စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၈)

သူ့ ရှေ့က ..မြင်ကွင်း ထဲ .. အိမ်ရှေ့ လမ်းမကြီး က..ကန္တာရ ကြီးတခု လိုပဲ..ခြောက်သွေ့ နေလိုက်တာ..။
-
တကယ်က..လမ်းမ ပေါ်..နွေနေပူပူ အောက်မှာ..သွားလာ လှုပ်ရှား..ရောင်းဝယ်ဖောက်ကား နေတဲ့..လူတွေ..စက်ဘီး တွေ..မြင်းလှည်းတွေကို.. အာရုံ မစူးစိုက်မိ ခြင်းသာ..။ သူ့အာရုံမှာ ရှိနေတာ.. ကား တွေ ဥဒဟို ပြေးလွှားနေတဲ့..ပြည်လမ်းမ ကြီးလား..။ အင်းလျားကန် နဲ့ လှည်းတန်း လား..။ အင်းဝမုခ်ဦး အောက်က.. ထိုင်နေကျ.. လက်ဖက်ရည် ဆိုင် ထိုင်ခုံ လေးတွေ လား..။ ဆင်းနေကျ.. ပုဂံလမ်း မှတ်တိုင် ဂိတ်ကလေးလား..။
-
အခု သူ ငေးစိုက် ကြည့် နေတာကတော့.. အပူ ရောင် .. ဖုန်ထူထူ လ
မ်းမ တခု ..။ ခံစားနေရ တာ က တော့.. ပျင်းရိခြင်း နဲ့ အချည်းနှီးဖြစ်ခြင်း ရဲ့ ကြားက..ငြီးငွေ့ခြင်းတမျိုး မျိုး ဖြစ်ကောင်း ဖြစ်မည်..။
-
ငွေ သိမ်း ကောင်တာ မှာ ထိုင်ရင်း.. ဘောက်ချာ စာအုပ် အဟောင်းတခု ရဲ့နောက်ကျော ကို..ဘောပင် တချောင်း နဲ့.. အဓိပ္ပါယ်မဲ့.. လျှောက်ခြစ် နေမိတယ်။ စိတ်ထဲမှာ တော့....သီချင်း တစ…

~~မေ......
မေ လ ရဲ့ နွေ ရက်ရှည်..
ငြိုးရက်စက် ပူတဲ့ နွေ…~~
~~တရွေ့ရွေ့ နဲ့ကုန်လွန်ရင်..
မိုးဦးဆီ ရောက်လုပြီ....မေ…~~

-
...

..
...


.
.
.
.
.
.
.
.
.
.
.


Share/Bookmark

18 Comments:

Anonymous said...

အမေ၇ ကျွန်တော် အမ၇ဲ့  စိန်ပန်း စာစဉ်လေးကို ပီဒီအက်ဖ် နဲ့ ပရင့်ထုတ်ပြီး ရန်ကုန်က သူငယ်ချင်းတွေ ကိုပေးဖတ်ချင်လို့ ရမလားခင်ဗျ...ရန်ကုန်က သူငယ်ချင်းတွေ ဖတ်ပြီး ကျွန်တော်လို့တစ် ဆိုံ့ ကြီးများခံစားရမလား...ထ ပြီးတော့ငိုကြမလားမသိဘူး...အမတို့ လို အင်းလျားမင်းသမီးတွေ သူငယ်ချင်းတွေ ထဲမှာရှိတယ်ဗျ..ဒါပေမယ့်လိုင်း က သိတဲ့အတိုင်း အကုန်ပိတ်ထားတော့ဖတ်မရဘူးပြောလို့ ....

ရွှေရတုမှတ်တမ်း said...

မကေ ရေ
အဆောင်မှူးက ဒေါ်မြမြ၀င်း လက်ထက်လား
အဆောင် Dinner ပွဲတွေကို..တရေးရေး..
မြင်လာပြီ..မကေ..ရေ..

Anonymous said...
This comment has been removed by a blog administrator.
MANORHARY said...

ကေရေ.. ကျောင်းမှာလည်း မောင်နှမဆောင်တွေ ရှိတယ်နော်။ သီရိနဲ့ရွှေဘိုက မောင်နှမဆိုတော့ အင်းလျားနဲ့ ဒဂုံကမောင်နှမလား သိပ်မမှတ်မိတော့ဘူး
ဒဂုံဆောင်ပေါ်ကနေလှမ်းလှမ်းအော်တတ်တဲ့ လူတွေပဲ
တွေ့ဖူးတော့ ဒီလိုဝတ်ရွတ်တတ်သူလည်းရှိသေးသားပဲ လို့ ပြောရင် ကျော်သူဦးကတော့ မဲ့ဦးမယ်း))
ဖတ်လို့ကောင်းတယ် ဆက်ဖတ်ချင်နေပါတယ်
မြန်မြန်လို့တော့ မလောချင်ဘူး ကိုယ်ချင်းစာလို့း))

မင်းအိမ်ဖြူ said...

ကျောင်းအကြောင်းလေးမို့ စိတ်ဝင်စားစွာ ဖတ်မိတယ်
ပြီးတော့ လွမ်းမိပါရဲ့

မင်းအိမ်ဖြူ

rose of sharon said...

ကေရေ... ဖတ်လို့ကောင်းလိုက်တာ.... ကေရေးထားတာလေးက အေးအေးလေးနဲ့ လွမ်းစရာလေး

မေ့သမီး said...

အမရေ လာဖတ်သွားတယ်။ ပျော်စရာကြီးနော်။

Moe Cho Thinn said...

မောင်နှမဆောင် တဲ့လား။
အဆောင် မနေဖူးလို့ ဒီအခေါ်အဝေါ် အခုမှပဲ ကြားဖူးတယ်။ သူ့အဆောင် ကိုယ့်အဆောင် ၀တ်ရွတ်တဲ့ အလေ့အထလေးကလဲ ချစ်စရာလေးပါလား။ သဘောကျရင်း ဖတ်မိတယ်။

Nay Lin said...

မောင်နှမဆောင်တွေမို့လို့ဒဂုံဆောင်ကကျောင်းသား
တွေခမျာ..သူတို့တွေပေါ်မှာဆန်းဆန်းပြားပြား
စိတ်မထားခဲ့ဘူးပါ..:))
သူတို့ဖက်မှာအဲဒီစိတ်တွေရှိခဲ့ရင်တော့မသိ..ဟားဟား
ကိုယ်ကတော့အင်းလျားဆောင်
်အဆောင်အတွင်းရေးမှူးလောက်တော့မဆိုးဘူး
ထင်တာပဲ..
ဟုတ်တယ်မလား..စိုးစိုးရေ..:))

မနော်ပြောပြောနေတဲ့..geologyက
ကျော်သူဦး ဆိုတာမြောင်းမြကလား.ဟုတ်ရင်တော့
သူက ငယ်ငယ်လေးထဲကဘော်ဘော်ပါ..ဘူမိတက်တော့ သူကတတန်းနောက်ကျတယ်..
အဆက်အသွယ်၇ှိခဲ့ရင်..
ကျွန်တော်နှုတ်ဆက်တယ်လို့ပြောပေးပါခင်ဗျာ..

kay said...

အမည်မသိ မိတ်ဆွေရှင့်..စာကို သဘောကျ တယ်ဆိုလို့..၀မ်းသာမိပေမဲ့..တစ်ဆို့ဆို့ကြီး ခံစားရတယ် ဆိုတော့..စိတ်တချမ်း မကောင်း ဖြစ်သွားတယ်။။း) ကျမ လည်း..အဆင်ပြေရင်..ဒီ စာစုလေး ပီးသွားတဲ့ အခါ..အချောပြန်သပ်ပြီး.. စုစည်းဖြစ်မှာပါ...။ ခုလောဆယ်..အဆင်ပြေသလို ယူဖတ်ပါ။ အထဲက..ဖတ်နိုင်တဲ့.. kforkay.wordpress.com လဲ လုပ်ထားပါတယ်။

အကိုကြီးကျောက်ခဲ... မြင်လာပီလား..စိုက်ကြည့်..စိုက်ကြည့်.. :D

မနော်.. မောင်နှမ တွေက..အများသားလား.. အကုန်တော့ မသိဘူး..ပြန်တွက်ကြည့်တော့..မိန်းထဲ..မိန်းမ ဆောင်က.. အင်းလျား..ရတနာ..သီရိ..( မာလာရော်ပေါ့) ယောကျား ဆောင်က..ဒဂုန်..ရွှေဘို..အင်းဝ..ပင်းယ..စစ်ကိုင်း..ပဲခူး.. ဆိုတော့.. အတွဲ မမျှဘူးဖြစ်နေတယ်.. ဘယ် မိန်းမ ဆောင်ကများ..၂ခု တွဲပြီး..မောင်နှမ တော်ပေးထားလဲ မသိဘူးနော်..ခွိခွိ..

ကျော်သူဦး လား.. မဲ့ပြီးသားပဲလေ..း(

မင်းအိမ်ဖြူ- ကျေးဇူးပါနော်။
မနော်ဖော..း))

မချိုသင်း- ဘင်္ဂလား မောင်နှ မတွေလေ..ဟိ
ကိုနေလင်း ပြောသလို.. သူတို့ကတော့..စိတ်ထဲ ဆန်းဆန်းပြားပြား ကို မရှိတာ..( တကယ်..)
ကျောက်ခဲ ခြင်းဆို ပိုတောင် မဆန်းပြားသေး.. ( တကယ်..တကယ်..)
စိုးစိုးရေ.. ဒဂုန်ဆောင် အတွင်းရေးမှူးက.. အသံပဲ ကျယ်တာ ဆို.. ( နင်ပြောဖူးတာ..) :D

သက်ဝေ said...

သီတင်းကျွတ်လမှာ ကေတို့ အင်းလျားဆောင် တဆောင်လုံး ဓမ္မစကြာ ပဌါန်းရွတ်ပွဲ အတွက် လှုပ်ရှားနေကြတဲ့ မြင်ကွင်းကို မျက်စေ့ထဲမှာ ပုံဖေါ်ကြည့်နေမိပါတယ်...
ဒီနေ့ သီတင်းကျွတ်လပြည့်နေ့လေ ကေရဲ့...
လွမ်းစရာတွေ တသီကြီးနဲ့ ပါလား..

Nay Lin said...

စိုးစိုး..is that True?
မင်းတော့နာပြီမှတ်..:)))

ကိုလူထွေး said...

ဒဏ္ဍာရီ ရုပ်ရှင် အောင်မြင်နေတဲ့ အချိန်ဖြစ်မယ်...

းဝ)

MANORHARY said...

Maung: ကျော်သူဦးကမြောင်းမြကပါ
အဆက်အသွယ်တော့မရှိတာကြာပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ် ကတော့ ပြင်ဦးလွင်မှာပါ။
တစ်ချိန်ကတော့ပြောမနာဆိုမနာသူငယ်ချင်းတွေဖြစ်ခဲ့
ကြဖူးပါတယ်။

စူးနွယ်လေး said...

ဖတ်လို့ကောင်းလိုက်တာ...အရင်ကမေ့နေတဲ့အကြောင်းအရာတွေ ခုမှပြန်ပေါ်လာလို့ ကျေးဇူး။
ဓမ္မစင်္ကြာဝတ်ရွတ်ပွဲဆို ဘယ်တော့မှမသွားဘူး။ သူငယ်ချင်းထဲက နှစ်ယောက်ကတော့သွားတယ်။ တယောက်က အီးစီဆိုတော့ သွားမှရတယ်။ ပန်းခြံထဲမှာတခါတခါ သန့်ရှင်းရေးမြက်တွေနှုတ်ရတယ်။ ဒါဆိုလည်း မထဘူး။ တိတ်တိတ်လေး အိပ်ကျန်ခဲ့တယ်။ သူငယ်ချင်းအီးစီက ဘာမှမပြောပါဘူး။ သည်းခံရှာတယ်။ ကေနဲ့ နေခဲ့ဖူးတဲ့ အခန်းချင်းတောင် တူမယ်ထင်တယ်။ ၄၆ ကျောဖက်ကအခန်းဆိုတာ။ မိန်းပေါက်က၀င်ရင် ဘယ်ဖက်ခြမ်းမျက်နှာစာတန်းရဲ့ နောက်ကျောဟုတ်လား???

kay said...

စူးနွယ်ရေ.. အင်းလျားညီအမ ပဲ.. ဒါပေမဲ့..ညီမပြောတဲ့ အခန်းတော့ မဟုတ်ဘူးထင်တယ်.. ၄၆ က..အပေါ်ထပ်.. အလယ်လှေခါးကြီးဘေး ကပ်ရပ် နောက်တခန်းလေ..း)

စူးနွယ်လေး said...
This comment has been removed by the author.
kay said...

ကေရေ
စိန်ပန်း နီနီ တွေကို လွမ်းရ ပြော ရရင် မမော နိုင်ပါကွယ်။ တစ်ထောင့် တစ်ည မက နိုင်ပါဘူး ။ ဘယ်တော့ မှလည်း ဖတ်လို့ မညည်း ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တို့တွေရဲ့ ပထမဆုံး လူ့ဘ၀ အတွေ့ အကြုံ တွေ လေ။ ဘ၀ရဲ့ နုနယ် ပျိုမြစ်ဆုံး အတက်ကြွဆုံး မျော်လင့်ချက် အပြည့်ဆုံး အချိန်တွေ လေ။ ဘာနဲ့တူလဲ ဆိုတော့ အချစ်ဦးမို့ ဘယ်တော့မှ မမေ့နိုင်တာ လိုပဲလေ။ ဆက်ရေးပါဟယ်.. မိတ်ဆွေ အပေါင်းသင်း ဖြစ်သွားပြီး စိတ်နေ ပြောင်းရင်း ချစ်သွားတဲ့ အကြောင်းလေး။ နင့်စာတွေ ဖတ်ရင်း မမမြရဲ့ ကျေးဇူးတွေကို လွမ်းမိ ပါရဲ့။ အင်းလျားက မမမြရဲ့ ဦးဆောင်မှုနဲ့ လှုပ် ရှား တက်ကြွမှု တွေ အပြည့် ရှိနေချိန်မှာ တို့ ရတနာကြီး ကတော့ အပျိုကြီး တကိုယ်တည်း။ ရတနာ ရောက်စက နေတောင် မနေတတ်။ အင်ကြင်းတုန်းက မမမြ လက်အောက်မှာ မောင်နှမဆောင် ခပေါင်းနဲ့ တတွဲတွဲ ဒင်နာတွေ ဘုရားကိုးဆူ အပြန်အလှန် သွားကြ ကဲကြ။ ပင်းယဆောင်နဲ့ တောင် မောင်နှမ ၀မ်းကွဲဆောင် လှမ်းတော်ပြီး ကိုသက်ရှည်ကြီး တို့တွေ ညနေတိုင်း အင်ကြင်းမှာ လာပြီး ဘက်စကတ် ဘော ဆော့ကြ ကစားကြ။ မမမြရဲ့ ကွန်ထရိုး အောက်မှာ ငှက်ပျောသီး ဆနွင်းမကင်း တဗန်းနဲ့ ပွဲလယ် တင့်ခဲ့တာတွေ လွမ်းမိပါရဲ့..။ IR က မိန်းမတွေ နိုင်ငံတကာ နဲ့ မဆက်ဆံ တတ်ခင် ကျောင်းသား ရေးရာ သွားပြီး အဆောင်ဆန် ကောင်းကောင်း ပေးဖို့ နိုဆီခွဲတမ်း ပိုရအောင် ပြောတတ်ဖို့ သင်ပေးခဲ့ တာတွေ နံရံကပ် စာစောင် လုပ်ဖို့ ဆရာ ဦးခင်မောင်ညို(ဘောဂ)ကို ဘယ်လို အပူကပ်ဖို့ သင်တာတွေက ခုတော့ လူဘ၀ကြီး ထဲမှာ ပေါင်းတတ် သင်းတတ် နေတတ်အောင် ကျင့်ပေး ခဲ့တာပဲ။ မမမြကို ကျေးဇူး အပြည့်နဲ့ လွမ်းမိပါရဲ့…
(မယု)