တကယ်တော့.. ဗမာ့ သမိုင်း မှာ ခေတ်မီသူ..ပြုပြင်ပြောင်းလဲ လိုသူ လို့ လူသိများ ထင်ရှား တဲ့... ကနောင်မင်းသား ကြီး ရဲ့ မြစ်တော် တယောက် အနေ နဲ့... တင်.. သူမ ဘ၀ က..စိတ်ဝင်စားစရာ ကောင်းနေခဲ့ ပါပြီ။ အင်ဂလို ကပြား ဖြစ်တာ.. ချောတာ လှတာ..ခေတ်ဆန်တာ.. နောက်ဆုံး.. ဗမာပြည်က.. နာမယ်ကျော် အာဏာရှင် ကြီး နဲ့ လက်ထပ် လိုက်တာ ဆိုတဲ့ အချက် တွေ ကတော့.. ထပ်ဆင့် ပိုကဲ ပြီး.. ပြောမဆုံးပေါင်.. တောသုံးထောင် ဖြစ် သွား ရတော့ တာပါပဲ။ - သူတို့ မိသားစု ရဲ့.. အရွယ် အပိုင်း အခြား ပုံရိပ်တွေ ကို.. တွက်ချက် ခန့်မှန်းကြည့် တော့... သူမ ရဲ့ မိခင်.. လင်းပင် မင်းသားကြီး ရဲ့ သမီးတော်..ထိပ်တင် မလတ် က.. အသက် ၃၄ နှစ်မှာ..သူမ ထက် ၁၆ နှစ် ကြီး တဲ့.. သြစကြေလျ နိုင်ငံသား..အင်္ဂလိပ်လူမျိုး ဘွက်ကီ မြင်းပွဲဒိုင် Mr Herbert Bellamy နဲ့ လက်ထပ် တယ်။ လေးနှစ် ကြာမှ ..သူမ ကို မွေးတယ်။ သူမ ကိုယ်တိုင် ကတော့.. အသက် ၂၂ နှစ်မှာ.ပထမ အိမ်ထောင် ဖြစ်တဲ့.. အီတာလျံ လူမျိုး.. WHO က.. ဗမာပြည်မှာ တာဝန်ကျ တဲ့ ဆရာဝန် တယောက် နဲ့ လက်ထပ်တယ်။ သားလေး ၂ယောက် ရတယ်.. စသဖြင့်.. အရွယ် တွေ..အရိပ်တွေ ကို.. အရင် ပုံ ဖော် ကြည့် မိတယ်...။ ဧည့်သည် အတွက်.. ချက်ပြုတ်..စကားလက် ဆုံ ကြ ရင်း.. နံရံ မှာ ချိတ်ဆွဲ ထားတဲ့.. နန်းဆန်ဆန် ၀တ်စုံ တွေနဲ့.. အဘိုးအဘွား.. မိသားစု ပုံ တွေ က နေ.. သူမရဲ့ ..နောက်ခံ ဘ၀ တွေ.. သူမ အဖေ အကြောင်း တွေကို စိတ်ပါ လက်ပါ ပြော ပြ နေတဲ့.. ရတနာနတ်မယ် ဟာ.. သူမ အတွက်... အိမ်မက်ဆိုး..ဖြစ်ခဲ့တဲ့..ဦးနေ၀င်း နဲ့ ပတ်သတ် တဲ့ အကြောင်း တွေ ကိုတော့.. သိပ် အများကြီး ပြောချင်ပုံ မရ ဘူး လို့ ဆို ထားတယ်။ - အဲဒီ အချက် တွေ ထဲမှာ မှ..သူမ ရဲ့ အမေ..ထိပ်တင်မလတ် ဟာ.. ဖခင် ဖြစ်သူ လင်းပင် မင်းသားကြီး ပြည်ပြေး ဘ၀ နဲ့.. အိန္ဒိယ မှာ နေထိုင် ခဲ့ ကြတဲ့ အခိုက်.. အထက်တန်း လွှာ အသိုင်း အ၀ိုင်း နဲ့ ၀င်ဆံ့ ခဲ့ ပြီး.. ဖတ်နေရင်း ..မျက်လုံး ကျယ် သွား ပြန်တာက.. သူမ ရဲ့ အဖေ ငယ်စဉ် က..ကြီးပွားရာ ကြီးပွားကြောင်း.. သြစတြေလျ တိုက် တကြော.. ခြေဆန့် ရင်း.. Kalgoorlie ရွှေတော အထိ ရောက်ခဲ့..ငွေရှာ ခဲ့ တယ် ဆိုတဲ့..စာကြောင်းလေးပါ.. ။ ( စကားချပ် ---- Kalgoorlie ဆိုတာ...မြို့တော် နဲ့ အတော်လှမ်း တဲ့ ... လက်ရှိ..ကိုယ် နေထိုင် နေတဲ့.. ရွှေတွင်း မြို့ ကလေး တခု မို့ပါ..လွန်ခဲ့တဲ့..နှစ် ၁၀၀ ကျော်လောက်က.. ရွှေကျောကြီး တွေ..အကြီးအကျယ် ပေါ်လို့..တကမ္ဘာလုံးက..လူတွေ ရွှေလာရှာ ခဲ့တဲ့.. နေရာ တခု ဖြစ်ခဲ့ ဖူးတယ်။ အခု လည်း..ကမ္ဘာ့တောင်ခြမ်း မှာ အကြီးဆုံး ရွှေတွင်း ကြီး ရှိနေလေရဲ့ ) အဲဒီ မှာ.. မစ္စတာ ဘယ်လာမီ တယောက်.. အသက်ကြီး မှ ရတဲ့.. သမီးလေး ကို.. သူ ငယ်ငယ်က.. ကြီးပြင်းခဲ့တဲ့.. သြစတြေလျ တိုက်ကြီး ရဲ့ ရေမြေ သဘာဝ တွေ အကြောင်း.. ကာဂူးလီ ဆိုတဲ့.. ရွှေတွင်းမြို့ လေး က.. ထူးဆန်းလှ တဲ့...အဖြူရောင်.. ကတ္တ၀ါ ကြီး တွေ.. အကြောင်း..မြန်မာပြည်က..ကြက်တူရွှေး အစိမ်း လေး တွေ နဲ့ ယှဉ်ပြီး ပြောပြ နေတဲ့ ပုံ ကို လည်း မြင်ယောင် ကြည့်မိ တယ်။ နောက် တော့...ဒုတိယ ကမ္ဘာစစ် ဖြစ်..ဂျပန် ၀င်လာတဲ့ အခါ.. သူတို့ မိသားစု အိန္ဒိယ ကို စစ်ပြေး တဲ့.. အကြောင်း တွေ.. သာသနာ ပြု ကျောင်း.. ဆရာမ တွေ က.. သွေးနှော ကလေးမလေး ကို.. နှိမ်ပုံ.. အရှက်ခွဲ ပုံ တွေ... ပြန်ရွဲ့ လို့ .. ကျောင်းက..အထုတ်ခံ ရပုံတွေ ...။ ဂျပန် တွေ ပြန်ထွက် သွားတော့... ၁၄ နှစ် သမီး မှာ.. မိသားစု လိုက် ဗမာပြည် ပြန်လာ ကြပြီး.. မေမြို့ မှာ..အခြေချ နေထိုင် တာတွေ...စတဲ့ အကြောင်း တွေ...ကို.. တခြား စာအုပ် တွေ ထဲက.. အချက် အလက် တွေနဲ့.. .အစီစဉ် တကျ တွဲ စပ်ပြီး...တင်ပြ ထားပုံ က... စာရေးသူ ဟာ.. June Rose တည်ခင်း တဲ့.. အထူးစပါယ်ရှယ် ယုန်သဲချေ အစာသွပ်ဟင်း ထက် ... သူ မ အကြောင်းတွေ ကိုသာ စိတ်ဝင်စား နေခဲ့ လို့ သာ ပေါ့...။ သူမ ရဲ့ ယောက်ျား ဆန်ပုံ.. သွက်လက်ချက်ခြာ ပုံ အကြောင်း.. မိသားစုပိုင် ကားစုတ်ကလေး ကို ကိုယ်တိုင် အင်ဂျင် နှိုး ပုံကို မြင်ခဲ့ ရတဲ့.. မိသားစု မိတ်ဆွေ တယောက် ရဲ့ မှတ်တမ်း အပိုင်းအစ လေး ကိုလည်း ထဲ့ရေး ထား သေးတယ်။ နောက် တခါ..ဗမာပြည်မှာ.. စစ်ပြီးခေတ်က.. ဟိုးလေး တကြော်.. စိတ်ဝင် စား ခဲ့ ကြတဲ့.. Purple Plain ရုပ်ရှင် မှာ.. ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲ ဖက် သရုပ်ဆောင် ဖို့.. ဦးစွာ သဘောတူ ခဲ့ သူ ဖြစ် ကြောင်း.. လည်း သိလိုက် ရတယ်။ အဲဒီ မှာ... ဗမာ့ ယဉ်ကျေး မူ နဲ့ မလျော် တဲ့.. ထုတ်လုပ်သူ ဖက်က..တောင်းဆိုချက် တွေ ကြောင့်...သူမ ဖက်က..ဖျက်သိမ်း ခဲ့ တယ်လို့ ဆို တယ်။ အဲဒီ နောက် မှ သာ.. ၀င်းမင်းသန်း နဲ့သဘောတူ ပြီး.. ရုပ်ရှင် ကို ဆက်လက် ရိုက်ကူး ခဲ့ တာ ဖြစ်ပေ လိမ့် မည်။ ‘It was so Hollywood, it was ridiculous; it was an insult to anything that had to do with Burma,’ she said. ‘When the film did come to Burma there was a big hue and cry. Things in the pagoda, things a Buddhist would never do.’ ‘Had I been able to do anything, had it served a purpose, had something been able to be done – but I realise I saw too many things,’ ဘယ်သူ့ကို မှ တိုင်တည်ခြင်း မရှိ တဲ့ မေးခွန်း ဆန်ဆန်.. အဖြေ မပါ တဲ့.. စကားတချို့ က ...ရည်မှန်းထားတာ တွေ ကို.. ကျမ ဆောင်ရွက် နိုင် ခဲ့ သလား.. တခု ခု ပြီးမြောက် ခဲ့ သလား ... တဲ့။ အဲဒီ အကြောင်း တွေ ရောက်လာ တဲ့ အခါ မှာ တော့..စိတ်လှုပ်ရှား နေဟန် ရှိတဲ့.. June Rose ဟာ.. နေ့လည်စာ တည်ခင်း ခဲ့တဲ့ ပန်းကန် တွေကို.. ရေစင် ထဲကို အသံ မြည်အောင် ထဲ့ နေ ခဲ့တယ်။.. ၀ိုင် အစား ဘီယာ တလုံး ကို ဆွဲယူ လိုက် ရင်း.. ဗမာလူမျိုး တွေ ပါးစပ် ဖျား မှာ... ချိုချဉ် တခု လို တမြုံ့မြုံ့ နဲ့ ပြောကောင်း နေခဲ့ မဲ့.. သူ့ ဇာတ်လမ်း ကို ရယ်သွမ်း သွေး လိုက် သေး တယ်။ ‘I think – and people say it, which is why I can say it – I was a sort of lollipop for the people,’ she says. ‘Whatever average people say about me or my Anglo half, the family name is still very important in Burma, the royalty, the Limbin.’ ‘Okay, so he did fling the bloody ashtray. I can’t deny it, because there were servants and obviously it is the servants who are talking today…There was an ashtray, but it didn’t hit me between the eyes and I’m still alive. But it’s not the ashtray. It is the last drop in the glass, the last straw.’ နောက် တနေ့ ချက်ခြင်းပဲ.. သူမဟာ.. စင်းလုံးလေယဉ် တစင်း နဲ့ မြန်မာပြည်က..ထွက်ခွါ လာနိုင် ခဲ့ တယ်။ လက်ထပ် အပြီး..၅ လ ဆိုတဲ့ အချိန်တိုလေး အတွင်း မှာပဲ ..လျင်လျင် မြန်မြန် ဖြစ်ပျက် သွား ခဲ့တဲ့..အဲဒီ.. အကြောင်း တွေ ကို.. သူမက.. Sin of Pride လို့ ဆို ခဲ့ ပြီး... သူမ ကို မျှော်လင့် ခဲ့တဲ့ လူတွေ အတွက် ဘာမှ မဆောင်ရွက် နိုင်ပဲ.. အရှုံး နဲ့ သက်သက် ထွက်ခွါ ခဲ့ ရ တာ ဖြစ်တယ် လို့ ပြန်ပြောင်း ဖွင့်ဟ ခဲ့ တယ်။ ၅ လာတာ ကြုံဆုံ ခဲ့ ရ တဲ့ ဦးနေ၀င်း ကိုတော့...တကယ့် ညဏ်နီညဏ်နက် နဲ့ အရာရာ ကို ကြိုးကိုင် ခြယ်လှယ်နိုင်သူ ကြီး တယောက် လို့ သာ.. မှတ်ချက် ပြု ထားတယ်။ “ ဦးနေ၀င်း နဲ့ ရက် ၁၀၀” ဆို တဲ့.. စာအုပ် ဟာ အဲဒီခေတ် သံတမန် လောက မှာ..တီးတိုး ရေပန်း စား ခဲ့ ပေမဲ့.. အဲဒီ နေ့ လည် မှာ တော့... မိဘ ဘိုးဘွား တွေ နဲ့ ကြီးပြင်း ခဲ့ တဲ့ အကြောင်း တွေ ကလွဲရင်.. အာဏာရှင် ကြီး နဲ့ ပတ်သတ်တဲ့ အကြောင်း တွေ ကို ရေးဖို့ စိတ်ကူး မရှိ ပါဘူး လို့.. သူမ က.. ငြင်းဆို ခဲ့တယ်။ လတ်တလော မှာ.. အီတာလျံ နဲ့ အရှေ့တိုင်း အစားအစာ အချက်အပြုတ်သင်တန်း ကျောင်း ကို ဖွင့်လှစ် ထားပြီး... မကြာသေးခင် နှစ်တွေက တော့.. သူမ ရဲ့ အသက် အစိတ် ရှိပြီ ဖြစ်တဲ့ မြေးလေး နဲ့ အတူ.. မြန်မာပြည် ကို ပြန် အလည် ရောက် ခဲ့ သေးတယ် လို့ ဆိုတယ်။ ..မြန်မာပြည်တွင်းက.. ဆရာဝန် တွေ နဲ့..လူမူ ရေး လုပ်ငန်း တချို့ တွဲဖက် လုပ်ကိုင် နေ သလို... လွန်ခဲ့တဲ့ နှစ် ပိုင်းက..ဖြစ်ပွားခဲ့ တဲ့..နာဂစ် မုန်တိုင်း ဘေး ကယ်ဆယ်ရေး လုပ်ငန်း မှာ လည်း.. ပါဝင် ဆောင်ရွက် နေ တဲ့ အကြောင်း... သူမ ရဲ့ ဧည့်ခန်း မှာ ... တခန်းတနား ချိတ်ဆွဲ ထားတဲ့..အဖြူ အမဲ မိသားစု ပုံ တွေ ရဲ့ ဘေးက.. မြန်မာပြည်..ကျေးရွာ တခု က..ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တခု ရဲ့ ရောင်စုံ ဓါတ်ပုံ နဲ့ ဆက်စပ် ကြည့် ရင်း... တချိန်က..ရတနာ နတ်မယ် ဆို တဲ့.. ကနောင်မင်း ရဲ့ မြစ်တော် အသက် ၇၇ နှစ် အရွယ် အမျိုးသမီး ကြီး အကြောင်း တွေး နေ မိ ပါ တယ်။ Original article : Between Two Worlds မှတ်ချက်- ဖြည့်စွက်ချက် - * ( စာပိုဒ် ချင်း ရောထွေး ၍ နားလည်မူ အမှား ဖြစ်သွားတဲ့ အချက် ပြန် ပြင် ထားပါတယ်..။ ထောက်ပြ ဝေဖန် သူ များ.. ကျေးဇူးပါ) သူ့မ ရဲ့ ပုံတွေ အများကြီး ညီလင်းဆက် ဘလော့ မှာ လည်း ရှိပါတယ်။ အခု ၀ီကီမြန်မာက ပုံကိုတောင် ညီလင်းဆက် ဆီက..ယူထားတယ် လို့ ရေးထားပါတယ်။ နောက်တချက်က...ဒီစာကို.. မူရင်း ဆောင်းပါးပါ..စာရေးသူ ရဲ့ ပြင်ပ အမြင်.. ကာယကံ ရှင် သူမ ရဲ့ စကား လုံး များ အတိုင်းသာ ဘာသာပြန် နားလည်သလို ရေးထားတာ ဖြစ်တဲ့ အတွက်..သူမ ရဲ့ ဘက် ကသာ ခံစား ဖတ်ရှု နိုင်ပါ လိမ့်မယ်။ ပြောခဲ့သလို..ဒီစာကို.. သူမ အတွက် ကာကွယ် ရှေ့နေ လိုက်ဖို့ ရေးတာ မဟုတ်သလို.. ဘာနောက်ခံ အကြောင်းမှ မပါ.. ကြိုတင်သတ်မှတ်ချက် မပါ.. ကိုယ်ပိုင် ထင်မြင်ချက် မပါ အောင်..တတ်နိုင် သလောက် ပြန်ရေးထား တာပါ..။ 
ဂျာမဏီ က .. (အရှေ့တိုင်း တိဗက် တောင်တန်း နိုင်ငံ တခုဆီက) * အိမ်ရှေ့ မင်းသား တပါး နဲ့.. စေ့စပ် ကြောင်းလမ်း တဲ့ အထိ ဖြစ် ခဲ့ တယ်.. လို့ ဆိုတယ်။ လက်ထပ် ပွဲ မတိုင်ခင် ရက် အနည်းငယ် အလိုလေး မှာ.. မင်းသား အဆိပ်ခတ် ခံ ခဲ့ ရလို့.. လွဲ ခဲ့ရတဲ့ အကြောင်း လေး ကလည်း..လွမ်း သလိုလို..ဆန်း သလိုလို..။ I left Burma with a definite feeling of failure,’ June Rose says now. ‘Because I had failed my people. Because they did put their trust in me when I arrived. And this was one of the things that was not liked. But I would rather I left as a failurethan to be connected with the ruling people. Those who had trusted in me, those who believed in me can say she left, but she left rather than not be able to do anything. In Italian, they say un peccato di orgoglio; in English, a sin of pride. Because I thought I could do something which others had not done. And that’s a very bad sin.’
He was always the éminence gris. He wasalways the one who was manipulating everybody. It was too convenient,’ she said.

ကျေးဇူးတင်ပါတယ်.....
-
ကလေးဘဝကနေ ကြီးပြင်းအိုမင်းတဲ့ဘဝအထိ လျှောက်လှမ်းရတဲ့ ဒီမတိုမရှည်
လမ်းခရီးတလျောက်မှာ ကျွန်တော်တို့ထိတွေ့ ဆက်ဆံနေရတဲ့ လူ၊ အရာတချို့က
ကျွန်တော်တို့ရဲ့ ရိုးသား...
30 minutes ago


31 Comments:
သိပ်ကောင်းတဲ့ အကြောင်းအရာပဲ မကေ...ဒီတခါ ဖတ်ရတာ မလိုအပ်တဲ့ အမှားတွေစာ စာကောင်း တပုဒ်ကို အကျည်းတန် စေတာတော့ အမှန်ပါပဲ ( ဒါက လဲ အပြုသဘော ဆိုတာပါ ) စာကောင်းတွေ များများ ရေးနိုင်ပါစေ။
google မှာ လိုက်ရှာရင်းနဲ့ သူ့ရဲ့ website ကို ရောက်သွားခဲ့ဖူးတယ်။
အခုလို မကေ အကျယ်တဝင့်ရေးပြတော့ မှတ်ရသားရတာပေါ့...
းဝ)
ဗမာပြည်မှာတုန်းက မအယ်တို့ သိထားတဲ့ ရတနာ နတ်မယ်ဆိုတာနဲ့ တကယ့် သူ့ အကြောင်းက တခြားစီပဲ။စိတ်ဝင်စား စရာကောင်းတယ်။ တော်တော်လည်း ချောတာပဲ။
မအယ်
အမကေရေ ညီမတို့မမီ=၏လိုက်တဲ့ ရတနာနတ်မယ်ရဲ့ အကြောင်းကိုပြောပြပေးတာကျေးဇူးပါနော်။ အရမ်းတန်ဖိုးရှိပါတယ်။
သူပြောချင်တာက နေဝင်းကို သူ့ဘေးကလူတွေနဲ့မီဒီယာက အဲဒီလိုလူမျိုးဖြစ်အောင်ပုံဖော်ခဲ့တယ်တဲ့။ သူကအဲဒီလို ထင်ပုံမရဘူး။
ပြောစရာတွေ အကုန်မပြောချင်တဲ့အကြောင်းဘာလဲလို့ သိချင်တယ်။ မကေရောကြားဖူးလား။ သူဝတ်ထားတဲ့လော့ကတ်ထဲမှာ အသံဖမ်းစက်ပါတယ်လို့ တရုတ်ပြည်သွားတုန်း နေဝင်းကို တရုတ်က သတိပေးသတဲ့။ အဲဒါကလဲ ကွဲရတဲ့အကြောင်းတခုတဲ့။ ဘယ်ဟာက အချက်အလက် ဘယ်ဟာက ကောလဟာလ မသိနိုင်တာခက်တယ်။
(blogspot မှာ wordpress နဲ့ မန့်လို့မရပါ။ မနီဆီမှာရော၊ မကေဆီမှာရောပဲ)
မကေ လာဖတ်သွားပါတယ်။ ရတနာနတ်မယ်အကြောင်း စိတ်ဝင်စားပါတယ်။ ခုလို အများသိရအောင် ဘာသာပြန်ပြီး ရှယ်ပေးတာ ကျေးဇူးနော်။
မကေရေ တကယ်ကို ဗဟုသုတရပါတယ်။ ကျွန်မတို့ငယ်ငယ်က သိထားတာ ရတနာနတ်မယ်ဆိုတာ ဦးနေ၀င်းနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသူဆိုတာပဲ သိထားတယ်။ ရွာက ကာလသမီးတွေ ရတနာနတ်မယ် ၀တ်စုံတွေ ချုပ်ဝတ်နေကြတာလည်း မှတ်မိတယ်။ မြန်မာကပြားတယောက်ဆိုတာ အခုမှ သိတယ်။
ကေရေ...ရတနာနတ်မယ် အရမ်းချောလှကြောင်းသာ ကြားဖူးတာ၊ နောက် ဦးနေဝင်းနဲ့ကွဲ ပြီးပြန်သွားတယ် အဲလောက်ပဲသိတာ...။ ကျေးဇူးတင်တယ်ကေရေ...ပုံလေးပါ ကြည့်ရလို့ ချောတဲ့ အပြင် ကျက်သရေပါ ရှိတာကိုး...:)
ရတနာနတ်မယ်ရဲ့တူမ စုဖုယားနိုင်တို့ကတော့ အကိုကြီးနဲ့ သူငယ်ချင်းတွေပဲ ..ရတနာနတ်မယ်ကှိုီုးနေဝင်းယူတုန်းက ငယ်သေးတော့ ကောင်းကောင်းမမှတ်မိဘူး ..ခုပုံလေးမြင်ရတော့ စိတ်ထဲမှာတမျိုးပဲ...
ကျနော် တို့ကြားဘူးတဲ့ ရတနာနတ်မယ် ကတော့ ဦးနေဝင်း နဲ့ ကွဲသွားတော့ မြန်မာပြည် က ရတနာတွေ အများကြီး ယူသွားတယ်လို့ ကြားဘူးတယ်
မကေ ရေးပြလို့ စိတ်ကူးယဉ် ဆန်ဆန် သူ့ဘဝလေး ကို သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်ဗျာ
ခင်တဲ့
ရွှေစင်
ဇီဇ၀ါရေ... တို့ တွေ ဆီမှာ..တခါ ပြောလို့ open id ပါ လုပ်ထားတာကြောင့် word press ပါ ရ ရ လိမ့်မယ်။ ခဏတဖြုတ် စစ်စတန် ကြောင်တာများလား မသိ... ( ဟဲ..ကြုံလို့ ပြန်ပြောလိုက်အုံးမယ်..တခါတလေ လည်း..ဇီဇ၀ါ့ ဆီမှာ.. မန့် လို့ မရဘူး.. တခါတလေ ရတယ်.. )း)
ဇီဇ၀ါ ပြောတဲ့ စတိုရီ ကို လည်း ကြားဖူးတယ်။
----
နောက် အခု လာဖတ်တဲ့ ..ကွန်မန့်ပေးတဲ့ လူတွေ လည်း.. သူ့မ ရဲ့ ပုံတွေ အများကြီး ညီလင်းဆက် ဘလော့ မှာ ရှိတယ် ဆိုတာ..သတင်း ပေးပါတယ်။ နောက်တချက်က...ဒီစာကို.. မူရင်း ဆောင်းပါးပါ..စာရေးသူ ရဲ့ ပြင်ပ အမြင်..သူမ ရဲ့ လေသံ အတိုင်း လိုက်ပြီး ရေးထားတာ ဖြစ်တဲ့ အတွက်..သူမ ရဲ့ ဖက် ကသာ ခံစား ဖတ်ရှု နိုင်ပါ လိမ့်မယ်။ ပြောခဲ့သလို..ဒီစာကို.. သူမ အတွက် ကာကွယ် ရှေ့နေ လိုက်ဖို့ ရေးတာ မဟုတ်သလို.. ဘာနောက်ခံ အကြောင်းမှ မပါ.. ကြိုတင်သတ်မှတ်ချက် မပါ.. ကိုယ်ပိုင် ထင်မြင်ချက် မပါ အောင်..တတ်နိုင် သလောက် ပြန်ရေးထား တာပါ..။
စာဖတ်သူ များ..မူရင်း အတိုင်း ခံစားနိုင်ရန်သာ ရည်ရွယ်ပါတယ်။ တကယ် စိတ်ဝင်စား ရင်တော့..မူရင်းကို ဖတ်ကြည့်စေချင်တာပါပဲ။
မူရင်းလဲ ဖတ်ချင်ပါတယ် ကေ။ ကေရေးထားတဲ့ ထောင့်လေးကလဲ ရိုးရိုးလေးနဲ့ သိပ်လှတယ်။ တို့ကတော့ အာဏာရှင်ကြီးတယောက်ကို အာဏာဖီဆန်ပြီး ထားပစ်ခဲ့တဲ့ နတ်မိမယ်လေးကို သဘောကျမိတယ်။ သူ့ဇာတ်လမ်းတွေ အဖေတို့ပြောလို့ ကြားဖူးတာတွေ အများကြီး။ သေချာမသိရလေ စိတ်ဝင်စားဖို့ ကောင်းလေပဲ။
ှLas Vegas မှာ ရှိတဲ့ Mandalay Bay ဆိုတဲ့ Casino ကြီးကိုလဲ သူ က ရှယ်ယာတချို့ ပိုင်တယ် လို့ ကြားဖူးတယ်။ ဟုတ် မဟုတ် မသိ။ တို့ကတော့ အဲဒီ ဟိုတယ်ရဲ့ အောက်ထပ်မှာ ဖွင့်ထားတဲ့ Rangoon ဆိုတဲ့ ဆိုင်လေးရှေ့မှာ Las Vegas ရောက်တိုင်း ဓာတ်ပုံ သွားရိုက်လေ့ ရှိပါတယ်။
သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတခုပါ... အခုလိုဝေမျှပေးတာကျေးဇူး
သူ့ပုံကို စမြင်ကတည်းက သဘောကျတယ်
် သူ့ရုပ်ရည်က ကျက်သရေရှိတယ် (LB)
နိုင်ငံခြားရေး ၀န်ကြီး ဦးလေးမောင် အကြောင်းရော
မပြောကြတော့ဘူးနော်။
ညက ရေးပြီးပြီးချင်း..တင်ပြီးပြီးချင်..ဒူကဘာ မှတ်ချက် ၀င်လာတော့..ကျမ တော်တော် နားရှုပ်သွာသေးတယ်။ အဲဒါ နဲ့ အိပ်ချင်မူးတူး သေချာ ပြန်စစ်သေးတာပဲ။ ဒါပေမဲ့..အခု မနက် မှ..ကျမ စာမှာ ပါတဲ့ အမှားတွေ..အရှန်း တွေကို.. ၀ိုင်း ပြော ဝေဖန် ကြတာ မြင်မှပဲ.. မိုးလင်းလင်းချင်း မျက်စိ ကျယ်သွား တော့ တယ်။ ဒူကဘာ ကြီ ရေ.. ကျေးဇူးပါ..။ နောက်တခါ အမှားတွေ့ရင်..ပေါ်တင် သာ ပြောခဲ့ လိုက်ပါ.. အပြုသဘော ဆောင်တဲ့.. ဝေဖန် ထောက်ပြ ချက်တွေ အတွက်..ကျမ က..၀မ်းသာ လက်ခံမဲ့ သူပါ..။
ရုပ်မမြင်ဖူးခဲ့ဘူး...မဟာနဖူးနဲ့တော်တော်ချောတာပဲနော်
သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးပါဘဲ
ညီလင်းဆက်ဆီမှာတင်တုန်းကလဲ ဖတ်ခဲ့ဖူးတယ်
အခုပြန်ဖတ်တော့လဲ မရိုးနိုင်အောင်
စိတ်ဝင်စားဖွယ်ကောင်းနေတုန်းပါဘဲ
ဒီလောက်နံမည်ကြီးခဲ့တဲ့ အမျိုးသမီးတစ်ယောက်အကြောင်း
ဘာမှ သိပ်ပြီးသိခွင့်မရတဲ့ အနေအထားကနေ
တကူးတက တင်ပေးတဲ့သူတွေရှိလာလို့ သိခွင့်ရတာ ကျေးဇူးသိပ်တင်မိပါတယ်..
ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ရတနာနတ်မယ် ဆိုတဲ့နာမည်ကို ရင်းနှီးနေပေမယ့် သူ့ အကြောင်းကိုတော့ သိပ်မသိဘူး။ ခု သူ့ ဘ၀ အစိတ်အပိုင်း တစ်ချို့ ကို သိရလို့  ကျေးဇူးတင်ပါတယ် မကေ။
ရတနာနတ်မိမယ်အကြောင်းကို စိတ်ဝင်စားတယ် မ.. ညီလင်းဆက် ပို့စ်တင်တုန်းကလည်း ဖတ်လိုက်ရတယ်.. အခု မကေဆီမှာပါ ထပ်ဖတ်ရတာ.. အရင်တုန်းကတော့ ဦးနေ၀င်းရဲ့ ဇနီးဟောင်းတစ်ယောက်လို့ပဲ သိထားတာ… သေသွားပြီလား ရှင်သေးလားတောင် မသိဘူးရယ်… အခုလိုလေး share ပေးတာ ကျေးဇူး အမ.. :)
မကေရေ....
အရမ်းကျေးဇူးတင်ပါတယ်..
နောက်လည်းစာကောင်းလေးတွေဖတ်ရရင် မျှပေးပါဦး..
စိတ်ဝင်စားတဲ့ အမျိုးသမီးတွေထဲမှာ ရတနာနတ်မယ်လည်းပါခဲ့တာ..
လေးစားခင်မင်စွာ
အန်တီကေ..
တင်ထားတဲ့ပိုစ့်တွေကို လာဖတ်နေကြပါ။
ရတနာနတ်မယ် အကြောင်းပိုစ့်ကို ကိုညီလင်းဆက်ဆီမှာရော၊ အန်တီ့ဆီမှာပါ ဖတ်ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ မြန်မာကျူးပစ်ဖိုရမ်မှာ မန်ဘာတစ်ဦးတင်ပေးထားတဲ့ ကြေးမှုံသတင်းစာဟောင်း ပုံကိုတွေ့မိလို့ အားလုံးတွေ့ရအောင် လင့်တင်ပေးလိုက်ပါတယ်။
http://www.freeimagehosting.net/image.php?6d194e5e88.jpg
(ပိုစ့်မှာ ဒီပုံလေးဖြည့်ပေးလိုက်ရင် ပိုအဆင်ပြေသွားမလားလို့)
ခမမ
Kay !
Good Post !
thanks !
စိတ်ဝင်စားတယ။်
ဖတ်ရလို့ ကျေးဇူးတင်ပါတယ် မကေ။
Cool!
ထပ်လာဖတ်၏။
မမရေ..တော်တော်လေးစိတ်ဝင်စားစရာ
ကောင်းတယ်နော်...ဖတ်ခွင့်ရတဲ့အတွက်
ကျေးဇူးပါ....
What a greatest post you've ever produced!!! What a fantastic writing style!!.. Cheers!!..Ma Kay..
Post a Comment