
သူတို့ရဲ့ 
ပျိုမြစ်တဲ့ ခံစားချက်တွေ
ပေးဆပ်ရတဲ့ ဘ၀တွေ
တောက်ပတဲ့ အနာဂတ်တွေ
ပုံအော ပေါင်းစပ်
ရင်ဘတ်ထဲက ညှစ်ထုတ်
နံရံ လေးဖက် ခွက်ထဲမှာ
ချစ်သူများရဲ့ မျက်ရည်တွေနဲ့ ဖျော်
ဝင်သက် ထွက်သက် စုတ်ချက်
ဆေးစက် ကျရာ ပီပြင်စွာ
အမိမြေ ကင်းဗတ်စ ပေါ်မှာ
“ ရောင်းရန် မဟုတ်ပါ ”
----
(နီဇူလိုင်)
၈ လေးလုံး မျိုးဆက်များအတွက်-
◦

6 Comments:
ကဗျာကို ဖတ်ရူသွားပါတယ် မကေ၊ အားပေးလျက်။
ရှစ်လေးလုံးနဲ့ ပတ်သက်တဲ့ ကဗျာကို ဖေါ်ပြပေးတာ ကျေးဇူးတင်ပါတယ်။
သိပ်ကောင်းတဲ့ပန်းချီကားပါလားမကေရေ
မကေ ပန်းချီလေးလည်း ကောင်းတယ်
ကဗျာလေးကလည်း ကောင်းတယ်
ရှစ်လေးလုံး သပိတ်ကာလက ၅နှစ်သမီးပဲရှိသေးလို့ နားမလည်ခဲ့ပေမယ့်
တဖြေးဖြေးတော့ အချိန်နဲ့ အမျှ အရာရာကိုသဘောပေါက်လာပါတယ်။
ရောင်းရန်မဟုတ်တဲ့ပန်းချီကားလေး လာကြည့်ခဲ့တယ်
ရိုးရိုးသားသားနဲ့
ခံစားချက်တွေကို ဖော်ပြနိုင်တဲ့
ကဗျာကောင်းလေး တပုဒ်ပါ...
ပန်းချီနဲ့ ကဗျာနဲ့ လိုက်ဖက်လှပါပေတယ်...
Post a Comment