အရက်စက် ဆုံး ပြန်ပေး မူ ကြီး

အားလုံး..ရင်တွေ ကျိုး နေ ကြ ရ ပါ ပြီ...
ပြည်သူ တွေ မှာ.. ပေးစရာ..လာဘ် ထိုး စရာ..ငွေကြေး ပိုင်ဆိုင် မူ တွေ လည်း..မရှိတော့ပါဘူး..
စွန့်လွှတ်စရာ.. ဘ၀ တွေ ကလည်း..ဒီထက် ပို ပြီး.. မစုတ် ပြတ် နိုင် တော့ ပါ ဘူး..
ရှင် သန် ဖို့..အစား အစာ တွေ လည်း.. ဒီ ထက် ပို ပြီး..မရှား ပါး ဈေး မကြီး နိုင် တော့ပါဘူး..

ဘယ်လို နှလုံး သား တွေ က များ..ဒါ တွေ ကို..ပြုံး ပြီး ကြည့် နိုင် သေး တာလည်း..
ဘယ်လို အတွေး အခေါ် တွေက များ.. ဒါ တွေကို.. အရေး မကြီး လောက် ဘူး လို့..ထင်မြင် နေ သေး တာ လည်း..
ဘယ်လို..သင်ထား တတ် ထား တဲ့ ပညာ ဆို တာ တွေ ကများ.. ဒါ တွေဟာ.. တိုင်း ပြည် တခု.. ချွတ် ခြုံ ကျ နေ တယ် ဆို တာ ကို..လက် မခံ နိုင် တာ လည်း...

အခု အခြေ အနေ က... အလုံ ပိတ် ထား တဲ့..အဆောက် အဦ ပျက် ကြီး တခု ထဲ မှာ.. လူ တွေ ကို..အလုံ ပိတ် ပြီး.. ပြန် ပေး ဆွဲ ထား တဲ့.. လူ ဆိုး ကြီး တွေ ကို.. အပြင် ဖက် ကနေ ပြီး.. ချော့ လိုက်.. ခြောက် လိုက်.. အော်လံ နဲ့..အော် နေ ကြ ရ ပါတယ်။ အထဲ ကတော့.. လူ တယောက် ကို ထုတ် ပြ လိုက်.. ပိုက်ဆံ ဘယ်လောက် ပေး ပါ လို့ တောင်း လိုက်.. အနားကပ် သွား ရင်.. အထဲ ပြန် ၀င် လိုက်..။ ပိုက် ဆံ ပေး မယ် လို့ ချော့လိုက် ရင် လည်း.. တကယ် ထွက် မယူ ရဲ ... သေချာ ထွက် မလာ..ပေး လည်း ပေး မ၀င်။

squad တွေ ရော.. ဆေး မှူး တွေ ရော..အဆောက်အဦး ကြီး ကို..၀ိုင်း ပြီး..စောင့် ကြည့် နေ ကြ ပါတယ်။ အဆင်သင့် စောင့် နေ ကြပါ တယ်.. ညှိနှိုင်း စကား ပြောမဲ့ လူ တွေ ကလည်း..ကိုယ့် နည်း ကိုယ့် ဟန် နဲ့..ကြိုးစား ကြည့်နေ တယ်... ပြန်ပေး သမား တွေကို ဘယ်လို ညှိ ရ မလဲ..

အထဲက..လူ ဆိုး ကြီး တွေ ကတော့..ခုထက် ထိ..ပိုက်ဆံ ယူ ပြီး လူ တွေနဲ့လဲမယ် လို့ လည်း အရိပ် အယောင် မပြ.. သူတို့ဘာလုပ် ချင် မှန်း မသိ.. ခန့်မှန်း လို့ မရ..။ သာ မန် ပြန် ပေး မူ လို.. လည်း မဟုတ် ပဲ.. လူဆိုး တယောက် ပုံ မှန် လုပ် တတ် တာ မျိုး လည်း.. မတွေ့ ရ။ ရိုးရိုး လူ ဆိုး တောင် မှ..ဟုတ် ရဲ့လား..။

အပြင် ကလူ တွေ အတွက် က.. အဆောက် အဦ ထဲက..ဘာ မှ..မတုံ့ပြန် ရင် တော့.. တတ် နိုင် ဘူး ကွာ လို့..လက် လျှော့ ပြန် မဲ့ အနေ အထား မျိုး လား..။ မဟုတ် ပါ..... မဖြစ် နိင် ပါ။
ဒီ အဆောက် အဦ ပျက် ထဲ မှာ..လူ သန်း ၅၀ တောင် ရှိ နေ ပါတယ်။ တော် တော် များ များ က.. စိုးရိမ် ရ တဲ့ အခြေ အနေ ပါ။

ဒီ ကမ္ဘာ့အရက် စက် ဆုံး ပြန်ပေး မူ ကြီးကို..ဘယ်လို အဆုံး သတ် နိုင် မလဲ။


Share/Bookmark

6 Comments:

Anonymous said...

aMa K... really good descriptive writing and creative thinking. can i use part of your .. this article idea when i m to do some Blog or discussion forum ... addressing refer to this as the original writing.

so bad those stupid shithead who love power and busy of holding power and only working for their stability of power and who cares or work nothing than that... ignoring benefit and relieving, resettlement of its public:( juz sad, as i m quite close with some of them who think it is small issue for them and not thoughtful any long chains aftermath of the disaster :(
may add me in gtalk mgBaMa@...

Somebody of mm

Anonymous said...

I really like your article and it is very clear to reach what we are facing now in our belove country.

သုသျှင် (ဟံသာဝတီ) said...

မကေရေ ဓါးပြကတော့ ဓါးပြ အလုပ်ပဲ လုပ်မှာပါဗျာ။ ကျနော်တို့ အားလုံးက တစာစာ အသနားခံ၊ တောင်းဆိုကြလည်း ဒီကောင်တွေက လူစိတ်မှ မရှိကြတာ။ အရှက်ဆိုတာကတော့ သူတို့အဘိဓါန်မှာ ဖယ်ထုတ်ထားခဲ့တာ ကြာလှပြီကောဗျာ။ ဒီလိုနဲ့ ပြီးသွားဦးမှာပါပဲဆိုတာ သေချာနေပေမယ့် ကျနော်တို့ ကြိုးစားတာတော့ မလျော့သင့်သေးဘူးပေါ့။ ဟိုမှာက အကူအညီမဲ့ တဲ့ အပြစ်မြဲ့ပည်သူ တွေ။ ဘာအဆက်အသွယ်မှ မရတဲ့ ၊ ခံစားချက်ဆိုတာကို သေနတ်တို့၊ ထောင်ဆိုတာတို့နဲ့ချေဖျက်ပြီး မချိသွားဖြဲ လုပ်နေရသူတွေလေ။ ဟို တရုပ်ဆိုတဲ့ မိမဆုံးမ၊ ဖမဆုံးမသားက တမှောင့်၊ ယောင်တောင်တောင် ရုရှနဲ့ အိန္ဒိယ တစ်မှောင့်။ ဆေးခါးကြီးကပဲ ကျနော်တို့ မြန်မာပြည်အတွက် သင့်တော်မယ်ထင်တာပါပဲ။ လူစိတ်မရှိတဲ့ကောင်တွေကို အတွက် လူလိုပြောလို့မှ မရတာ။ တိရိစ္ဆာန် ကို နားလည်အောင် တုတ်နဲ့ပဲပြောလို့ရတာပါ။ အားလုံးပဲ တုတ်သုံးဖို့ မတွေဝေကြပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်ဗျာ။

Anonymous said...

I wished their children will be washed away by the flood, rotten bodies float in the river eaten by the fishes, and they will have empalthy for the crying mothers and grand mothers who lost their children in the Cyclone. That selfish, power greedy generals who are shamelessly seizing the power of the country, making their families rich with ill gotten wealth who do not care for their own people, it is beyound imaginable. I hate them with all my heart. They are animals.

Anonymous said...

တင်စားချက်က လွန်လွန်းတယ် လို့ထင်ပါတယ်။
အုပ်ချုပ်မှုပိုင်းက မကောင်းတာ မှန်ပေမယ့်...
မြန်မာနိုင်ငံဟာ ဒီလောက်ကြီး အခြေအနေ ဆိုးနေတဲ့ နိုင်ငံ မဟုတ်ပါဘူး။

Anonymous said...

ကောင်း-
ပွင့်လင်းစွာ ဝေဖန် ပေးတာ ကျေးဇူးပါ။ တင်စားချက်တွေ လွန်သွားလားတော့မသိပါ။ မိသားစု တခုကို..အဝေးကနေ တွေးပူ တာ..အတူနေရင်းပူရတာထက်..ပိုဆိုးသလိုဖြစ်နေမယ် ထင်ပါတယ်။ သေချာတာတော့..တကယ့်ကို ဆိုးဝါးခဲ့ပါတယ်။ တကယ့်ကို လူတွေ ဒုက္ခရောက်ခဲ့ ရောက်နေပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့လေ။

ခင်မင်လျက်-