စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ် (၉)

~~~
ပန်းတန်းနဲ့ ဆောင်းတန်း သွယ်ဆီ မရောက်ခင်...
ပန်းဝယ်မယ်ဆို...
ကံ့ကော်ကိုသာေ၇ွးချယ်နော်....
~~~


အဆောင်ရှေ့က..သီချင်းသံက...တကယ့် မွန်းအောင် အသံ အတိုင်း..။ အဆိုတော် မွန်းအောင် ကိုယ်တိုင် မဖြစ် နိုင် တာတော့..သေချာ လှသည်။

“ အသံကောင်းလိုက်တာ ဟယ်.. ”
သူ့အသံက..၀မ်းသာအားရ ဘယ်လောက် ကျယ်သွားတယ် မသိ..။ နံရံ ခြားနေတဲ့.. ရှေ့ခန်းက.. မနန္ဒာ တို့ က တောင်..

အေး.. တကယ့် အဆိုတော် တွေ လား မသိဘူး.. တခါတလေ..တူတူး တို့ အဆိုတော် အုပ်စု လာတတ်တယ်.. တနေ့ညက..ခိုင်ထူးတို့ လာတာလေ.. ပျော်စရာကြီးဟာ.. ကားမီး ထိုးပြီး..ဆိုကြတာ.. အပေါ်က..အကုန် မြင်နေရတယ်..”
“..ဟယ်.. မ တို့ကလဲ..မဖြူတို့တော့ လှမ်းမခေါ်ဘူး..” မဖြူက.. ကုတင်ပေါ် ထိုင်ပြီး..သူ့ခေါင်းက..ဆံပင်ရှည် တွေကို.. သေးသေးလေး တွေ ကျစ် ပေး နေရင်း.. ခိုင်ထူး မကြည့် လိုက်ရလို့..၀မ်းနည်း ပန်းနဲ ဖြစ် သွားသည်။

“ အမလေး..ညည်း တို့ ကြုံအုံးမှာ ပါအေ…တော်တော် ညည့်နက် တယ် ဟဲ့.. ”

သြော်..အဲဒါ ခိုင်ထူးတို့ ကိုယ်တိုင် ပဲ ကိုး..။

....
..
..
..


.
.
..
..





 


Share/Bookmark

27 Comments:

Anonymous said...

ပုံထဲမှာ ကုလားလေး က ပေါ်သားဘဲ။ ဟား ဟား

Anonymous said...

ပုံထဲမှာ ကုလားလေး က ပေါ်သားဘဲ။ ဟား ဟား
Jeff

MANORHARY said...

ရိုက်ခဲ့တဲ့ပုံတွေကိုသတိရနေမိတယ်။ အထူးသဖြင့် အာရ်စီရှေ့က သစ်ပင်ကြီး .. နောက် ဘွဲ့နှင်းသဘင် နားက တရုတ်စကားပင် .. လူစုံတက်လို့ရတဲ့အပင်တွေ ပေါ့ ...း)
နောက် ဓားပြတိုက်အမွေတောင်းခဲ့တဲ့ ကြယ်သီးလေးတွေကိုလည်းသတိရတယ် ကိုယ်လည်းး အဲလိုပုံနေခဲ့တာကိုး .. ယူအက်ဖ်အယ်လ်မှအတူတက်တဲ့ထိ အဲဒီမှာတော့
ကေ့ကို အဲလိုပုံနဲ့ မတွေ့ခဲ့ရတနာတာပဲ...

မမသီရိ said...

ဓါတ်ပုံတွေ အကောင်းကြီး ရှိသေးတယ်
ကေ က အသိမ်းကောင်း ပဲ

rose of sharon said...

ဟုတ်ပနော်.... ချစ်သူကို ပုံစံခွက်လေးနဲ့ လိုက်တိုင်းပြီး ရှာစရာလား.... ကျောင်းသူအရွယ်ထဲက ကေ့အတွေးတွေ က လေးနက်နေခဲ့တာနော်.... လေးစားမိပါတယ်...

Rita said...

တကယ်ကို စိတ်ပါလက်ပါ စိတ်ဝင်တစား ဖတ်သွားပါတယ်။

နေချင်ခဲ့တဲ့ ကျင်လည်ချင်ခဲ့တဲ့ နေရာတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဓါတ်ပုံတွေ ကြည့်ရတာ စိတ်ထဲ တမျိုးပဲ။

ရွှေရတုမှတ်တမ်း said...

ဇတ်ရှိန်ကတော့..တဖြေးဖြေး တက်လာပြီဟေ့....
ငယ်ငယ်က သတင်းစာက အခန်းဆက် ၀တ္တုတွေလို..
နေ့တိုင်း စောင့်ဖတ် ရရင် ကောင်းမှာပဲ.....းD

:P said...

ဒီအပိုင်းကတော့ ၉၄ ဝန်းကျင်ပဲ..ဗဒင် စတဲ့အချိန်ဆိုလို့ .. :P

:P said...
This comment has been removed by the author.
:P said...

ပန်းတန်းနဲ့ စောင်းတန်းသွယ်ဆီ မရောက်ခင် ..
ပန်းဝယ်မယ်ဆို..ကံ့ကော်ကိုသာ..
ရွေးချယ်နော်
ကံ့ကော်လို့ပဲ ဆိုချင်မိတယ်.. မွန်းအောင်လို..:P

Moe Cho Thinn said...

တို့လဲ ဆင်ဆင့်လိုပဲ၊ ကံ့ကော်ကိုသာ ရွေးချယ်နော် လို့ပဲ အမြဲ ဆိုခဲ့တယ်။
ကေ ရေ.. ဒီခေတ်ကြီးမှာ အတူဖြတ်သန်းခဲ့ရတာမို့ ဘာပဲတွေးတွေး ဒီအဖြစ်အပျက်တွေက အမြဲပဲ အရိပ်လို ဖြစ်နေခဲ့တာနော်။ ငယ်တုန်းတော့ ငယ်သူမို့ ဆိုပေမဲ့ အရွယ်ရလာလေ တန်ဖိုးဆိုတာကို ပိုနားလည်လာလေပဲ။ တန်ဖိုးထားရမဲ့ အရာတွေကို မမေ့နိုင်ပါဘူး ကေရယ်..

Nay Lin said...

တညလုံးအဆောင်ရှေ့ဂီတာတီး.. အပြန်မနက်စောစော
အင်းယားနောက်က ကျောင်းလမ်းမပေါ်
ကြွေကျနေတဲ့ ကံ့ကော် တွေရယ်.

ရောင်းဖို့ခူးနေကြတဲ့ကလေးတွေ ကို ကူခူးပေးရင်း..
ကံ့ကော်ပွင့်တွေကို ထမ်းလာတဲ့ဂီတာပေါ်ချိတ်ပြီး..
အဆောင်ပြန်တဲ့နေ့တွေကို..သတိတရရှိသွားတယ်..
:-)

ဂျူနို said...

မကေက စာရေးကောင်းလိုက်တာ။ စာဖတ်နေရင်း တကယ်ကျနေတာပဲ။ အဆောင်သူ ပုံကိုပေါ်နေတာပဲ။
ခေါက်ဆွဲတောင် ထပြုတ်ချင်လာတယ်။ အဆောင်သူနဲ့ တူအောင် ထမင်းအိုးလေးနဲ့ ပဲ ပြုတ်မှ ထင်တယ်။
လွမ်းစရာတွေမို့ လွမ်းသွားတယ်။

မအယ်

မေဓာဝီ said...

ကျမလဲ ကံ့ကော် လို့ဆိုရတာပဲ ပိုကြိုက်တယ်။
ခင်မောင်တိုးကို ကြိုက်ပေမဲ့လို့ မွန်းအောင်သီချင်းတွေ ပြန်ဆိုတာကျ မကြိုက်ချင်ဘူး။ နှင်းဆီ လို့ ပြောင်းဆိုတဲ့ သီချင်းက မမစိမ်း ဇာတ်ကားထဲမှာ ထင်တယ်။

မကေက လူထုဦးလှနဲ့ လူထုဒေါ်အမာ ... လား။ ကျမကတော့ ဂျာနယ်ကျော်မောင်နှံကို နှစ်သက်အားကျခဲ့တာပါ။

ဓာတ်ပုံတွေ၊ သီချင်းတွေနဲ့ ရေးထားတဲ့ မကေပို့စ်လေးက အတိတ်ကို လွမ်းမောချင်စရာပါပဲ။ လွမ်းလည်း လွမ်းတယ်။ မောလည်း မောနေတာ။
မောတာက ... ဆက်ရန်မျှော်နေရလို့။ :)

ATN said...

ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကို မကြာမီ ရောက်တော့မည်...း)

Anonymous said...

ဖတ်ရတာ လွမ်းစရာ ။ အစ်မစာရေးသိပ်ကောင်းတာပဲ။ ကျွန်မတို့တုန်းက မိန်းထဲမှာ တက်ခွင့်မရတော့လို့ မိန်းထဲမှာကျောင်းတက်ချင်လွန်းလို့ စာကြည့်တိုက်ဒီပလိုမာ သွားတက်ပစ်လိုက်တယ်။
mm

Anonymous said...

ဖတ်ရတာ လွမ်းစရာ ။ အစ်မစာရေးသိပ်ကောင်းတာပဲ။ ကျွန်မတို့တုန်းက မိန်းထဲမှာ တက်ခွင့်မရတော့လို့ မိန်းထဲမှာကျောင်းတက်ချင်လွန်းလို့ စာကြည့်တိုက်ဒီပလိုမာ သွားတက်ပစ်လိုက်တယ်။
mm

တန်ခူး said...

ကေရေ… ခေတ်ချင်းသိပ်မကွာခဲ့လို့ ထင်တယ်… ဖတ်ရတာ အရသာပိုရှိသလိုပဲ… ဖက်ရှင်က အစပေါ့… အမလဲ ကြယ်သီးတပ်အကျီင်္လေးတွေ ကျောင်းတုန်းက ၀တ်ခဲ့တယ်… ဟိုတခေါက်ရန်ကုန်ပြန်တုန်းကတောင် ကြယ်သီးလုံးလုံးလေးတွေ နှစ်စုံဝယ်ခဲ့သေးတယ်… ကေက ဖက်ရှင်ထွင်ရုံတင်မက ချုပ်တောင်ချူပ်တတ်တယ်ဆိုတော့ တော်လိုက်တာ… အမကို ချူပ်ပေးပါလား… အမကတော့ ပါတိတ်သိပ်မ၀တ်ဖြစ်ဘူး… ကျောဆက် မြန်မာအကျီင်္ပွပွတွေလဲ ၀တ်တတ်သေးလို့  အဖွားကြီးပုံလို့  သူငယ်ချင်းတွေ နောက်ကျတယ်… မွှေးပွလွယ်အိတ်… ဆံပင်လေးတွေကို ကျစ်ဆံမြီးသေးသေးလေးတွေကျစ် ဖွ… လွမ်းတယ်ကေရေ… အမက မြစ်တို့ ၏မာယာထဲက ကေသီ့ဖက်ရှင်ကို မရှိမဖြစ်မိုးထက် ပိုနှစ်သက်တယ်… မွန်းအောင်သီချင်းတွေ ခုထိနားထောင်ဖြစ်တုန်းပဲ… ကံ့ကော်လို့ တို့ လဲ အမြဲဆိုဖြစ်တယ်… မနေ့ ကတောင် ရုံးမှာ ခိုင်ထူးသီချင်းနားထောင်ရင်း ကျောင်းကိုလွမ်းနေတာ… ဒီနေ့ ကေ့ပို့ စ်လေးတွေ ဖတ်လိုက်ရတော့ အလွမ်းတွေက မဆုံး… နွေကျောင်းပိတ်ရက်တွေလဲ အဲဒီအတိုင်း ငေါင်တောင်တောင်ကြီး… အမေစုကို အားကျပြီး မြန်မာထမီလေးတွေ အများကြီးစုတာ… ခုတော့ လူက၀နေတော့ သုံးထောင့်ထွာကွင်းတွေ မရတော့ဘူး… ခေါက်သိမ်းထားရတယ်လေ… ဒီတခေါက်ပြန်ရင် ၀ယ်ခဲ့ဦးမယ်… ဆက်ရေးပါကေ… ကျောင်းပြန်တက်နေရသလို ခံစားရတယ်… လွမ်းရတာ နင့်နေတာပဲ….

kay said...

Jeff.. :D
မနော် နဲ့ မတန်ခူး .. ကျောက်ကြယ်သီးတွေ ရူးခဲ့ ကြဘူးသူများပေါ့.. မတန်ခူး..သုံးထောင့်ထွာ ၀တ်မရရင်..စကပ်ပဲ ပတ်ချုပ်ပေးမယ်လေ..လာခဲ့..။း)မနော်ရဲ့..UFL ရောက်တော့.. ဘ၀က..အင်းလျားမှာတုန်းကလို..မဟုတ်တော့ဘူးလေ..ပြေးရလွှားရ..း((

မမသီရိ..ရို့စ်..ရီတာ..ဦးနိုင်.. mm... အားပေးလို့..ကျေးဇူးး)

ဆင်ဆင် နဲ့ မချိုသင်း ပြောမှ.. တကယ့်အချက်ကို ကျန်ခဲ့တာ..ပြန်ပြင်ရတော့တယ်..ကျေးဇူးတင်လိုက်တာ.. ယူကျုက..ဟာကြီးတွေ ကြည့်ပြီး ပြန်ကူးတော့..နှင်းဆီ ကြီး ပြန်ဖြစ်သွားတာ..း((

ကိုနေလင်းကတော့.. လာယူ ပြန်ပါပြီ...း))
မအယ်နဲ့ မမေ လည်း.. ဆက်ဖက်ပေးအုံးနော်..မမေက..ဂျာနယ်ကျော် ဆိုတော့..ပြုံးရသေးတယ်.. ကလေးတွေ စိတ်ကူးယဉ်တာလေ..း)

အင်း..ကျမ ၀တ္တုက..ဇတ်ရှိန် ထဲ့မထားမိဘူး.. မမျှော်နဲ့..အကိုကြီး အောင်သာငယ်း)

kay said...

မမေ ပြောတာ..မေ့ကျန်ခဲ့လို့..ဟုတ်တယ်..ရုပ်ရှင်က.. မမစိမ်း လို့ပဲ..ကျမလည်း ထင်တာ.. ကိုလူထွေးက..ဒဏ္ဍာ၇ီ ဆိုလို့..ရီလိုက်တာ.. အဲဒါ..ကိုလူထွေးပေါ့..း)

Nay Lin said...

ဟား..ဟား...:)) အရိုးလေးတစ်ချောင်းထဲပါ..

ခင်မင်းဇော် said...

ဘာရယ်တော့ မဟုတ်ဘူး ဒါမယ့် မျက်ရည်ကျမိတယ် ကေ

Anonymous said...

အခု ဘာစိတ်ကူးပေါက်တယ်မသိပါဘူးဗျာ.....စာကြည့်တိုက် ကို ဓါတ် ပုံ ပေးမရိုက်တော့ဘူးဗျ...ကျောင်း ကြီးထဲကိုလဲ အငှားကားပေးမ၀င်ပြန်ဘူး လမ်းထိပ်ကနေ လမ်းလျောက်ဝင်ခဲ့၇တယ် ၀န်ထမ်းတွေ ကတော့ တာဝန် ကို ပြောတဲ့အတိုင်းလုပ်ရတာ နားလည်ပါတယ် ဒါ ပေမယ့် ဒီတာဝန်ကိုပေးတဲ့ လူကြီးဆိုသူတွေ က ဘယ်လို အကြောင်းပြချက်နဲံ့  ဒိလို လုပ်ရတယ် ဆိုတာကို မေးလို့ကို မရ ခဲ့ ပါဘူးဗျာ...အော် ပညာတတ်တွေ မို့ဘဲ တော် တော့တယ် ....

အိန္ဒြာ said...

မကေရေ..

အသေးစိတ် မှတ်မိနေတာလေးကို အရမ်းချီးကျူးမိပါတယ်...။

အံမယ်..ကိုယ်တွေလဲ ခါးတိုပွပွ ပန်းထိုးအင်္ကျီကို
ထမီ တိုတိုတွေနဲ့တွဲဝတ်..
ဆံပင်..က ဘော်လုံးကေတွေလေ...ဟေမာကေပေါ့..
အဲ..အရှည်တွေလဲထားနေကြပြီနော်..

လှနေတာပဲ ကိုယ့်ဟာကိုယ်တွေတော့....းP

Anonymous said...

နံပတ် ၉ ရောက်တော့မှဘဲ လာဖတ်ဖြစ်တော့တယ် မကေရေ...။ အရင်ရက်တွေက မအားနိုင်လို့ပါရှင်။
ဖတ်လို့တော့ကောင်းမှကောင်းပဲ။ နည်းနည်းလေးလည်ဖြစ်တဲ့ နေရာတွေထဲကမှ ခံစားချက်လေးတွေပေးတဲ့ မကေကို ကျေးဇူး
လေးစားလျှက်
မွန်းသက်ပန်

kay said...

ကိုနေလင်း..အရိုးလေး ကိုက်နေပြီ ထင်တယ်း)
မခင်မင်းဇော် နဲ့ အိန္ဒြာ ကျေးဇူးပဲ.. အိန္ဒြာပြောတဲ့ ဘောလုံး ကေ..( ဟေမာ ကေ ) က.. နဲနဲ စောမယ် ထင်တယ်.. ဒီစာထဲက..အချိန် ကာလ ကတော့..ရှည်ရှည် ဖားလျား.. သရဲမ ကေ များ ခေတ်စားနေစဉ်း)

ညီမ မွန်းသက်ပန်.. စာတွေ လာဖတ်တယ် ဆိုလို့..၀မ်းမြောက် မိပါတယ်။

အဲ.. အမည်မသိ ပြောလို့.. ကျောင်းထဲ ပေးမ၀င်ပြန်ဘူးလား.. အနဲဆုံး ပြတိုက် ကြီး လုပ်ရင်တောင်.. ရုပ်ရှင်တွေ ပေးရိုက်ရင်တောင်..တော်တော် အသုံးဝင်မှာ.. သမြောစရာ သိပ်ကောင်းတာပဲ..

Unknown said...

ကေရေ....အရမ်းကို..လွမ်းဆွေးစွာနဲ့..ရင်ကိုထိပြီး..ညှိသွားတာဟာ..တစ်ညထဲနဲ့..အပိုင်းလိုက်ရော..E-book ပါပြန်ဖတ်လိုက်တဲ့ထိပါဘဲ....
မျက်စိထဲ..တရေးရေးပြန်မြင်လာပြီး..ရင်ခုန်သံတွေမြန်နေ..စိတ်တွေ..မျောပါသွား...ပြီး.....နောက်ဆုံးနှစ်ရဲ့..ဒင်နာအပြီး..နောက်တနေ့..မနက်ဟာ..ကေ..အတိုင်းခံစားခဲ့ရတယ်....အင်းလျုားသူတိုင်း၇ဲ့ရင်ထဲမှာ..အင်လျားဟာ..ထာဝရရှိနေ ကြမှာ..နော်