င်္Feed and Read

ကျွေးတယ်..စားတယ်

ရုံးမှာ..ကွန်ပြူတာရှေ့ထိုင်ရင်း..အလုပ်ကလေးလုပ်လိုက်..အင်တာနက်ကလေးကြည့်လိုက်...
အိမ်ရောက်တော့..အမောပြေ..အပန်းပြေ..တီဗီရှေ့ထိုင်..ရုပ်ရှင်လေးကြည့်လိုက်..
ခဏနေတော့..အိမ်ကကွန်ပြူတာလေးဖွင့်.ဘလော့လေးရေးလိုက်.သူများတွေဆီလျှောက်လည်လိုက်.
အင်း...အိပ်တော့မလားလို့..အိပ်ယာထဲဝင်ကွေးရင်း..ခေါင်းရင်းကစာအုပ်တအုပ်ဆွဲလှန်ပြန်ရော...

အဲဒါ..အခုခေတ် လူသားတော်တော်များများရဲ့လုပ်ရိုးလုပ်စဉ်တွေပါ..
၂၁ ရာစုမှာ..မျက်စိ ၂ကွင်းဟာ..တကယ်ပဲအလုပ်အရှုပ်ဆုံးနဲ့..အလိုအပ်ဆုံး အရာတခုဖြစ်လာပီလို့ ပြောကြတယ်...နောက်ပီး...Information overload ဖြစ်နေပီဆိုတဲ့ အသံတွေလည်း ကြားရတယ်..
ဟုတ်သား..ဒီလောက်များပြားတဲ့..သိစရာကြည့်စရာတွေကို..ကိုယ်တို့ရဲ့အကန့်အသတ်ရှိတဲ့..အချိန်.. ဦးဏှောက်..မျက်စိတွေနဲ့..ဘယ်လိုလုပ်ပီးဖတ်ရမှတ်ရပါ့မလဲ...

ပြသာနာအသစ်အဆန်းတွေအတွက်..ဖြေရှင်းနည်းအသစ်အဆန်းတွေလည်း ရှိနေပါတယ်
ဒါနဲ့ပဲ..RSS feed ဆိုတာလေးကို..ဟိုနေရာတွေ့..ဒီနေရာတွေ့-တွေ့ရင်း..လေ့လာပီး သုံးကြည့်တော့..အတော်သဘောကျမိတာနဲ့..မိတ်ဆွေတွေများ..အမူမဲ့အမှတ်မဲ့မတွေ့မိမှာစိုးလို့..
သတင်းပေးချင်လာတယ်...(သိပီးသားလူများအတွက်..အချိန်ကုန်ခံမဖတ်စေချင်ပါ..)

မြန်မာဘလော့ဂါတွေထဲမှာ..တချို့တလေတော့..ထဲ့ထားကြပီ။
ဒါပေမဲ့..ဟိုဟိုဒီဒီညွှန်းသံ..အော်သံမကြားမိသေးသလိုပဲ.. တနေ့ကတော့..နတ်ဆိုးဆိုတဲ့ကွန်ပြူတာကျောင်းသားလေးဆီမှာ Blogger and RSS ဆိုပီး ရှဲထားတာစတွေ့တယ်.. ကိုယ်ကတော့..ဘာမှမဟုတ်ပါဘူး..အသုံးဝင်တယ်ဆိုတာလေးပဲပြောပြမှာပါ..

သူက..အတွဲလေးပါ..
တကယ်သုံးပုံခေါ်ပုံက....RSS Feed to Reader
လက်တွေ့လုပ်ရတာက..Subscribe and Read
ကိုယ်ဟာကိုယ်အပျော်ခေါ်ကြည့်တာတော့...ကျွေးတယ် ...စားတယ်

ဘလော့ဂါတယောက်အနေနဲ့...
မိတ်ဆွေတွေ..ပရိသတ်တွေ..ကိုယ်အသစ်တင်လား..မတင်လား..ခဏခဏ၀င်ဝင်ကြည့်ပီး..ဘာမှမတွေ့လို့ပြန်ကွေ့သွားစရာမလိုတော့..။ကိုယ့်ဘလော့ကို FeedBurner မှာ သွား burnပီး..အဲဒီ..RSS Feedရဲ့ကိုယ်ကြိုက်ရာ icon လေးထဲ့ထားလိုက်ယုံပဲ..အဲ..ဒါပေမဲ့..ဖတ်သမားဖက်ကလည်း..ဒါဘာလည်းဆိုတာသိရမယ်ပေါ့..အဲဒါလေးကို ကလစ် ကိုယ်နှစ်သက်ရာ..reader တခုခုနဲ့ subscribe လုပ်ပီးသိမ်းထားလိုက်ယုံပဲ။ ( ဒီဘလော့ရဲ့လက်ယာဘက်အောက်ဆုံးနားမှာ..ရှိပါတယ်..သို့သော်လည်း

ဒီဘလော့ကို..Subscribe လုပ်ဖို့ Promotion လုပ်ခြင်းမဟုတ်ပါ.. :-)


ကိုယ်တိုင်..ဖတ်သမားတယောက်အနေနဲ့လည်း..
ဖတ်လေ့ရှိတဲ့ဘလော့တွေကို..ကိုယ်ကြိုက်တဲ့ Reader နဲ့သိမ်းထားပေးလိုက်...။ ဘယ်သူအသစ်တင်တယ်ဆိုတာ..ကိုယ့် Reader တခုဖွင့်ထားယုံနဲ့အကုန်သိလို့ရတယ်..။ အသုံးများမှာတွေကတော့ Yahoo..Google ..ကြိုက်တာရွေးပေါ့...။
တခုသိထားဖို့က...google' blogger သုံးတဲ့ blogspot.comတွေအတွက်က သူ့ဖာသာ အော်တို ကျွေးထား ပီးသား....RSS icon မထဲ့လည်းဖြစ်တယ်..
ဒါပေမဲ့..တဖက်က..ဖတ်မဲ့လူက..ကိုယ့် Blog URL ကို တကူးတက cut and paste လုပ်နေရလိမ့်မယ်..RSS icon လေးရှိတော့.. Reader မရှိသေး..မသိသေးတဲ့..ဖတ်သမားဖက်ကို တွန်းအားပေးသလို ဖြစ်တဲ့အပြင်..Readerရှိပီးသားလူအတွက်လည်း အလွယ်တကူ.. ကောက်စားလို့ရတာပေါ့..
သြော်..ဒါပေမဲ့..တခုရှိတာက.. Yahoo Reader သုံးမယ်ဆိုရင်တော့..တဘက်က Feed icon လေးပေးပီး ကျွေးထားမှ ယူလို့ရတာကိုတွေ့ရတယ်။ မထူးပါဘူး..ကျွေးမဲ့အတူတူ
FeedBurner နဲ့ ကျက်အောင်သာချက်ပီး (burn ) ကျွေးလိုက်တော့ပေါ့။

ကိုယ်လည်း ခုမှသိလို့ အရမ်းသဘောကျပီး..Yahoo နဲ့ Googleကိုယှဉ်သုံးကြည့်နေတယ် တမျိုးစီကောင်းတာပါပဲ..
ခုဆို..ကိုယ့်ဖတ်နေကျ..ဘလော့တွေကို..ခဏခဏ ကလစ်ပီး..အချိန်ကုန်ခံစရာမလိုတော့ဘူး..
နောက်ပီး..သတင်း site တွေလည်း တခုပီးတခု အချိန်ကုန်ခံ..လျှောက် browse နေစရာ မလိုတော့ဘူး..Google က..အသစ်အဆန်းသတင်းတွေလည်း တမော့တမော googling လုပ်နေစရာမလိုဘူး...ကိုယ့် Readerတခုဖွင့်ထားယုံနဲ့...ခေါင်းစဉ်တွေမြင်နေရပီး..ဘာအသစ်.. ဘာစိတ်ဝင်စားစရာဆိုတာ..ခွဲခြားနိုင်တယ်လေ.. ဒါပေမဲ့..ကိုယ်အမြဲသွားလေ့ရှိတဲ့..ဗမာသတင်း site တချို့မှာတော့..မိုးမခ နဲ့ RFA ကလွဲရင်..ဘယ်သူမှ..မကျွေးကြသေးဘူး...ကျွေးရင်သိပ်ကောင်းမှာပဲ..
တနေရာထဲကနေ..ထိုင်စားယုံပဲ..(ထိုင်ဖတ်ယုံပဲ)

ကဲ..အဲဒါကြောင့်..ဘလော့ဂါတွေအပါအ၀င်.. URL တခုခုလက်ဝယ်ရှိနေတဲ့..လူတွေ..Feed Burner မှာသွားပီးမြန်မြန် burn ကြပါ..လေ့လာကြည့်ကြပါ.. ကျွေးချင်တာလေးတွေကျွေးကြပါ..စားဖို့လူတွေစောင့်နေပါတယ်...

ဖတ်သမားတွေလည်း..အချိန်ကုန်သက်သာ..မျက်စိသက်ညှာစွာနဲ့..Readerလေးတွေ..ကြိုက်ရာရွေးပီး ဖတ်ကြပါလို့....

( မှားယွင်းမူ..လိုအပ်မူများရှိနိုင်ပါသည်။အကြံပြုမူများအားအထူးပင်မျှော်လင့်လျက်..)


Share/Bookmark

2 Comments:

sisain said...

Fee and Read ပြီးရင် www.addthis.com ကိုဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျား

Ye-Mon said...

အပီအပြင် ကျွေးလိုက်ပြီဗျို့။ ဘယ်နှစ်ယောက်စားမလဲ ဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားရတော့မှာပဲ။ ကျေးဇူးပါ။