အတောင်တခတ် ရဲ့ အစ

တလ လောက် ဘလော့ဂ် နဲ့ ဝေး နေခဲ့ရ လို့.. ဒါလေး ကို မဖြည့်စွက် နိုင်ခဲ့ဘူး။

 ဘလော့ဂ် လေး ကို မထားခဲ့ခင်.. တရက် မှာ ပဲ.. ကဗျာ မိတ်ဆွေ တယောက် ရဲ့.. လင်းဆွဲ များ နဲ့..ကုက္ကိုပင် အို ကြီး အကြောင်း အင်္ဂလိပ် လို စပ်ထားတဲ့ ကဗျာ လေး ကို ဖတ်လိုက် ရတယ်။ အဲဒီ အချိန် မှာ.. ငှက်တွေ အကြောင်း အာရုံကျ နေတုန်း.. ကိုယ့် သောက နဲ့ ကိုယ် စိတ်တွေလည်း ရှုပ်ထွေးနေတုန်း မို့.. အတောင်တခတ်  ဆိုတဲ့ ကဗျာ လေး တပုဒ် အလိုလို ထွက် သွားခဲ့တယ်။ အဲဒါနဲ့ ကဗျာလေး ကို အမြန် တင်ပြီး တဲ့ သကာလ.. ဘလော့ဂ် လေးက နေ..တလ လောက် ဝေး သွား ခဲ့ တယ်။

အစ မရှိ..အဆုံး မရှိ.. ( အိုး..အဲဒီ လင်းဆွဲ တွေ ကို.. ကျမ သိတာပေါ့ရှင် ) လုပ်ခဲ့တဲ့ ကဗျာကို.. မေးတဲ့သူ တွေက..မေးလာ တာကြောင့်.. မူလ ဇစ်မြစ်.. အင်္ဂလိပ် ကဗျာ ကိုလည်း ဂုဏ်ပြု ပြီး  ဖော်ပြ ရင်း.. ပြန် အစဖော် လိုက်ပါတယ်။ မိတ်ဆွေ တယောက် က.. မြန်မာ ဘာသာ ပြန်ထားတာ ရှိ နေပြီ လို့ လည်း သိရ ပါတယ်။
 စကားစပ် လို့ ... အဲဒီ ကဗျာ ထဲ မှာ ပါတဲ့..လင်းဆွဲ တွေ အထောင် အသောင်း နဲ့ ကုက္ကိုပင် အို ကြီး ဟာ တကယ်ကို အပြင်မှာ ရှိပါတယ်။ သရေခေတရာ .. ပြည်မြို့ ရဲ့ မြစ်ကမ်းနဘေးက.. ထူးခြားလှ တဲ့ အဲဒီ အပင်ကြီး ( တကယ်တော့..တပင် မက ပါဘူး ) ကိုလည်း ငယ်ငယ်တည်းက..မြင်ဖူး သိဖူး နေတာ ကြောင့်.. တကယ်ပဲ .. အတိတ် တွေ ကိုလည်း လွမ်းဆွတ် သွားခဲ့ ရတာပါ။

ငယ်ငယ် က.. ပြည်ကို အလည် သွားတိုင်း.. အဲဒီ အပင်ကြီး တွေ ကို တအံ့ တသြ ဖြစ် ကြ ရ တယ်။ အပင်ကြီးက.. အကြီး...ကြီး..။ သစ်ရွက် ဆိုတာ လည်း မရှိသလောက် ။ တပင်လုံး တွဲလောင်း ချ ပြီး တိတ်ဆိတ် ငြိမ်သက် နေတဲ့ လင်းဆွဲ တွေ နဲ့သာ..မဲ မှောင် နေ တော့တယ်။ အဲဒီ အပင် အနား ကို လူတွေ ကလည်း သိပ်ကပ် မလျှောက်ကြဘူးပေါ့။ ကြမ်းပိုးတွေ ကျ တယ်လို့ ပြောကြတယ်။  ရှေ့မီ နောက်မီ တွေက ပြောတာတော့..ဂျပန်ခေတ် ကတည်း က..ဒီအတိုင်းပဲ တဲ့။ မြို့ ကြက်သရေ မရှိ လှ ပေမဲ့.. ဘယ်သူ ကမှ လဲ..ခုတ်ဖို့.. ရှင်းဖို့ ..မောင်းထုတ် ဖို့ မလုပ်ခဲ့ ကြဘူး တဲ့။ ဆေးဖက်ဝင် တယ်လို့ လဲ ဆိုကြတယ်။ ဘာရယ်တော့ သေချာ မသိပေမဲ့.. ဆန်းတော့ ဆန်းပြားတာ အမှန်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ထိ တော့..ဒီ အတိုင်းပဲ လို့.. ကြားတယ်။

လေးစား ကြည်ညို စရာ အမျိုးသမီး တယောက် နဲ့ မြန်မာ့ နိုင်ငံရေး ကို ထင်ဟပ် စပ်ဆို ထားတဲ့..အဲဒီ မူရင်း ကဗျာ ကို သေချာ ပြန်ဖတ်ရင်း..သစ်တပင် ကောင်း လို့.. ငှက်တသောင်း နားနိုင် တာလား...  ယီးလေးခို နေကြတဲ့ ငှက်တသောင်း ကြောင့်.. သစ်တပင် လုံး ..လုံးပါးပါး နေရ တာလား လို့.. အတွေးဖြာ လျက်..။




chancing upon a sagely lady in his principality
a young prince claims, if i were a tree big enough
ten thousand birds could perch on my branches
-
my son, i do not envy your mythical tree
if only i could be a wisdom tree on the bank of the irrawaddy
-
the tree houses ten thousand bats
an enormous rain-tree with bats for leaves
the roots going upward, the branches growing downwardly
-
every single day for ages and ages
the tree puts up with ten thousand upside-down views of
ten thousand bats, who are blind and deaf
-
she never flinches, she never complains
no judgement passed, no guidance delivered to the free-loading bats
nor is she moved by the awe-struck passers-by and the worshipping brats
this, my son, is the tree of peerless liberality
forbearance and austerity, she is the tree of true free gift
she is the tree of genuine metta, she is the tree of disinterested love
she is the tree i want to be, if i were a tree big enough
ten thousand bats could hang happily from my branches
-
many years later
the prince becomes the buddha, the awakened
-
the sagely lady becomes the rain-tree she wants to be
on the bank of the irrawaddy
in a town known as pyi

-
ko ko thett
26.01.11-15.06.11

ဒီကဗျာ ကို လန်ဒန် မြို့က ..ကဗျာပွဲ တခု မှာ ရွတ်ဖတ် ခဲ့တယ် လို့ သိရတယ်။


Share/Bookmark

1 Comment:

smk said...

မင်္ဂလာပါ မကေ .. လင်းဆွဲ ကတော့ ကြိုက်တဲ့ သူတွေ ကတော့ အတော် စားကောင်း ဆိုတာ ကိုး .. ရွှေကျွန်း ဆင်း တုန်းက တချို့ လေးခွ နဲ့ သွားသွား ပစ် ကြတယ် .. တောင်ပံ အောက် က အဆီအိပ် ကို ဖယ်ထုတ် .. ငရုတ်သီး နဲ့ ကြော်စားသတဲ့

mks