အခမ်းအနား ဆုံးသော သက်ရှိ ကဗျာ




ဧ ရာ ၀ တီ ကို ပြန် တောင်း ဖို့ အကြောင်း .. ထောင်း လ မောင်း ထ အောင် မ ပြောချင် တော့ ဘူး..မော တယ် ဆို ပြီး အ ချစ် တွေ သာ တ ထောင်း ထောင်း ထ နေ တော့ တဲ့..က ဗျာ တွေ က ရော.. ကောင်း မ ကောင်း .. ရွှေ ပေ လွှာ တွေ လက် ခ မောင်း ခတ် နေ တာ လည်း…မ ဖတ် ချင် တော့ ဘူး ဆို တော့.. အ သိ ညဏ် ဟောင်း လောင်း တွေ နဲ့ အ လောင်း အ စား ထပ် ထား ရ တာ ရင် နာ လှ ချည့် ဆို တဲ့ .. အ ကြောင်း အ ပေါင်း သင့် မှ.. ရှေး ဟောင်း နှောင်း ဖြစ် တွေ..ပြော ဖြစ် တာ ပါ.. ဆိုသော.. ရောင်း ရင်း တို့ ရဲ့ အ ဟောင်း အမြင်း ကဗျာ တွေ သာ ပဲ ကောင်း ပြီး ရင်း ကောင်း .. ဧ ရာ ၀ တီ ကို မ ရောင်း ရင် ပဲ တော် ပေ သေး ရဲ့ ဆို ပြီး ... သူ့ အ ခေါင်း ပေါ်မှာ .. ကမ္ပည်း တင် ထိုး ကြ တဲ့ အခါ .. အ ခမ်း အ နား ဆုံး သော သက် ရှိ ကဗျာ ဆို တဲ့.. သက် မဲ့ က ဗျာ ဆ ရာ တ ယောက် ရဲ့.. အ ခမ်း နား ဆုံး ကဗျာ တ ပုဒ် နဲ့.. ခမ်း ခမ်း နား နား ငို ကြွေး ကြ ယုံ မှ တပါး ...


ကေ
 
သြဂုတ် ၁၄ ရက် ၂၀၁၁ ...
ထူးအိမ်သင် နှစ်ပတ်လည် အမှတ်တရ


Share/Bookmark

4 Comments:

သက်ဝေ said...

ဧရာဝတီကို မရောင်းရင်ပဲ တော်ပေသေးရဲ့ဆိုပြီး...

အခမ်းနားဆုံးသော သက်ရှိကဗျာရဲ့ ပိုင်ရှင် သက်မဲ့ ကဗျာဆရာသာ ရှိနေခဲ့သေးရင် အခုအချိန်မှာ ဘယ်လိုကဗျာမျိုးဖတ်ရမယ် မသိဘူး...

မိုးယံ said...

အော်....ဧရာဝတီရယ်.. သက်ဆိုးရှည်ပါစေကွယ်။

Sonata Cantata said...

♫ ♪ တင်း တင် တိန် ♪ တင်း တင့် တင်♪ တိန် တိန့် တိန် ♫ ♪
(ရာဇ၀င်များရဲ့ သတို့သမီး intro tune)

Mi Tay 4 said...

http://4shokelay.blogspot.com/2011/08/blog-post_399.html