Merry Christmas is Merry Christmas

ခရစ်စမတ် .. အခါသမယ ကို ရောက် လာ ပြန်ပြီ။ 

ပတ်ဝန်းကျင်မှာ.. အနီရောင်.. အစိမ်းရောင်.. ရွှေရောင်..ငွေရောင်တွေ.. တလွင်လွင် လွင့် နေ ပြန်သည်။
ရပ်ဝေး ..ရပ်နီး.. ခရီး စဉ် များက.. မရောက်ဖြစ်တာ ကြာပြီ ဖြစ်သော.. အိမ် များ ဆီ သို့...။


ဈေးကြီး တွေ တိုင်း မှာ..လူတွေ ကြိတ်ကြိတ် တိုး နေ သည်။
ဆိုင်တိုင်း ရဲ့ ရှေ့ မှာ ..စန်တာကလော့ ဦးထုပ် ဆောင်းထားတဲ့.. ဈေးကြိုတွေ နဲ့.. အရောင်း မြှင့်တင် နေ ကြ သည်။
စန်တာကလော့ ၀တ်စုံ လို့.. ပြဌါန်းခံ လိုက်ရတဲ့..အဖြူရောင် အနားကွပ် နဲ့..အနီရောင်..အနွေးထည် ထူထူကြီး ကို ၀တ်ဆင် ထား ရ တဲ့.. လူကြီး ခမျာ.တော့... ဒီဇင်ဘာ နွေပူပူ မှာ..ချွေးတွေ တပြိုက်ပြိုက် ကျ နေရှာ ရော့ မည်။  ဒါပေမဲ့..သူ့မှာ.. မနားနိုင်ရှာ..။  တခါရိုက်.. တဆယ် နဲ့.. ဓါတ်ပုံ ရိုက်မည့်..ကလေး တွေ.. အတန်းလိုက် ကြီး..သူတို့ အမေ တွေ ရဲ့ လက်ကို ဆွဲရင်း..စိတ်လှုပ်ရှား စွာ..တန်းစီ စောင့်ဆိုင်း နေ ကြ သည်။


လက်ဆောင်  တွေ.. ဘယ်သူ့ ကို ပေးရ မလည်း လို့.. ဖိနပ် ဦးတည်ရာ.. ဈေး လျှောက် ပတ် နေရင်း.. အဆမတန် ညီးငွေ့ လာသလို ပင်။ 

. ဟ၀ှါ တို့ကို ..တခုခု ၀ယ်ပေး အုံးမှပဲ..

တော်ပါပြီလေ.. ပို့ ရ ပြုရ နဲ့.. ။ 

ဟိုတယောက် ကတော့..ငါ့ ကို..မနှစ်က..တကူးတက တောင်..ကဒ် ပို့ ရှာတာ..... 

အင်း..နက်ဖန် ပဲ..ခရစ်စမက်  ဖြစ်နေပြီ.. မှီ မှာလည်း မဟုတ် တော့ ပါဘူးလေ.. နေပါစေ တော့..။ 

နက်ဖန် .. ဘုရားကျောင်းသွားရင် တော့ ..သင်းအုပ် ဆရာ လင်မယား အတွက် ...တခုခု ပေး မှ..။ ဟောဒီမှာ..ယောင်္ကျားကိုင် လက်ကိုင်ပုဝါ တွေ.. ဗူးလေး နဲ့ ထုပ်ထားတာ.. အသင့် ပေး ယုံပဲ...။ တရားဟော ဆရာ တွေ တော်တော်များ စကားပြော ရင်း..တရား ဟောရင်း.. ခဏခဏ မျက်နှာ ကို ချွေး သုတ် တာ မြင်ဘူး သည်။ ချောကလက် ဗူး လည်း ကောင်းတာပဲ..။ နေပစေ တော့ ဟာ.. ဦးဏှောက်စား လည်း သက်သာ.. ၀န်လည်း ပေါ့ တဲ့.. Gift card တခု ပဲ ပေးလိုက် တော့ မည်။

အဲဒီ ဈေးကြီး ထဲက..ထွက်လာခဲ့ တဲ့ တိုင် အောင်..သူ့လက် ထဲ..ဘာပစ္စည်း မှ.. ပါမလာ ခဲ့..။ သူ့ရင်ထဲ မှာလည်း ..ခရစ်စမတ် မုဒ် ဆိုတာ ကြီး.. ပါ မ လာ ခဲ့ .။ တကယ်တော့..သူ့ရင်ထဲ မှာ.. ဘာ မုဒ် မှ..ကောင်းကောင်း မခိုအောင်း နိုင် တာ.. ကြာ ပြီ..။ အတုအယောင် မုဒ် တချို့နဲ့ သာ.. အခိုက် အတန့် နေပျော် အောင် နေ .. နေ ဖြစ် သည်။ အသက်က.. စကား ပြော လေ သလား..။ လူ ကတော့.. စကား နည်း နေ သည်။ 

တီဗွီ က လာတဲ့.. အဆိုတော် တွေ ရဲ့.. Carol သီချင်း တွေ.. နားထောင် ရ တာလည်း.. ဂျင်ဂဘဲလ် နဲ့.. စန်တာ  ထဲ မှာ ပဲ လည်နေ သည်။ မြို့ ထဲကို ဆင်းလာတဲ့..စန်တာ ကလော့  တဲ့...။ ကလေး တွေ က.. ပျော်ကြ သည်။ သူတို့ လေး တွေ.. စိတ်ထဲ မှာ..တကယ့်.. တန်ခိုးရှင် ကြီး လို့ ထင်အောင်.. လူကြီး တွေက.. အမျိုးမျိုး တင်ဆက် ဖြေဖျော် ကြ သည်။ ညကျရင် လည်း..အိမ်မှာ.. ကလေး တွေ အိပ်တုန်း...လက်ဆောင်တွေ.. အသာလေး..ခြေအိတ် ထဲ ထဲ့ ဖို့..စီစဉ် ကြ အုံး မည်။ 

ညနေ သတင်း လာ နေပြီ..။ တီဗွီ ရမုဒ် ကို ကိုင်ပြီး.. လိုင်း ပြောင်း လိုက်သည်။ ခရစ် စမတ် မှာ..ဘာသတင်း မှ သိပ် မထူး လှ သလို...။ ဒါပေမဲ့.. သူ့ အတွက် တော့.. အခုန.. သီချင်း အစီ အစဉ် တွေ.. ထက် ပို စိတ်ဝင် စား စရာ ပိုကောင်း သည် ဟု ထင် မိသည်။

အာဖဂန် စစ်မြေ ပြင် ရောက်.. သြစတြေလျ စစ်သား တွေက.. တီဗွီ ဖန်သားပြင် က တဆင့်..သူ တို့ မိသားစု ချစ်ခင်သူ အသီး အသီး ကို.. စကား လက် ဆောင် တွေ ပေး နေ သည်။ ဒီလို ပါပဲ လေ..။ စစ် ဆို တာ တွေ ကတော့.. ချစ်ခင်သူ တွေ နဲ့ အတူ နေလို့  မှ မရ တာ..။ ရန်သူ တွေ နဲ့ သာ အတူ နေ ရ တာလေ..။

အီရတ် က.. လူနည်းစု ခရစ်ယာန် တွေ က တော့..ဒီ နှစ် မှာ..ခရစ်စမတ် ပွဲ တော် မကျင်းပ ဖြစ်တော့ ဘူး တဲ့..။  မနှစ်က.. ဘုရားကျောင်း ၀င်ရောက် တိုက်ခိုက် မူ အတွက်ရော.. အကြမ်းဖက် ခြိမ်းခြောက် မူ များ ကြောင့် ရော.. အန္တရယ် ရှိ တဲ့ အတွက်.. သင်းအုပ် ဂိုဏ်းချုပ် များက.. ဆုံးဖြတ် လိုက် ခြင်း ဖြစ် သည် တဲ့..။ ရင်နာ စရာ ပါလား..။ ဒီဖက် ကမ္ဘာခြမ်းက.. တဆင့်ခံ ခရစ်ယာန် တွေ ကတော့.. မီး ရောင် တွေ တထိန်ထိန်.. သီချင်းသံ တွေ စီညံ စွာ နဲ့.. ခရစ် စမတ် ကြီးကို ခံစား လို့..။  သူတို့ လို.. ၁ ရာစု..အဦးဆုံး.. အစောဆုံး..ခရစ်ယာန် စစ်စစ်ကြီး တွေ အတွက် တော့.. ခရစ်စမတ် ဆိုတာ.. ကိုယ့်ဘုရားကျောင်း လေး ထဲမှာ ပဲ..  ခပ်တိုးတိုး ကျင်ပ ကျ ရ တဲ့.. နေ့ မြတ် တခု တဲ့ လား..။

ကြည့်စမ်း.. နောက် သတင်း တပုဒ် က ...ရှာရှာ ဖွေဖွေ..။  ခရစ် စမတ်  ဈေးကွက် ရဲ့.. အဓိက..ဇတ်ဆောင် ကြီး.. စန်တာ ကလော့ ရဲ့  .. မူလ ဇစ်မြစ် .. သူတော်စင် စိန့် နီကိုလပ်စ် .. မွေးဖွား ရာ..တူရကီ နိုင်ငံ က.. မြို့လေး အကြောင်း..။       စိတ်ဝင်စား စရာ...။        (ဘာရယ်.. )   အဲဒီ မြို့ မှာ တော့.. ခရစ်စမတ် ပွဲ မကျင်းပ ဘူး တဲ့..။ ထူးဆန်း လိုက်တာ..။ တမြို့ လုံး တိတ် ဆိတ် လို့...။  ရှေးဟောင်း ဘုရား ကျောင်း လေး တခု ရှေ့ က.... ကျောက်ရုပ် ကြီးကို.. အသေအချာ ရိုက်ပြ နေ သည်။ ကလေး တယောက်ကို လက်ဆွဲ ပြီး..ကျောပိုး အိတ်ကြီး ထဲ မှာ.. ပစ္စည်း ပစ္စ ယ တွေ နဲ့.. စိန့် နီကိုလပ်စ် ဆိုတဲ့..လူကြီး ကို ကြည့်ရတာ.. ညနေက..မြင်ခဲ့တဲ့.. ချွေးစေး တွေ ပြန်နေ တဲ့..ဘိုးဘိုး စန်တာ ကလော့ ကြီး နဲ့ လည်း မတူ ပါလား နော်။ 



ဟော.. အစ္စရေး နိုင်ငံ ..ဘစ်သလင်ဟမ် မြို့  က..ဘုရားကျောင်း တခု မှာ.... အောသိုဒေါ့စ် ခရစ်ယာန်တွေ နဲ့.. အာမေးနီးယန်း တွေ..နေရာလု ရင်း..  ရန်ဖြစ် ကြ လို့.. ပါလက် စတိုင်း ရဲ က.. ၀င် ဖြန်ဖြေ ရ တယ် ဆိုပါလား....။ မျက်မှောင်ကျုံ့ ရင်း.. အော် ရီ ပြစ် လိုက် မိ တော့ သည်။  ခရစ်တော် ရဲ့ မွေးနေ့ မှာ.. ခရစ်တော် မွေးဖွား ရာ မြို့လေး ရဲ့ သတင်း က.. တကယ့် ရီစရာ သတင်း..။ 

တီဗွီ ပိတ်တော့.. အင်တာနက် ပေါ့ ကွာ.. ။ ဘာရ မလည်း..ဒီခေတ် ထဲ..
ဘလော့ တွေ မှာ လည်း.. ခရစ်စမတ် တွေ တန်းစီ နေ သည်။.. ကိုယ်လည်း ၀င် တန်းစီ လိုက် အုံး မည်။ 
ဘာမှ အထွေ အထူး ရေး စရာ မရှိ လည်း.. လုပ်နေ ကြ အတိုင်း.. အဟောင်းလေး တပုဒ် လောက် ပြန်တင် လိုက် အုံး မည်။  

ဘာပဲ ဖြစ်ဖြစ်.. Merry Christmas  is Merry Christmas. :)

 ----------------

 

Dec 25, 2007

အဦး ဆုံး ခရစ်စမတ်

လွန် ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ကျော် က.. အဦး ဆုံး ခရစ်စမတ် နေ့မှာ တော့.. ဒီလို မီး ရောင် တွေ မဆိုထား နဲ့... ပျော် ရွှင် ဖို့ နေ နေသာသာ....ရောမ အာဏာ ပိုင် တွေ ဆင့်ခေါ် တဲ့ .. သန်းခေါင် စာရင်း ကောက် ပွဲ အတွက်.. အနီး အပါး ရွာ နီး ချူပ်စပ် က.. ရောက် လာ ကြတဲ့.. လူတွေ နဲ့.. ရုတ် ရက် ခတ် နေတဲ့...ဘတ်သလင် ဟမ် ဆိုတဲ့ မြို့ ကလေး မှာ.. ကိုယ်ဝန် အရင့်အမာ အမျိုး သမီး တယောက် နဲ့ သူ့အမျိုးသား ဟာ.. အေးစက် တဲ့ ည အမှောင် ကြား.. တည်းခို စရာ ရှာ မရ နိုင် အောင် ရှိ နေခဲ့တယ်။ နောက် ဆုံး တော့.. ကြင် နာ တတ်တဲ့ ထမင်းဆို င် ရှင် တယောက် ကြောင့်..ထမင်း ဆိုင် နောက်က.. မြည်း ဇောင်း မှာ.. ဂျုံရိုး တွေ ကြား.. နွေး နွေး ထွေး ထွေး နား ခို နိုင်ခဲ့တယ်။ အလှုပ် အရှား များ..ခရီးပန်း လို့ထင့်... အဲဒီ ည မှာပဲ.. ကလေး မီးဖွား ဖြစ် ခဲ့တော့တယ်။ အဲဒီည က..ကောင်းကင်မှာ ကြယ်တွေ နက္ခတ် စုံ ခဲ့တယ်တဲ့။

ခရစ်တော် နှင့် ယုံကြည်သူများ

စဉ်းစား ကြည့်တယ်..ခုနေများ.. ကမ္ဘာကြီး ရဲ့ ..တနေရာ ရာ မှာ..ခရစ်တော် မွေး လို့တဲ့..ဆိုရင်.. ဟောဒီ ခေတ် လူတွေ..ယုံ ကြပါ့မလား...

အဲဒီ အချိန် တွေ တုန်း ကတော့.. ရောမအင်ပါယာ ကြီး အောက် မှာ..ပြားပြား မှေက် နေရတဲ့.. ဣသရေလ (ဂျူး) လူမျိုး တွေ အတွက် .. ခက်ခဲတဲ့ နေ့စဉ်ဘ၀.. ကြပ်တည်းတဲ့..အခွန် အခ တွေ အောက်မှာ..မျှောင်လင့်ချက် တွေ ကင်းမဲ့ နေတုန်း.. စိတ်တက် ကြွ စရာ သတင်း ကောင်း တခု ဖြစ်လာခဲ့တယ်။ ဒါပေမဲ့.. ရောမ မင်းစိုး ရာဇာ တန်းဝင်..ဣသရေလ အမျိုးကောင်းသား..ကျမ်းတတ် ပေတတ် .. အထက် တန်းလွှာ တွေ အတွက် တော့..မျက် ခုံး ခပ်လှုပ်လှုပ်ပါပဲ။ အထူး သဖြင့် ..၀တ်ရုံ ကြီး တွေ ဆင်မြန်းထားတဲ့.. အမိန့်အာဏာ တွေကို တဆင့် ကန်ထရိုက် ရထား တဲ့.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တွေ ကတော့.. အံသွား ကြိတ် ခဲ လျက် ပေါ့။ ဒီလို နဲ့ပဲ.. ဂျူးလူမျိုးစု.အခြေခံလူတန်းစား တွေ ကြား မှာ..နာဇရတ် မြို့သား ယေရှု ဟာ.. အထူး အားကိုး ချစ် ခင် စရာ .. သခင် ဖြစ် လာ ခဲ့ တော့တယ်။


ခရစ်တော် နှင့်..ဟစ်ပိုကရစ် များ


ဟစ်ပိုကရစ် ( Hypocrite) ဆိုတာကို.. ကြောင်သူ တော် များ လို့အလွယ် ပြန် မလား။

အပြင် ပန်း မှာ.. ပညာ တွေ..ဂုဏ်တွေ..ဘုရား တွေ..တရား တွေ.. အလှူ တွေ အတန်းတွေ.. ငွေ တွေ ရွှေ တွေ ပြည့် နေ ပေမဲ့.. အတွင်း စိတ် ဖောက်ပြန် သူတွေ.. ပေါ့။ စိတ်ကြိုက် ထပ် ဖြည့် ရ ရင်တော့..အဓိပ္ပါယ် မရှိ တဲ့ လုပ်ရပ် တွေ ကို..လှလှပပ လုပ်ပြ နေသူတွေ လေ။

ဘုရားသခင် ရွေး ချယ် သော လူ မျိုး တော် ဆိုတဲ့.. ဂျူး ဘာသာရေး ခေါင်း ဆောင် တွေ ..တွင်တွင် ရွတ်ဆို နေတဲ့..စကား ကို.. လူသား တိုင်း အတွက် ..ကယ် တင် ခြင်း ဆိုတာနဲ့.. ယေရှု က..အစားထိုး ခဲ့တယ်။ ဥပုပ် နေ့မှာ..ဘာလုပ်သင့် တယ် ..ဘာမလုပ် သင့် ဘူးဆိုတဲ့.. ထုံးတမ်း တွေ ကို .. နာမကျန်း သူ တွေကို တွေ့တဲ့ နေရာ..တွေ့တဲ့ အချိန်မှာ.. အနာ ရောဂါ တွေ.. ပျောက် စေ ခဲ့ခြင်း နဲ့..မှေးမှိန် စေခဲ့တယ်။ သာသနာ ရေး ဆိုင် ရာ အဆောက် အဦပေါ် တက်ပြီး... အလှူ ငွေ ကောက် နေတဲ့သူတွေ.. စီးပွား ရှာ နေတဲ့..သူတွေကို.. စိတ်လိုက် မန်ပါ ..မောင်းချ ပြစ် တာ ကတော့.. ပြော စရာ ကို ရ ရော ။


ခရစ်တော် နှင့် လက်ကိုင်တုတ်များ


ရုပ်ရှင် ဇာတ် လမ်း တွေထဲ မှာ.. `သတ် ပြစ် ..သတ်ပြစ် ´လို့..ကြွေးကြော် နေကြတဲ့.. ဂျူး လူ မျိုး တွေ ရဲ့ အလယ်.. ရော မ လက်မရွံ့ စစ်သား တွေရဲ့ အရှေ့မှာ..နာဇရတ် မြို့သား ယေရှု တယောက်.. သွေးသံရဲ ရဲ နဲ့ ခံစားနေ ခဲ့တာ ကို..နားမလည် နိုင် ခဲ့။ ကိုယ့် လူ မျိုး တူ.. ဘ၀တူ..နင်းပြား ချင်း များ..ဘာလို့..ဒီလောက် အသဲအမဲ ဖြစ် နေရ ပါ လိမ့် ဆိုတာ ကိုပါ။ တကယ် ဆို..အဲဒီ လူအုပ် ကြီး ရဲ့ နောက်ကွယ် မှာ.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တစု.. သူတို့ ရဲ့ ရပ် တည် မူ အတွက်..ကြီး မြတ် မူ အတွက်.. အရှိန် အ၀ါ အာဏာ တွေ အတွက်.. ငွေထုပ် ကြီး ပိုက် ပြီး.. စောင့် နေ နိင် တယ် ဆိုတာကို..မတွေး မိခဲ့တာ နော်။ အဲဒီ အခင်း အကျင်း တွေ အကုန် လုံး ကို `အေန´ ဆိုတဲ့..ဂျူး ဘာသာရေး ခေါင်း ဆောင် ကြီး တယောက်က.. စီစဉ် ခဲ့တယ် ဆိုတာ.. မှတ် တမ်း တချို့ ရှိ နေခဲ့တယ် တဲ့။ အဲဒီ လူ အုပ် တွေ ထဲမှာ.. ယေ ရှူ ကို .. မျက် မှောက် ဘ၀ တွေ မှာ ချက် ချင်း လက်ငင်း ကယ်တင်မဲ့ နိုင်ငံရေး ခေါင်း ဆောင်.. တော်လှန် ရေး ခေါင်း ဆောင် တယောက် အဖြစ် မျှော်မှန်း ခဲ့ပြီး၊ မှန်း ချက် နဲ့ နှမ်း ထွက် မကိုက် လို့.. စိတ် ပျက် နေတဲ့..လူ တစု လဲ ပါကောင်း ပါ နိုင် ပါလိမ့်မယ်။


ခရစ်တော်..ရှုံး သူလား..နိုင်သူလား


နာဇရတ် မြို့သား ယေရှု ကို .. ရက်ရက် စက် စက် သတ် ပြစ် လိုက် နိုင် ပါပြီ။ ကိုယ့် ကို ကိုယ် ..ပြန် ကယ် တင် အုံးလေ ဆိုတဲ့..လှောင်သံ တွေ အောက်မှာ..တည် တည် ငြိမ် ငြိမ် ... သေ ပြ သွား ခဲ့ ပါပြီ။ သူပြောခဲ့တဲ့ ..သူဟော ခဲ့တဲ့..တရား တွေ အတွက်..တာဝန် အပြည့်ယူသွား ခဲ့ ပါ တယ်။ သူ ရှုံး သွားခဲ့ တာလား။ သူ အခု ရှုံး နေတုန်းလား။

မာတင်လူသာကင်း .. အသတ် ခံလိုက် ရတယ်။ သူပြော တဲ့.. ပြုပြင် ပြောင်းလဲရေး တရား တော် တွေ..ရော အသတ် ခံ လိုက် ရလား။ ဂန္ဒီကြီး.. လုပ်ကြံ ခံ လိုက် ရတယ်။ သူ ဖော် ဆောင် ခဲ့တဲ့.. ငြိမ်းချမ်း ရေး လမ်းစဉ် ပျက် ပြုန်း သွား သလား။ အယုံ အကြည် မဲ့သွားလား။ ကောင်း မြတ် ခြင်း တရား တွေ ကို..ဘယ်လူ မျိုး..ဘယ် ဘာသာ ရေး ကမှ.. တီထွင် ခဲ့တာ မဟုတ် ပါဘူး။ သစ္စာ တရား ပါ။ နေရာ တိုင်း မှာ ရှိ နေပါတယ်။ နှလုံးသား တိုင်း ကလည်း..နှစ် ခြိုက် ကြ ပါ တယ်။


+++++++++++++++++++

အားလုံးပဲ..ငြိမ် သက်ခြင်း.. ရွှင် လန်းခြင်း.. နှစ် သိမ့်ခြင်း.. ယုံကြည်မျှော်လင့်ခြင်း နဲ့ မေတ္တာတရား များ .. ပွားများ ကြပါစေ။












Share/Bookmark

11 Comments:

Mi Tay 4 said...

ပို့စ် အဟောင်းလေးလည်း ကောင်းပါတယ်။
ဘိုးဘိုးစန်တာကလော့ ဆိုလို့ ဆွဲမိအကို သာဂိက မေးလာတယ်။ မေမေ သိကြားမင်းနဲ့စန်တာကလော့က ကောင်းကင်ကနေ ဆင်းလာကြတာတူပြီး စီးလာတာချင်းဘာလို့မတူတာလဲတဲ့။ အင်း ... ဖြစ်နိုင်တာတော့ စန်တာကလော့မှာ သမင်ဆွဲတဲ့ ဆွတ်ဖားလှည်းကိုယ်ပိုင်ရှိပြီး သိကြားမင်းမှာတော့ ကိုယ်ပိုင်မရှိလို့ အဆင်သင့်တာ စီးစီး ပြီး ဆင်းရတာ ထင်ပါရဲ့လို့ ဖြေလိုက်တယ်။

Anonymous said...

အမဲကြီးခရစ်စမတ် :P

PhyoPhyo said...

ရေးထားပုံလေးက တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။
ခရစ္စမတ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ

Christmas is forever, not for just one day,
for loving, sharing, giving, are not to put away
like bells and lights and tinsel, in some box upon a shelf.
The good you do for others is good you do yourself...

~Norman Wesley Brooks, "Let Every Day Be Christmas,"

Myanmar Smart Cookies said...

Merry Christmas

ရွှေရတုမှတ်တမ်း said...

အင်း...ခရစ်စမတ်နဲ့က ကိုယ်နဲ့က ဘာမှမဆိုင်လှတော့..
သူများက...မဲကြီးခရစ်စမတ်ဆိုမှ...မတ်ပလိုက်တာ..
ဒီနှစ်တော့..အေးလွန်းလို့ ဘယ်သူ့မှတောင်ပြန်မအော်နိုင်တော့ဘူး

Unknown said...

i will support you always

kogyikyaw said...

ma kay.,

let me greeting to you as a formal words " MERRY X`MAS".
I am late reader of your Blog. But nows a day,i would like to read every day what will you publish on blog .
Be Happy without worries in your life.

always supported.,
kogiykyaw

kogyikyaw said...

Ma Kay.,

Let me greeting to you as a formal words "MERRY X`MAS".
Anyway this x`mas post also clourful and thoughtful for reader.


Always support yor blog.,

Kogyikyaw

kay said...

Thanks Mi Tay 4, Craton.
and Phyo, Aye,I guess you are the new friends. Always welcome and really appreciate your X'mas greeting.

Myanmar Cookies.. I don't like cookie.. but I like Myanmar cookies. :) thanks for your greeting.

Ko Gyi Kauk and Ko Gyi Kyaw,

You are always welcome from this blog. You make my day Ko Gyi Kyaw. Thanks for your kind and cheering comments.

သက်ဝေ said...

ညီမ ကေရေ...
ဆောရီးပါ... နောက်တော့ ကျနေပြီ...
Merry X'mas လို့ ဆုတောင်းပါတယ်...
ကေ့ စာအဟောင်းလေး ပြန်ဖတ်သွားပါတယ်...

တန်ခူး said...

ကေရေ....ဟိုတနေ့ကပဲ ကေ့လိုအတွေးမျိုးလေးတွေးမိသေးတယ်...ဘယ်လိုမှmoodမလာတော့ပါလားဆို...သားဖို့ လက်ဆောင်လေးတွေဝယ်...ရုံးကလူတွေဖို့  လက်ဆောင်တွေဝယ်ရတာလဲ တာဝန်တခုလို...သိပ်တက်တက်ကြွကြွမရှိ...အမျိုးသားနဲ့ ခံစားချက်ချင်းတူလားညှိကြည့်သေးရဲ့ ...သူကတော့ ခပ်ပြုံးပြုံးနဲ့ ရေဒီယိုကလာတဲ့ သီချင်းတောင် ငြီးလို့ ...သြော် သူကငါ့ထက် အသက်ငယ်သေးလို့  moodရှိသေးတယ်လို့  ကေပြောသလို ထင်မိသေးတယ်...ငယ်က အမေ့ကို ပွဲကြည့်ဖို့  ခေါ်ရင် ညည်းတို့ ပဲသွားကြ...လူရှူပ်ရှူပ် မလိုက်ချင်ဘူးဆိုတာ သတိရတယ်...ဒါပေမယ့် တူးပို့ ပို့ ဆိုတာတော့ ရင်ခုန်လက်ကျန်ရှိသေးတယ်...ဒါဆို ငါအသက်သိပ်မကြီးသေးပါပေါ့... ကောင်းသောနှစ်သစ်ပါညီမရေ...