မိသားစု ဘ၀တန်ဖိုး

မရေးတော့ပါဘူးလို့ပဲ။ ရီပါပလစ်ကန် ညီလာခံ ကို.. ဒီနေ့ ကြည့်မိ ပြန်တော့..စိတ်ထဲမှာ.. အတွေးတွေ..ပလုံစီ လာပြန်တယ်။ ထုံးစံ အတိုင်း..အဆုံးသပ် ကောက်ချက် ဆွဲမရ တဲ့..အတွေးတွေပါ။

+++++

လှပတဲ့..မိသားစု နဲ့ ဒု သမ္မတလောင်း

သူမ ..ဘယ်လို လူမျိုး လည်း ဆိုတာ..လူတွေ အားလုံး..စိတ်ဝင်စား နေခဲ့ တာကို.. အလက်စကားပြည်နယ်ရဲ့.. အုပ်ချုပ်ရေးမှူး .. Sarah Palin က..ဒီနေ့ ၃ ရက်မြောက် ရီပက်ပလစ်ကန် ညီလာခံ မှာ.. လှစ်ပြသွားခဲ့ တယ်။

အား လုံးပဲ ကျေနပ်အားရ နေကြပုံပါပဲ။ ဘာမှန်းတော့မသိဘူး..ဒီအမျိုးသမီးဟာ..ချစ်မွေး တော့ ပါတာ..သေချာ တယ် လို့..ကိုယ်တိုင် တောင် တွေးနေမိတယ်။ ဟောလိဝုဒ် စတား..အင်ဂလီနာ ဂျိုလီ နဲ့တောင်..ဘယ်နေရာ မှာ..ဆင်နေ မှန်း မသိ ။ ဝေဖန် သုံးသပ် သူ တွေ ကလည်း.. ပေလင်း ဟာ..ရီပက်ပလစ်ကန် ရဲ့..ပုံစံခွက် ကြီး ထဲက.. ခွဲထွက် နိုင် တယ် လို့ဆို ကြတယ်။ နောက်ပြီး.. မိန်းမ ဆန်မူ..အာဝဇ္ဇန်း ရွှင်မူ.. ထက်မြက်မူ..အားလုံး ညီမျှ တယ် လို့ လည်း..အမွှန်းတင် ကြတယ်။ ဟုတ် လည်း ဟုတ် ပါတယ်။ နဂို လှရ တဲ့ မျက်နှာ လေး ကို.. မျက်မှောင် လေး တဖတ် ကျုံ့လိုက်.. နှာခေါင်းလေး ရှုံ့လိုက်.. သွားဖြူဖြူလေး တွေပေါ် အောင် ပြုံးလိုက် နဲ့..ဟန်ချက် ညီညီ..စကား ပြော သွား တာ များ၊ အတော် ချစ်စရာ ကောင်းတယ်။ စကားလုံး ရွေးချယ်မူ..လေယူလေသိမ်း.. အကြောင်းအရာ ဇောင်းပေး မူ တွေ ကလည်း.. ကောင်းတာ ပဲ။



ဒါပေမဲ့..လူတွေ ပို စိတ်ဝင် စား နေတာက..သူမ ရဲ့ မိသားစု ကြီး။ အရွယ် အစုံစုံ သော.. ကလေး ၅ ယောက် နဲ့.. သာမန် ၀န်ထမ်း တယောက် ဖြစ်တဲ့.. ရုပ်ရည် ကြည့်ကောင်းတဲ့..သူမ ရဲ့ အမျိုးသား ကို..အားလုံးက စိတ်ဝင် စား နေ ကြ တယ်။ ဒီကြား ထဲ.. သမီး တယောက်က.. ဆယ်ကျော်သက် ကိုယ်ဝန် ပြသာနာ နဲ့..အငယ်ဆုံး လသား ကလေး လေး ကလည်း.. dawn syndrome နဲ့တဲ့။ ( သူမ မိန့်ခွန်း ပြော နေ တုန်း..၇ နှစ် အရွယ် သမီး ငယ်လေး က..သူ့မောင်လေး ကို ပွေ့ထားရင်း.. သူ့လက်ဝါးလေးကို..လျှာနဲ့လျက်-လျက် ပြီး..ကလေးလေး ရဲ့ ဆံပင် လေး တွေကို..သပ် သပ်ပေး နေတဲ့.. ရိုက်ကွက် ကလေး ကတော့..အားလုံးအတွက်..ရီ လည်း ရီ ရ- ချစ်ဖို့လည်း ကောင်း နေ တော့တယ်)

အားလုံး ပြီး တော့..မိသားစု အားလုံး..စင်ပေါ် ကို တက် တဲ့ အချိန် မှာ.. သမ္မတ လောင်း ဂျွန်မက်ကိန်းပါ တက်လာ ပြီး..ကလေး ပေါက်စလေး ပါ မကျန် ..တယောက် ချင်း ကို နှုတ်ဆက် ရင်း " What a beautiful family " တဲ့။

တကယ် လည်း..တော်တော် ကို လှပ တဲ့..မိသားစု လေး တခုပါ။ ကနေ့ခေတ် လို..လုပ်စရာ များမြောင် .. လူတို့ဘောင် ကို..အကြောင်းပြ ပြီး..မိသားစု တာဝန် တွေ..လျှော့ပေါ့ လာတဲ့.. အမျိုးသမီး ထု အတွက် တော့.. အတော့်ကို..အံ့သြ စိတ်ဝင်စား စရာ ကောင်း နေ ပါတယ်။ ဒီ ကလေး တွေနဲ့.. ပြည်နယ် အုပ်ချုပ်ရေးမှူး တ ယောက် ဖြစ် အောင်..ဘယ်လို ကြိုးစား ခဲ့ တာ ပါ လိမ့်။ ပေ လင်း ကိုယ် တိုင် ကတော့..ပြော ပါတယ်။ သူတို့ မိသားစု ဟာ လည်း..တခြား သော မိသားစု တွေ လို ပဲ.. ၀မ်းနည်း စိတ်ရှုပ်စရာ တွေ ရှိ ခဲ့ သလို.. ပျော်ရွှင်စရာ တွေ လည်း..မျှ ဝေ ခံစား ခဲ့ ကြ ပါတယ် တဲ့။

ဘာပဲ ပြော ပြော.. သူမ ရဲ့..လှပ တဲ့...ရုပ်သွင် နဲ့..လှပ တဲ့..မိသားစု ကြီး ကြောင့်.. အမေရိကန် ရီပါပလစ်ကန် ပါတီ..ဒု သမ္မတ လောင်း..ပေလင်း ကို တော့.. လူ တွေ တော် တော် စိတ်ဝင်စား သဘော ကျ သွား ကြ ပါ ပြီ။

မိသားစု မပါတဲ့ - လက်ထောက် ၀န်ကြီးချုပ်-

အဲဒီလို ဆို တော့..ပြီး ခဲ့တဲ့.. လပိုင်း တွေက.. သြစတြေလျ နိုင်ငံ မှာ အနိုင် ရသွားတဲ့..လေဘာ ပါတီ ရဲ့.. အမျိုးသမီး လက်ထောက် ၀န်ကြီး ချုပ်.. Julia Gillard ကို ၊ ချက်ချင်း သတိ ရ သွားတယ်။




အခု ပေလင်း လိုပဲ..သက်လတ်ပိုင်း လေးဆယ်ကျော် Gillard ကိုတော့..အတိုက်အခံ အသိုင်း အ၀ိုင်း က.. deliberately barren လို့..ရက်ရက်စက်စက် ဝေဖန် ခဲ့ပါတယ်။ အိမ်ထောင်မပြု ( partner တော့ရှိပါတယ်) သားသမီး မရှိ တဲ့ အတွက် ကြောင့်..၀န်ကြီးချုပ် မဖြစ် သင့် ဘူးလို့ ဆို တယ်။ ဘယ်လို ပေ တံ နဲ့ တိုင်းတာ ဝေဖန် လည်း တော့ မသိပါ။ သူမ ကတော့.. ကလေး တဖက်..မိသားစု တဖက် နဲ့..နိုင်ငံရေး နယ်ပယ် ထဲ မှာ.. လှုပ်ရှားနေ တဲ့..သူ့ လုပ်ဖော်ကိုင် ဖက် အမျိုးသမီး တွေကို.. ချီးကျူး ပေမဲ့..သူ့ကိုယ်ပိုင် ရွေးချယ် နေထိုင် လိုမူ မှာ တော့..အဲဒီ အချက် တွေ..မပါခဲ့တာ..၀မ်းနည်းပါတယ် တဲ့။ ချစ်ခင် ပျော်ရွှင် တဲ့ မိသားစု က..ကြီးပြင်းလာ သလို.. တူနဲ့တူမ တွေရဲ့..အရင်းနှီးဆုံး..အဒေါ် အဖြစ် နဲ့သာ.. သူ့မိသားစု ဘ၀ ကို ကျေနပ် ပါတယ် လို့ .. စိတ်မကောင်း ဟန်နဲ့- ပြန် လည် တုန့်ပြန် ခဲ့ ပါတယ်။

မိသားစု စိတ်ဓါတ် တန်ဖိုး ဟာ..လူ့အသိုင်း အ၀ိုင်း မှာ အရေး ကြီး တာ မှန်ပါတယ်။ တာဝန်ယူ တတ် မူ.. ချစ်ခင် မူ..အနစ်နာခံ မူ ဆိုတဲ့.. စံနှုံး တွေကို မိသားစု တခု မှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့.. အကြောင်း တစုံ တရာ ကြောင့်..သို့မဟုတ်.. ကိုယ်ပိုင် ရွေးချယ်မူ တခု ကြောင့်..မိသားစု တခု မတည်ဆောက်ဖြစ် တဲ့..လူ တွေ မှာ..အဲဒီ စံ နှုံး တွေ..ကင်းမဲ့ နေ တယ်လို့..ထင်မြင် တာ မျိုးတော့..မဖြစ်သင့် ဘူး ထင်ပါတယ်။

တကယ် တော့.. မိသားစု ..ဆိုတာ.. လူ့ယဉ်ကျေးမူ တွေ..တိုးတက် လာ ခြင်း ကနေ ပေါ်ထွက်လာတဲ့.... ဖန်တီးမူ တခု ပါ။ ကမ္ဘာ ဦး ခေတ် တွေ တုန်း က...အဖေ ရယ်..အမေ ရယ်..သားရယ် သမီး ရယ် လို့..မရှိ ခဲ့ ကြ ဘူးလို့ ယူဆ ရပါတယ်။ စဉ်း စား ကြည့် တော့.. ဗုဒ္ဓ ကိုယ် တော် တိုင်.. မိသားစု ဘ၀ ကို ငြင်းပယ် ခဲ့ သူ။ ယေရှု က လည်း..တကိုယ် တည်း သမား။ ခရစ်ယန် ဘာသာ ကို..ကမ္ဘာ ပြန့်အောင် ဖြန့်ခဲ့တဲ့..ရှင်ပေါ လု ကတော့ - သူဟာ ဘုရားသခင်ရဲ့ ဆုကျေးဇူး ကြောင့်..တကိုယ်တည်းဘ၀ နဲ့..သာသနာ အလုပ် ကို..ဆုံးခန်းတိုင် လုပ်နိုင် ခဲ့သည်ဟု ဆိုခဲ့သည်။ တမန် တော် မိုဟာ မက် ကျ တော့..မိသားစု သမား ဖြစ် နေပြန် တယ်။ မိသားစု မှ.. တော့်တော့်ကို ကြီး တဲ့ မိသားစု ဖြစ် လိမ့်မယ်။


အဲဒါ ကြောင့်.. မိသားစု တခု ပိုင် ဆိုင် သည် ဖြစ်စေ..မပိုင် ဆိုင် သည်ဖြစ်စေ..လူ တိုင်းဟာ..ဒီကမ္ဘာကြီး ပေါ် ကို..ရည်ရွယ်ချက် တခု နဲ့ ရောက်ရှိ လာ တာ- သာ ဖြစ် မှာပါ ။ တနည်း ပြောရ ရင်.. သူ့ကံ အကျိုးပေး သလောက်..ဘ၀ ကို ကြုံ ဆုံ ရမယ်။ ကမ္ဘာ မြေ ကို..မိသားစု ရဲ့ နွေးထွေး ခြင်း တွေ နဲ့..ဖြန့်ကျက် ပေး နိုင် သလို- လူ တိုင်း - လူ တိုင်း ရဲ့.. လက် တခု ခြင်းစီ နဲ့ လည်း..ချိတ်ဆက် ခိုင်မြဲ စေ နိုင် မှာ ပါ။

မိသားစုဘ၀ ကို စွန့်လွှတ် အနစ်နာခံသူ အမျိုးသားခေါင်းဆောင်


အဲဒါ ဆို ရင်.. လူတိုင်း လူတိုင်း တန်ဖိုးထား ရ ပါတယ် ဆိုတဲ့..မိသားစု ဘ၀ ကို စွန့်လွှတ်ပြီး.. သူမ ကို လို အပ်နေတဲ့..တပူပူ..တဆာဆာ နဲ့ အားကိုးမျှော်လင့် နေတဲ့..မြန်မာ ပြည်သူ ပြည်သား တွေ ရဲ့ဘ၀ ထဲ ကို..ရဲရဲ ကြီး ခုန်ဆင်းခဲ့ တဲ့..ဒေါ်အောင်ဆန်းစုကြည် ကိုရော-




ကေ-


Share/Bookmark

8 Comments:

Anonymous said...

အမကေရေ အဆုံးပိုင်းလေးမှာ အဆုံးပိုင်းလေးမှာ
ကြိုက်တယ်ဗျာ

Moe Cho Thinn said...

မိသားစုဆိုတာ တို့ဘ၀မှာတော့ အရင်းနှီးဆုံး၊ အလေးအနက်အထားရဆုံး၊ အချစ်ရဆုံး သူတွေပါပဲ။ အဲဒီမိသားစုဘ၀လေးကို စွန့်လွှတ် အနစ်နာခံတဲ့ ဒေါ်စုဟာ တို့ဘ၀မှာတော့ စံပြခေါင်းဆောင် ပါ။ သူ့ ကိုယ်ကျိုးစွန့်မှုတွေက ပြောမကုန်ပါဘူး။ ကိုယ်က ချီးကျူးရင် သူ့ဂုဏ်ပုဒ်တောင် သိမ်ငယ်မှာ စိုးမိတယ်။

ကလူသစ် said...

နဂိုရှိတာထက် တော်တော်လေး ပို ၀မ်းနည်းသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်..........

ခင်မင်းဇော် said...

ကလူသစ်ပြောသလိုပဲ....ကေ...

Anonymous said...

ရွေးပြီးတင်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဒေါက်တာမိုက်ကယ် တို့ရဲ့ဓါတ်ပုံမှုာကိုက စကားတွေအများကြီးပြောပြနေပါလား။

တန်ခူး said...

အဲဒီစွန့် လွတ်အနစ်နာခံမှုက ဘာနဲ့ မှမတူအောင်ကြီးကျယ်မြင့်မြတ်လှပါတယ်… ကိုယ်ကိုယ်တိုင် မိသားစုဘ၀ကို ရတော့မှ ဘယ်လောက်စွန့် ရခက်လဲ ဆိုတာ ပိုနားလည်သွားပြီး ပိုကျေးဇူးတင်မိပါတယ်…

P.Ti said...

မကေက ရေးတတ်လိုက်တာ... အစက ဆွဲဆောင်သွားတာ နိဂုံးလေးကိုတော့ အကြိုက်ဆုံးပဲ။

လူတွေ အတောင့်တဆုံး ဖြစ်တဲ့ ပျော်ရွှင်တဲ့ မိသားစုကို စွန့်လွှတ်ပြီး အနစ်နာခံကိုက အင်မတန်လေးစားဖို့ကောင်းနေပါပြီ။ မြေးတွေကိုတောင် ချီခွင့်မရတဲ့ အဘွားဖြစ်နေပြီနော်...

အမေစု ယခုဘ၀မှစလို့ ဘ၀ဆက်တိုင်း မိသားစုနဲ့ အတူ တသက်လုံးပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။

Unknown said...

i like u very much