး မည်။

Castro and Cuba

ကျူဘား နိုင်ငံ ၏ သက်တော် ရှည် ခေါင်းဆောင် ကြီး ကတ်စ်ထရို အနားယူ သွား တဲ့ သတင်း ကို ရှေ့ဆုံးသတင်း အဖြစ် ပြ နေသည်။ ကမ္ဘာ ကျော် strong man ကြီး တယောက်.. မ စထရောင်း တော့ ဘူးလို့ ပြောလိုက်ခြင်းသည်၊ တကယ့် သတင်းပင်။ သူက..ငယ်ငယ်ထဲက.. အတော် စထရောင်းသူ။ တခါ..သူ့ အကြောင်း ပြန်ပြသည့် မှတ်တမ်း သတင်း တခု တွင်၊ သူငယ်စဉ်က.. အပြစ် တခု ကြောင့် ကျောင်းမပို့သော မိဘ များကို ၊ အိမ်ကို မီးနဲ့ရှို့ပစ် မည် ဟု ခြိမ်းခြောက် ထိတ်လန့်စေခဲ့ သည်တဲ့။ သူလည်း သူ့ခေတ် အခါ ကတော့.. ဘ၀ များ ကို အပ်နှင်း ခဲ့ကြ သည့် အသဲစွဲ တော်လှန်ရေး ခေါင်း ဆောင် ကြီးပါ။ ခုတော့..ဘယ်လို ဖြစ်သနည်း။ ခေတ် အခြေ အနေ နှင့် လက်တွေ့ဘ၀ များ၏ တောင်းဆိုချက်ကို မပျော့ပျောင်း ခဲ့ပဲ၊ လှေနံမှာ များ ဒါးထစ် ထားခဲ့လို့လား...။ လူသားဗီဇ ကို ပေါ်တင်ကြီး ၀န်ခံကာ.. အာဏာ မှာ ယစ်မူး လွန် သွား လို့လား။ ဇရာ နဲ့ မရဏာ ကတော့..ဘယ်သူ့ကို မှ ချမ်းသာ မပေးပါ။



Sorry

သြစတြေလျ အစိုးရ က.. နှစ်ပေါင်း များစွာ ပြောမထွက် ခဲ့ သော Sorry ဆိုသော စကား ဖြင့် ဒေသခံ အဘိုရီဂျင်း များ နှင့် ရင်ကြား စေ့ လိုက်သည်။ ဒါလဲ..သာဓုပဲ ခေါ် ချင် သည်။ ဖြစ် ပုံ က.. အော်စီ တိုက် ကြီးပေါ် ကို လူဖြူ တွေ တက်လာ ပြီး .. သွေး နှော မွေးဖွားခဲ့ တဲ့ ကလေး တွေ ကို ၊ အမေ မိသားစု တွေ ဆီက၊ အတင်း ခွဲထုပ် ပြီး ၊ ကတ်သလစ် ခရစ်ယာန် ကျောင်း တွေ အကူအညီ နဲ့၊ စခန်းသွင်း ခဲ့ တဲ့ အပြစ်။ အဲဒီလူ တွေ ကို stolen generation လို့ခေါ်သည်။ အိမ်မှာ တောင် ငြင်း ရသည်။ ရှေ့က တိုင်း ပြည် ခေါင်းဆောင် တွေ ကောင်း တယ် ထင် လို့ လုပ်သွား တဲ့ဟာ ကို ၀န်ကြီးချုပ် အသစ်က..ဒီလို လွယ်လွယ် ပြော တော့၊ သင့် တော် ပါ့မလားပေါ့။ နို့.. တဖက် က ကြည့်တော့လည်း.. ကိုယ့် မိသားစု..အသိုင်း အ၀ိုင်း နဲ့ အတင်းအဓမ္မ အဆက်ဖြတ် ခံခဲ့ ရတာ... တရားသလား။ ကောင်းဖို့ပဲ ဖြစ်ဖြစ်..ဆိုးဖို့ပဲဖြစ်ဖြစ်။ ပြီးတော့..ရှေ့က ခေါင်း ဆောင်တွေ လုပ် တိုင်း..မှန် တယ် လို့ ပြောလို့ရမလား။ ခုခေတ် အခါ က လည်း ..လူ့အခွင့်အရေး ခေတ် လေ။ ဘာပဲ ပြော ပြော မှားခဲ့တာ ကို မှားခဲ့တယ်..မတရားခဲ့ တာကို မတရားခဲ့ တယ်လို့..ဖွင့်ဟ ၀န်ခံ ရဲ ခဲ့ တဲ့ အစိုးရ အဖွဲ့သစ် ကို Sorry Day မှာ လက်ခုပ် တီး ပြီး ကြို ဆို လိုက်ပါတယ်။

ဆရာ ကျော်ဝင်း ..ဘာဖြစ် လို့လဲ

တလော က.. ဆရာ ကျော်ဝင်း တယောက် ကမ္ဘာပြား စာအုပ် နဲ့ အမျိုးသားစာပေ ဆု ပေးအပ်ခံ ရတဲ့ အပေါ်.. ဟိုဟို ဒီဒီ တောင် တောင် အီအီ လေး တွေ တွေး ကြသည်။ အထူးသဖြင့် မိုးမခ နဲ့ ဘားမားတူဒေး က..ဖော်ပြ တဲ့ အပြန် အလှန် စာလေး တွေက.. ရေးသူ တွေကလည်း ပိုင် နိုင်.. ချက်ကျ တော့..ဖတ် လို့တော့ ကောင်း လှ သည်။ ဒါပေမဲ့..စိတ် ထဲ မယ်..ဘ၀င် မကျ တာက.. အခက် အခဲ တွေကြားက..သူ့ဖာသူ အကောင်းဆုံး အဆင်ပြေ ဆုံး ရပ် တည် နေတာ ကို၊ လွယ်လွယ် ကူ ကူ တော့..မကလိ သင့် ဘူး ထင်သည်။ သူ့စာ တွေ အနဲ အပါး ပဲ ဖတ်ဘူးသည်( ပြည်တွင်းထုတ် စာအုပ် တွေနဲ့ အဆက်ပြတ် နေ သော ကြောင့်)။ ဖတ်ဖူး သလောက် ကြိုက်ပါသည်။ လူငယ်တွေ အပေါ် သြဇာ လွှမ်းမိုးမူ အားကောင်း လို့.. ဂရုပြု စောင့် ကြည့် ဝေဖန် ရမည့် စာရေးဆရာ တယောက် ဖြစ် နေတာ ကိုလည်း လက်ခံပါသည်။ ဒါပေမဲ့.. သူ ဘာ တွေများ..မှားမှားယွင်းယွင်း ရေးမိ..လုပ်မိ လို့လည်း။ တကယ် မသိ လို့ ပါ။


အခန်း (---)

ခုတလော.. မိုးတွေကလည်း အုံ့ပျက်ပျက် နဲ့.. နေလို့မကောင်းပါလား။ စိတ်တွေ ကလည်း ..ဟိုဒီ ပြေး လို့...၀မ်း နည်း လိုက်.. အံကြိတ်လိုက်..တွေးဆလိုက်..။ ဟက်ဟက်ပက်ပက် မရီ မိတာတောင် ကြာပီ။ အရေးထဲ.. ကိုယ့်စာအုပ် ထဲက..ဘ၀ စာမျက်နှာ တွေ ကို တရွက် ချင်း လှန် ပြီး..ဟိုခြစ် ဒီခြစ် လုပ် နေရင်းက.. အခန်း အသစ် တခု .. ရောက် လာ တော့မှ.. အိပ်ချင် ပြေ သွားသလို.. လန့်လိုက်တာ။ အင်အား တွေ ယူ ရဦးမည်။


Share/Bookmark

3 Comments:

Anonymous said...

I see Kosovo's independence differently from you. Kosovo is made up of 90% Alabanian immigrants and so they are just thieves stealing the land from Serbs.

kay said...

Thanks Dear reader ( anonymous)

This is ,definitely , an issue we should take into account. But , like other controversial issue, it might have difficult situation to take side. We are not so sure how deep their problems ( history). Anyway, thank you so much for these facts for even I didn't know much about it.

Regards,

Anonymous said...

Serbia was penalised for being affiliated with resurging Russia.
Serbia was a mini state split from Yugoslavia. Yugoslavia was made up of serbs (Orthodox Christians and Slavs), Croats (Catholics) and Bosnian muslims (remainants of Ottoman Turks and they are muslims). So western world penalize Serbia for being close to Russia (fellow Slavs and Orthodox Christians) and supported Croatia (Catholic brotherhood) and Bosnia (for face saving gesture that West is not against Muslims).
Kosovo is part of Serbia and 90% are immigrants (read as illegal economic immigrants) from Albania and Albanians are muslims and so that is why Kosovo is split from Serbia again. It will be interesting to see whether northern Kosovo where there are 10%of native Serbs living in Kosovo will be split from Kosovo again.
So split is like this.
Yugoslavia->Serbia, Bosnia,Croatia
Serbia ->Kosovo, Serbia
Kosovo?->North Kosovo, South Kosovo