Blog to Book

ဘလော့ တနှစ် ပြည့် တုန်းက.. အဖေ အမေ တွေ အိမ်သားတွေ.. စုစုစည်းစည်း ဖတ် ရအောင် ဆိုပီး.. ဘလော့ပေါ်က..စာတွေကို စုပီး..စာအုပ် တအုပ် လုပ်တဲ့.. ပရောဂျက်လေး ကို blurb.com မှာ စခဲ့ပါတယ်။ သူ့ software လေးကို စက်ပေါ် ဆွဲယူ..ဘလော့ က စာတွေ…ဆွဲ ယူထဲ့.. ပုံတွေ စီ.. နေရာတွေချ.. အလှအပ တွေ ဖြည့် နဲ့.. ပျော်စရာတော့..တော်တော်ကောင်းတယ်။ ကိုယ်ဖန် တီးချင်သလိုလဲ ဖန်တီး ပေါ့လေ..သူ့ software က..


Photobucket


ဒါပေမဲ့.. စာလုံးတွေ..သေးလို့ ကြီးလိုက်..ကြီးလို့ သေးလိုက်.. နဲ့..တယောက် ထဲ စိတ်ကြိုက် ဖန်တီး နေလိုက်တာ..တနှစ်စာ ပရောဂျက်က.. ဘလော့ သက်တမ်း နှစ် နှစ် ကျော်မှ.. ပြီးသွားပါတယ်။ ပြီးလို့.. သူတို့ပုံနှိပ်ပြီး အိမ်ကို ပို့လိုက်တဲ့ အချိန်မှာလဲ..အိမ်မှာ ရှိမနေ..တဲ့ အတွက် ကြောင့်.. ဘယ်လို စာအုပ်မျိုး ထွက်လာမှန်း ကို မသိလိုက် မမြင်လိုက်ရဘူး။

အခုတော့..အဲဒီ တနှစ်စာ ဘလော့ စာအုပ်လေးက.. ဗမာပြည်က..မိသားစု ဆီ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်သွား ခဲ့ပြီ။ ခုမှ သူတို့ကို ပုံလေး ပြန် ရိုက် ပို့ပေး ပါ ဆိုပြီး.. မြင်ရတာပါ။
ဘာပဲပြောပြော.. မှတ် မှတ် သားသား.. မြင်သာ ထင်သာ..ကိုင်လို့တွယ်လို့ ရတဲ့ စာအုပ်လေးက.. မျက်စိ မကောင်းလို့ ကွန်ပြူတာက.. အလင်းပြန်တာတွေ မဖတ်နိုင်တဲ့ ဖေဖေ့ အတွက်ရော..ကွန်ပြူတာ ကို စိတ်မ၀င်စား မနီးစပ် တဲ့ မေမေ့ အတွက်ပါ.. အ ဆင်ပြေမှာပါ။ ကျန် တဲ့ တ၀က် ကိုလည်း..ဆက် လုပ် လိုက် အုံးမယ်။ အဲလို ဒီဇိုင်းလေးတွေ ..အဆန်းထွင်..ကလိရတာ ၀ါသနာ ပါသူမို့.. ပျော်စရာတော့ ကောင်းသား။






သူတို့ ဆီက..ဈေးတော့ နဲနဲ များပါတယ်။ ဒါပေမဲ့.. အရည်အသွေးကတော့.. တကယ့် စင်တွေပေါ်က..ကြွေဖုံး စာအုပ် တွေ အတိုင်းပါပဲ။ ကိုယ်ပိုင် တသက်စာ သိမ်းဆည်းထား ဖို့တော့..တန်ပါတယ်လေ..။ ဈေးများသွားရတာ ကလည်း..ကိုယ်က..စာလုံးကို ၁၁ ထိ ယူလိုက်ပြီး..ခပ်ကျဲကျဲ လုပ်လိုက် လို့ပါ.. စာရွက်ရေ နဲ့ ယူတာဆိုတော့..စာရွက်ရေ..၂၇၀ လောက် ဖြစ်သွားတာ။

ကြုံလို့.. ဘလော့ရေးသက် ၂ နှစ် ပြည့်လို့.. ဆက်မရေးတော့တဲ့..တချိန်က..ညီမငယ် ဂျစ်တူး ကိုလည်း အဲလို စာအုပ်လေး တအုပ် လုပ်စေ ချင်တာပါပဲ။ အချိန်တွေ ရင်း..ဗသုသုတ တွေ အတွေ့အကြုံ တွေ ယှက်ရှယ်ပြီး.. ခံစားချက်တွေပါ.. ထဲ့ပေါင်းထားတဲ့..သူ့ ဆောင်းပါး ကောင်းလေး တွေကို.. သီးသီးသန့်သန့်လေး..သိမ်းထား စေချင်တယ်လေ…။ ဘလော့ လောက ကြီးကို ကျောခိုင်း တယ် ဆိုရင် တောင်မှ ပေါ့.. နော်..ဂျစ်ရေ..


တခြား ညီအကို မောင်နှမ ဘလော့ ရောင်းရင်းတွေ လည်း...စာအုပ် ကလေးတွေ ထုတ်ထား ကြပေါ့..ဒီခေတ်ကြီးက..ဒစ်ဂျစ်တယ် ဆိုပေမဲ့.. back up ကောင်းမှ.. hard copy ရှိမှ သေချာ တာနော်...း)


Photobucket


Share/Bookmark

27 Comments:

Nay Nay Naing said...

အစ်မကေ ဘလော့စာအုပ်လေးကြည့်ပြီးမှ စဉ်းစားမိတယ်။ ကိုယ့်ဘလော့ဆို စာအုပ်လုပ်သိမ်းထားဖို့ ကောင်းတဲ့စာ မရှိဘူး။ အစ်မ စာအလုပ်လေးက လှလည်းလှတယ်။ အဲ့ဒီစာအုပ်ထဲက စာတွေ အကုန်ဖတ်ဖူးပြီးသားဖြစ်ပေမယ့် ဖြစ်နိုင်မယ်ဆို အဲ့ဒီစာအုပ်လေးကို လက်ကကိုင်ပြီး နောက်တစ်ခေါက် ဖတ်ကြည့်ချင်တယ်။

Anonymous said...

တစ်အုပ်လောက်အလှူခံပါတယ်

မီယာ said...

ကောင်းလိုက်တာ မကေရယ်... ၀ယ်သိမ်းထားလို့ ရမလား။

:P said...

အမှတ်တရဖြစ်သွားတာပေါ့နော်.. မကေ...
စာကောင်းလေးတွေကို စာအုပ်ကိုင်ပြီးဖတ်ချင်တာ...။

rose of sharon said...

Good idea:)

MANORHARY said...

တစ်အုပ်လောက်ပို့လိုက်ပါလား
စိတ်မဆိုးတတ်ဘူးး)
နော်

mgphonemyint said...

အစအဆုံး ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ အမ

Anonymous said...

အားကျလိုက်တာ၊
အဲဒီလိုမျိုး စာအုပ်လုပ်ချင်တယ်။

မေဓာဝီ said...

အိုင်ဒီယာလေး ကောင်းလိုက်တာ မကေ ...
အုပ်ရေ ဘယ်နှစ်အုပ် ထုတ်တာလဲ။
အချိန်တော့ တော်တော်ပေးရမှာနော်။ မကေ စာအုပ် ဒီဇိုင်းလေးက လှတယ်။
ဒါနဲ့ စာအုပ်မှာ ဘလော့ထဲက ကွန်မန့်တွေရော ထည့်ထားလားဟင် ... ။

Anonymous said...

အဲ့လိုလုပ်လို့ရသလား.. ကောင်းပါလေ့..း)
အန်တီကေ့စာအုပ်လေးလိုချင်သား.. အဟီး..

RePublic said...

အစ်မ K .. ပုံဖော်ထားတာလေး ကောင်းတယ်။

P.Ti said...

ပြောတုန်းက အဲလောက်ကောင်းမယ်မထင်မိဘူး။ စာအုပ်က တကယ့်ကို အဆင့်အတန်းမှီပဲနော်။ သူငယ်ချင်းတစ်ယောက်က လုပ်ပေးလို့ ဘလော့ကို စာအုပ်ထုတ်ပြီး အမေ့ကို ပို့ဖူးတယ်။ လူကြီးတွေအတွက် ဖတ်လို့ အဆင်ပြေတယ်လေ။
နောက်တစ်ခေါက် ကြုံရင် တစ်အုပ်လောက်ပေးလိုက်ပါလား... :D

Moe Cho Thinn said...

ကေရယ် အိုင်ဒီယာ ကောင်းလိုက်တာ။
တို့ကို တအုပ် ပေးမလား။ :)
တို့လဲ စာကို ကွန်ပျူတာမှာ ဖတ်ရတာ အားကို မရပါဘူး။ ခု ဘလော့ လုပ်လို့သာ နည်းနည်း အကျင့်ဖြစ်သွားတာ။
စာအုပ်ကို ရှေးရိုးကြီးအတိုင်း အားရပါးရ ကိုင်ဖတ်ချင်တာ။ သိပ်သဘောကျသွားပြီ။

အိမ့်ချမ်းမြေ့ said...

ကေရေ...

အရမ်းကောင်းတယ် အိုင်ဒီယာကော၊ စာအုပ်ဒီဇိုင်းကော၊ ၀ယ်ချင်တဲ့သူဝယ်နိုင်အောင် တစ်ခုခု လုပ်ပေးပါဦး..။ အလကားလက်ဆောင်ပေးရင်တော့ ပိုကောင်းတာပေါ့နော်.. :D

Anonymous said...

လှလိုက်တာ။ သိပ်ကောင်းတဲ့ အကြံကို ဝေမျှတာ ကျေးဇူး ကမ္ဘာပါပဲ ကေ။ အဲဒါမျိုး လုပ်ချင်နေတာ၊ ခုတော့ မဟုတ်ပါဘူး။ နောက် ဆက်ရေးဖြစ်မှပါ။
လန်ဒန်နဲ့ တအားကြီး မဝေးပေမယ့် မစီစဉ်ပဲ လှစ်ခနဲ လစ်ပြေးလာလို့ ရလောက်အောင် အဆင်မပြေလို့ မတွေ့ဖြစ်လိုက်ဘူး။ နောက်တခါပေါ့။
နုသွဲ့

မမသီရိ said...

ကေ့ စိတ်ကူးလှလှ ကြောင့်
စာအုပ်လှလှလေးရခဲ့ပြီ
ဖန်တီးအားထုတ်မှုကလဲ လှလို့ပေါ့

ကေ့ အိမ် က ဘယ်နားမှာပါလိမ့်

ဗမာပြည်ထဲ ရောက်ရင် အိမ်သွားလည်ပြီး
ငှား ဖတ်မလို့..း)

Anonymous said...

မကေရေ...


စာအုပ်ကိုင်ပြီးလည်းပြန်ဖတ်ချင်တယ်...
အမြဲတမ်းအတွက်လည်းဝယ်သိမ်းထားချင်တယ်...
တခုခု စီစဉ်ကြည့် ပေးလို့ရမလားဟင်......:)

ှဆု..

သက်ဝေ said...

ကေရေ...
စာအုပ်လေးကို လိုချင်လိုက်တာ
လက်ထဲမှာ စာအုပ်ကိုင်ပြီး အိပ်ရာထဲ ခွေဖတ်ရတဲ့အရသာက မော်နီတာကြည့်ပြီး ဖတ်ရတဲ့ အရသာနဲ့ တော်တော်လေးကို ကွာခြားပါတယ်...
အကြောင်းအကျိုး ညီညွတ်ရင်တော့ တအုပ်လောက် ချန်ထားပေးပါနော်...
ကျေးဇူးပါ...

နှင်းနဲ့မာယာ said...

မကေရေ
မကေရဲ့ စာအုပ်လေး သိမ်းထားချင်တယ်...
မေတ္တာလက်ဆောင်ပေးချင်ရင် စိတ်မဆိုးပါဘူး
စာအုပ်လေးကိုတော့ ဝယ်လိုရရရင် ဝယ်ချင်ပါတယ်......

Nge Naing said...

ကျွန်မ အရင်က ဒီဘလော့ဂ်ကို သိပ်မဖတ်ဖြစ်ခဲ့ဘူး၊ အခုမှ အရင်တင်ထားတဲ့ပို့စ် တချို့ကိုပါ ဖတ်ဖြစ်လိုက်လို့ ပို့စ်တွေသိပ်ကောင်းမှန်း သိရတယ်။ စာကောင်းတွေကို ဒီလိုစာအုပ်လေး ပြန်လုပ်တာ သိပ်ကောင်းပါတယ်။

kay said...

နေနေရေ- ကျေးဇူးပါ။ နေနေက ခုတလော..နေ့လည်စာတွေ ညစာတွေ တင်နေတော့..အရောင်စုံ တဲ့.. သားရေယိုဖွယ် စာအုပ် တအုပ် ဖြစ်လာမှာပေါ့။

ရွာသားလေး- ကန်တော့ပါသေးရဲ့။း)
မီယာ နဲ့ ဆု - ဒီ ဟာက..၀ယ်ဖို့ သိပ်မကောင်းလို့ပါနော်။ စာအုပ်လေးကို ရီဗျူးကြည့်ချင်ရင်တော့..

http://kforkay.wordpress.com/2009/06/29/346/

အဲမှာ ကြည့်လို့ရပါတယ်။

စင်စင်- မေတ္တာလက်ဆောင် တအုပ်း)

နော်ဖော- ကျေးဇူး

မနော်- စိတ်ဆိုးအောင်လို့ မပို့တော့ဘူး-း)

မောင်ဖုန်းမြင့်- သူက..စာရွက်ရေ ကို လိုက်ယူတာလေ..အဲအပေါ်က..လင့်မှာ သွားကြည့်လို့ရပါတယ်။

အပြုံးပန်း- လုပ်ဖို့ ပြောတာပဲလေ.. လုပ်..မြန်မြန်လုပ်-း)

မမေ- ကွန်မန့်တွေက..ကိုယ်ထဲ့ချင် ရင် ရပါတယ်။ ဒါမဲ့ upload လုပ်တဲ့ အချိန်တော့..တခါတည်း မပါသွားဘူး..သပ်သပ် ပြန်ထဲ့မှ ရမယ်။ စာရွက်ရေ ကို ကြည့်နေရတာကြောင့် ကွန်မန့်တွေ မထဲ့ဖြစ်လိုက်ဘူး..နောက်တခါ လုပ်ရင်တော့..ထဲ့မယ်လို့။

ခါတွန်- မေတ္တာလက်ဆောင် ၂ အုပ်-

ကိုကြီး ၀ီ- ကျေးဇူး-

ပီတိ- မေတ္တာလက်ဆောင် ၃ အုပ်.

မချိုသင်း- ဟုတ်တယ်.. ကျမလဲ စာကို စာအုပ်နဲ့ပဲ ချစ်တယ်။

မလေးရေ- မေတ္တာလက်ဆောင် ၄ အုပ်-း) မလေး စာအုပ် နဲ့ လဲမယ်။

မနုသွဲ့- တွေ့ချင်သေးတယ်။ နောင် ကြုံအုံးမှာပါ..။ မနုသွဲ့ အရင်က.. ရေးခဲ့တာတွေလည်း.. စုထားပါဦး။

မမသီရိ- ထီပေါက်ရင်..အများကြီး ထုတ်ပီး မေတ္တာလက်ဆောင် အတင်းလိုက်ပေးမှာပါ။ အတင်းကို ပေးမှာ-း)

မသက်ဝေ- မေတ္တာလက်ဆောင် ၆ အုပ်
အင်း.. နှင်း အတွက်ရော..မေတ္တာလက်ဆောင် ၇ အုပ်-
အီး..တော်တော်ကုန်သွားပြီ။း)

မငယ်နိုင်- စာတွေ သေချာ လာဖတ် မှတ်ချက်ပေး မိတ်ဆွေပြုသွားတာ ၀မ်းသာမိပါတယ်။ ကျမကတော့..ပညာရေးဘလော့မှာ အမြဲ ကွန်မန့်လေးလေးနက်နက် ပေးတတ်တဲ့ မငယ်နိုင်ကို သတိထားမိ နေပါတယ်။
ခင်မင်လျက်-း)

ATN said...

ကျနော့်ဖို့လည်း တအုပ်ဗျာ...း)
အားလုံးက သဘောကျ နှစ်ခြိုက်နေကြပြီ...
မောင်ဖုန်းမြင့်က အဆိုးဆုံး... စာအုပ်ထုတ်ချင်နေပြီ...း)

Anonymous said...

ကျေးဇူးပါ မကေ..
စာအုပ်ရီဗျူးလေးကို bookmark လုပ်ထားလိုက်ပီ..နောက်တခေါက်ဆိုရင်တော့ ၀ယ်ခွင့်၇ချင်ပါတယ်နော်...:)

ဆု

ကေ said...

ဆုရေ- အားပေးတာ ကျေးဇူးပါ။ အခုလည်း..အဲဒီ မှာ တွေ့တဲ့အတိုင်း..မည်သူမဆို ၀ယ်လို့၇ပါတယ်။ သို့ပေမဲ့..မတန်မဆ ဈေးကြီး ဖြစ်နေလို့.. မတိုက်တွန်းတာပါ။း)

mirror said...

အစ်မပိုစ့်အကုန်လုံးတော့မဟုတ်ဘူး။စာအုပ်လို သပ်သပ်ရပ်ရပ်တော့လဲ မဟုတ်ဘူး။ဒါမယ့် ညီမမှာရှိပါတယ်..။ပြန်ယူဦးမလား အစ်မ :D

khin oo may said...

သဘောကျတယ်ကေ.
မဟုတ်လို့ကတော့ အခုပြန်ရေးပါဆိုလည်းအဲလိုစာမျိုးပြန်ဖန်တည်းနိုင်မယ်မထင်ဘူး.အနုပညာဆိုတာ ပုံတူကူးလို့ရတဲ့အရမှာမဟုတ်ဘဲနော်။

ကိုလူထွေး said...

အားကျတယ် မကေ...