ပြည်သူမပိုင်သော ပြည်သူပိုင် နှင့် ပုဂ္ဂိုလ်ကြီးများ ပိုင်သော ပုဂ္ဂလိကပိုင်

အတက်-အကျ... အသွား-အပြန် ...အစုန်-အဆန်... သံသရာ လည် နေ တတ် တဲ့ လောက နိယာမ မှာ.. တိုင်း နိုင်ငံ တွေ ရဲ့ စနစ်..အတိအကျ ပြောရရင် တော့.. စီးပွားရေး စနစ် တွေ လည်း ချွင်းချက် ရှိ မနေ ခဲ့ ပါဘူး။


အဲဒီလို အစ ချီ လိုက်လို့.. ပညာ ရပ်ပိုင်း ဆိုင်ရာ တွေ ကို ကျွမ်းကျင် နားလည် စွာ နဲ့.. ပြောဆို ဆွေးနွေးတာ .. လို့ မယူဆ စေချင်ပါဘူး။ ဘာသာရပ် အကြောင်းအရာ အားလုံး သီးသန့် စီ ခွဲထုတ် လို့ မရ နိုင် တော့တဲ့.. ခေတ်သစ် စာမျက်နှာ ပေါ်မှာ.. နိုင်ငံသား တယောက် အနေနဲ့ စိတ်ဝင်စား စွာ တို့ ထိ ကြည့် ခြင်း သာ ဖြစ်ပြီး.. စိတ်ဝင်စားသူ များလည်း ပါဝင် တို့ ထိ ပေးဖို့ မျှော်လင့် ပါတယ်။ အသေအချာ ပြောရရင်တော့..ဒီပို့စ် က.. စာဖတ်သူ များရဲ့ အမြင်ကို ဖိတ်ခေါ် ဖို့ ရည်ရွယ်ပြီး ရေး တာ ဖြစ်ပါတယ်။


ပရေသရာဇ်.. ဆိုရှယ်လစ်..ကွန်မြူနစ်.. အရင်းရှင်..ဒီမိုကရေစီ ဆိုတဲ့ ပင်မ စီးကြောင်း ကြီးတွေ..
အဲဒီက မှ နေ...ခွဲထွက်လာတဲ့... မသိမသာ ဆိုရှယ်လစ်.. ကိုယ့်နည်းကိုယ့်ဟန် ဒီမိုကရေစီ ဆိုတဲ့.. မြစ်လက်တက် သွယ်တွေ တလျှောက်မှာ.. နိုင်ငံ တွေ ရဲ့ စီးပွားရေး မောင်းနှင် နည်း တွေ ကလည်း.. အမျိုးမျိုး အထွေထွေ ကွဲပြား နိုင်ပါတယ်။ အခြေခံ အားဖြင့်...နိုင်ငံပိုင် စနစ် လုပ်မလား ...ပုဂ္ဂလိကပိုင် စနစ် လုပ်မလား ဆိုတဲ့.. ရွေးချယ်မူ နှစ်ခု ပါ..။

ဒုတိယ ကမ္ဘာစစ် ကာလ တွေက.. စစ်ရေး အခြေအနေ တွေ ပေါ်မူတည် ပြီး.. စစ်ဦး ထိပ်က အနောက် နိုင်ငံ ကြီး တွေမှာ.. လမ်းတံတား သယ်ယူ ပို့ ဆောင်ရေး လုပ်ငန်းတွေ.. အကြီးစား စက်မူ လုပ်ငန်း ကြီး တွေ ကို.. နိုင်ငံပိုင် သိမ်း ခဲ့ ဘူးပါ တယ်။ လက်နက် နဲ့ တိုက်တဲ့...စစ်ပူကြီး တွေ ငြိမ်းသွားတော့ .. စနစ် နဲ့ စီးချင်းထိုးတဲ့.. စစ်အေးကြီးတွေ.. ကျန် ခဲ့တယ် ။ အရင်းရှင် စနစ် နဲ့ ဆက်သွားမဲ့.. နိုင်ငံ တွေမှာ.. ပုဂ္ဂိလပိုင် စီးပွားရေး တွေ ပြန်အားကောင်း လာ ခဲ့ပေမဲ့.. ဆိုရှယ်လစ် စနစ် နဲ့ ဆက်သွားမယ် ဆိုတဲ့..နိုင်ငံ တွေ ကတော့.. စီးပွားရေး လုပ်ငန်း တွေ ကို တခု ပြီး တခု..နိုင်ငံပိုင် ပြု ခဲ့ တော့တယ်။


တကယ်တော့.. Nationalization နဲ့ Privatization ဆိုတဲ့.. အခေါ်အဝေါ် နှစ်ခု က.. ဒင်္ဂါးဝိုင်း တခု ရဲ့..ခေါင်း နဲ့ ပန်း လို.. ကျောခြင်းကပ်ပြီး ဘတပြန် ကျားတပြန် ဖြစ် နေခဲ့ ကြ တာပါ။ ဗမာ စကား နဲ့ အတဲ့ ပြန်ကြည့် ရင် တော့.. အမျိုးသားပိုင် ပြု ခြင်း နဲ့.. တဦးချင်းပိုင် ပြုခြင်း ပေါ့..။ အဲဒီ ကနေ.. နိုင်ငံပိုင် နဲ့ ပုဂ္ဂလိက ပိုင် လို့.. ပို ပြီး အဆင်ပြေပြေ သုံးနှုံးခဲ့ ကြ.. ။ ဒီကြားထဲ မှာ ပြည်သူပိုင် နဲ့ ဘူဇွါပိုင် လို့... တံဆိပ်ကပ်ပြီး.. ငွေမှင် တွေ သုတ် ကြ ပြန် ...။


မြန်မာပြည်မှာ လည်း ၁၉ ၆၂ အလွန် ကာလ တွေ မှာ.. ကိုယ့် နည်း ကိုယ့် ဟန် ဆိုရှယ်လစ် စနစ်ကြီး နဲ့ အတူ... ပြည်သူပိုင် သိမ်းပွဲ ကြီး တွေ ဖြစ်ခဲ့ ပါတယ်။ စီးပွါးရေး လုပ်ငန်း ကြီးတွေ ဆိုတဲ့ နေရာမှာ.. ကုန်တိုက် ကြီးတွေ..ဘဏ်ကြီးတွေ တင်မက..သတင်းစာ တိုက် ကြီးတွေ.. စာသင်ကျောင်း တွေ ပါ မကျန်..နောက်ဆုံး..ရပ်ကွက် ထဲက..ကုန်စုံဆိုင် လေးတွေ အထိပါ.. သိမ်းယူ ခဲ့ တာပါ..။ သိမ်းယူ တယ် ဆိုတဲ့ အတိုင်းပဲ.. တပြားတချပ်..တန်ရာ တန်ကြေး..မဆို နဲ့..အနဲဆုံး..ဂရုဏာကြေး တောင် မပေး ပဲ နဲ့.. ဆိုရှယ်လစ် တပ်ဦး ဘီလူး ကြီး က.. ပြည်သူ ပြည်သား တွေ ရဲ့.. ချွေးနှဲစာ လုပ်အား အရင်းအနှီး တွေ ကို.. အဓမ္မ သိမ်းပိုက် ခဲ့ တာပါ..။


ဒီနေရာ မှာ..အသုံးပြု ခဲ့တဲ့..ပြည်သူပိုင် ဆိုတဲ့.. စကားလုံးက.. နားဝင် မဆိုးလှပါဘူး.။ အများစု အစိုးရ ၀န်ထမ်း ပြည်သူ ပြည်သား လက်လုပ် လက်စား တွေ ကို .. လှလှ ပပ လှည့်စား နိုင် ခဲ့ ပါတယ်။ ဒါပေမဲ့.. အသက်တွေ ကြီးမှ.. မိဘ လက်ငုတ် လက်ရင်း မိုင်းတွင်း ကြီးတွေ သိမ်းခံ ရပြီး..နေ့ချင်း ညချင်း.. သူဌေး ဈာန်လျော သွားလို့ သက်သေ သွားတဲ့.. သူဌေးကြီးတွေ ရဲ့ ပုံပြင်တွေ... စီးပွား အရှာ ကောင်းလွန်းလို့.. အစိုးရ ရဲ့ အငြို အငြင် ခံရတဲ့..သူကြွယ် ကြီးတွေ.. ထောင်ထဲ ထိ မရောက်ခင်.. တိုင်းပြည် က အမြန် စွန့်ခွါ ပြေးကြတဲ့ သဲထိတ်ရင်ဖို ဇတ်လမ်း တွေ...က စလို့...ရပ်ကွက် အိမ်ဆိုင် လေးတွေ ပေါ်က နေ..နေ့ ခြင်းမဆိုင်း ဆင်းပြေး ပေး ရတဲ့.. တရုတ် - ကုလား ကုန်စုံဆိုင်ရှင် တွေ အဆုံး.. နာကျင် ခံခက် အကျည်းတန် လှ တဲ့.. အဖြစ် တွေ.. နောက်ကွယ်မှာ အများကြီး ရှိ ခဲ့ ပါ တယ်။ နိုင်ငံသား လုပ်ငန်းရှင် ..ဆိုင်ရှင် တွေ ဆိုရင်.. အိမ် ခြံ ဆက်လက် နေထိုင် ခွင့် တချို့ ရှိခဲ့ ပေမဲ့..နိုင်ငံခြားသား လုပ်ငန်းရှင် တွေ ဆိုရင်တော့.. သုည အကြွင်း ပါပဲ။ ကိုယ့် အိပ်ယာ အောက်မှာ.. စုဆောင်း သိုဝှက် ထားတဲ့.. စာရင်း မ၀င် တဲ့ ပိုင်ဆိုင်မူ လေးတွေ နဲ့ပဲ..နေ့စဉ် ဘ၀ တွေ ကို ပြန်လည် ထူထောင် ခဲ့ ကြ ဖို့ ပဲ ရှိပါတယ်..။

အဲဒီ တုန်းက.. ပြည်သူ ပိုင် သိမ်း ခဲ့တဲ့.. အထင်က ရ လုပ်ငန်း တချို့ ထဲမှာ..ဘဏ် တွေ ထဲမှာ ဆိုရင်..ချာတာဘဏ်.. မာကင်တိုင်ဘဏ်.. အိန္ဒိယဗဟိုဘဏ်.. နိင်ငံခြားတရုပ်ဘဏ် ..အင်းဝဘဏ် အထက်မြန်မာနိုင်ငံဘဏ်လီမိတက်.. မြန်မာ့စီးပွားရေးဘဏ်လီမိတက်.. စသဖြင့်..။ ဟိုတယ် လုပ်ငန်း ကြီးတွေ ထဲမှာ ဆိုရင်..သမ္မတ..ကမ္ဘေဇ( ချင်းချောင်း နန်းတော်) ..စထရင်း..စသဖြင့်..။ သတင်း စာနယ် ဇင်း လုပ်ငန်း တွေ မှာဆိုရင်...ဟံသာဝတီ.. တိုးတက်ရေး..ဟစ်တိုင် ( ဂျာနယ်ကျော်) ..စသဖြင့်...ပြည်သူ ပိုင် သိမ်း ခဲ့ ပါတယ်။


စစ်အတွင်း ကာလ တွေက..ရန်ကုန် မြို့မှာ..နာမည် ကြီး လူသုံးများ ခဲ့တဲ့.. ရိုးလ် ကုန်တိုက်.. ဒီဆူဇာ ဆေးတိုက်.. ရှားမီး..ကွန်တီနင်တယ် မုန့် တိုက်.. ဆိုတာ ကြီး တွေ ကတော့.. အရင်ဦးဆုံး ပေါ့..။ နောက်ဆုံး..လှပရိုက်ဗိတ် တို့..ဆရာခိုကျောင်း တို့.. မြို့မ ကျောင်းတို့ ပဲခူးနေရှင်နယ် ကျောင်းတို့လို ..ပုဂ္ဂလိကပိုင် စာသင်ကျောင်း တွေ တင်မက.. ခရစ်ယာန် သာသနာပြု စိန့် ကျောင်း တွေ အားလုံး လည်း.. ဒီ မုန်တိုင်း ကြီး ထဲမှာ..ပါ ခဲ့ ရပါ တယ်။


ရန်ကုန် မြို့ကြီး တင် မက..နယ်မြို့ အသီး သီးက.. ရုပ်ရှင် ရုံ တွေ.. ဆန်စက် ကြီး တွေ.. ယက်ကန်းစက် တွေ.. အိမ်တွင်း စက်မူ လုပ်ငန်း တွေ..လည်း..တခု မှ မကျန် ခဲ့ ပါဘူး။ နောက်ဆုံး ကုန်ကုန် ပြောရရင်.. စကောက် ( ကင်းထောက် ) အသင်း လို.. နိုင်ငံတကာ အဖွဲ့ အစည်း တွေ ရဲ့ ပိုင်ဆိုင် မူ တွေ တောင်.. ကင်းလွတ်ခွင့် မပေး ခဲ့ပါဘူး။ လယ်ကန်သင်း တွေ မှာ..ရေ တွေ ဖောက်ထုတ် သွယ်ယူ လိုက် သလို.. နေ့ချင်း ညချင်း မှာပဲ.. ပြည်သူတွေ ပိုင် တဲ့..အရင်းအနှီးတွေ အားလုံးဟာ.. ပြည်သူပိုင် ထပ်သိမ်းခံလိုက်ရပြီး..ပြည်သူ မပိုင် တော့တဲ့.... အစိုးရ ကြီး ရဲ့ လက်ဝါး ကြီး ထဲ ရောက်သွား ခဲ့ ပါတယ်။


တိုင်းပြည် တခု ရဲ့ စီးပွားရေး အခင်းအကျင်း တွေ ကို ..စွန့်ဦးလုပ်ဆေင်မူ တွေ.နဲ့အတူ ..လက်တွေ့ ကျကျ..ရှေ့ဆောင် နေခဲ့တဲ့..လုပ်ငန်း ကြီး တွေ..လုပ်ငန်း ရှင် ကြီးတွေ..ကုန်အမှတ် တံဆိပ်တွေ.. ဖြုန်းကနဲ ဆို ကြက်ပျောက် ငှက် ပျောက် ..ပျောက်သွား ကြ တော့တယ်။ အဲဒီ တုန်းက..ပြည်တွင်း မှာ ဂုဏ်သရေ ရှိရှိ တင့်တယ် ခဲ့တဲ့..ဂျစ်ကား နိုင်လွန် တို့ ကြက်ဆင် ဖဲထီး တို့ ဆိုတဲ့.. ကိုယ်ပိုင် ကုန်အမှတ် တံဆိပ် တွေ လည်း..ဆိတ်သုဉ်း သွားခဲ့တယ်။ ( ဖြည့်စွက်ချက်- အဲဒီ အချိန်က..လိုင်စင် တွေ နဲ့ လုပ်စား နေကြတဲ့.. လိုင်စင် သူဌေး များ လည်း.. အများအပြား ရှိ ခဲ့..)

နောက် တော့.. ကော်ပိုရေးရှင်း ကြီး တွေ..သမ၀ါယမ ကြီးတွေ ဟိုမှာ ဒီမှာ ပေါ်ပေါက်လာ ခဲ့ပြီး.. အလုပ် အကိုင် အသစ် တွေ ပေါ် ထွန်း လာခဲ့ ပေမဲ့.. စွမ်းဆောင်ရည် နည်း တဲ့ လုပ်သား တွေ.. အဆင့်ဆင့် ကြိုးနီ စနစ်တွေ.. ခြစား လာဘ်စား မူတွေ..လက်သင့်ရာ စားတော်ခေါ် တွေ နဲ့.. အဲဒီ စနစ်ကြီး တခု လုံး ဘယ်လို ပျက်သုန်း သွား ခဲ့ တယ် ဆိုတာ.. ဆိုရှယ် လစ် ကာလ ကြီးမှာ ဖြတ်သန်း ကြီးပြင်း လာခဲ့ သူ တိုင်း..သိကြ မှာပါ..။


အခုတော့ တခါ.. နှစ်ပေါင်း ၄၀ လောက် ..တတိတိ ယိုယွင်း လာခဲ့တဲ့..စီးပွားရေး စနစ် ကြီးကို..ပုဂ္ဂလိကပိုင် ပြု ခြင်း ဆိုတဲ့.. အဆန် ရထား ကြီးပေါ်ကို ပြန် ပစ် တင် ရင်း..ခရီး တပတ် လည် ဖို့ ကြံစည် နေ ကြ ပြန်ပါ ပြီ။ နှစ်ရှည်လများ..စီမံကိန်း ကြီးတွေ မအောင်မမြင် ဖြစ် နေခဲ့တဲ့.. လူသုံးကုန် ပစ္စည်း စက်ရုံ တွေ..နဲ့ တခြား တခြားသော အစိုးရ ပိုင် မြေတွေ..အဆောက်အဦ တွေ ကို.. တဖြည်းဖြည်း ခြင်း.. တခု ခြင်း ထုတ်ရောင်း နေရာ ကနေ.. ခု ဆို..ရောင်းလို့ ရသမျှ ကို..ရတဲ့ဈေး နဲ့ တက်သုတ် ရိုက် ထုခွဲ နေ တဲ့ ဟန် ပါ။ အဲဒီလို ပြန်ရောင်း တဲ့ အခါ မှာရော..မူလ ပိုင်ရှင် ဆွေစဉ် မျိုးဆက် ကို ပြန် ဦးစားပေး ရဲ့ လား ဆိုတာ..မေးခွန်း တခု ဖြစ် လာ ပါတယ်။ နောက် ပြီး.. အစု လိုက် အပြုံ လိုက်.. အလုပ် လက်မဲ့ ဖြစ် လာ မဲ့..ဖြစ် လာနေ တဲ့.. စက်ရုံ ၀န်ထမ်း ထု ကြီး တွေ ကလည်း..နဂို ပါး လက်စ ဖြစ်နေတဲ့..လူလတ် တန်းစား အလွှာကြီး ကို..ပါး သထက် ပါးလျ စေ တော့ မဲ့..အရေး တွေ ဖြစ်နေ ပြန် တယ်။

လျှပ်စစ် မီး အကျပ်အတည်း ဖြစ်နေတဲ့.. မြန်မာ ပြည် မှာ.. ရေအား လျှပ်စစ် စက်ရုံ တချို့.. ပုဂ္ဂလိ က ပြု လိုက် တာ ကိုလည်း..အားလုံး စိတ်ဝင်စား နေ ကြ တယ်။ လျှပ်စစ် မီး တွေ ပို ပြီး ရ လာတော့ မလား ဆို တဲ့.. မျှော်လင့်ချက် နဲ့ အတူ.. မီတာခ တွေ ရော ဘယ်လို ဘယ်လောက် ဖြစ်လာ မလဲ ဆိုတဲ့..စိုးရိမ်မူ တွေ ပါ.. ပို နေ ကြ ပါတယ်။ တကယ်တော့.. နိုင်ငံ တနိုင်ငံ မှာ.. လုပ်ငန်း တိုင်း ဟာ..အကျိုး အမြတ် ရ-ရမယ်..ရှိ ရမယ် လို့ မဟုတ်ပါဘူး ။ အထူးသဖြင့်.. လူမူ စီးပွား အခြေခံ အဆောက် အဦ ( Infrastructure ) တွေ ဖြစ်တဲ့..ခရီးသွား လုပ်ငန်း ..ပညာရေး..ကျန်းမာရေး နဲ့...အခု လျှပ်စစ် မီး လို ကိစ္စ မျိုး တွေ မှာ..အစိုးရ ရဲ့.. အကူအညီ အထောက်အပံ့ ( subsidization ) တွေ ..အထူး ပဲ..လိုအပ် ပါတယ်။

အတော် စောလျင် ကတည်းက.. ပုဂ္ဂလိကပိုင် စနစ် ထဲကို တရွေ့ရွေး တိုးဝင် လာနေတဲ့..ဆေးရုံ ဆေးခန်း တွေနဲ့ အသားကျ နေပြီးသား ဖြစ်တဲ့.. နောက်ပြီး..အစိုးရ ပိုင် မီးရထား တွေကို..ခက်ခက်ခဲခဲ လက်မှတ် တန်းစီ စီး ရာကနေ.. ကြိုက်နှစ်သက်ရာ အဝေးပြေးကား ကြီးတွေ ကို..ယှဉ်ပြိုင် ဈေး နဲ့.. သက်သက်သာ သာ မြန်မြန်ဆန်ဆန် ခရီးသွားနိုင် နေပြီ ဖြစ်တဲ့..မြန်မာ နိုင်ငံ သားတွေ အတွက် ... နိုင်ငံပိုင် ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကြီးကို တဦး တယောက် တဖွဲ့ပိုင် ပြု လုပ် ခြင်း ထက်.. ပိုစိတ် ၀င်စား စရာ ကောင်းတဲ့.. သတင်း တခု ..( ကောလဟာရ တခု ) လတ်တလော မှာ.. ထွက် လာပြန် ပါတယ်။


ရန်ကုန် မြို့မှာ ရှိ တဲ့ .. နာမည်ကြီး နေရာကောင်း အခြေခံပညာ ကျောင်း ကြီး တချို့ ကို..ပုဂ္ဂလိ က များထံ..လွှဲပြောင်း ရောင်း ချ တော့မယ် ဆို တဲ့ သတင်းပါ။ ဒီ သတင်း ကို မဖြစ် နိုင် ဘူး လို့ ပညာရေး အသိုင်း အ၀ိုင်း နဲ့ ပညာရှင် တချို့က..ယူဆ နေ ပေလို့..မဖြစ်နိုင် တာတွေ ..ဖြစ် ဖြစ် နေတဲ့.. အခြေအနေ တခုမှာ.. တမြန် တလော က.. ရန်ကုန် မြို့တွင်း ကျောင်းတွေက..ဆရာ- ဆရာမ တွေ ကို စာရင်း ကောက်ယူ တယ် ဆို တဲ့ သတင်း ကြောင့်.. ဒီလို သာ..တကယ် ဖြစ်လာ ခဲ့ ရင် ဆိုတဲ့.. တွေးတော ပြင်ဆင် မူ တွေ.. ကျောင်းသား မိဘ တွေ ထဲမှာ.. ရှိ လာ နေ ပါတယ်။ အခု တင် ကတည်းက.. ဈေးကြီး ပြီးသား ဖြစ်တဲ့..သီးသန့် ဈေး တစား သတ်မှတ် ပြီး ဖြစ်တဲ့.. နိုင်ငံ တကာ အဆင့်မှီ ကျောင်း တွေ အပြင်.. သာမာန် ပြည်သူ တွေ..( အများစု ကတော့..သာမန်ထက် ပို တဲ့ ပြည်သူ ) အားထား နေရတဲ့.. နာမည် ကြီး အစိုးရ ကျောင်း တွေ ကိုပါ.. အက်ဖ်အီးစီ နဲ့ ပေး တက်ရ မယ် ဆို လျှင် တော့.. ဓါးမ နောက်ပိတ် များ အနေနဲ့..ဘုန်းတော်ကြီး စာသင် ကျောင်း များ ကို သာ..အားထား ဖို့ ရှိ ပေ တော့မည်။


အနှစ် လေးဆယ် ကျော် စာ အနှစ် ချုပ် လိုက် တော့.. ပြည်သူပိုင် စီးပွားရေး စနစ် နဲ့ လည်း ပြည်သူ အတွက်.. အကျိုး မဖြစ် ထွန်းခဲ့။ ဖွင့်ထား တာ ကြာပြီ ဖြစ် တဲ့..ဈေးကွက် တံခါး ကြီး ထဲ မှာ လည်း..ပြည်သူ့ ဖူလုံရေး ဆိုတာ..ဝေးသထက် ဝေး ခဲ့..။ စီးပွားရေး..နိုင်ငံရေး..လူမူရေး..ကျန်းမာရေး..ပညာရေး အားလုံး.. လွန်းတင်ယှက် ထိုး နေ တဲ့.. လူ့ အဆောက် အဦ တခု မှာ.. စီးပွားရေး ဆို တဲ့ အစ တခု ကိုပဲ..ဆွဲ ထုတ် ဖို့ ကြိုးစား နေ တယ် ဆိုရင် တောင်.. ပြည်သူ အားလုံး ပါဝင် နိုင် ရဲ့လား.. မြင်သာ ထင်သာ ရှိရဲ့လား .. တကယ်ပဲ ပြည်သူ တိုင်း အတွက်.. ပုဂ္ဂလိက အခန်း ကဏ္ဍ တွေ ပေါ်ပေါက် နိုင် ပြီ လား ဆိုတာ..။ ။


ကိုးကား-

၁၉၆၂-၁၉၇၄။မြန်မာနိုင်ငံရေးစနစ်ပြောင်းကာလ (ဒုတိယတွဲ)




Share/Bookmark

22 Comments:

Shinlay said...

စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ခိုင်မာပြီးသားဖြစ်တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ချက်ချင်း
ပြည်သူပိုင်လုပ်ရတာလွယ်ကူမြန်ဆန်ပါတယ်။ အရည်အသွေးနဲ့ တိုးတက်မှု ကြာရှည်ခံဖို့  တော့ စဉ်းစားစရာပါ။
မအောင်မြင်တဲ့၊ အဖက်ဖက် က ကျဆုံးနေတဲ့ ပြည်သူ ပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိက ပိုင်လုပ်ရင်တော့ တိုးတက်အောင်မြင်မှုနဲ့  အကျိုးခံစားမှုတွေကို လူနဲစုသာ ခံစားနိုင်မှာပါ။

မေ့သမီး said...

အမရေ အခုအချိန်မှာ အစိုးရတော်တော်များများက ပြည်သူပိုင်လုပ်ဖို့ထက် အစိုးရပိုင်အလုပ်ရုံ၊ စက်ရုံတွေကို ပုဂ္ဂလိကကိုလွှဲပြောင်းလုပ်ဖို့ ပိုပြီးစိတ်ဝင်စားကြပါတယ်။ စီးပွားရေးပညာရှင်တွေရဲ့ အမြင်အရဆိုရင်တော့ စီးပွားရေးကို ဈေးကွက် (၀ယ်လိုအားနဲ့ ရောင်းလိုအား) ကဦးဆောင်မှပဲအောင်မြင်တဲ့စီးပွားရေးဖြစ်မှာပါ။ ပြည်သူပိုင်သိမ်းတာက ကောင်းအောင်လုပ်နိုင်ရင်ကောင်းမှာပါ။ ဒါပေမယ့် ဦးဆောင်နေတာက အစိုးရတွေဖြစ်တဲ့အတွက် နိုင်ငံရေးကပါလာမှာပါ။ အမေရိကလိုနိုင်ငံမျိုးမှာ တောင်မှ ကိုယ့်ကိုမဲပေးတဲ့ပြည်နယ်အကျိုးကို အဓိကထားကြသေးတာ။ အဲဒီလိုနိုင်ငံရေးနှီးနွှယ်တဲ့ စီးပွားရေးအဖွဲ့အစည်းမျိုးဟာ လူ့အဖွဲ့အစည်းတခုလုံးထက် ရေပေါ်ဆီကွက်ကွက် ကလေးကိုပဲအကျိုးဖြစ်စေမှာပါ။ အဲဒါကြောင့် ဘယ်စနစ်ပဲဖြစ်ဖြစ် နိုင်ငံရေးကိုထိန်းချုပ်နိုင်ရင် တ၀က်အောင်မြင်မှာပါ။

ရွှေရတုမှတ်တမ်း said...

အကိုကြီးကတော့ ဖဆပလခေတ်၊မဆလခေတ်၊
စစ်တပ်လက်ဝါးကြီး အုပ်ခေတ်၊
ခေတ်အမျိုးမျိုးမှီခဲ့တာဆိုတော့ ...
စီးပွားရေးဟာ နိုင်ငံရေးအပေါ်အများဆုံးမှီတည်နေတယ်လို့ယူဆတာပဲ၊ သူငယ်ချင်းဖြစ်သူ ကိုစိန်ဌေး ကိုတော့ ညည်းblog ဖတ်ခိုင်းအုန်းမယ်၊ သူကတော့ RFA တို့ VOA တို့မှာ အော်အော်နေတာပဲ၊ ဆရာဦးမျိုးညွန့်တို့ဆရာဦးမြသန်းတို့ ဆရာဦးမြသိန်းတို့ကတော့ ပြောပြရင်တော့ပိုကောင်းတာပေါ့၊သူတို့က Eco ပါမောက္ခတွေလေ

Steve Evergreen said...

ရေးထားတာ ကောင်းတယ်။ အနှစ်တွေချည်းပဲ။ ကျေးဇူး

Sint said...

Private school system is good for teachers but not good for parents. Teacher will get better pay (well..at least reasonable one ) Even though it is public school system now, most parents have to spend tuition fees any way. The future of education system for Myanmar will be interesting!!

Moe Cho Thinn said...

နိုင်ငံရေး တည်ငြိမ်ပြီး ဥပဒေထက်မှာ ဘယ်သူမှမရှိတဲ့ တရားမျှတတဲ့အစိုးရလက်ထက်မှသာ ပြည်သူကို တကယ်အကျိုးပြုနိုင်တဲ့ ထိရောက်တဲ့စနစ် ပေါ်ထွန်းနိုင်မယ်လို့ ယုံကြည်မိပါတယ် ကေ..။

အခုဟာကတော့ ပုဂ္ဂလိက ပေးချင်ရင် ပေးလိုက်၊ အကျိုးဖြစ်ထွန်းတယ်ထင်ရင် သိမ်းလိုက်နဲ့ အခုလဲ တကယ့် ပညာရေးအတွက်ပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက်ပဲ ဖြစ်ဖြစ် လုပ်တာမဟုတ်ဘဲ သူတို့ပိုင် ပစ္စည်းလို ရောင်းချ စားသောက်နေတာမို့ စနစ်ဆိုတာကို ထည့်ပြောစရာတောင် မလိုပါဘူးလေ..။ ပါးစပ်ထဲက ဥပဒေ၊ ငါကျိုးရှာတဲ့ စနစ် မို့ပါလေ..

mirror said...

ဖတ်သွားပါကြောင်း သာ....

blue said...

ခေါင်းစဉ်တော့ မတပ်တော့ဘူး
(တေဇသူရ)A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

သူငယ်ချင်းရေ
ဒီအချိန်မှာ နောက်တန်းစစ်စခန်းမှာ
ရှိနေတာဘဲ ကောင်းပါတယ်ကွာ၊
ရှေ့တန်းမှာ တိုက်ပွဲတွေက
ပြင်းထန်ကြမ်းတမ်းနေတော့
နောက်တန်းစစ်စခန်းကဘဲ
သက်လုံစိတ်ချရတဲ့အချိန်မို့။

သူငယ်ချင်းရေ
ရှေ့တန်းတိုက်ပွဲပြီးမှဘဲ
ကျဆုံးအလောင်း သွားရေတော့မယ်၊
ရန်သူအလောင်း ဘယ်နှစ်လောင်း
မိမိဘက်က ဘယ်နှစ်လောင်း၊
ရှေ့တည့်တည့်က ရန်သူ့ကျည်နဲ့
ဘယ်နှစ်လောင်း
နောက်တည့်တည့်က မိမိကျည်နဲ့
ဘယ်နှစ်လောင်းပေါ့။

အမေရိကန်အစိုးရကလည်း
ဒေါ်လာ ၃၆ သန်းကျော် ချကျွေးတော့မယ်ဆိုတော့
မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူလို့
မိမိကိုယ်မိမိ ခေါင်းဆောင်အမည်ခံသူတွေက၊
ငွေလုပွဲမှာ အနိုင်ရဖို့
ကြိုးဝိုင်းထဲကို အလုအယက်တိုးနေကြပြီ၊
ဒါပေမဲ့ သူတို့မသိတာက
ကြိုးဝိုင်းလား ကြိုးစင်လားဆိုတာပါ။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကလည်း
အရမ်းကို ကြမ်းနေရမ်းနေတော့
ဘုန်းမနိပ့်အောင် ဝေဟင်မှာလွင့်နေတဲ့
ထမိန်တွေ မအုပ်မိအောင်လည်း
ဂရုစိုက်နေရသေး။

ဝေဟင်မှာထမိန်တွေကလည်း
ရင်ဘောင်တန်းတယ်ဆိုပြီး ပေါမှပေါ လွင့်မှလွင့်
ထမိန်အလံတွေကလည်း ထူချင်နေကြပေါ့၊
ခေါင်းဆောင်အရေခြုံပြီး လုပ်စားတွေကလည်း
ထမိန်အုပ်ခံ ထမိန်အောက်
စကတ်အုပ်ခံ စကတ်အောက်
ရောက်သွားတာလည်း မနည်းတော့ဘူး။

သူငယ်ချင်းရေ
မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးမှာ
လူအင်အားသာမရှိတာ
အဖွဲ့အစည်းတွေကတော့ အမည်အမျိုးမျိုးနဲ့
စိတ်ကူးထဲရှိရာ အမည်တခုခုတာပြောလိုက်
အဲ့ဒီအဖွဲ့အစည်းက အဲဒီလူအဲဒီသူတွေနဲ့ဘဲ
ဖွဲ့စည်းပြီးသွားပြီ သူငယ်ချင်း။

သူငယ်ချင်းရေ
မြန်မာပြည်ဒီမိုကရေစီ ရမရတော့မသိဘူး
မြန်မာပြည်အနှံ့ အလွှာပေါင်းစုံကလူတွေ
သေလို့မကုန်ဘဲ ထွက်လို့ကုန်ပြီ
တချို့လည်းခေါင်းချရမယ့် အရွယ်ကိုရောက်နေပြီး
အကြောင်းအမျိုးမျိုးပြပြီး ထွက်လာနေတုန်းဘဲ။

တခါတခါ နအဖစစ်တပ်က ရှေ့တန်းမထွက်ရသေးဘူး
မြန်မာပြည်တွင်းရှိ မြို့ပြနှင့်ရွာကလူတွေက
အထုပ်အပိုးတွေသယ်ပြီး မိသားစုလိုက်၊
စစ်သားထက်ခြေလှမ်းပိုသွက် တောင်တွေကိုကျော်ပြီး
နယ်စပ်ဒုက္ခသည်စခန်းတွေဆီ ရောက်နေကြပြီ
တချို့ကလည်းမြန်မာပြည်တွင်း နိုင်ငံရေးအုံကြွမှု
နိုင်ငံရေးလှုပ်ရှားမှုတွေကို စောင့်နေကြတယ်
ရောင်တော်ပြန်နဲ့ပုံမှားရိုက်ပြီး အပြင်ထွက်ဖို့။
A.B.S.D.F ကိုယ်ပိုင်အမှတ် (102113)

အောင်သာငယ် said...

Nationalization နဲ့ Privatization ဆိုတဲ့.. အခေါ်အဝေါ် နှစ်ခုကတော့ Socialism နဲ့ Communism ရဲ့ ဘေးထွက် ပစ္စည်းတွေပဲ မဟုတ်လား... capitalism မှာက အဲ ၂ ခုလုံးကို အဖက်လုပ်ပြီး မပြောတော့ဘူး မဟုတ်လား....
ကျနော်ကတော့ ISM တွေ ကို မုန်းတယ်ဗျာ...

ဂျူနို said...

တိုင်းသူပြည်သားတွေရဲ့ ဘ၀ကို အာမခံချက်ပေးတဲ့ နိုင်ငံရေး စနစ်တခု မရှိသေးသမျှ မကေပေးထားတဲ့ ခေါင်းစဉ် အတိုင်းပဲ ဖြစ်နေမှာပဲ။

ခုနေကြည့်လိုက်ရင် စူပါမားကက်တွေ ကျောင်းတွေ ဆေးရုံတွေ ဟော်တယ်တွေ ခရီးသွားလုပ်ငန်းတွေ အားလုံး စစ်တပ်နဲ့ သက်ဆိုင်သူတွေပဲ ပိုင်ကြတာမဟုတ်လား။

မအယ်

ကလူသစ် said...

ပြည်သူပိုင်သိမ်းလိုက်တာ အဆင်ပြေသားဗျ။ ကလူသစ်တို့အဖိုးတော့ ဘဏ်ထဲက လုပ်ငန်းငွေတွေပါ ပါသွားဆိုသကိုး။ အဖိုးကတော့ သေတဲ့အထိ ရေလဲစစ်မသောက်ဘူး။ အစိမ်းရောင်လဲ မြေးတွေမျက်နှာကြောင့် ကျောင်းစိမ်းတခုပဲ လက်ခံခဲ့တယ်။ အဖိုးတို့များ တယ်ခက်သကိုး။ တိုင်းပြည်အတွက်ရယ်လို့ စဉ်းစားမပေးဘူး။ ခွိခွိ

mks said...

ဖတ်သွား မှတ်သွားပါတယ် မကေ..မြန်မာပြည် မှာ မကြေငြာ ဘဲ Privatization လုပ်ထားတာ တွေ ရှိတယ်ဗျ ..

ခင်မင်စွာဖြင့်

zizawa said...

မကေရဲ့စာဖတ်ပြီးတော့ ဥပမာသုံးခုကို တွေးမိတယ်။ ပထမတခုက ပြင်သစ်ကရေးနော (Renault) ကားကုမ္ပဏီကို အစိုးရက ၁၉၄၄မှာ ပြည်သူပိုင်သိမ်းလိုက်တာ။ ပိုင်ရှင်က နာဇီတွေနဲ့ပေါင်းလို့တဲ့။ ဒီတော့ ပုဂ္ဂလိကပိုင်လုပ်တိုင်းလဲ
တရားဥပဒေဘောင်ထဲက မဟုတ်ရင် ပြည်သူပိုင်ပြန်သိမ်းနိုင်တယ်ဆိုတာပါ။ ဒီကိစ္စက အနာဂတ်ဗမာနိုင်ငံအတွက် အရေးကြီးပါတယ်။

ဒုတိယတခုက ဆိုဗီယက်ရုရှပြိုကွဲတော့ နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို ဈေးပေါပေါနဲ့ ခေတ်ပျက်သူဌေးလို့ခေါ်နိုင်မယ့်လူတွေကို ထိုးရောင်းပစ်တာပါ။ ရုရှကသူဌေးကြီးတွေ ကမ္ဘာ့ဘီလျံနာကြီးတွေ ဖြစ်လာကြတယ်။
ဘောလုံးအသင်းတွေ ပိုင်လာကြတယ်။ လူထုကတော့ ပိုမွဲသွားတယ်။ ပုဂ္ဂလိကပိုင်လုပ်ဖို့ အခါပေးတဲ့ ဂျဖရီဆခ်တို့ကို လူတွေက ကောင်းကောင်းဆဲကြတယ်။
ပုဂ္ဂလိကပိုင်လုပ်တိုင်း အောင်မြင်တာ မဟုတ်ဘူးဆိုတာကို ရုရှက သက်သေခံပါတယ်။

တတိယတခုက ဂျာအေးသူ့အမေရိုက်နေတဲ့ အင်္ဂလန်က တချို့ရထားလိုင်းတွေပါ။ ရထားလိုင်းတချို့ကို အစိုးရက ပုဂ္ဂလိကကိုပေးလိုက်တယ်။
အခု ပုဂ္ဂလိကက အမြတ်ရအောင် မလုပ်နိုင်တဲ့အပြင် အကြွေးတွေနင့်နေလို့ ပြည်သူပိုင်ပြန်သိမ်းရတယ်။

မကေရဲ့ ပြည်သူတိုင်းအတွက် ပုဂ္ဂလိက အခန်းကဏ္ဍတွေ ပေါ်ပေါက်နိုင်ပြီလားဆိုတာတော့ မကေရယ် ဖြေရခက်တဲ့မေးခွန်းတွေ သိပ်မမေးပါနဲ့။

ဒူကဘာ said...

ရော်... သံခိပ် ဆိုလိုက်ရယင် ... ငွေမရှိ စာမတတ် အဲလို ဖြစ်လာတော့ မှာလား ! ဘုရားသခင် ။ အသင် .. ဆင်ခြင်လေဦး။

ဒဏ္ဍာရီ said...

စီးပွားရေး လုပ်ငန်းဆိုတာ ခုချိန်မှာတော့ စစ်တပ်အသိုင်းအ၀န်းသာ လုပ်ပိုင်ခွင့်ရနေတာပဲ မကေရယ်..။ စစ်တပ်အုပ်ချုပ်တဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ တိုင်းပြည်မတိုးတက်ဘူးတဲ့ အဲဒီစစ်တပ်သာ တိုးတက်လာတာလို့ စာထဲမှာ ဖတ်ဖူးတယ်။

ခင်မင်လေးစားလျှက်

ဝေလင်း said...

ဗဟုသုတရပါတယ်ခင်ဗျာ..လေးနက်တဲ့ ပို့စ်လေးပါပဲ..ဝေဖန်ဖို့ထိတော့ မရင့်ကျက်တာမို့ မှတ်သားနာယူသွားပါတယ်...

傷害 said...

人必須心懷希望,才會活的快樂,日子才過得充實,有意義,有朝氣,有信心。........................................

tin m said...

Economic reform first or political reform first? In Russia, political reform did first, then people suffered a lot because of privitization. In China, economic reform first, politically still not democratic, but people get richer than before.
In order to follow china example, leaders should be uncorrupted. In Burma, we could not do like China as you all know Than Swe and his gangs characters. Step by step privitization under the great leader like Daw SU, we can attain best results. Otherwise , people will be under heavy economic pressure.

Taw Win said...

I can just read half of this post. Other half is seen as millions of squares. I dont know why. I want to read all. And so what i need to do?

Kay said...

Hi..TawWin
I remember that last time you have same problem with my other post. So..I think it's you computer . it might be so sophisticated :)

if you wish, pls leave ur mail address.. I can send u PDF file.

thanks for reading.

Taw Win said...

OK. My mail address is pann.tawwin3@gmail.com
Taw Win

myat said...

ဖတ်ပြီးမောသွားပါတယ်။ အော် ဘယ်တော့များမှ.....