မဲမယုံဆီသို့..

ဘာလေးပဲ မြင်မြင်..ကာရံ ကောက် ချိတ် လေ့  ရှိပြီး.. .. ဖုန်းဆက်တိုင်း လည်း.. ကဗျာ တွေ လက်တန်း ရွတ်ရွတ် ပြ တတ် တဲ့.. မိခင် ဖြစ်သူ ဆီက.. ကဗျာလေးပါ။ ထုံးစံ အတိုင်း.. အမ တယောက် နဲ့ ဖုန်းပြောနေရင်း..လက်တန်း ရွတ် လိုက် တာ လေး ကို.. အမ လုပ်သူက.. အီးမေးလ် နဲ့ ပို့ပေးဖို့ရာ.. ကိုးနတ်ရှင် မကောင်းတာကြောင့်.. အခု မှ ရ လို့.. အမှတ်တရ..



`` မဲ မယုံ ဆီ သို့ ´´

``ဒင်း´´ အယုတ် တမာတွေ
မဟုတ်တာ ..သေ အထိ လုပ် ကြ မှာ မို့
ငါ တို့ ပြည် သူ ...`အယူ ´ မလွဲ ရအောင်
ဖော် ဆောင် ရှင်း ပြ...စည်း ရုံး ကြ ပြီး
လိမ် ပွဲ ကြီးထဲ...
လဲ မကျ ကြစေ နဲ့ နော်..
ကဲ...သ မီး ရေ
နက် ဖန် အဟုတ်
အယုတ် တမာတွေ ဆီ
အမေ ...မချီ... ဘူး ဟေ့...။ ။


မေမေ ရေ.. တမိသားစုလုံး..မဲမယုံ ဆီ ကို မသွားခဲ့လို့....ဘာပဲ ပြော ပြော.. ကျေနပ် မိ ပါတယ်။


Share/Bookmark

17 Comments:

ZT said...

မျိုးနဲ့ ရိုးနဲ့ စာပေ ဝါသနာ ပါတာပါလား။

Moe Cho Thinn said...

ကေ့ အမေပဲ၊ ဒီလောက်တော့ ရှိတာပေါ့.. :))

ဂျူနို said...

မအယ်တို့ အိမ်လည်း တအိမ်လုံး မသွားဘူးကေ။

Smart Cookie said...

Great mother
I respect her

ကိုချစ်ဖေ said...

မကေတို့ အမေမျိုး မြန်မာပြည်တွင်းမှာ များလာတဲ့နေ့ ကျနော်တို့ ပြည်သူတွေ ပိုလွတ်မြောက်လာမှာ.ဘေးကင်းရန်ကွာအဝေးကနေ ဆန့်ကျင်တာ အော်ရဲတာထက် အထဲမှာ ရေဒီယိုလေးကျယ်ကျယ်ဖွင့်ဖို့က သတ္တိရှိမှ.ကျနော်ကိုယ်တိုင်ထွက်ပြေးလာပြီးမှ အထဲက အမှန်တရားအတွက် ရဲရဲ ရင်ဆိုင်ရဲတဲ့သူတွေကို ပိုအားကြလာတယ်ဗျာ.ပိုလေးစားလာတယ်.

Shinlay said...

လေးစားပါတယ် လို့  ပြောပေးပါ။

ရွှေရတုမှတ်တမ်း said...

ကြိုတင်မဲတွေထဲမှာ..
ကိုယ့်နာမည်တောင်ပါနေသေးလားမသိဘူး..
ကြိုတင်မဲကတော့ အလိုလိုပြည့်နေသတဲ့...
မှားပါတယ်....တိန်...

ကြည်ကြည် said...

မကေ ရေ
အိမ်မှာလည်း ဖေဖေကလွဲရင် တစ်ယောက်မှ မသွားဘူးတဲ့။ မေမေ ဘာလို့ မသွားလည်းလို့ မေးလိုက်တော့ စိတ်မ၀င်စားဘူး တဲ့။

Unknown said...

မမကေ မီးကသွားပေးမို့ဟာသူတို့ကမီးတို့ကိုတိုကင်ပြားလာပေးဘူးလေဟိဟိ

Sit Naing said...

Take my hat off for what your family had done.

mirror said...

ွမနိုင်ဘူး :P

ကိုကြီးဖြိုး said...

သေပြီးသား.လူတွေတောင်.အေးအေး.မနေခိုင်းဘူးတဲ့ဗျာ..ဘယ်လိုနားလည်ရမှာလဲ သိဘူး

ahphyulay said...

အင်း..
လူတွေ မျက်စေ့  လည်နေကြပြီထင်။
အခြေခံ ဥပဒေ သူတို့  မုန်တိုင်းကြားထဲက ရအောင်
ဆွဲပြီးကတဲက သူတို နိုင် သွားပြီဆိုတာကိုလေ။
အခုဟာက ဟန်ပြ လုပ်လိုက်တာပါ။ ဘယ်လိုရလဒ်မျိုးမှ
သူတို့  ဂရုစိုက်လိနမ့် မည်မဟုတ်ပါ။ တစ်နိုင်ငံလုံးမထည့် လဲ
သူတို့  ဂရုမစိုက်ပါ။ ဟန်ဆောင်နေကြတာ။
သူတို့ မှာ PLAN (A),(B) ရှိပြီးသားပါ။
ကျွန်တော် ထင်တာလေ..။

TURN-ON-IDEAS said...

“ရဲရဲတောက် တို့မြန်မာတွေ သတ္တိခဲတွေ”
အစ်မကေတို့ မိသားစုလို မြန်မာတွေအတွက်ပါ...

Nge Naing said...

မဲလိမ်မှုတွေ ဖြစ်လာမယ်၊ သူ့လူကို မရတဲ့နည်းနဲ့ နိုင်အောင် လုပ်မယ်ဆိုတာ ရွေးကောက်ပွဲ ၀င်သူတွေနဲ့ မဲပေးတဲ့ မဲဆန္ဒရှင်တွေ ကြိုသိပြီးသား ဖြစ်သင့်ပါတယ်။ ထားပါတော့ ဒီရွေးကောက်ပွဲမှာ ၉၀ တုန်းကလို မဲမလိမ်ဘဲ အမှန်အကန် လုပ်ပေးခဲ့လို့ ကြံ့ဖွတ်က နေရာတနေရာမှ မရဘဲ ရာနှုန်းပြည့်ကို တိုင်းရင်းသားပါတီတွေနဲ့ NDF က ရသွားရင်တောင်မှ 75% ပဲ ပြည်သူ့ဆန္ဒ ရှိပါတယ်။ စစ်တပ်က 25% နဲ့ အချိန်မရွေး အာဏာသိမ်းလို့ရတဲ့ ဗွီတိုအာဏာက ဒီ 75% ထက်ပိုမြင့်နေလို့ ပြည်သူ့ဆန္ဒနဲ့ ဘာမှ ဆုံးဖြတ်ချက်ချလို့မရ၊ အပြောင်းအလဲတခု လုပ်ချင်ရင် အတည်ပြုလို့မရအောင် လှောင်ပိတ် ချည်နှောင်ထားပြီးသား ဖြစ်တယ်။ ဒီလို ဥပဒေအောက်မှာ မဲသွားမပေးကြတဲ့ မကေတို့ မိသားစုက စစ်အုပ်စုက စစ်ကျွန်စနစ်ကို ပံ့ပိုးရာမှာ မပါတဲ့သူတွေအဖြစ် အမြဲတမ်း လိပ်ပြာသန့်နေမှာပါ။ မကေတို့ မိသားစုလို ပြည်သူတွေကြောင့် NO VOTE က အတိုင်းအတာတခုထိ အောင်မြင်ပါတယ်။ မကေတို့မိသားစုကို ဂုဏ်ပြုပါတယ်။

rose of sharon said...

ကျမအိမ်ကလဲ မဲသွားမပေးကြဘူးကေ... ကျမလဲ သံရုံးကခေါ်တာ မသွားဘူး ....

ko watote said...

မကေ အမေကွ။ :D အပေါ်မှာ ပြောခဲ့ကြသလို စာပေမှာ ၀ါသနာထုံတာ မျိုးနဲ့ရိုးနဲ့ ဆိုတာကို လုံးဝထောက်ခံပါတယ်။

w..