Havana Blues

How can I fight to the Sun, Politics and God!


ဆို တာမျိုး ..ခပ်ရဲရဲ ပေါက်ကွဲ နေ တဲ့ စာသား တွေ ကြောင့်..ဒီရုပ်ရှင် ဟာ စပိန် စကားပြော လက်တီ နို လောက မှာ တင် မက.. အင်္ဂလိပ် စာတမ်း ထိုး ကို ကြည့်တဲ့..တခြား ပရိသတ် တွေ အတွက် ပါ.. မှတ် မှတ် ရ ရ ရှိ ခဲ့ တယ်။





တကယ် တော့...ဒီ ရုပ်ရှင်က.. ဟောလိဝုဒ် က.. ကားကောင်းတွေ လို..ခန့်ခန့်ညားညား..ကြွားကြွား ထည် ထည် တော့..မရှိ လှ ပါဘူး။ ကြည့်ဖြစ် အောင် ကြည့်ကြပါ လို့.. ထောမနာ ပြု တိုက်တွန်း ရ လောက် အောင် လည်း.. သိပ် ကြီး တော့..နင့်နင့် နဲနဲ ကောင်းနေ တာမျိုး ကြီး လည်း မဟုတ်ပါဘူး။ ဒါ ပေမဲ့ လို့ ကမ္ဘာ မှာ စိတ်ဝင်စား ခံ ရတဲ့..ကျူးဘားနိုင်ငံ ရဲ့ လူမူစီးပွား ပြသာနာ တွေ ကို musical ပုံစံ ခပ်ပါး ပါး လေး ရိုက်ပြ ထား တာက..ဂီတ ချစ် သူ..တွေ အတွက်..အကြိုက်တွေ့စေမဲ့ နိုင်ငံတကာ ရုပ်ရှင် ကောင်းလေး တခုပါပဲ။ ကိုယ် တွေ လည်း ကြုံ ကြိုက် လို့ ကြည့်ဖြစ် မိတာပါ။ man stuff ဖြစ် တဲ့ ဂစ်တာ ကို ရူးသွပ် တဲ့ အခြားသူငါ အမျိုးသား တွေ လိုပဲ..အိမ်က ဘဲ တော် ကို လည်း..သူ့မိတ် ဆွေ ဂစ်တာ ရူး မက္ကစီကန် တယောက် က.. ညွှန်းပြီး လက်ဆောင်ကူးပေး တာနဲ့ ကြည့်ဖြစ် လိုက် တာပါ။ အပြင် ဗီဒီယို ရုပ်ရှင် ဈေးကွက် မှာ လည်း..ရှာလို့ မလွယ် လောက် ဘူး ထင် တယ်။

Ruy နဲ့ Tito က..သိပ်ချစ် ကြတဲ့..၀ါသနာတူ..ဂီတ ကို ရူးသွပ် သူ သူငယ်ချင်း ၂ ယောက်။ ကျူးဘား ဆို တာက လည်း..Spanish နဲ့West Africa ဂီတ ယဉ်ကျေးမူ တွေ ရောပြွန်း စုဆုံ ရာ.. ဂီတ ပုံစံ မျိုးစုံ ရဲ့ ဘူမိ နက်သန် လို့ ဆို ရ လောက် တဲ့..Salsa တို့ Jazz တို့ရဲ့ မွေးဖွား စတည်ရာ ဒေသ။ ဂီတ ပညာရှင်..၀ါသနာရှင် တွေ ကလည်း..သိပ် ပေါ ဆို ပဲ။ ကက်စထရို ရဲ့ လက်ဝဲ ဆိုရှယ် လစ် အစိုးရ က.. ဂီတ ကျောင်းတွေ ဖွင့်လှစ်ပေး ထား ပြီး.. ကျောင်းဆင်း ပညာရှင် တွေ ကိုလည်း.. အစိုးရ ၀န်ထမ်းတွေ အဖြစ်..လခ ပေး ထားတယ်လို့..အင်တာနက် ထဲမှာ တော့..တွေ့လိုက် မိ တာပဲ။ ဒါပေမဲ့..ထုံးစံ အတိုင်း..မစို့မပို့လစာ လေး တွေနဲ့..လွတ်လပ်မူ မရှိ တဲ့ အနုပညာ လော က ကြီးများ ဖြစ်နေ မလား လို့..မြင်ယောင် ကြည့်မိတယ်။
-
ဒါပေမဲ့..သိရ ဖတ်ရ သလောက် တော့..ကျူဘန်းတွေဟာ..အစိုးရ ရဲ့..ခွဲတမ်းချ အစားအသောက် တွေ..တန်းစီ ၀န်ဆောင်မူ တွေ..မှောင်ခို အသုံး အဆောင် တွေ အပေါ် မှာ..အတော်သီးငြီး ခံ နိုင် စွမ်း ရှိ ပြီး..ဂီ တ နဲ့ တိုင်းပြည် ကို အတော် ချစ် ကြ တာ ပါ ပဲ။ မြို့တော် ဟားဗားနား ရဲ့ နေရာ တိုင်း မှာ..Jazz တွေ blues တွေ rap တွေ raggae သံ တွေ..ပျံ့လွင့် နေတယ်။ မြေ အောက် တီးဝိုင်း တွေ က လည်း..မြေအောက် ဂီတ တွေနဲ့..မြူးကြွ ပေါက် ကွဲ လို့။ အဲလို နဲ့ Ruy နဲ့ Tito အပါအ၀င်.. ဂီတ သမား တွေ ရဲ့ အိမ်မက် က..နိုင်ငံတကာ ကို ထွက် ပြီး..ကျူဘားဂီ တ ကို ..ဆိုပြ ..တီးပြ..ဖျော်ဖြေ ချင် ကြ တဲ့..အန္တိမ စိတ်ကူးယဉ် တွေနဲ့ပေါ့။

Buena Vista Social Club ဆိုတဲ့..၁၉၄၀ ၀န်းကျင် က..ထိပ်ထိပ်ကျဲ ခဲ့တဲ့ ဂီတ အသင်းကြီး ရဲ့..ပဂေး ကြီး တွေကို..၇၀ ကျော် ၈၀ ကျော် အရွယ် ကြီး တွေ ကျမှ.. ပြန်လည် အသက်သွင်း ပွဲထုပ် ဖြစ် ခဲ့တဲ့..အမေရိကန် ထုပ်လုပ်သူ တယောက် ရဲ့ Bunea Vista Socail Club (1997) အခွေ ဟာ.. နိုင်ငံတကာ မှာ ပေါက်သွား ခဲ့ ဘူးတယ်။ အဘိုးကြီး တွေကို..နယူး ယောက် မှာ ခေါ် ပြီး ဖျော်ဖြေ ပွဲ ကြီးလုပ်တာ..ပရိသတ် က.. ၀က်ဝက်ကွဲ။ သူတို့ ရဲ့ ဇတ် ကြောင်းပြန် မှတ်တမ်း documentary ခွေ ကလည်း.. ထုတ်လုပ်သူ တွေ..အိပ် နဲ့လွယ် ခဲ့ ရ ပြီး..ဥရောပ ရုပ်ရှင်ဆု တွေ တောင်ဆွတ် ခူး ခဲ့ တာ ဆိုတော့.. Ruy နဲ့ Tito တို့လည်း..စိတ်ကူး ယဉ် တော့ တာပေါ့။

တနေ့မှာ သူတို့ အဖွဲ့ .. စပိန် ထုတ်လုပ်သူ အမျိုးသမီး တယောက် နဲ့.. ဆက် မိ ကြ တယ်။ သူတို့ အိမ် မက် တွေ..ပို ပြီး ကြည်လင် လာတယ်။ ဒါ ပေမဲ့.. သူတို့ဘ၀ တွေ လည်း..လိုက်ပါ ပြောင်းလဲ ရင်း..ဒီ Havana Blues ဇတ်လမ်း လေး ဖြစ် လာ ခဲ့ တော့တယ်။

Ruy နဲ့ သူ့ရဲ့ သူငယ်ချင်း ပါရမီ ဖြည့်ဖက်.. Caridad။ ပြီးတော့.. ၆ နှစ် ၇ နှစ် အရွယ် သားလေး နဲ့သမီးလေး တို့ ရဲ့ သာမန် လူနေ မူ ပုံစံလေး တွေကို နောက်ခံ ထား ရင်း၊ ဘေး-တိုက် ခန်းက ဖုန်းကို ရှယ်သုံး ကြ တာလေးတွေ..။ ဖုန်းလာရင်..ဖုန်းအိမ်က..ကြိုးခြည် ထား ထဲ့ ခြင်းလေး ထဲ မှာ ထဲ့ပေး ပြီ့းဆွဲ ယူ ပြော..ပြီးတော့..ပိုက်ဆံ ထဲ့ပေး ပြီး ခြင်း လေး ကို ပြန်ပို့..။ ရန်ကုန် မြို့က..လူ နေမူ ဘ၀ တွေ ကို..အတိ အကျ သတိ ရ စေ တဲ့ အခန်း လေး တွေပါ။
-
ကျူးဘား နဲ့ လက်တကမ်း အကွာ က..အမေရိကန် ပိုင် မိုင်ယာမီ ကမ်း ခြေ ကို လှေနဲ့သက်စွန့်ဆံဖြား ခိုး ကူးကြတဲ့..လူမှောင်ခို ရွှေ့ပြောင်း အခြေချ မူ ကို လည်း..ဒီ ရုပ်ရှင် ရဲ့..အရေးပါတဲ့..ဇတ်အိမ် တခု အဖြစ် ထဲ့ ထားပါတယ်။ Caridad ရဲ့ အမေ က..မိုင်ယာမီ မှာ ရောက် နှင့် နေ ပြီး.. အရွယ် လွန် မိန်းမ တယောက် အဖြစ် နဲ့..အမေရိက မှာ ခက်ခက် ခဲ ခဲ အခြေချ လုပ်ကိုင် ရင်း..သမီး ရဲ့ မိသားစု ကို တတ်နိုင် သလောက် လှမ်း ထောက်ပံ့ တာ..။ လူကြုံ ပစ္စည်း လေး တွေ ပို့ ပေး တာ ကို ကြည့် ရတာ လည်း..ရင်ကို တဲ့တဲ့ မှန် တဲ့..ဇတ်ဝင် ခန်းလေး တွေပါပဲ။ ပစ္စည်း ရှားပါး တဲ့..ဆိုရှယ်လစ် နိုင်ငံ ထဲက..Ruy တီးဖို့..ဂစ်တာ ကြိုး ကို တောင်..သူ့ ယောက်ခမ က..အမေရိက ကနေ ပို့ပေး ရှာ တယ်လေ။
-
Ruy ကလည်း..အနုပညာ သမား ပီပီ..စိတ် တွေ က..လွင့်လွင့်ပါးပါး။ မိသားစု အပေါ် မှာ တာဝန် မကျေ နိင် ပေမဲ့..သူဘာမှ မတတ်နိုင်။ သူ လုပ်ချင် တာတွေ ပဲ..ဆက် လုပ် နေ ခဲ့သည်။ လို အပ် ရင်..တိုးရစ်စ် မတွေ နဲ့လည်း..သူ အိပ်သည်။ သူ တီးချင် ဆို ချင် တာပဲ သိသည်။ သူ့ခေါင်း ထဲမှာ Havana မှာ သူတို့ လုပ်မဲ့ concert လောက် ..တခြား ဘာမှ အရေးမကြီး။ ဒါပေမဲ့..သူက..သူ့ နိုင်ငံ လေး ကို တော့.. ရူးရူးမူးမူး ချစ် သူ။
တဖက် မှာ Tito ကတော့.. ကိုလိုနီ အကြွင်းအကျန်..အထည် ကြီးပျက် ဘ၀ မှာကြီးပြင်းနေထိုင် သူ။ တချိန်က..နံမယ်ကျော် ကျူးဘား အဆို တော် တယောက် ဖြစ် ခဲ့ပြီး ခုတော့..အရက်စွဲ နေ တဲ့..သူ့ အဘွား က..ကလေး တွေ ကို..စန္ဒရားတီး သင်တန်း ပေး ရင်း..မြေးအဘွား ၂ ယောက်..ဂီတ ကို ဆက်လက် ရူးသွပ် နေ ကြ တုန်း။ Tito ရဲ့ ခေတ်ဟောင်း ချက်ဗလက် ကားစုတ် အနီလေး က လည်း..ဒီ ရုပ်ရှင် ရဲ့..အဓိက..ပုံရိပ် တခု။ Tito ကတော့..ဒီ ကျွန်း အစုတ် ပေါ် မှာ မနေ ချင်တော့။ သူ့အိမ်က..ဖုံးအစုတ်ကိုကြည့်မရ။ သူ့ကားအစုတ် ကို..စိတ်မရှည်။ စန္ဒရား ကလည်း သူ့အတွက်..အစုတ်။ သူတို့အိမ်ကြီးက..ရေချိုးကန် အစုတ် တွေ ကို လည်း..စိတ်ကုန် နေပြီ။ သူ့ အသက် ၂၈ နှစ် ရှိပြီ။ သူတနေ ရာ ရာ ကို သွား ချင် ပြီ။ အခု..စပိန်က..ထုတ်လုပ်သူ နဲ့ ခွင် တဲ့ ရင်..သူ ဒိုး တော့မည်။

ပြသာနာက..ထုတ်လုပ်သူ အမျိုးသမီးက.. Ruy မှ Ruy ။ Ruy ကလည်း..ထုံးစံ အတိုင်း..ဒီ အမျိုးသမီး နဲ့ ရင်းနှီးခွင့် ရ ဖို့ အတွက်... ဘာမှ လက်မနှေးခဲ့။ အမျိုးသမီး ဟားဗားနား မှာ ရှိ နေတုန်း..သူ တို့.. အစမ်း ပွဲ တွေ လုပ်ကြည့်သည်။ ကြိုက်သည်။ တချို့ ကျူးဘန်း စတိုင် ..ဘာသာစကား တွေ ကို..ပြင် ပေး ပါ ဆို လည်း.. ဒီလိုပဲ.. မကျေနပ် ကျေ နပ် နဲ့ ပဲ..လျှော့ ပေး လိုက် သည်။ နောက်ဆုံး - ပြသာနာက..စာချုပ် ချုပ် တဲ့ အခါ မှာ။ စာချုပ်ကာလ ၃ နှစ် မှာ..စပိန် မှာ သူတို့ အားလုံး နေရမည်။ သူတို့ အသုံးစရိတ် ကလွဲ လို့..ဘာမှ အကျိုးအမြတ် မရ။ ထားတော့။ ဒါပေမဲ့..သူတို့ တီး ၀ိုင်းကို..ဘာနံမယ် မှ မရှိ သေးတဲ့..အရိုင်းလေး တွေ လို လုပ် ရ မယ်။ ပြီးရင်.. နိုင်ငံရေး ဝေဖန်ချက် ဆန်ဆန် documentary လုပ် ရမယ်။ အဲဒါ ကို ကန့်ကွက်သူက.. Ruy။ သူ့အတွက်..အနုပညာက..အနုပညာပဲ။ မလိုအပ် ပဲ..သူ့နိုင်ငံ ကို မကောင်းပြော ပြီး..သူတို့ လုပ်စား ရ မှာ လား။ သူတို့..တိုင်းပြည် ထဲ ကို..ပြန် ၀င်ခွင့် မရ တော့ရင်..ဘယ်လို လုပ် ရ မလည်း..။ သူပေါက်ကွဲ တော့..အမျိုးသမီးက ..ငွေရှင် က..အမေရိကန် တယောက် မို့..သူ လည်း မတတ်နိုင်။ စီးပွါးရေး က..စီးးပွားရေး ပဲ လို့ ဆို လာသည်။ ဒီလို နဲ့ Ruy တယောက်..စာချုပ် ကို ဆွဲ ဖြဲ ရင်း.. သူ့အိမ်မက် တွေကို..သူ့လက် နဲ့ပဲ..ဖျက်ဆီး ပြစ် လိုက် တော့ သည်။

သူတို့ တဖွဲ့လုံး..တယောက် တပေါက်..ငြင်းခုံ ပေါက်ကွဲ ကျ ပြီး.. Ruy ထွက် လာတော့.. အတူ သွားနေ ကျ ကားစုတ် နီ လေး ပေါ် မှာ.. စောင့်နေတဲ့ Tito တယောက်..မကျေနပ် ခြင်း တွေ..ဒေါသ တွေ..တစစ်စစ် နဲ့..သူ့အချစ်ဆုံး သူငယ် ချင်းကို ပေါက်ကွဲ အော်ဟစ် ပြစ် လိုက် သည်။



-
` ဒါ ငါတို့ကို- သက်သက်.. အမြတ် ထုတ် တာပဲ.. ထုတ်လုပ်သူ တွေ အများကြီး ရှိ တယ်..ငါတို့ ဆက် ကြိုးစား ကြမယ် လို့Ruy က ချော့တော့..
-
There are so many musicians in Cuba.Success is not by talent..but by chance...
လို့..Tito ပေါက်ကွဲ ခဲ့ တဲ့ စကား က..တကယ် မှန် သလား..ဆိုတာ တောင်..ဆက်ပြီး..တွေး ကြည့် နေ မိတယ်။ ဗမာ့ ဂီ တ လောက မှာ တောင်..တကယ် ကောင်းရဲ့ နဲ့ မပေါက် ခဲ့တဲ့..အဆို တော် တွေ ရှိ ခဲ့တာပဲ။
ငါတို့က..စပိန် မှာ..၃ နှစ် ကျွန်ခံ ပေး ရမှာ လေ..လို့.. သူ့အတွေးနဲ့သူ ခေါင် နေတဲ့.. Ruy ကို.. Tito က.. စိတ် တို နေတဲ့ ကြား က.. လမ်းဘေး ၀ဲယာ အသာ ဖြန်းကနဲ ကြည့် လိုက် ပီး..ခပ် ကြေးကြေး အံကြိတ် သံ နဲ့..
" Whose slaves are we here " လို့ ခပ်ဆတ် ဆက် မေး လိုက် တဲ့ အခန်း ဟာ..ကျူးဘား ရဲ့ နိုင်ငံရေး ရာသီ ဥ တု ကို..လှလှ လေး..သရော် ထား တာ ဖြစ်တယ်။

တကယ် တော့.. ရန်ကုန်မြို့ ကြီး နဲ့..အတော်ကို အလားသ ဏ္ဌန် တူ တဲ့.. ဟားဗားနား ဟာ လည်း ကိုလိုနီ လက်ရာ အကြွင်းအကျန် အဆောက် အအုံ နွမ်းဖတ် ဖတ် ကြီး တွေ ကို နောက်ခံ ထား ရင်း.. သူ့ရဲ့ ညနေ စောင်း တွေ ဟာ၊ ငြီးစီစီ ဖြစ် နေ ခဲ့ တာ ကြာ ပါ ပြီ။ အဲဒီ ညနေ စောင်း တွေ ကိုပဲ..ကမ္ဘာ့ အထူးဆန်း ဆုံး နေ ရာ တခု လို...နိုင်ငံခြား ခရီးသွား ဧည့်သည် တွေ က..လာ ကြည့် တက် ကြ တယ်။ အဲလို နဲ့.. Ruy ရဲ့ ကလေး ၂ ယောက် လည်း.. နိုင်ငံခြားသား တွေကို ရောင်း တဲ့..သူတို့ အမေ ရဲ့..လမ်းဘေးက..လက်မူ ပုတီး ဆိုင် လေး ဘေး မှာ.. Cuban Rap ကို ပျော်ရွှင် စွာ ဆို ရင်း.. နိုင်ငံ ခြားသား တွေ ဆုချ တဲ့ မုန့်ဘိုး လေး တွေ ကို မျှော် တတ် လာတယ်။ သူတို့ မိသား စု လမ်းဘေး မှာ အပျော် ဆို လေ့ ရှိ တဲ့.. ရက်ပ် သီချင်းလေး ပါ။ သမီး လေး ဆိုပုံ က..ချစ်စရာ ကောင်း လွန်း လို့။



နောက်ဆုံး တော့.. Caridad တယောက်..သူ့ကလေး ၂ ယောက် နဲ့ အတူ..အဖမ်း အဆီး ထူ..မိကျောင်းထူ တဲ့..ဖလော်ရီဒါ ရေ လက် ကြား လေး ကို ဖြတ် ပြီး..မိုင်ယာမီ က..အမေ ဆီ လိုက် ဖို့.. ဆုံးဖြတ် လိုက် ပါ တော့တယ်။ ဒီအခန်း လေး က.. သူတို့ ၂ ယောက် ငြိမ်းချမ်း စွာ လမ်းခွဲ တဲ့ အကြောင်း နဲ့..သူ ကျူးဘား က ထွက်တော့မယ် ဆို တာ ကို.. သူငယ် ချင်း တွေ ကို..ညစာ ကျွေး နှုတ် ဆက် အသိ ပေး တဲ့ အခန်း လေး ပါ။ သူ တို့ ၂ ယောက် ချစ် နေ ကြ ပါသေးတယ်။ ဒါပေမဲ့..အချစ် ဆို တာ ကလည်း..သူတို့ ဆို နေတဲ့..သီချင်း တွေ လိုပဲ.. စည်းချက် အနိမ့် အမြင့်.. စာသား အပြင်း အနု..သံစဉ် ညက်ညော..လှိုင်းထ မူ ..တခု နဲ့ တခု..တချိန် နဲ့ တချိန် မတူ ကြ သလို ပါပဲ လေ။ ဘာပဲ ပြော ပြော..ဒီည မှာ Ruy တယောက်..ချစ်သူ ဘ၀ က..ပိုးခဲ့တဲ့..သီချင်း လေး ကို..ပြန် တီး ပြရင်း..သူတို့ ၂ ယောက် လုံး ရဲ့ နှလုံး သား တွေ ကို.နောက်ဆုံး အနေ နဲ့..နွေး ထွေး စေခဲ့ တယ်။



နောက်ဆုံး ပွဲ သိမ်း မှာ.. လျှပ်စစ် မီး မလုံ လောက် တဲ့.. ဟားဗားနား မှာ နံမယ် ကြီး လှ တဲ့.. အပြောင်အပျက် မီးပျက် သီချင်း လေး ကို.. ခပ် ကြမ်းကြမ်းလေး တီး ခတ် ရင်း..အားလုံး လိုက် ဆို ကြ တော့.. ရန်ကုန် မြို့ ရဲ့ မီးပျက် ည တွေ..ခဏခဏ လွတ် သွား တဲ့..ကိုရီးယား ကား တွေ ကို..သတိ ရ စေ ပါတယ်။

During the blackout,
Grandma gonna start, getting all fussy and grouchy
and knocking the government.
And Grandpa will bitch about how it's because of Imperialism
and OPEC and Free Trade.
Baby ... pass me that candles
I'm gonna miss my soap opera again
Close the Westinghouse, I'll defrost again .
What will I do with my electric guitar?
I wanna dance with a lighter.
Light me up with tales of love.
Sing me the blues before the light come back on.

သူတို့ မောင် နှံ .. ငြိမ်းချမ်း စွာ လမ်းခွဲ လိုက် တာဟာ..ဘာ ကြောင့်လည်း..။ ကျပ်တည်း လွန်းတဲ့..စီးပွားရေး ကြောင့်လား.. Ruy အိမ်ထောင့်တာဝန် မထမ်း နိင် လို့လား..အချစ် တွေ ကို ဘ၀ အမော တွေ က..ညှင်းသတ် လိုက် လို့လား.. အဖြေ အတိ အကျ မတွေ့ ရပါ။ ဒီ ရုပ် ရှင် မှာ တွေ့ ရ တာက..ကိုယ့်လမ်း ကို လျှောက် နေ ကြတဲ့ လူ တွေ သာ။ ကိုယ် နေသာသလို..ယုံ ကြည် သလို.. အခြေ အနေ ပေးသလို..ရွေ့လျား နေ သော ဘ၀ များ သက်သက် သာ။ ဘာ moral မှ နမူနာမပေး ထား သလို.. ဘာ morale မှ လည်း ချန် မထားခဲ့။ ဆို ဦး တော့..ဒီ ဇတ်လမ်း ထဲ မှာ..မြင့်မြတ် တည်ကြည် ရိုးသား တဲ့ လူ ဆို တာ တောင် တယောက် မှ မပါခဲ့။ လူသား ဆန်စွာ..မိုက်မဲတဲ့.. ဇွတ်တိုး တဲ့.. ကိုယ့် အတ္တ ကို ရွေးတဲ့.. လူစစ်စစ် တွေ ကိုသာ ပြ သွား ခဲ့ သည်။

နောက်ဆုံးတော့.. Caridad တို့သား အမိ လည်း..ညမှောင် မှောင် ချောင်ရိပ် အောက်က..လူ ခိုး သွင်း တဲ့ မော်တော်ဘုတ် လေး ပေါ် ကို..စိုးရိမ် စိတ် မော တွယ် တက်ရင်း .. ဒီ ကျွန်း ကြီး နဲ့..ဒီခင်ပွန်း ကို..နောက် ဆံ တွေ ငင် နေ ရှာ လေ မလား။ ရှေ့မှာ တွေ့ ရမဲ့..မရေ ရာ တဲ့..ဘ၀ အသစ် အတွက် ကော..ရင်မော နေ မလား။ ဒီ ဇတ်ဝင် ခန်း လေး ထဲမှာ.. မိန်း မ နဲ့ကလေး တွေကို..မော်တော်ပေါ် ပင့်တင့် ပေး နေတဲ့.. Ruy ရင် ထဲ မှာ ရော..ကြေကွဲ မူ တွေ..ဘယ်လောက် ထိ.. ရောပြွန်း နေမလည်း ။

ခုတော့.. Tito လည်း..ထုတ် လုပ်သူ အဖွဲ့ နဲ့..စပိန် ကို သွား ဖို့..လေယဉ် ကြီး ပေါ် ကို တက်သွား ပေ ပြီ။ တယောက် နဲ့ တယောက် သိပ် ချစ် ကြတဲ့..သူငယ် ချင်း ၂ ယောက်.. နှလုံးသား ရှိ ရာ..ယာဖက် ရင်အုံ တွေကို..လက်သီး ဆုတ် ခြင်း..ထိ ခတ် လို့..တိတ် ဆိတ်စွာ..အချက် ပြ လိုက် ရင်း..ဘယ်တော့ များ မှ..ပြန် ဆုံ ကြ တော့ မလည်း။ ခုတော့.. ဟားဗားနား ရဲ့..ချိုင့်ခွက် အပြည့် နဲ့ လမ်း တွေ ပေါ် မှာ.. Ruy တယောက် တည်း..သူ့ဂစ်တာ လေး ကို ကျောပိုး ရင်း..သူ့စက်ဘီး လေး ကို စီးလို့။ ရုတ်တရက် ဖြတ်သွား တဲ့..ချက်ဗလက် ကား နီ လေး ကို တွေ့ လိုက် မိ တော့.. ရှေ့ မှာ ဆိုင်းဘုဒ် တပ် ထား တယ်။ Taxi တဲ့။

အဲဒီ ပြကွက် တွေ ကို နောက်ခံ ထား ရင်း.. နောက်ဆုံး ဇတ်သိမ်း သီ ဆို တဲ့ သီချင်း လေးဟာ.. အမိ မြေ ကို သိပ် ချစ် ကြတဲ့..အမိ မြေ နဲ့ ဝေး နေ ကြ တဲ့..အမိ မြေ ကနေ..ဘာလို့..ဝေးနေ ရ မှန်း မသိတဲ့..အမိ မြေ ကို..ဘယ်လို ပြန် လာ ရမှန်း မသိ နိုင် တဲ့.. မိတ် ဆွေ သူငယ် ချင်း များ.. ထိရှ ခံစား နိုင် ဖို့.. စာသား လေး တွေ ကူး ရေး ပေး လိုက် ပါတယ်။





I love you Havana!

Friendship is a seed that grows anywhere
When you feel cold, cover yourself with the branches of my fate
Wherever you go, you'll find my heart, my open arms.
Love is everywhere, in every corner of the world.
Everyone chases a dream so let's change course.

Deep is the distance, deep is the remoteness.
A wandering soul has no country
Flags are a problem, countries and Geography
Wherever you may find me,
I feel that land is mine that land is mine.
Yours and mine.

( I'll be your coat if you need consolation
I'll be your nest, if you need affection.
I won't let you forget me
I'm with you everywhere you go)

In Madrid and New York, Havana is everywhere
Because you take it with you..
You'll never be uprooted.
Every continent has its borders,
but we all live by the light of a single sun and moon,
I wish I were the morning singing that melody
that makes you grow everyday.

Paths that separate and make you secret
Captive of language and Ideology
Never fall captive to language and Ideology

( I'll be your coat if you need consolation
I'll be your nest, if you need affection.
I won't let you forget me
I'm with you everywhere you go)

I'm right before you
I'm right before you

++++++++
I love you Burma ပေါ့ နော်။

တကယ်တော့..ဒီ ရုပ်ရှင် လေး ဟာ..ဘာ မှ မဟုတ် ဘူး လို့ ထင် စရာ ရှိ ပေမဲ့.. ၀ါသနာ နဲ့..၀မ်းရေး။ မျိုးချစ် စိတ် နဲ့.. ကမ္ဘာတသားထဲ စိတ် ။ ကွန်မြူနစ် ၀ါဒ နဲ့..အရှင်းရှင်ဝါဒ ဆို တဲ့..၀ိရောဓိ တွေ ကို..ပေါ့ပေါ့ပါးပါး လေး တို့ထိ ပြ နိုင် ခဲ့ တဲ့.. ကားကောင်း လေး တခုပါ ပဲ။ နောက် ပြီး.. ယုံကြည် ချက် တွေ နဲ့ တုပ်နှောင် ခံ ထား ရ ခြင်း.. လွတ်လပ် ခြင်း.. တကယ် မလွတ် လပ်ခြင်း ..ဘ၀ ရဲ့ အဖြေ မရှိ တဲ့ ပြသာနာ တွေကို.. ၂ နာရီ လောက် ဖြစ်ဖြစ်..အဖြေ ထုပ် ကြည့် နိုင် ဖို့။

I feel trapped by my own past
always , always , a prisoner of fate.
always the same.
We're all shadows,
We're all children
I have a dream
Show him the way
As far as I can tell
We're all teardrops
tattooed for my Havana Blues


Share/Bookmark

4 Comments:

ရွာသားလေးဝိုင်တီယူ said...

အစ်မရေ အမိမြေဆိုတာ အခွင့်ရရင်ပြန်မယ့်လူများမယ်ထင်ပါတယ်။ ကျနော်လည်း ကျနော့မြေကို ချစ်တယ်ဗျာ....

ဇနိ said...

သဘောကျတယ်ဗျာ ရေးသွားတာတွေ..
ကလစ်တွေကြည့်လိုက် စာဖတ်လိုက်နဲ့..
သီချင်းတွေလည်း ကောင်းတယ်..
အဲသလို ကားတွေကို ကြည့်ရတာကြိုက်ပါတယ်..

ကျေးဇူးတင်ပါတယ်။

စကားပို-
((အဖြေ ထုပ် ကြည့် နိုင် ဖို့။))
အဖြေတွေ မထုပ်နဲ့နော် အမ၊ အဖြေတွေထုတ်။
(ထွက်မလာမှာ စိုးလို့ပြောတာ) ၀း)

ကောင်းကင်ကို said...

ဒီဇာတ်ကားလေးကို အရမ်းစိတ်ဝင်စားသွားပြီ။ အွန်လိုင်းမှာ ရှိမရှိ ရှာကြည့်ဦးမယ်ဗျာ။

ThuHninSee said...

ကြည့်ချင်အာင်လာဆွသွားပြန်ပြီ မကေရယ်။