တီဗွီ ထဲက.. အိုလံပစ်- အတွေး ထဲက..အိုလံပစ်

ကန့်ကွက်သူ တွေ..ရှုတ်ချသူတွေ... ထောက်ခံသူတွေ.. အကျိုးလိုသူ တွေ..ကြား ထဲ ကပဲ.. ပီကင်း အိုလံပစ် ကတော့.. တွန်းတွန်း တိုက် တိုက်..ထုံပေ ဒူပေ ။ ခပ်မဆိတ် - ဂရုမစိုက် ပဲ...ခုဆိုရင်.. သူ့ အစီအစဉ် ကို ကပြ အသုံး တော် ခံ ဖို့.. နာရီ တွေ ရေ တွက် ရင်း.. ဇတ်ခုံ နောက် မှာ- ပ၀ါ ၂ စ အသာ ချ ပြီး - အသင့် ရှိ နေ ပေ ပြီ။ မြို့ မေတ္တာခံယူ တဲ့.. သား ပေ မို့- တမြို့ လုံး..တတောလုံး ကလည်း..မျက်စိ ဒေါက် ထောက် ကြည့် နေ ကြ သည်။

CNN- -- BBC ဘယ်သတင်း ပဲ ကြည့် ကြည့်.. သတင်းထောက် တွေ ရဲ့..မေးခွန်း တွေ..ခြေလှမ်းတွေက... ရင်သပ် ရှု မော ဘွယ်.. အခင်းအကျင်း တွေ နဲ့..အားကစား ပွဲ တွေထ က်.. ဘယ်နေ ရာမှာ..ဘာများ ဖြစ်လာမလည်း ဆိုတဲ့.. စိတ်လှုပ်ရှားမူ တွေ အပြည့် နဲ့ မှန်း..သိသာ လှ သည်။ မနေ့က တော့.. ဗြိတိသျှ နိုင်ငံသား တယောက် နဲ့.. အမေရိကန် နိုင်ငံသား တယောက်.. အိုလံပစ် ပင်မ အဆောက်အဦ ကြီး ဘေး က..အတော်မြင့်မား တဲ့- လမ်းမီးတိုင် ကြီး တခု ပေါ် တက်ပီး.. Free Tibet စာ တမ်း ကြီး ကို ချိတ်ဆွဲ နိုင် ခဲ့သည်။



တိုင်ပေါ် က အဆင်း..အောက်မှာ အသင့် စောင့် နေတဲ့.. တရုတ် ရဲ ငယ်ငယ်လေး တွေရဲ့ လက်ထဲ ကို..အသာတကြည် လိုက်သွား တုန်း.. လက်မောင်းကို နောက်ပြစ် အကြော ဖြေ လိုက် ရင်း..တော် တော် ညောင်းသွားပုံရ သည်။ ဒီ နေ့ သတင်း မှာ လည်း..အနောက်နိုင်ငံသား ၄ -၅ ယောက်လောက်..မြို့လယ်ခေါင် မှာ.. အုပ်စု လိုက်.. လှုံ့ဆော် ကြွေးကြော် နေ ပြန်ပြီ။ လွန်ခဲ့တဲ့..၁၉ နှစ်က..တီရနန်းမင်း ရင်ပြင် မှာ..ကျောင်းသား တွေ အသက်ခံ ရ တာ..မမေ့ သင့်ဘူး - တဲ့။ ခဏ နေ တော့..ရဲမေ ငယ်ငယ် လေး တယောက် က..လာ ခေါ် သွား သည်။ ခန့်မှန်း ထားကြ တဲ့ အတိုင်း.. မစိစစ် နိုင် အောင် ၀င်ရောက်လာ နေ တဲ့.. နိုင်ငံခြားသား တွေ နဲ့.. တရုတ် အစိုးရ နဲ့ တော့..တွေ့ နေ ကြ ပြီ။

အခု ဆို ရင်.. နိုင်ငံတကာ က.. ထိပ်သီး ခေါင်း ဆောင် ကြီး တွေ လည်း..တဖွဲ ဖွဲ နဲ့ ရောက် လာနေ ကြပြီ။ ဇတ် ပြိုင် မင်းသား ကြီး Bush က လည်း..အတော် နောက် သည်။ ခပ်တည်တည် နဲ့..(တကယ်တော့..စပ်ဖြဲဖြဲ နဲ့) အိုလံပစ် အကြို မှာ.. အထဲ ၀င်ကာ နီး မှ..တရုတ် လူ့အခွင့် အရေး ကိစ္စ တွေကို..တုံးတိတိ ပြော ချ လိုက် ပြန် သည်။ နားရွက် တံတွေးစွတ် ခံ လိုက် ရတဲ့.. ဟူဂျင်တောင် တော့.. ထရ မလို..ထိုင် ရမလို..ဖြစ်နေ ပြီ လား မသိ။း) ဘာပဲ ပြော ပြော..မင်းသား ကြီး Bush ကို ..ဗမာ ပြည် အရေးကို.. တွေ့တဲ့ နေရာ တိုင်း မှာ..မမောတန်း ပြော ပေး နေ လို့..ကျေးဇူးတင် လိုက် ပါ တယ်။ သြစတြေလျ ၀န်ကြီး ချုပ် Kevin Rudd ကလည်း.. အခွင့်သင့် တုန်း..မန်ဒရင်း လို မှုတ်ရင်း..သူ့ရဲ့ ဘာသာ စကား ကျွမ်းကျင်မူ ကို..ကြွားရတာ အမော။

အခု အချိန် မှာ တော့..တရုတ်အစိုးရ မလိုလားသူ များ အားလုံး.. တခုခု ကို..မသိစိတ် နဲ့..မျှော်လင့် နေကြ သည်။ စင်ပေါ် က..မြို့မေတ္တာ မင်းသား - ခြေထိုးအက ကရင်း.. လေ၀င် အကြောညပ်များ သွား မလား။ စင်အောက်က..ကြက်ဥ ပုပ် နဲ့များ အပေါက် ခံရ မလား ။ ၀ုန်းဆို.. မိုးကြီးသဲသဲရွာ ပြီး.. ပွဲ ပျက် မလားပေါ့။ တရုတ်ပြည် ကြီး ထဲ က.. နေအိမ် ခြံမြေ အသိမ်းခံ ရ တဲ့..လူတွေ..။ အကျဉ်းထောင် ထဲက.. ဖန်လုံဂွန်း ဂိုဏ်းသား တွေ..။ခိုးကြောင်ခိုးဝှက်...ဘုရားရှိခိုး ရတဲ့.. House church တွေ.. ။တိဗက် တောင်တန်း ပေါ် က.. ဗုဒ္ဓဘာသာ ဘုန်း တော် ကြီး တွေ.. ။တရုတ်ပြည် မြောက်ပိုင်း က.. သဘာဝ ဓါတ်ငွေ့ ပေါကြွယ် ၀ တဲ့.. မူဆလင် လူမျိုး စုတွေ...။အသတ်ခံ ရဖို့ သေနတ် ကို ရေနံနဲ့ လဲလှယ်ပေး နေ ရတဲ့ .. ဆူဒန် နိုင်ငံသား တွေ...။ တရား အားထုတ် နေ ရ တဲ့..ဗမာ ပြည် ထဲက.. စားသုံးသူတွေ..။ သဘာဝ ဓါတ်ငွေ့တွင်းကြီးဘေးမှာ နေ ပြီး..ဖယောင်းတိုင် မီးရောင် နဲ့..နီမှောင်နေ တဲ့.. စစ်တွေ မြို့ကြီး ..ဗမာပြည် ကြီး.. ။ အဲဒီ ကြား ထဲက..ဘာမှန်းမသိ..ညာမှန်း မသိ..စွတ်ပြီး..တက်ကြွ ဂုဏ်ယူ နေတဲ့..တရုတ် Me generation လူငယ် လေး တွေ..။ diplomacy ပီကေ မျှင်တွေ နဲ့..အာစေး မိ နေတဲ့.. ကမ္ဘာ့ ခေါင်းဆောင် ကြီး တွေ..။ နောက်ပြီး.. နိုင်ငံခြား ဧည့်သည် တွေ ကို..အသည်းအသန် စောင့်မျှော် ကြော်ငြာ နေတဲ့..ဟိုတည် တွေ..ဈေးသည် တွေ.. ။

အား... အဲလောက် ရှုပ်ရှက်ခက် လွန်း တဲ့..ကိစ္စ မြားမြောင် တွေ ကြောင့် ထင်ပါရဲ့။ လေထု ညစ်ညမ်း မူ တွေ နဲ့.. ပီကင်းမြို့ ရဲ့ ခဲပုပ် ရောင် ကောင်းကင်းကြီး ကတောင်.. အခါ တိုင်း ထက်..စိတ်ရှုပ် မှိုင်းမှုံ နေ တယ် တဲ့။ တရုတ်လူ မျိုး တွေ လည်း.. ဗမာ လူမျိုး တွေ လိုပဲ.. အယူ သည်း ကြ မှာပဲ ဆို တော့.. တိုင်းပြည် တ၀ှမ်း ..ဒီကောင်းကင် ကြီး..ပြို့လာ တာကို..ကြိတ်ကြိတ် -- ကြိတ်ကြိတ် ပြော နေ ကြ ပုံပေါ် သည်။ အိုလံပစ် ကျင်းပရေး ကော်မီတီ ဥက္ကဌ ကြီးက.. ဒီနေ့..ကောင်းကင် ကြီး မှိုင်း နေတာ.. Haze (မြူ ) တွေ ပါ တဲ့.. လေထု ညစ်ညမ်း မူ မဟုတ်ရ ပါဘူး လို့တောင်.. သတင်း ထုတ်ပြန် ရ တဲ့ အထိ။ ပီကင်းမြို့ ထဲ ရောက်နေ တဲ့..ဘီဘီစီ သတင်း ထောက် ကို ..စတူဒီယို ထဲက..သတင်းကြေ ငြာသူ ကလည်း...ဒီကောင်းကင် ကြီး ဘာလို့ မှောင်နေ တာလည်း လို့.. ရေးကြီးခွင် ကျယ် လုပ် ပြီး..မေး ပေး နေတယ်။

တီဗီရှေ့ မှာ ထိုင် ရင်း.. စိတ် ထဲ ကတော့..တရုတ် အိုလံပစ် ကြီးကို.. အဲဒီ မြို့လယ်ခေါင်က.. သူတို့ ဆောက်ထားတဲ့..ခုံးခုံး ကွကွ..လုံးလုံး လျှောလျှော အဆောက်အဦ ကြီး နဲ့ အတူ..လုံးချေ ပစ် နေ မိတယ်။ သွားစမ်း ပါ.... တရုတ် အိုလံပစ် တင် မကဘူး..ဘာအိုလံပစ် မှ.. စိတ်မ၀င်စား ဘူး.. ။ ပိုက်ဆံ တွေ အလကား ဖြုန်း ပြီး..ဘ၀ တွေ မတရား ပြုန်း ပြီး..တခဏ တာ အတွက်.. ဟန် ဆောင် ကြီး ကျယ် ကျ။ အဲဒါတွေ ပြီး သွား တော့.. လူတွေ ရဲ့ အူဟောင်းလောင်း နဲ့ လဲလှယ်ခဲ့ ရတဲ့..အဲဒီ အဆောက်အဦ ဟောင်းလောင်း ကြီး တွေ ကို..ဘယ်သွား ထား ကြ မလည်း။ သူတို့ နှလုံးသား တွေကလည်း..ဟောင်းလောင်း။ သူတို့ ပေါ်လစီ တွေ ကလည်း..ဟောင်းလောင်း။ သူတို့ အလုပ်စားပွဲ အံဆွဲ တွေ ကလည်း..ဟောင်းလောင်း။ သူ တို့ အစည်း အဝေး အာဂျန်ဒါ တွေ ကလည်း..ဟောင်းလောင်း။ ကမ္ဘာ ကြီးကိုက..ဟောင်းလောင်း။



Share/Bookmark

9 Comments:

pandora said...

ကံကောင်းသွားတာက စီချွမ်ငလျင်ကနေ လူတွေရဲ့ ဂရုဏာကို ယူသွားပြီး အိုလံပစ် သပိတ်မှောက်သံတွေ အားပျော့သွားတာပါပဲ။ PR ဆိုတာ အရေးကြီးသကိုး။ အပျက်ကနေ အမြတ်ရယူနိုင်ပုံ အနော်ဂျူပ်ဂျုပ်ကြီးတွေနဲ့များ ကွာပါ့။

ခင်မင်းဇော် said...

လေ့ကျင့်နေတဲ့ တရုပ်ရဲတွေထဲ လက်ပစ်ဗုံးရောက်သွားတော့ မှတ်ပီလား လို့ အော်မိသေးတယ်။ ဖရီးတိဗက်စာတမ်း တက် ပြီးလွှင့်တာ ကြည့်မိတော့ ဟေးး လို့ အားပေးမိသေး။ အားကစားနဲ့ နိုင်ငံရေး မရောထွေးနဲ့ ဆိုတာတွေ နားစမ်းပါနော်... ဘုရှ်က ဒီနေ့ မိန့်ခွန်းချွေတော့လဲ အမက ရင်သပ်ရှုမော .. သူက ဖွင့်ပွဲကို သွားမယ့်လူမဟုတ်လား... တယ်ပြောရဲပါလားပေါ့...
သူဖွင့်ပွဲမှာ လဲ ဘာများပြောမလဲ ဆက်လက်မျှော် ကြည့်ရဦးမယ်။

Moe Cho Thinn said...

ကေရေ
ဒီပို့စ်လေးလဲ ကြိုက်တာပဲ။
အစွယ်ကို ဖုံးပင်ဖုံးသော်ငြားလည်း..ပေါ့လေ။ ကိုယ်စိုက်ထားသမျှ ပြန်ရိတ်သိမ်းရတာပါ။
တို့ဆီမှာလဲ ဒီလိုရက်တွေ ဆို သွေးလေခြောက်ခြားနေတဲ့သူတွေ ရှိသေးတယ်။
ချစ်သော
မချိုသင်း

ATN said...

အရေးအသားကောင်းပုံကတော့ဗျာ လက်ဖျားခါလောက်ပါတယ်။
စာဆုံးသွားတော့ ကျနော်လည်း ရင်ဘတ်ဟောင်းလောင်းနဲ့ အိမ်ပြန်ခဲ့ရတယ်။

အောင်သာငယ်

ကလိုစေးထူး said...

မကေရေးလိုက်တာ တပိုဒ်ချင်းစီမှာ ပြကွက်တခုစီလို မြင်ယောင်လာတယ်။ ကျနော်တို့ မြန်မာကတော့ အားကစားသမား ခြောက်ဦး လွှတ်မယ်တဲ့...။ အားကစားသမား ခြောက်ဦးအပြင် တရုတ်ကို လိုက်သွားကြသူတွေက နောက်ထပ် ၁၅ ဦး...တဲ့။ အားကစားဝန်ကြီးရဲ့ တရုတ်နိုင်ငံ အလည်အပတ်ခရီးစဉ်ပဲ ဖြစ်မယ် ထင်ပါရဲ့...။

Anonymous said...

ကြားဖူးတာတော့ အိုလံပစ် လုပ်တာ မြတ်တယ် ဆိုပဲ မကေ ရ။ ဒါကြောင့် လုပ်ချင်ကြလို့ လုလု နေကြတာ။

P.Ti said...

အိုလံပစ်ကျင်းပခွင့်ရတယ်ဆိုတာ နိုင်ငံတနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်နေတယ်။ တရုတ်လည်း အင်မတန်ဂုဏ်ယူနေတယ်ဆိုတာ သိသာပါတယ်၊ အဲဒီ ဂုဏ်တွေနဲ့ မကေပြောသလို အကုန်လုံးဟာ ဟောင်းလောင်းဖြစ်နေတယ်…

kay said...

ဟုတ်တယ်- စီချွမ် ငလျင် မှာ- ဟူဂျင်တောင်ရဲ့..ဟန်ဆောင်မူ မပါတဲ့.. ပြည်သူတွေအပေါ် စိုးရိမ် မူ ကို တွေ့ လိုက်ရတယ်။

ဘုရှ်က လည်း..ပြောစရာ ရှိတာ..ပြောချင်တာတွေ..ပြောမှာပဲ..သူတို့ကလည်း..လုပ်ချင်တာတွေ..လုပ်စရာ ရှိတာတွေ..လုပ်မှာပဲ- ဒါပေမဲ့ လည်း..တခုခုက..တခုမှ ထက်တော့..ကောင်းတယ်မဟုတ်လား။

ကိုယ်စိုက်ထားသမျှ- ပြန်ရိတ်သိမ်း ရမယ်- ဟုတ်တယ်..မချိုသင်းရေ-ဒါမဲ့- မအောင်တဲ့..အသီးအနှံတွေက.. ဘေးလူ တွေအတွက်ပါ..ဆိုးကျိုးဖြစ်နေပြန်ပေါ့။

ရင်ဘတ် ဟောင်းလောင်း နဲ့ တော့..မနေပါနဲ့..ကိုအောင်သာငယ်-း)

ကိုစေးထူး ရေ- ဟုတ်ပ-အားကစားသမား တယောက်- အုပ်ချုပ်သူ ၁၀ ယောက် ဖြစ်နေတာချည်းပဲ။

ဟုတ်တယ်လေ- ကိုသင်္ကြန် ရဲ့- အဲဒီလို မြတ်ချင် လို့ကို.. ဖြစ်နေတာ.. အဲတော့..ဘယ်သူတွေ ရှူံးလည်းလို့..တွေးကြည့်မိတာပါ။

ဂုဏ်ကတော့..ယူသင့်ပါတယ်။ ဒါပေမဲ့.. လိုတာထက် ပိုလွန်း..ဟန်များလွန်း တော့.. သောက်ညင်ကပ်တယ်။း)

တန်ခူး said...

မကေရေ… မျက်နှာသနပ်ခါး ပေါင်သေးကြောင်း ဆိုတာ အိုလံပစ်မလေးကို များ ရည်ညွှန်းခဲ့လေသလား….