ကားဟောင်း
ဟောဒီမှာ..အကျီ င်္နဲ့ဘောင်းဘီ ၀တ်ထားတဲ့..
မော်တော်ကားတစီး..
လောင်စာဆီအပြည့်
မောင်းလို့မကောင်းတာကသာ..ပြသာနာ။
နေ့တဓူဝကိစ္စ..ဖက်စ်ဂီယာမှာထားတော့..
စက်တော့နိုးပါရဲ့..
စက်ကင်းန် ဂီယာကိုထိုး..ဘာသာရေးနဲ့နှိုးတော့
မရွေ့တချက်ရွေ့တချက်..ဖွတ်ချက်ဖွတ်ချက်..
ကဲ..သာ့ဒ် ဂီယာပြောင်း..အတ္တနဲ့မောင်းပြန်တော့..
ပြုတ်လို့သာကျ..ပရ တွေရဲ့ရောင်ပြန်..ရှေ့မှန်မှာလာလာဟပ်နေ..
မထူးတော့တဲ့အဆုံး..ဖို့သ် ဂီယာကိုသုံး..
စိတ်ထဲရှိတာအကုန်ကျူံး..၀ုန်းကနဲဆောင့်ရုံးတော့..
နံရံကိုတိုက်မိ..တောက်..ဒီကားမိုက်ရပ်သွားပြန်ပီ..
ဂီယာကုန်..ဆီခမ်း..သွားစရာလမ်းမရှိတော့ရင်လည်း..အကောင်းသား
ရီဗါ့စ် ဂီယာမှာအသာထားပီး...နဲနဲချင်းနောက်ပြန်ဆုတ်...
ပိုအလုပ်ဖြစ်ဦးမယ်။
Used Car
Labels: poems
8 Comments:
မကေ..
“ကားစုတ်” လေး လာဖတ်သွားတယ်..
လာလည်ပြီး Comment ပေးခဲ့တာလည်း ကျေးဇူးပါ။ အမရေ.. sushi လုပ်နည်း သိသိချင်းပြောပြပေးမယ်နော်... :)
I really love this poem.
thanks
မကေရေ.. သိပ်ကြိုက်တယ် .. ။
ကေ အဲဒီကားစုတ်ကို ရောင်းသာပစ်လိုက်ပါတော့..
ဟီးးးးးးးးးးး
နံရံကို ၀င်တိုက်မိတော့ ပြင်ဆင်စရိတ်ကလည်း ကုန်သေးတယ်မဟုတ်လား...
မထူးပါဘူး လမ်းသာလျှောက်ပါတော့...
ဟားးးးးးးးးး
ဒီကဗျာကို ကြိုက်တယ် ကေရေ....
ခုတော့ နံပါတ်ဝမ်းနဲ့ပဲ
ကုန်းတက်ကို ဖြည်းဖြည်းရုန်း လို့ တက်ရဦးမယ်နော်.....
သိနေတယ်နော် ညီမလေး..ဝေဖန်ရေးကဗျာပေါ့..
မိုက်တယ်ကွာ။
လေး: ကေရယ် ဂိုဒေါင်ထဲထိုးထားပြီး ကလေးတွေ တက်ဆော့လို့ရရင်လည်းအသုံးဝင်ပါသေးတယ်။ဟွန်းသံတော့မြည်သေးတယ်မို့လား။
Manorhary: nice writing ....sometimes I feel like that too..
နှင်းမိုးဝေ: မမကေ .. ကားစုတ်လေးကို ရင်နှင့်အမျှ ခံစားသွားတယ် ..
ကျေးဇူးပါပဲ..ရန်ကုန်သူ..ဟန..ဂျစ်..မခင်မင်းဇော်..မမေငြိမ်း..အင်း..အကုန်လုံးကလဲဖောက်သည်တွေချည်းပဲ..မနော်ဟရီနဲ့အနှင်းကိုပါ..စီဘောက်က..ကော်ပီကူးပီး..ပြန်ထဲ့လိုက်ဦးမယ်..မလေးကြီးရေ..နင်ပြောတာဟုတ်တယ်.ဘာမှလုပ်လို့မရရင်တောင်..အသံထွက်အောင်တော့..ဟွန်းတီးလို့ရသေးတယ်..များများတီးရမယ်
woo!!nice poem!
Post a Comment