စာ < ကဗျာ < သီချင်း < ပန်းချီ

စာ < ကဗျာ < သီချင်း < ပန်းချီ



တနေ့က..ဖုန်းဆိုး ရဲ့ “၅၄. တက္ကသိုလ်ရိပ်သာလမ်း..ရန်ကုန် ” ဆိုတဲ့ ကဗျာရှည်ကြီးကိုဖတ်လိုက်မိပီး ..သွေးကြောမျှင်တွေတောင်..နဲနဲတုန်ခါသွားမိတယ်......
တကယ့်တကယ်က...ကဗျာတွေနဲ့..ကိုယ်..တော်တော်လေးဝေးပါတယ်....ဝေးဆို..ကဗျာအလှပြ
ယာဉ်ကြီးတွေ..ခဏခဏကိုယ့်ရှေ့က..ဖြတ်ဖြတ်သွားတတ်ပေမဲ့..တခုတ်တရ..လိုက်ကြည့်ဖြစ်တာ
သိပ်မရှိခဲ့...
“သန်းထွန်း..စည်းရုံး၍မရ..” ဆိုတဲ့ တိုတိုပြတ်ပြတ်.. စာတွေကိုကြိုက်တက်သလို.. အကြောင်း အရာနဲ့..အချက်အလက်တွေကိုသာ..အာရုံစိုက်ရင်း..ဆရာဦးချမ်းအေး (မောင်စူးစမ်း) ရဲ့ ဆောင်းပါး စတိုင်တွေကို ကြိုက်တတ်တဲ့..ကိုယ့်ကို... ခမ်းနားလှပတဲ့.. ကဗျာပေါင်းများစွာက.. သဘောထားကြီးစွာနဲ့ပဲ.. ပြုံးပီးနှူတ်ဆက်ထွက်ခွါသွားကြလေ့ရှိတယ်..

ခုတလောတော့..ဘယ်လိုဖြစ်တယ်မသိဘူး...ကဗျာတချို့ မျက်စိရှေ့ကိုး..ကို..ရောက်ရောက်လာပီး
တခုခုလာပြောနေသလိုပဲ..ကဗျာဆိုတာ..ဒါပဲဟဲ့..လို့..များလာပြောနေလေသလားမသိ...

ငယ်ငယ်တည်းကတော့..ကျောင်းမှာသင်ရတဲ့..ရှင်ငြိမ်းမယ်တို့..ရှင်မဟာသီလ၀ံသတို့..နောက်ပိုင်း
ခေတ်ကဆို..ဆရာကြီးသခင်ကိုယ်တော်မှိုင်း..ဆရာဇော်ဂျီ..ဆရာမင်းသုဝဏ်..ဆရာမင်းယုဝေ..
ငွေတာရီ..အိုး..အများကြီးပါပဲ..ကြားဖူး..ဖတ်ဖူးခဲ့တာ..(ပြောလိုက်ရင်..ကျန်သွားမှာစိုးလို့...)
အင်း..နောက်ပိုင်း..အပြင်စာတွေမှာဆို..ဆရာမောင်ခိုင်မာရဲ့..ဓနမဂ္ဂဇင်းက..ရှင်မရေ..ကဗျာရှည်ကြီး
တွေကိုတော့..နဲနဲမှတ်မှတ်ယယရှိသလိုပဲ...

နားလည်လက်ခံနိုင်တဲ့..အရွယ်နဲ့ ..အချိန်တွေကလည်း..ပြောင်းပြောင်းလာတယ်ထင်ပါ့...
တလောက..ဆရာကြီးတင်မိုးဈာပနအမှတ်တရစာအုပ်မှာ...ဆရာကြီးရဲ့..မသေချင်ညနောက်ဆုံးရေး
ခဲ့တဲ့ကဗျာလေးကိုဖတ်ပီး...သြော်..ကဗျာညဏ်ဆိုတာ..စကတည်းက..ပါလာပီး..အဆုံးထိလည်းဖန်တီးသွားနိုင်တဲ့..programming လေးတခုပါလားလို့...လုပ်ယူလို့မရ..ကျင့်ယူလို့လည်းမရ...

နောက်..မင်းကိုနိုင်ရဲ့..ရိုးရှင်းထိမိတဲ့..ဘ၀နဲ့ရင်းပီးထွက်လာတဲ့..ကဗျာလေးတွေကို..အလေးထားဖတ်
ဖြစ်လာတယ်...

ဘလော့ရပ်ကွက်ထဲရောက်လာပြန်တော့..ကိုယောဟန်အောင်ရဲ့..မော်ဒန်ခေါ်မလား..ကဗျာဆန်းဆန်း
လေးတွေကို..မြင်တတ်ကြိုက်တတ်လာပြန်ရော..တလောက.ဧရာဝတီမှာပါတဲ့..ဆောင်းပါးလေး
ကြောင့်..“ဒီနေရာကို..ဘုရားသခင်စွန့်သွားတာ..ကြာခဲ့ပီပေါ့...”ဆိုတဲ့ကဗျာပိုဒ်လေးတွေ..ရှာဖတ်ဖြစ်
တယ်...ဘယ်လိုတွေးပီးဘယ်လိုဖွဲ့လိုက်ပါလိမ့်နော်..လို့တောင်ပြောမိလိုက်တယ်..

လောလောလတ်လတ်ဖတ်လိုက်ရပြန်တာက..ခုနင်က..ပြောခဲ့တဲ့..ဖုန်းဆိုးရဲ့..ဒေါ်စုမွေးနေ့ကဗျာရှည်
ကြီးပေါ့..ဖုန်းဆိုးရဲ့လက်ရာကို..ဒါ..ဒုတိယအကြိမ်သတိပြုမိတာပဲ..ပထမတခါက..လွန်ခဲ့တဲ့..
တနှစ်လောက်ကထင်တယ်..မိုးမခမှာပါဘူးတဲ့..“အပါယ်ခံမြို့တော် ”.ဆိုတဲ့..စာလေးတပုဒ်..။ လူတော်တော်များများလည်း..ကြိုက်ကြပုံရတယ်..အီးမေးလ်တွေနဲ့..ဟိုပို့..ဒီပို့..ပို့ကြတာ
တွေ့လိုက်တယ်..ပစ္စက္ခအခြေအနေတွေကို..ထိမိအောင်ရေးဖွဲ့နိုင်တဲ့အနုပညာက..
နဲနဲနောနောမဟုတ်..

ကိုယ်နားလည်သလို..ခံစားရတာကိုပြောတာပါ..ကဗျာတွေ..ကာရံတွေလည်းနားမလည်ပါဘူး
ဒီထက်နက်ရှိုင်းတဲ့..အနုလက်ရာတွေလည်းမဖန်တီးဘူးပါဘူး..ဒါပေမဲ့..ယေဘုယျအားဖြင့်တော့..
လူသုံးများတဲ့..အနုပညာပစ္စည်းတွေထဲက.. အနုပညာ..ပါဝင်မူ..အချိုးတွေကို..အယ်လ်ဂျီဘရာသချာင်္ တပုဒ်..လုပ်ကြည့်မိတယ်..

If အနုပညာ = x,
ကျနပြေပြစ်တဲ့..စာတပုဒ် = 1 x
ထိမိလှပတဲ့..ကဗျာတပုဒ် = 2 x
တိုးဝင်..စူးရှတဲ့..သီချင်းတပုဒ် = 3 x
ဘယ်လိုမှဖော်ပြလို့မရနိုင်တဲ့..ပန်းချီတပုဒ် = (n) x
1x <>3x <>
so, စာ < ကဗျာ < သီချင်း < ပန်းချီ

အင်း..တော်ကြာ..ဗမာမဂ္ဂဇင်းတချို့ထဲကလို..လက်ဝါးချင်းရိုက်ထားတဲ့..ဝေဖန်ရေးဆောင်းပါး
တွေနဲ့တူနေဦးမယ်...(ဖြောင့်ချက်...အထက်ကပုဂ္ဂိုလ်များ..တယောက်မှ..မမြင်ဘူး..မခင်ဘူးပါ..)


Share/Bookmark

4 Comments:

Thet Oo said...

Many Thanks...

ခင်မင်းဇော် said...

အနုပညာကို အဲလိုအချိုးပြလို့ မရဘူးထင်တယ်။
ခံစားမှူနဲ့ ဘယ်လောက်တင်ပြနိုင်လဲဆိုတာကို ကြည့်ရမယ် ထင်ပါတယ်။

Thet Oo said...

အဲဒီနေ့က ဖုန်းဆိုးရဲ့ ကဗျာကို ဖတ်ပြီး ရင်ထဲမှာဆို့သွားပြီး ဘာပြောရမှန်းမသိတာနဲ့ ကျေးဇူးတင်တဲ့အကြောင်းပဲ ပြောခဲ့တာပါ။ ကျနော်လည်း ကဗျာထက် စကားပြေကိုပဲ ပိုအားသန်ပါတယ်။
ဒါပေမယ့် သန်းထွန်း၊ မယား ၁ ဆိုတာကတော့ စကားပြေမဟုတ်ဘူးလို့ထင်တယ်ဗျ။ အဲဒီအကြောင်း နောက်မှ ပြောကြသေးတာပေါ့။ ဘလော့ဂါမိတ်ဆွေတဦးတိုးတဲ့အတွက် ၀မ်းသာပါတယ်။
ကံမကုန်ရင် ဆုံကြအုံးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့

ATN said...

U are not mathematician. And the Science and the Arts are the two different worlds. That is why we have 2 different degrees in education. B.Sc., and B.A., accordingly, right!