(ခုတလော..ဘာမှမရေးဖြစ်တုံး..မနေ့တနေ့က..ဂျစ်တူးရဲ့..Open Mind ဆိုတဲ့..ပို့စ်လေးကိုဖတ်ရင်း..သတိတရ..Eleven ထဲမှာရေးခဲ့ဘူးတဲ့..အဟောင်းလေးတခုကို..ပြန်တင်ဖြစ်လိုက်တယ်..)
နှလုံးသားယိုစီးမူ ( သို့ ) အမျိုးသားရေးအရည်ပျော်မှတ်
မျက်ကန်းမျိုးချစ်
လေးတန်းကျောင်းသူတူမကလေးက ဘ၀တွက်တာ( ဘာသာရပ်အသစ်) မှတ်စုစာအုပ်ကိုကိုင်ရင်း ...မျက်ကန်းမျိုးချစ်ဆိုတာဘာလဲဟင်...လို့စိတ်ရှုပ်ထွေးဟန်မေးခွန်းထုတ်လာသည်၊ ချက်ချင်းဆိုတော့လည်း ရှစ်နှစ်အရွယ်ကလေးငယ်တယောက်နားလည်အောင်ရှင်းမပြနိုင်ခဲ့ပေ၊
နောက်တပတ်ကျောင်းပိတ်ရက်ကျတော့...ဘာရယ်မဟုတ်...ငါ့တူမလေးကို နိုင်ငံခြားမှာကျောင်းခေါ်ထားရမယ်လို့ပြောမိလေရာ-
“မလိုက်ဘူးမလိုက်ဘူးအဲဒီနိုင်ငံခြားကြီးကိုမုန်းတယ်”....ဟုကက်ကက်လန်အောင် ရန်တွေ့လေသည်၊
ကလေးငယ်တယောက်ရဲ့အတွေးထဲမှာဘာတွေရှိနေပါလိမ့်လို့..စိတ်ဝင်စားသွားရင်းချော့မော့မေးမိတော့မှ..
“ အဲဒီနိုင်ငံခြားကြီးကသမီးတို့မြန်မာပြည်ကိုလာတိုက်တယ်..”
“ဘယ်တုံးကလဲ သမီးရဲ့..”
“ မသိဘူး ဟိုတုန်းက ...”
ကဲ-ကျောင်းသုံးပြဠန်းစာတွေပဲပြောင်မြောက်လွန်းသလား-ဆရာမပဲဝါဒဖြန့်ကောင်းလေသလား...
ပြုံးချင်နေသောမျက်နှာကိုအပိုးသပ်ရင်း....ဒါဆို..သမီးအရင်အပတ်ကမေးတဲ့မေးခွန်းကို ဖြေဖို့ဥပမာရပီပေါ့ လို့ပြောပီးကာမှ...
သြော်..ကလေးရဲ့မျိုးချစ်စိတ်ကလေးတွေလွတ်လွတ်လပ်လပ်ရှင်သန်ပါစေလေလို့....လျောချလိုက်မိ
တော့သည်၊
တိုင်းချစ်ပြည်ချစ်စိတ်မျိုးချစ်စိတ်ဆိုတာ...ဒီမြေမှာမွေးလို့ ဒီရေကိုချစ်တာပါလို့ ရိုးရှင်းစွာ အဓိပ္ပါယ်ဖွင့်လိုက် ယုံပါပဲ။ စာသင်ခန်းတွေထဲမှာ..မိသားစုစကားဝိုင်းတွေမှာ..ရှင်သန်ကြီးထွားခဲ့ကြသည်။ အပေါင်းလက္ခဏာဆောင်လား...အနုတ်လက္ခဏာဆောင်သလား...နားမလည်ခဲ့။ ခွဲခြားရန်လည်းမလိုအပ်ခဲ့။
အနုတ်အပေါင်းလား ......အပေါင်းအနုတ်လား
အလယ်ခောတ်သမိုင်းတွေကို အခုအချိန်မှာ ခွဲခွဲခြားခြား နားလည်လာတော့ အစဦးပထမ အမျိုးသားရေးဝါဒ(Nationalism) အခြေခံသည် လူမျိုးနွယ်စုတခုခြင်းရဲ့ မကျေနပ်မူ ..ဆင်းရဲကြပ်တည်းမူ... မလုံခြုံမူများ။ ပီးတော့ လူအုပ်စုတစုခြင်းရဲ့ ငါတကောကောမူ... စိတ်ကူးယဉ်မူ ...နယ်မြေလုမူ တွေပေါ်မှာ အခြေခံကာလူမျိုးနွယ်စု (Ethnicity) အသွင်ဖြင့် သာပုံပေါ်နေသည်။ အနုတ်လက္ခဏာကိုဆောင်ကာ လူမျိုးစုတိုက်ပွဲများ...အုပ်စုဗိုလ်လုပွဲများ...ဘာသာရေးစစ်ပွဲများ သောသောညံနေသည်။
ဒုတိယကမ္ဘာစစ်ကြီးပီးသွားတော့..သွေးသစ်လောင်းထားသောအမျိုးသားရေးဝါဒသည် လှလှပပ စနစ်တကျရှိလာကာ ပြည်သူ့နီတိအသွင်ဖြင့် နိုင်ငံတော်တော်များများမှာ အပေါင်းလက္ခဏာ ဖြစ်လာပြန်သည်။
ဟော-အခု ဂလိုဘယ်လိုက်ဇေးရှင်း လို့အော်ကာ တကမ္ဘာလုံးကို ဇာတ်ခုံတခုတည်းဖြစ်အောင် လုပ်လာကြတော့...ဘယ်သူကဇာတ်လိုက်လုပ်မလဲ...ဘယ်သူဇာတ်ရံလဲ...လူကြမ်းကဘယ်သူဖြစ်မလဲ.. ဘယ်သူရှုံးလို့ ဘယ်သူနိုင်မလဲ- ကိုယ်ပိုင်သီးသန့်အမျိုးသားရေးစိတ်ဓါတ်တို့ နေရာမကျနိုင်အောင် ခေါင်းရှုပ်စရာဖြစ်လာပြန်ပီ၊ ဒွေးရောယှက်တင် လွန်းတော့လည်း ကိုယ်ပိုင်အတ္တချင်းတွေ ပွတ်တိုက်မိရာက ပွင့်လာတဲ့ လူမျိုးရေးခွဲခြားမူ မီးပွားတွေက ကမ္ဘာကြီးကို ပြန်လည် ကူးစက် လောင်မြိုက်လာပြန်ပီ။ ဖွံ့ဖြိုးပီးကမ္ဘာ့နိုင်ငံကြီးတွေမှာဆိုလျှင်.. နိုင်ငံစုံမှလူမျိုးစုံ ရွှေ့ပြောင်းအခြေချမူတွေ..တိုးပွားလာသလောက်...ပုံသဏ္ဌန်စုံလှသော..အမျိုးသားရေးလက္ခဏာများက.. ထိုနိုင်ငံကြီးများရဲ့တလုံးတစည်းဖြစ်မူ နှင့် တပြေးညီဖြစ်မူတို့ကို ဇိမ်ခေါ်နေလေပီ။
ဦးဏှောက်နှင့်နှလုံးသားယိုစီးမူ
ကမ္ဘာဦးစတည်းကတော့ လူတွေ အုပ်စုဖွဲ့ ရွှေ့ပြောင်းသွားလာနေထိုင်ကြတာပါပဲ၊ အစာရေစာပေါများရာ..ရေကြည်ရာမျက်နုရာ နယ်သစ်ပယ်သစ်တို့...ရှာပီးရင်းရှာကြတာပဲ၊ ရွှေ့ပီးရင်းရွေ့ကြတာပဲ။ ပြတ်ပြတ်ထင်ထင်...မြင်နေရသော ယနေ့ခေတ်လူ့သမိုင်းမှာကျတော့ ..အကြောင်းရင်းခံတွေက..တဖြည်းဖြည်း ထွေပြားလာသည်။..နယ်သစ်ပယ်သစ်ရှာစရာအကြောင်းကလည်းမရှိသလောက်မို့ အရင်ဦးဆုံးရောက်နှင့်သူ ထံမှာ တိုက်ယူ ချင်ယူ။ မဟုတ်ရင် သစ္စာခံဖို့သာရှိသည်။
ရွှေ့ပြောင်းအခြေချခြင်း ( Migration) ဖြစ်စဉ်သည်ယနေ့လက်ရှိအခြေအနေမှာ မခန်မှန်းနိုင်လောက်အောင် တိုးတက်များပြားလာနေသည်။ ဆင်းရဲခက်ခဲသောနိုင်ငံသားတို့ ချမ်းသာကြွယ်ဝသောနိုင်ငံများဆီ..တရွေ့ရွေ့တိုးဝင်နေရင်း..ကမ္ဘာကြီးသည်.တဖက်စောင်းနင်းဖြစ်သထက်ဖြစ်လာသည်။အတူပါလာသော...အမျိုးသားရေးစိတ်ဓါတ်လက္ခဏာတို့သည်လည်း..စီးမျောတ၀က်...အရည်ပျော်တ၀က်..ပုံသဏ္ဌန်ပျက်ယွင်းလာကြတော့သည်၊
ဒါပေမဲ့လည်း ဂျူးလူမျိုးတွေ ကမ္ဘာတလုံး ပြန့်ကျဲသွားခဲ့တဲ့ကြားထဲက နှစ်ပေါင်း ထောင်နဲ့ချီပီး ဂျူးအစဉ်အလာ(Judaism) ကိုထိန်းသိမ်းနိုင်ခဲ့ကြတာကတော့ ချီးကျူးစရာ။ ဘယ်နေရာ ရောက်ရောက်သူတို့တွေ..ဂျူးသာဖြစ်သည်။..တရုတ်လူမျိုးများအတွက်လည်း..တရုတ်ပြည်ကြီးကိုရောက်ဘူးစရာမလို နေရာတိုင်းမှာ China Town များရှိသည်၊ အမျိုးသားရေးသွင်ပြင်လက္ခဏာများကို နည်းအမျိုးအမျိုးနှင့် လက်ဆင့်ကမ်း ခဲ့ကြသည်။
တနှစ်ဆီက ဖလော်ရီဒါကမ်းခြေမှာရှိတဲ့ မြန်မာမိတ်ဆွေတယောက်ရဲ့ကျောက်ဖြူသား ဧည့်ခန်းမှာ တခမ်းတနား..ချိတ်ဆွဲထားတဲ့..သားဖြစ်သူ..ရဲရင့်ဆုတံဆိပ်ယူနေသောမေရိကန်ရေတပ်ဝတ်စုံနှင့်
ဓါတ်ပုံကိုမြင်ခဲ့ရစဉ်က အတွေးတွေ တပုံတပင်ဖြစ်ခဲ့ရဘူးသည်၊
စင်ကာပူအမျိုးသားနေ့တနေ့မှာ..အနီရောင်နဲ့အဖြူရောင်..စင်ကာပူအလံတော်စတစ်ကာလေး
တွေ ပါးနဲ့နဖူးမှာ အပြည့်ကပ်ထားတဲ့ မြန်မာလူမျိုးသူငယ်ချင်းရဲ့သမီးလေးက စင်ကာပူနိုင်ငံတော်သီချင်းကို ဌါန်ကရိုင်းကျကျ ဆိုပြတော့လည်း ဘာရယ်မသိ ဆုံးရှုံးချင်းတခုလိုဝမ်းနည်းမိခဲ့သည်။
ဆုံးရှုံးခြင်းအမွေ
Inheritance of Loss (ဆုံးရှုံးခြင်းအမွေ) ခေါင်းစဉ်နဲ့ဝတ္တုတပုဒ် အင်္ဂလန်နိုင်ငံရဲ့ထိပ်တန်းဝင် စာပေဆုကြီး တခုဖြစ်တဲ့ Man Booker Prize ကို ၂၀၀၆ အတွက် ဆွတ်ခူးသွားတယ်ဆိုတဲ့ သတင်း ကိုတွေ့လိုက်သည်။ စာရေးသူက အသက် ၃၅ နှစ်အရွယ် လက်ရှိအမေရိကနိုင်ငံမှာ ပြောင်းရွှေ့အခြေချနေထိုင်သူ အိန္ဒိယ အမျိုးးသမီး ကီရန်ဒေစီ ဆိုသောနောက်ဆက်တွဲကို ပိုလို့စိတ်ဝင်စားသွားမိသည်။ ဆက်ကျော်သက်အရွယ်က..သူကျောခိုင်းခဲ့သော အိန္ဒိယပြည်ကြီးရဲ့မြို့လေးတမြို့မှာ ဇာတ်အိမ်ကိုတည်ထားသည်။
ကိုလိုနီခောတ်နှောင်းပိုင်းကအင်္ဂလန်နိုင်ငံမှာပညာသင်ခဲ့ပီး...သူအထင်ြကီးအတုယူထားတဲ့ အနောက်တိုင်း ထုံးဓလေ့များနဲ့...စာသင်ခန်းထဲမှာကြုံတွေ့ခဲ့ရတဲ့..ခါးသီးစက်ဆုပ်ဘွယ်အထင်သေးမျက်လုံးများကြားမှာ....
ဝိရောဒိဖြစ်ကာ...အရာရာကိုအလိုမကျနိုင်ဖြစ်နေသော..အိန္ဒိယလူမျိုး ပင်စင်စားတရားသူကြီးအဘိုး၊ အနောက်တိုင်း သာသနာပြုတွေ ရဲ့လက်ထဲမှာကြီးပြင်းရင်း ဆက်ကျော်သက်အရွယ်မှာ အဘိုးနဲ့ နေထိုင်ရအောင်ရောက်လာတဲ့..ဒုက္ခိတမြေးမလေး...
သူမနဲ့ချစ်ကြိုးသွယ်နေတဲ့..နီပေါတိုင်းရင်းသားသင်္ချာဆရာလေးရဲ့...တိုင်းရင်းသားလွတ်မြောက်ရေးလှုပ်ရှားမူ၊ ဒါတွေကိုဇာတ်လမ်းလေးအဖြစ် ယက်ခြယ်ထားသည်။ တပြိုင်ထဲမှာပဲဇာတ်လမ်းကိုပိုပီးသွက်လက်ရွင်မြူးစေတာက....မြေးအဘိုးအိမ်က...ထမင်းချက်ကြီးက..သားဖြစ်သူအပေါ်အထင်ကြီးမျှော်လင့်ခြင်း.....ရှုပ်ထွေးစည်ကားလှတဲ့...နယူးယောက်မြို့ကြီးရဲ့ မြေအောက်ခန်းလေးထဲက ဘ၀ရပ်တည်ချက်ရှာမတွေ့နိုင်ဖြစ်နေတဲ့ ထမင်းချက်ကြီးရဲ့သား တရားမ၀င် အလုပ်သမားလေးရဲ့ နာကျင်ရီမောဘွယ်အခန်းလေးများဖြစ်သည်။
ဆုံးရှုံးမူအသီးသီးကိုလက်ဆင့်ကမ်းခံခဲ့ရတဲ့....သူ့ရဲ့ဇာတ်ကောင်တွေအားလုံးမှာတွေ့ရတာက ...ဘာမှမတတ်နိုင်ခြင်း အနှိမ်ခံအရှက်ရခြင်းများသာမို့ အဆိုးမြင်ဆန်လေသလားတော့မသိ။ အကဲဖြတ်သုံးသပ်သူများကတော့....ကိုလိုနီဆိုးမွေ...ဂလိုဘယ်လိုက်ဇေးရှင်းရဲ့မပီပြင်မူ...အခြေခံဝါဒီများနဲ့ အကြမ်းဖက်လမ်းစဉ် စတဲ့ ၂၁ရာစုရဲ့ ခေတ်အစားဆုံးခေါင်းစဉ်များကို တလုံးတစည်းထဲ ကွက်ကွက် ကွင်းကွင်းမီးမောင်းထိုးပြလိုက်သော အကောင်းဆုံးဝတ္တုပါပဲလို့ တပြိုင်တည်းမှတ်ချက်ပေးကြသည်။ ဒေသခံအိန္ဒိယလူမျိုးတို့ရဲ့ဝေဖန်မူတွေကိုတော့- စာရေးဆရာမ ဒေစီက.....
“ကျမအသေအချာမထိတွေ့နိုင်တဲ့ အိန္ဒိယနိုင်ငံကိုအတတ်နိုင်ဆုံးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သရုပ်ဖော်ထားပါတယ်။ အိန္ဒိယလူမျိုးတယောက်ဖြစ်ပီး..အိန္ဒိယဟာ ကျမရဲ့နိုင်ငံမဟုတ်တော့တာ တကယ့် ဆုံးရှုံးမူတခုပါပဲ..”လို့ဖွင့်ဟခဲ့သည်။
သူကတော့...နှလုံးသားဆုံးရှုံးခြင်းဖြစ်လိမ့်မည်။..ဒါ့ထက်မက..ကိုယ်ဘယ်အုပ်စုထဲကလဲဆိုတာပင်မခွဲခြားနိုင်တော့သော Loss of Identity ကိုယ်ပိုင်လက္ခဏာ ဆုံးရှုံးသူတွေရော။ မိတ်ဆွေတယောက်ကိုသတိရမိသည်... သူက သြစတြေလျနိုင်ငံသား... လူမျိုးက မြန်မာ-ကရင် နဲ့အိန္ဒိယကပြား...သူ့နဲ့အတူနေတဲ့အမျိုးသမီးက..ဗီယက်နမ်နဲ့ကိုရီးယားကပြား...
သူတို့နှစ်ယောက်ကမွေးတဲ့...ပေါက်ကာစကလေးလေးကိုငုံ့ကြည့်ရင်း...ခေါင်းကိုက်ရောဂါတခုလိုစွဲနေသော ငါ့တိုင်းပြည် ငါ့လူမျိုးဆိုသောအတွေးတို့ လန့်ဖျတ်ထွက်ပြေးသွားဘူးသည်။
ကကမ္ဘာနိုင်ငံကြီးများကဖော်တဲ့မျိုးချစ်စိတ်ဖြတ်ဆေး
တကယ်တော့....ရွှေ့ပြောင်းအခြေချသူတွေအတွက်..ကိုယ်ရောက်ရှိနေထိုင်ရာ....ပတ်ဝန်းကျင်
ယဉ်ကျေးမူတွေနဲ့ တသားတည်းဖြစ်အောင်ကြိုးစားနေထိုင်ရင်း....တချိန်တည်းမှာပဲ အလွယ်တကူ ဖြတ်ပစ်လိုက်လို့မရတဲ့ မျိုးချစ်စိတ်တွေ ဇာတိ ရပ်မြေသံယောဇဉ်တွေက နာတာရှည် ခေါင်းကိုက်ရောဂါ တွေဖြစ်လာကြသည်၊
တလောက လက်ဘနွန်နိုင်ငံထဲက ဟစ်ဇဘိုလာလက်နက်ကိုင်တွေကို အစ္စရေးက ၂ပတ်ကြာအောင် လေဆိပ်တွေ ပါမကျန် ၀င်ရောက် ဗုံးကြဲတော့ သြစတြေအစိုးရက သူ့နိုင်ငံသားခံယူထားတဲ့ လက်ဘနွန်လူမျိုး နှစ်သောင်းကျော်ကို သင်္ဘောကြီးတွေနဲ့ နှစ်စီးတိုက်လောက်သွားရောက်ကယ်တင်ခဲ့ရသည်။ အဲလောက်အများကြီး တချိန်ထဲမှာ ဘာ ပြန် လုပ်နေကြသလဲ။..တကယ်တော့..အဲဒီလက်ဘနိစ်တွေသည်..သြစတြေလျနိုင်ငံသားခံယူထားသော်လည်း ကိုယ့်ဇာတိမြေမှာသာ ပြန်နေနေကြခြင်းဖြစ်သည်။ အဲနောက် မကြာခင်ဘဲ သြစတြေလျအစိုးရက..သြစတြေလျနိုင်ငံသားခံယူမူစည်းမျဉ်းတွေကိုတိုးမြှင့်သတ်မှတ်လိုက်သည်။ Australian Value ဆိုတဲ့ခေါင်းစဉ်အောက်မှာ သြစတြေလျ နိုင်ငံအပေါ် ဘယ်လောက် သစ္စာခံနိုင်မည်လဲ ဆိုတာကို မှတ်ကျောက်တိုက်ကာစစ်ဆေးဖြေဆိုခိုင်းတော့မည်။
အမေရိကန်ကလည်း အခုနောက်ပိုင်း သူ့ရဲ့ကမ္ဘာကျော်ထီဖွင့်ပွဲကြီးနဲ့ နိုင်ငံသားသတ်မှတ်မူတို့ကို Democracy Value ဘယ်လောက်နားလည် မလည်ဆိုတာပေါ်မှာစဉ်းစားဆုံးဖြတ်တော့မည်တဲ့။ အဲဒီ Value ဆိုတဲ့
ဝေါဟာရအတော်အသုံးဝင်လာသော်လည်း ခက်တာက ဘာတွေလဲဆိုတာ အဓိပ္ပါယ်အတိအကျ ဘောင်ခတ်လို့မရ။ ပုံသဏ္ဌန်လည်းမပီပြင်။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ Reaffirmation of Western Identity အနောက်ဟန် သွတ်သွင်းခြင်းများရှိနေတယ်လို့လည်းမကျေမနပ်ပြောဆိုနေကြသည်။ သေချာတာကတော့ တကမ္ဘာလုံးလိုလို...အနောက်ဘာသာစကား...အင်္ဂလိပ်စကားကို...မဖြစ်မနေ တန်ဖိုးထား အသုံးပြုလာကြရတာပါပဲ။ အံ့သြစရာကောင်းတာက အမေရိကန်ရဲ့လူဦးရေ သန်း ၃၀၀ နီးပါး မှာ ၃၂သန်းကျော်ဟာ အင်္ဂလိပ်စကားကောင်းကောင်းမပြောနိုင်ဘူး ဆိုတဲ့အချက်ဖြစ်သည်။ စပိန်စကားပြောတဲ့ ရေခံမြေခံမက္ကဆီကန်မျိုးနွယ်စုတွေနဲ့ တောင်အမေရိကတိုက်ကနေ စီးဝင် နေတဲ့လူစီးကြောင်းကြီးကြောင့်...စပိန်စကားဟာ...အမေရိကန်ရဲ့ဒုတိယအသုံးအများဆုံးဘာသာစကား ဖြစ်လာနေ သည်။ အရင်တုံးကတော့ အင်္ဂလိပ်စကားကို နားလည်မူနဲ့ပဲသတ်မှတ်သုံးစွဲနေခဲ့ကြပေမဲ့ အခုတော့ တရားဝင် နိုင်ငံတော် ဘာသာစကား ဖြစ်ဖို့ ကဗျာကယာစိုင်းပြင်းနေကြပီ။
အရောင်စုံ အရသာစုံ သကြားအုပ်ထားသောမျိုးချစ်စိတ်ဖြတ်ဆေးတွေ ဖော်စပ်ကုန်ကြပီ။
အာရှတိုက်ရဲ့ Cosmopolitan လို့နံမည်ကြီးတဲ့ လူမျိုးစုံလှတဲ့စင်ကာပူနိုင်ငံမှာတော့.. လူများစုဖြစ်တဲ့...တရုတ်နဲ့...အိန္ဒိယနွယ်..သွေးနှောထားတဲ့..ကော့ကေးရှန်းရုပ်ဆန်ဆန်လူငယ်လေးတွေရဲ့ မျက်နှာပြည့်ပုံကြီးတွေကို Changing Faces ပြောင်းလဲလာသောမျက်နှာများ လို့စာတမ်းထိုးပီး လမ်းဆုံလမ်းခွနေရာတွေမှာ အသေအချာချိတ်ဆွဲပြထား တာတွေ့ရသည်။ ဘာအဓိပ္ပါယ်လည်းတော့မရှင်း.... လူမျိုးရေးစွဲ နဲပါးနိုင်သော နိုင်ငံသားပုံစံအသစ်တခုကို ပရိုမိုးရှင်း လုပ်ခြင်းသာဖြစ်လိမ့်မည်။
နေရှင်နယ်လစ်ဇင်နဲ့ ဂလိုဘယ်လစ်ဇင် ဘာကိုရွေးမလဲ
အဲဒီတော့ ခေါင်းကိုက်ခြင်းကင်းသော ခောတ်မှီဟန် အမြင်ကျယ်ဟန် ရှိသော ဂလိုဘယ်နိုင်ငံသားအသစ်ဆီကို သွားမလား။ အမြင်ကျဉ်းမြောင်းတယ်ပဲဆိုဆို ခောတ်နောက်ပြန်ဆွဲတယ်ပဲပြောပြော အမျိုးသားရေး အသွင်လက္ခဏာများကို ကြံ့ကြံ့ခံကာထိန်းသိမ်းစောင့်ရှောက်မလား။
အရေးကြီးတာက နှလုံးသားရဲ့အသံကိုနားထောင်ဖို့မမေ့ရန်သာဖြစ်သည်။
ဂလိုဘယ်လစ်ဇင်ဆိုတာကလည်း အခုမှသာ ဂျေဒိုးနတ်မုန့်လို အသစ်အဆန်းဖြစ်နေပေမဲ့ ၁၉၆၀-၇၀နှစ်တွေလောက်တည်းကစခဲ့တဲ့...ကမ္ဘာ့ကုလသမဂ္ဂလို....ကမ္ဘာ့ဘဏ်လို..ဘိုးအေဂလိုဘယ်လစ်ကြီးတွေပင် ခြေကုန်လက်ပန်း ကျတဲ့အချိန်ရောက်နေပီ။ တကယ်တော့လည်း ကမ္ဘာ့အင်အားကြီး..ချမ်းသာကြွယ်ဝသောနိုင်ငံတွေက...ဂလိုဘယ်လစ်ဇင်ကို..အပြတ်ပေးလက်ငင်းငွေချေကာ ၀ယ်ထား လိုက်ပီး သားလို ဖြစ်နေသည်ပင်။
ဘယ်သူမဆို..International လို့ခေါင်းစဉ်တပ်ပီး တွေးနိုင်ပြောနိုင်ကြပေမဲ့ National ဆိုတဲ့ ဘောင်လေးထဲမှာပဲ နေချင်ပျော်ချင်ကြတဲ့လူတွေချည်းပါပဲ။ အခုတော့လည်း ကုန်သွယ်ရေးမညီမျှမူ လူမျိုးရေးဘက်လိုက်မူ.. ဘာသာရေးကန့်သတ်မူ တွေအောက်မှာ Nationalism ဆိုတဲ့ကြက်သရေရှိလှတဲ့
ဝေါဟာရအစား Unilateralism, Racism, Extremism ဆိုတဲ့....ကြမ်းရှရှနံမည်တွေတပ်ကာအပြန်အလှန် လက်ညှိုး ထိုးနေကြပြန်ပီ။
အဲဒီ နေရှင်နယ်လစ်ဇင် နဲ့ ဂလိုဘယ်လစ်ဇင် အစွန်းနှစ်ဖက်ဆက်သွယ်ထားတဲ့ကြိုးကိုတော့ တင်းအောင် မဆွဲမိဖို့အရေးကြီးသည်။
ဒီနေရာမှာ ဆရာကြီးရွှေဥဒေါင်းပြောခဲ့တဲ့ ....
“ကျနော့်ရဲ့အမျိုးသားရေးစိတ်ဓါတ်ဆိုတာ...ဘောလုံးပွဲမှာ..ဗမာနိုင်ရင်ပီးရောဆိုတဲ့..စိတ်ဓါတ်မျိုး မဟုတ်ပါဘူး။..ဒါပေမဲ့..ဗမာနိုင်ခဲ့ရင်တော့
ဝမ်းသာကျေနပ်ဂုဏ်ယူတတ်တဲ့စိတ်ဓါတ်မျိုးပါ..”
ဆိုတဲ့မှတ်တမ်းဝင်စကားလေးကို နက်နက်ရှိုင်းရှိုင်းသတိရဆင်ခြင်မိလိုက်သည်၊
ဇန်န၀ါရီလ ၂၀၀၇ ညွှန်း-"Collapse of Globalism "
by John Walston, 2006
◦

11 Comments:
မရေး မရေးနဲ့ ရေးမယ့်ရေးတော့လည်း …မကေ..
လူ့စိတ်ပညာ သဘာဝနဲ့ ပတ်သက်လို့ တွေးမိရုံလေးပါ။ လူတွေဟာ တူချင်ကြတယ်.. တူရာကို ပိုနှစ်သက်သဘောကျတယ်. . တူရာကို ပိုချစ်တယ် ပိုကာကွယ်တယ်..။
တူတယ်ဆိုတာ စိတ်လက္ခဏာ အယူအဆ ထုံးတမ်းစဉ်လာ ဓလေ့ တွေသာမက ရုပ်လက္ခဏာ အသွင်အပြင် အသားအရောင် စသည် စသည်များ ။
ရုပ်လက္ခဏာ ပါလာရင် (အဲဒီထင်မြင်ချက် လည်း မှန်ရင်) အဲဒီလက္ခဏာတွေဟာ “သွေး” ကနေ ထင်ဟပ်နေတတ်တယ်။
တူတာ မတူတာတွေ အလွန်ကွဲပြားခဲ့ချိန် နယ်နိမိတ် သီးသီးသန့်သန့် ဘောင်ခတ်ကြချိန်မှာ အင်အားကြီးသူ က အင်အားနည်းသူကို အနိုင်ကျင့်ခဲ့တဲ့ သာဓကတွေ သမိုင်းမှာ ရှိခဲ့တယ်။
ဒါကြောင့် သွေး ကို ထိန်းသိမ်းချင်သူများ ရှိကြတယ်။
“တူမှ ချစ်မယ်။ တူမှ တူသူချင်း ကာကွယ်မယ်” ဆိုတာမျိုး။
တူလို့ ချစ်ခြင်းဟာ အမှန်အကန်ဆိုရင် အခြေအနေတစ်ရပ်ကြောင့် ကျေးဇူးတစ်ခု စောင့်သိခြင်းကြောင့် တာဝန်ကျေခြင်း နဲ့တော့ မတူနိုင်။
လူဆိုတာ တဖက်မှာလည်း ရက်စက်တတ်တဲ့ အနိုင်ကျင့်တတ်တဲ့ သဘော သဘာဝတွေ ပါဝင်ပေါင်းစပ်နေတယ်။ ဆူနာမီသတင်း မီးတောင်ပေါက်တဲ့သတင်း ကြည့်တဲ့အချိန် အရသာခံမနေဘူးလို့ အာမခံနိုင်သလား။ ဆိတ်ကွယ်ရာရောက်တော့ ထောင်တွေမှာ လူလူချင်း နှိပ်စက် အရသာခံတယ်။ ဥပမာ အီရတ်ကိစ္စတွေ။ ဓာတ်ပုံတွေကြည့်တော့ ခိုင်းလို့လုပ်တာထက် နှစ်သက်ပျော်မွေ့စွာ လုပ်ခြင်းပါတယ်လို့ sense ရမိတယ်။ (အနိဌာရုံဖြစ်ခြင်း စက်ဆုပ်စရာဖြစ်ခြင်း ကိုက ရသ တစ်ရပ်)။ လူ့သဘာဝ ကြောက်စရာ။
တချိန်ကတော့ ကျွန်စနစ်ဆိုတာ ရှိခဲ့တယ်။ လူမျိုးနဲ့ခွဲတယ်။
သို့သော် သို့သော်………
တစ်ယောက်ချင်း တစ်ယောက်ချင်းသဘောထားကို ဘာမှ မပြောလို။
ခြုံပြောရရင် ဂလိုဘယ်လိုက်ဇေးရှင်းဟာ အမှန်တကယ် ဖြစ်ပေါ် နေသော ပြောင်းလဲမှု တစ်ရပ် ။ မှန်၏။
ခွဲမရအောင် တကယ် ရောလည်း ပြဿနာအေးတယ်။
တကယ် အလုံးစုံ မရောခင်မှာ ကမ္ဘာ့ရွာကြီးလုပ်ကြေး ဆိုရင် အားကြီးလွှမ်းမိုးနိုင်သူတွေက မတူသူလူစုတွေရဲ့ “အကျိုးစီးပွား” ကိုဘယ်လောက်ကြည့်မလဲ။ ကိုယ်က ဘယ်အထဲမှာလဲ။
တချို့က တကယ်ပူပန်တာ ဖြစ်နိုင်တယ်။ တချို့က ဒါကိုအကြောင်းပြ ပြီး ကိုယ့်တူသူ အမျိုးစုလေးကို ချုပ်ထားတယ်။
မည်သို့ပင်ဖြစ်စေ လူ့သဘာဝကို လျှော့တွက်မိသော ၀ါဒ (သို့) လှုပ်ရှားမှု (သို့) အခြေအနေ ဖြစ်ခဲ့လျှင် အဆုံးသတ် မကောင်းတတ်။
သို့သော် အမှန်တရား (reality) ကပြောပြန်တယ်။ အများညီရင်လည်း ဤ ကို ကျွဲ ဖတ်ကြတာပဲတဲ့။ တကယ်ညီလည်း ပျော်ပျော်ပါးပါးပေါ့။ ကျွဲ ကျွဲ.. ဟဲဟဲ..
ဒီတော့ မကေ ပြောတဲ့ ကြိုးရဲ့ လွန်ဆွဲပွဲက စိတ်ဝင်စားစရာတွေ ဖြစ်လာရော။
သေချာတာကတာ့ ဘာနာမည်တပ်တပ် လူတွေအားလုံး တိုက်ပွဲဝင်နေကြတာ နောက်ဆုံးတော့ “တရားမျှတမှု” အတွက်ပါ။ ပေးနိုင်ပါစေ .. ကမ္ဘာ့ရွာ..။
အိပ်တော့မယ့် ဆဲဆဲ.. အိပ်ချင်မူးတူး ဘာတွေရေးမိလဲ မသိတော့ဝူး..
ဟဲဟဲ.. နက်ဖြန်တော့ အလုပ်ထဲ အိပ်ငိုက်ပေဦးမယ်။
ကောင်းတယ်ဗျာ။ မကေရဲ့ပိုစ့်ရော မပန်ရဲ့ ကော်မန့်ရော။ ကျွန်တော်လည်း အဲလိုမျိုးတွေ တခါတလေရေးကြည့်ချင်တယ်။
ဒါလေးဖတ်ပြီး ဗဟုသုတ တိုးသွားတယ် မကေ ။
မပန်ရေ..လေးနက်စူးရှတဲ့(သံချောင်းကြီး) အဲ..ဟုတ်ပါဘူး..မှတ်ချက်ရှည်ကြီးကြောင့်..ကျေးဇူး။
ကိုသံလွင်ကလဲချိုနေပြန်ပီ..ငါမေးတာတော့မဖြေဘူး..မဂျစ်ကလဲ..
သူ့ဆွဲစိထားတာနဲ့..အားနာပါးနာစာလာချသွားရှာတယ်
မကေရဲ့ဆောင်းပါးလေးက အရမ်းလေးနက်ပါတယ်။
ywetwar: မကေသွယ်။ နှလုံးသားယိုစီးမှု (သို့) အမျိုးသားရေးအရေပျော်မှတ် ကိုဖတ်သွားတယ်။ ဗဟုသုတတွေ အများကြီးရတယ်။ စဉ်းစားမိတာတွေလည်း အများကြီးပဲ။ မကေသွယ် ကတစ်ခုခုကို အဆိုးမြင်နေလားလို့။ကျွန်တော် သဘောပေါက်တာ မမှားဘူးဆိုရင် မကေသွယ်က တိုးတတ်တဲ့ နိုင်ငံက အစိုးရတွေကို အဆိုးမြင်နေလားလို့။ ကျွန်တော် ဘလော့မှာလည်း ပို့စ်အသစ်ရေးထားတယ်။ နှလုံးသားယိုစီးမှု ကိုလည်း လင့်ခ်ပေးထားတယ်။ လာဖတ်ပါဦး။
( copy from chat box)
ရွက်ဝါရေ..အမစာကိုခုလိုလေးလေးနက်နက်သုံးသပ်ပြတဲ့အတွက်..တကယ်ဝမ်းသာပါတယ်. ရွက်ဝါသဘောပေါက်တာမှားတော့မမှားပါဘူး..အင်း..မှန်လဲမမှန်သေးဘူး။ အမက..တကယ့်ဖြစ်ပျက်နေတဲ့အရှိတရားတွေကို.အတတ်နိုင်ဆုံးချပြကြည့်တာပါ။နောက်တခုက..ဘာတွေပဲပြောပြော..လူမျိုးတိုင်းဟာ..ကိုယ့်ပတ်ဝန်းကျင်ရေမြေမှာပဲစိတ်ချိုင့်ဝှမ်းကြတယ်ဆိုတာပါ။ အနောက်တိုင်းသားတွေဆီမှာ..နမူနာယူစရာတွေအများကြီးရှိပါတယ်..လုံးဝအဆိုးမမြင်ပါဘူး..အထူးသဖြင့်လူ့အခွင့်အရေးပေါ့..လူမျိုးတိုင်းမှာ..ကောင်းတာ။မကောင်းတာလေးတွေဒွန်တွဲနေတာပဲနော်..အရေးကြီးတာက..ကို့အားနဲချက်ကိုမြင်အောင်ကြည့်တတ်ဖို့နဲ့..သူများကောင်းကွက်ကိုအသိအမှတ်ပြုနိုင်ဖို့ပါသေချာတာတော့..အမ..မျက်ကန်းမျိုးချစ်မဖြစ်ချင်ဘူး
လက်မှတ်တွေ၊ စာချုပ်တွေထက် ရင်ထဲက အသိအမှတ်ပြုမှုက ပိုအရေးကြီးပါတယ်။ နိုင်ငံ အတွက် လုပ်ပေးနိုင်တယ်၊ မလုပ်ပေးနိုင်ဘူးဆိုတာ အခြေအနေတွေ အပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။ အခက်အခဲတွေကြားက တောင့်ခံနေတဲ့ သူတွေကို အရမ်းလေးစားမိပါတယ်။ အခြေအနေအရ ပြောင်းလဲရတဲ့ သူတွေကို လည်း နားလည်မိပါတယ်။ မြန်မာမှန်ရင် အခွင့်အရေးရတာနဲ့ ကိုယ့်တိုင်းပြည်ကောင်းကျိုးကို ထမ်းဆောင်မယ်လို့ ယုံကြည်ပါတယ်။
ဒါပေမယ့် မြန်မာစကားပြောတဲ့ နိုင်ငံခြားသားတွေရှိနေတယ်ဆိုတာလည်း ၀မ်းနည်းစွာ အသိပေးလိုက်ပါရစေ။ ကိုယ်တွေ့ပါ။
အမေရိကန်ရောက်နေတဲ့ သူတစ်ယောက်ပြောတဲ့ စကားကို ကြားလိုက်ရလို့ပါ။ ငါတို့ အမေရိကန်သမ္မတက ဘယ်လို၊ မင်းတို့ မြန်မာတွေက ဘယ်လိုဆိုတော့.... သူက မြန်မာမဟုတ်တော့ဘူးလို့ လုံးဝကို ခံယူသွားပါပြီ။ အဲဒီလို လူမျိုးတွေရှိနေတဲ့ အတွက် တော့ ၀မ်းနည်းမိပါတယ်။
မှတ်ချက်အတွက်..ကျေးဇူးတင်ပါတယ်ကိုအောင်ဝင်းထွတ်...လူတွေကိုအရေခွံတွေချွတ်ကြည့်နိုင်အောင်ကြိုးစာခြင်းနဲ့..သွေးကစကားပြောခြင်းဆိုတဲ့အမြင်၂ခုကြားမှာ..ညီမျှချင်တာပါဘဲ။
တချိန်မှာ..ဗမာပြည်သူများ၏..ဆိတ်သုဉ်းနေသောအခွင့်အရေးတချို့အတွက်..ပြန်လည်ကိုယ်စားပြုနိုင်ပါစေလို့..ဆန္ဒမွန်ဖြင့်
Dear Kay,
I can understand ur strange feeling when u saw ur friend's daughter singing Sg national song. and i understand that u feel jealous on the fact the Jews and Chinese can maintain the culture identify wherever they r.
But dear key, one thing I observe is that while Chinese and jews have the critical mass (enough population) to build their own community in foreign land, we lack one.
if we have enough population at any particular foreign land, we might be able to maintain our own identify more.
Regards,
FYI
Europe makes peace with nationalism
Charlemagne
Mar 27th 2008
From The Economist print edition
Even in a border-free Europe, everyone wants a homeland
NOT just Belgium, but (supposedly) the entire European Union sighed with relief this week when a new Belgian government got to work—ending nine months of squabbling among the political parties. To Euro-enthusiasts in Brussels, their host country's failure to form a government after last June's election was alarming. The argument is that Belgium matters because it is a model for Europe, with a complex federal system (the country boasts six governments and parliaments) designed to share power between three regions and three linguistic communities (Dutch-, French- and German-speakers). And if small, wealthy Belgium cannot make federalism work, how can the EU?
In truth, this is a circular argument. So what if Belgium has institutions similar to those that a federal EU might use? Being an analogy, if readers will forgive the phrase, is not the same thing as being the same thing. What really matters about fractious, multinational Belgium is that its system of government shows up a painful paradox for the EU: that compromise is needed if competing nationalities are to gain from co-operation, but that too much compromise is toxic to democracy.
A prudent Euro-federalist would resist comparisons with Belgium's rotten institutions, described by one Belgian senator as a "particracy" in which power is derived only tenuously from votes cast by the people. All Belgian federal governments are coalitions that must contain parties from both the French- and Dutch-speaking communities, who lead more or less separate lives. Some compromise is fair enough, you might think: otherwise the majority Dutch-speakers could always outvote the minority who speak French (this is certainly how Francophones present matters). But the elevation of compromise to a moral necessity has proved fatal to democratic accountability
Last June's election shows this. It sent two clear "kick the bums out" messages. Among Flemish parties, the mushily free-market ruling Liberals lost to the mushily conservative Christian Democrats. Among French-speakers, the Socialists were given a drubbing after a string of corruption scandals. Yet after nine months of horse-trading, both defeated parties are in the new five-party coalition (this boasts 22 ministerial posts, including five deputy prime ministers). Even this is provisional. If the new government does not surrender more powers to the regions by July, Flemish separatists in the coalition could walk out, triggering a new crisis that edges Belgium a step closer to partition. Doubtless a new compromise will then be found, in another deal behind closed doors. As ever, the voters will have little power to sanction or reward their rulers for such antics.
Brussels types fret that such squabbling undermines Europe's boast to have moved beyond the grudges and resentments of ethnic nationalism. But here too the reality may be more complicated. An essay in the current issue of Foreign Affairs makes the incendiary suggestion that the EU has kept the peace for 60 years thanks to nationalism, not despite it. The author, Jerry Muller of the Catholic University of America, argues that the brutal genocides and forced population shifts of the 20th century helped to make peace possible. With a few exceptions (he cites Belgium as one), Europe's ethnic and state boundaries now match (ie, most Germans live in Germany, Greece is dominated by Greeks and so on). That has removed a big reason for fighting. Thus the post-war peace may not mark a defeat for ethnic nationalism, but rather demonstrates its "success". A more recent example of such success, just recognised by most EU countries, is Kosovo.
An opposite view is taken by Guy Verhofstadt, Belgium's prime minister until last week. Mr Verhofstadt once wrote a pamphlet calling for a "United States of Europe" and now plans a second book arguing that Europe is naturally cosmopolitan, and that ethno-national divisions are alien to Europe's "soul" (although he too recognised Kosovo). He is fascinated by the late 19th century, when Germans were scattered across central Europe, and Jews enriched life all over the continent. He venerates the example of Rustchuk, a city on the border between Bulgaria and Romania whose residents once spoke Ladino (a Sephardic dialect of Spanish), Turkish, Russian, Bulgarian, Romanian and German. Not any more, Mr Verhofstadt laments, before expressing the hope that a border-free EU may bring cosmopolitan Europe back to life, and end the 20th century obsession with creating "monocultural islands".
Multiculturalism rules OK
Both men should cheer up. Professor Muller is too cynical about the reasons for European peace. German contrition played a vital role, as did genuine horror at the evils done in nationalism's name. Meanwhile Europe is a lot more cosmopolitan than Mr Verhofstadt fears (now he is out of office, he should jump on the Brussels metro and see for himself).
But you can see why a Belgian moderate frets about hardliners. Every week brings a fresh example of ethno-linguistic pettiness. The latest is a row over a local council in Flanders that wants to ban toddlers from its playgrounds if they do not understand Dutch (in fairness, French-speakers can be maddening about language, too). At the European level, Belgium's reputation also suffers. All 27 EU members were recently asked for projects to make 2008 a "European Year of Intercultural Dialogue", celebrating cultural and linguistic diversity. The result was 26 national schemes plus three from Belgium, where diversity may be celebrated, but only so long as it is done equally in French, Dutch and German.
In other words, Belgium's linguistic communities pay a high price for sticking together, resorting to fudges that range from the silly to the destructive. Put like that, you can see Belgium's new government not as a relief, but as an awful warning. A political union hatched together by a fractious elite, and answerable only to itself, is not a model for anybody to follow.
Reference:
http://www.economist.com/world/europe/displaystory.cfm?story_id=10919159
Post a Comment