ကလေးမြေအောက်တေးများ

ညီမ ဇီဇ၀ါ တယောက်.. ဘာတွေများ အကြံတွေ ဆန်းပြီး..ကလေးဘ၀က..ပေါက်ကရ ကဗျာများ အကြောင်း ရေးပေးပါလို့.. တောင်းဆို ပါလိမ့်။ အင်း..လန်ဒန်က.. သူ့ မြန်မာစာ တပည့်ကျော်တွေကိုများ..“မြန်မာ့ကလေးဂန္ဓ၀င်စာပေများ” ဆိုပြီး သင်ပေးမလို့လား မသိပေ။း)
-
ပေါက်ကရလေး တွေ ဆိုပေမဲ့..တကယ်စေစေ့ တွေးကြည့်တော့..ဒါလေးတွေ ..ဘယ်က ရောက်လာတာလည်း..စိတ်ဝင်စားစရာ ကောင်းလှသည်။ ပေါက်ကရ..ရီစရာ..ညစ်တီးညစ်ပတ် လေးတွေပဲ ဆိုဦးတော့..ဒီလို စာချိုးလေးတွေကို…ကလေးတွေကတော့ဖြင့်..မစပ်နိုင်ဘူးလို့ ထင်မိသည်။ ကလေးမကျ..လူကြီးမမယ်သေးတဲ့..လူငယ် လူပျော်လေးတွေကပဲ စပ်ပြီး..မောင်ငယ် ညီမငယ်တွေကို..နောက်ရင်း ပြောင်ရင်း..မူလတန်းကျောင်းတွေမှာ..ပျံ့နှံ့လာတတ်တာမျိုး ဖြစ်ပေလိမ့် မည်။
-
ကလေးဘာသာ ဘာဝ ဒီလို ပေါက်ကရ ဆိုရင်.. ကျောင်းစာ..ကဗျာထက် ပို ဆိုချင် ရွတ်ချင်သည်။ တတ်လွယ် မှတ်လွယ်သည်။ နောက် ထူးဆန်း တာက..အခု..မမိုးချိုသင်း နဲ့ ကိုဇူလိုင် ရေးပြတော့..လာပေးတဲ့ မှတ်ချက် တွေထဲက.. ကဗျာ အပိုင်းအစ လေးတွေက လည်း..မယုံနိုင်စရာကောင်းလောက်အောင်..တဒေသ နဲ့ တဒေသ..အတော် တူနေကြတာ တွေ့ရတယ်။ တကယ်ဆို..အဲဒီ ခေတ်တွေက.. ကူးလွယ် ပြန့်လွယ်..မီဒီယာ တွေလည်း ဒီလောက်ပေါများတာ မဟုတ်။ အဲဒီတော့..ဖြစ်နိုင်တာက..ရုပ်ရှင်တွေ ထဲကများလား။ အင်း..သိတော့ပါဘူး။ ကိုယ် တွေ အော်ခဲ့ဖူးတာ တွေ ပြန်တွေးကြည့်တော့.. ရုပ်ရှင် မင်းသား မင်းသမီး နံမယ်တွေကို သုံးတာ မျိုးတွေ..မှတ်မိနေသည်။

ဥပမာ- ကိုယ်တို့ ငယ်ငယ်က..အော် အော်ဆိုခဲ့တာလေး တခု..

ဝင်းဦး နဲ့ဝါ၀ါ လမ်းလျှောက်လို့လာ
ဝါ၀ါက စိတ်ဆိုး..၀င်းဦး ထိပ်ကို ထိုး
ဝင်းဦးက မခံနိုင် တရားရုံးကိုတိုင်
တရားရုံးက..ဆလံပေး
ဝင်းဦး - င် လှန်ပြေး


နောက်… ရှိသေးသည်။

လေးလေးလီ ဆယ့်ခြောက်- လက်မြှောက်
ပါတာအကုန်ထုပ်- ပေါင်မုန့်
ပေါင်မုန့် ဒါးနဲ့လှီး- လက်သီး
လက်သီးရွှေချ-ရွှေဘ
ရွှေဘ တွင်းတူး-၀င်းဦး
ဝင်းဦး စင်ပေါ်တင်- ဇော်ခင်
ဇော်ခင် ဒါးနဲ့ထိုး- ဂျပိုး
ဂျပိုး ဆားနဲ့သိပ်- ငချိတ်
ငချိတ် ပဲနဲ့ပေါင်း- ငချိတ်ပေါင်း


း)တကယ် ရီရ တယ်နော်။ ဒါတောင်..ဒီဟာလေးက..တော်တော် ရှေးကျပုံရသည်။ ဘာလို့ဆို..ကိုယ်တို့ငယ်က..၀င်းဦးတို့ ဇော်ခင် တို့ ရွှေဘ တို့ ခေတ်မှ မဟုတ်တော့တာ။ သေချာတာကတော့..လေး-လေးလီ ဆယ့်ခြောက်မှန်း..အသေအချာ ရနေပေပြီ။ ခုနေ ပြန်ကြည့်တော့မှ.. သူငယ်တန်း ဖတ်စာလေးတွေနဲ့တောင် ခပ်ဆင်ဆင်..ကာရန် အချိတ်လေးတွေကလေ..။ မြေအောက်..သူငယ်တန်းဖတ်စာ လို့ပဲ ပြောရတော့မယ် ထင်ရဲ့။
-




(ကလျာမိတေ ၏ ကာတွန်းများမှ-)

နေအုံး..အခု တူတွေ တူမတွေ..ဟန်ကျ ပန်ကျ..သံပြိုင်ဆို နေကြတာ ရှိသေးသည်။

တစ် ..နှစ်..သုံး

သုံးတာက..ပိုက်ဆံ
စန္ဒာက..ကျော်ဟိန်းမိန်းမ
မတာက ဘိုးဘိုးအောင်
အောင်တာက စာမေးပွဲ
ပွဲတာက သီတင်းကျွတ်
ကျွတ်တာကလုံခြည်
ချည်တာကကြိုး
ကျိုးတာကလက်
လက်တာကကျောက်
ကျောက်တာက သရဲ
ရဲတာကသွေး
သွေးတာက သနပ်ခါး
ခါးတာကဆေး
ဆေးတာကပန်းကန်
ကန်တာကဘောလုံး


လုံးတာကတော့..ဘာမှန်း မသိတော့ဘူး ။ ဘယ်နေရာမှာ ဘယ်လို အဆုံးသတ်သွားလည်း မသိတော့။ အမယ်.. သူတို့က..ဒီဟာများ ဆိုပြီ ဆိုရင်.. အသံက..အကျယ်ကြီး..။ အလုအယက်တောင် အော်ကြရတာ။း)
တကယ်ဆို..သူတို့ဆိုတာလေးက..မဆိုးလှပေ။ တြိယာပုဒ် နဲ့ နာပ်ပုဒ်ကလေး တွေကို အလွယ်တကူ တွဲစပ် မှတ်ယူနိုင်တဲ့.. သင်ခန်းစာလေး ဆိုရင်တောင် မမှားပေ။
-
ဟုတ်တော့ ဟုတ်တယ်..။ ဘာပဲပြောပြော..ဒါလေးတွေက..ဇီဇ၀ါပြောသလို..စုပေါင်းပြီး သိမ်းထားရင်..အကျိုးမနဲပေ..။ ခေတ် ကာလဖြတ်သန်းမူ..ကလေး စိတ်ပညာ..ဆိုတာတွေအတွက်..အသုံးဝင်ကောင်း
ဝင်ပေလိမ့်မည်။
-
ဒီ့ထက်ပိုကောင်းတာက..ကလေး ကစားနည်းတွေ နဲ့ တွဲစပ်နေတဲ့..ကဗျာလေးတွေက..ပို စိတ်ဝင်စားစရာ..ချစ်စရာကောင်းတာ။ ငယ်ငယ်တုန်းကဆို..ပြေးလွှားဆော့လို့မရတော့တဲ့အခါမျိုးတွေမှာ.. အိပ်ယာထဲမှာ..မောင်နှမတွေ မအိပ်ချင်သေးတဲ့ အခါ မျိုးတွေမှာ.. တိတ်တိတ်ဆိတ်ဆိတ်..လက်ချောင်းလေးတွေ ဖြန့်ပြီး.. ဆော့တတ်တဲ့..စာချိုးလေးကိုလည်း သတိရသွားပြီ။

တပြား နှစ်ပြား ပဲလင်ပြား
ပြားလက် စက္ကူ အလံထူ
ထူထူထဲထဲ ပိုးကောင်ထဲ
ပဲရေသောက် နို့ရေသောက်
တောက်တီး တောက်တဲ့ ဟလ၀ါ
ဗဒါဗဒီး..အောက်ကစီး
နီးနီးကြောင်ကြောင် ပိုးရွှေကောင်
ရွှေတောင်ခမဲ ..လက်ဝဲ တချောင်းထွက်
….. ဆိုတာ တခါပြီးလို့..ထွက် က..ကိုယ့်လက်ချောင်းလေးတခု ပေါ်ကျလာရင်.. အဲဒီ လက်ချောင်းလေးကို ခေါက်ထားပေါ့။ လက်ဆယ်ချောင်း ကုန်အောင်ဆို.. ဘယ်နှယ်ခါလောက်တောင်…ဒီကဗျာလေးကို ရွတ်ခဲ့ရမယ် မသိ။ ပြီးတော့..အိပ်ချင်လာရောပေါ့။ အတော်ကောင်းတဲ့..ဆော့နည်းလေးပင်။

ဒီလိုမှ လက်ချောင်းလေးတွေ မလုပ်ချင်ဘူး ဆိုရင်.. လက်သီးလေးတွေ ဆုပ်ပြီး..
အုန်းသီးလေးလုံး မလေးလုံး
တလုံး ဆွမ်းတော်တင်..
တလုံးရေထဲကချ
ငါဆယ်လို့ရ ------
ဆိုတာမျိုးလေးတွေ။

ကဲ.. ဇီဇ၀ါရေ.. ကလေးစာပေတွေ ရေးပေးပါ ဆိုလို့.. ပေါက်ကရ က..စရေးပေးလိုက်ပြီ။ ထုတ်ဝေသူ ရှာပေးပေတော့။း)
သြော်- ကိုယ်သိတဲ့ စာချိုးလေးတွေ ရှိရင်..ကွန်မန့်မှာ ရေးပေးခဲ့ပါ။ စုဆောင်းထားချင်လို့ပါ တဲ့။ ကျေးဇူး-


Share/Bookmark

34 Comments:

ကိုလူထွေး said...

ကလေးဘဝထဲက UG ဖြစ်နေတာကိုးးးးးး

းဝ)

Anonymous said...

ကိုရင် ကိုရင် အပျိုမြင် ချိုချဉ် မစားရ
မနက်ချဉ်ပေါင် ညချဉ်ပေါင် ကိုရင် မင်္ဂလာဆောင်
မနက်ဗူးသီး ညဗူးသီး ကိုရင် နှာဗူးကြီး
မနက်ဟင်းချို ညဟင်းချို ကိုရင် သီချင်းဆို...


ကတုံးမဒေ၀ီ ဗုံးချလို့သေပြီ
ဂတုံးမ-င်ပြဲ စက်သေနတ်နဲ့ဆွဲ.....အဲဒါကတော့
ငယ်ငယ်က ဂတုံးတုံးရင် သူများတွေစလို့ အရမ်းစိတ်ဆိုးခဲ့တာပေါ့...

မကေ..မှတ်မိသလောက်ရေးခဲ့ပါတယ်

mie nge







ကတေ

pandora said...

ဘယ်သူမှ မရေးကြတာ ရှိသေးတယ်

အီးအီးဘယ်သူပေါက်... အစချီ ကဗျာလေ
ဘွတ်ရွှတ်ဒိုင်း နဲ့ ဆုံးတယ်။ ဟိ။

mgphonemyint said...

အော်..ငယ်မူပြန် ပို့စ်တွေပါလား..း)

ATN said...

ချိုသင်းဆီမှာ ဖတ်ပြီးတော့ ရီပြီး ပြန်လာရတာ
သည်မှာလည်း တခါ ထပ်ရီနေရပြန်ရော...
အတော်များများက တူနေလို့ ရေးစရာ မရှိတော့ဘူး...

မှတ်မိနေသေးတာတချို့ကလည်း
ခုချိန်မှာ ရေးဖို့ မကောင်းတော့ဘူး...း)
ကလေးတုန်းကတော့ ဘာသိမလဲ...း)

မေဓာဝီ said...

မကေရေ ... မီးငယ်ရေးတဲ့ ကိုရင် ကိုမြင်ပြီး မယ်သီလရှင်ကို သတိရလို့။

မယ်သီလရှင် သေးပေါက်ချင်
နန်းတော်အောက်ကိုဝင်
နန်းတော်အောက်က တစ္ဆေခြောက်
ပိုက်ဆံငါးပြားကောက် ... ။ :)

ကလေးတွေဆိုတဲ့ အဲဒီလို ကဗျာလေးတွေအကြောင်း ကျမတခါက ရေးခဲ့ဖူးသေးတယ်။ အဲဒီထဲမှာ မကေပြောတဲ့ ဥ ရဲ့ အဆက်ပါတယ်။ ဒီလင့်ခ်မှာပါ။
http://maydar-wii.blogspot.com/2007/04/blog-post_07.html

တပြားနှစ်ပြား ရဲ့ မူရင်းကို အရင်ကဖတ်ဖူးတယ်။ ခု မမှတ်မိတော့ဘူး။
တပြားနှစ်ပြားပြီး တ၀ိုင်းနှစ်ဝိုင်း၊ တလုံးနှစ်လုံးဆိုပြီးလည်း ရှိသေးတယ်။
ငယ်ငယ်ကဆိုခဲ့တာလေးတွေက ခုပြန်တွေးရင် ချစ်စရာ ရယ်စရာ ... နော်။

မေဓာဝီ said...

:) ဆောဒီး မကေ ... ရေးတာမှားသွားလို့
လုံးတာအဆက်ကိုပြောတာ ဥ အဆက် ဖြစ်သွားတယ်။
လုံးတာက ဥ .. လို့ပြောမလို့။ မှားသွားတယ်။


နောက်တခု သတိရတာရှိသေးတယ်။

နောက်ဖေးက သောက်ပေးတာ ရှဲရှဲရှောက်
ရဲဘော်က ပဲလှော်တာ ဂဲဂဲဂေါက် ... တဲ့

Unknown said...

စုဆောင်းချင်တယ်ဆိုလို့ ပေါက်တတ်ကရမှတ်မိတာလေးရေးပေးလိုက်ပါတယ် ကြီးဒေါ်ကေ..

နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး ဓါးနဲ့ထိုး
သူခိုးအမေ နို့သီးရှည်
ရှည်တဲ့နို့သီး ဓါးနဲ့လှီး
လှီးလိုက်လှီးလိုက် ဗထက်ချိုက်
ဘကုန်းနောက်က လိုက်
ဗထက်ချိုက် ချော်လဲ
နငယ်နှာခေါင်းပြဲ....

မိုးရွာရင် ဖားတွေရိုက်မယ်
မေမေလာရင်ကျော်ခိုင်းမယ်
ဖေဖေလာရင် အရက်နဲ့မြည်းကြမယ် (မမိုးချိုသင်းမူကွဲ)

သူများပြောတိုင်း လိုက်ပြောတယ်
ဖျာအောက်က ကြမ်းပိုးရယ်
သူ့ကိုကိုက်ပါကွယ်

ကိုရင် ကိုရင် အပျိုမြင်
ချိုချဉ်မစုပ်ရ
ဘုန်းကြီး ဘုန်းကြီး ကတုံးကြီး
အုံးသီးမစားရ

ဘုတ်ဆုံ ဘုတ်ဆုံ မဘုတ်ဆုံ
အိမ်ဘေးနားက မဘုတ်ဆုံ
မဘုတ်ဆုံ ဖင်တုံကြီး
လှည်းလုပ်လို့စီး

အဖွားဆီကရတဲ့ကဗျာ
ထမင်းရယ်ဆာ
ဟာလှပေါ့လေး
လူသူရယ် အိုမနီး
လမ်းလယ်ခေါင်
-ီးပုံကြီး
ဆားတို့လို့မြည်းတဲ့


ဝန်ထမ်းမိသားစုကမို့ထင်ပါရဲ့
ဟိုချေးဒီချေး 24
ရေသောက်ဗိုက်မှောက် 26
လည်းဆိုခဲ့သေးတယ်

ပြီးတော့ တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေးလို့မျိုး

ဟိုပင်တစ်ထနောင်းကိုင်းခြောက် ဒီပင်တစ်ထနောင်းကိုင်းခြောက် နှစ်ပင်ပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်

တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း

ထုံးဖြူကြီးလူးတဲ့ အိုးလေး ထုံးဖြူလေးလူးတဲ့ အိုးကြီး

MANORHARY said...

တပြား နှစ်ပြား ပဲလင်ပြား
ပြားလက် စက္ကူ အလံထူ
ထူထူထဲထဲ ပိုးကောင်ထဲ
ပဲရေသောက် နို့ရေသောက်
တောက်တီး တောက်တဲ့ ဟလ၀ါ
ဗဒါဗဒီး..အောက်ကစီး
နီးနီးကြောင်ကြောင် ပိုးရွှေကောင်
ရွှေတောင်ခမဲ ..လက်ဝဲ တချောင်းထွက်
................

မူကွဲ
တပြားနှစ်ပြားပဲလင်ပြား
ပြားလက်စက္ကူအလံထူ
ထူထူထဲထဲပိုးထောင့်တဲ
ကျွဲရေသောက်နွားရေသောက်
တောက်တီးတောက်တဲ့ပသခွာ
နံသာအိုင်ကြီး အောက်ကစီး
နီးနီးရွှေတောင် နီးရွှေတောင်
ဒေါင်ဒင် ခုနှစ်လက် ဖိုးလမင်းကြိးလက်ချက်ထွက်
....
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို
လား..ဒါမှမဟုတ် တစ်နယ်ရွေ့တော့ တစ်လုံးမေ့ ဆိုသလို လွဲကုန်တာလား ..တစ်ခုခုပါပဲ
ဘာပဲဖြစ်ဖြစ် ကေ့လို လူကတော့ဒါတွေကိုသေချာ
စစ်တမ်းလုပ်ထားသင့်တယ်
(အဟား..အချွန်နဲ့မ ခဲ့တာ မဟုတ်ဘူးနော်
တကယ်ပြောတာ)

ကိုပေါ said...

အခုရေးပြမှာကတော့ စန္ဒာရုပ်စုံမဂ္ဂဇင်းထဲက ကြပ်ကလေးပုံပြင်တခုမှာ ပါတဲ့ ကဗျာလေးနှစ်ခုပါ။ လက်နှစ်ဖက်ကို မြှောက်ပြီး လှိုဏ်ဂူတံခါးဝမှာ ရွတ်လိုက်ရင် တံခါးကြီးကို အလိုလို ပွင့်သွားစေတဲ့ ပတ်စ်ဝါ့ဒ်ပေါ့။

ပထမ တခေါက်မှာ ပါ့တ်စ်ဝါ့ဒ်ကို မေ့နေတော့ ဒီလိုမှားဆိုမိတယ်။

တောက်တီးတောက်တဲ့ ငန်ပြာရေ
စားချင်တာက မုန့်လေပွေ
နဂါးရသေ့ ပုံမတွေ့
ပွင့်လိုက်ပါတော့ဟေ့.......တဲ့။ မှားနေတော့ တံခါးက မပွင့်ဘူး။

အမှန်က ဒီလိုပါ။

တောက်တီးတောက်တဲ့ ရေဇလုံ
စားချင်တာက မုန့်သိုင်းခြုံ
ဂဠုန်နဂါး ပုံမခြား
ပွင့်လိုက်ပါတော့လား။

nu-san said...

မကေ က ကလေး ကဗျာလေးတွေ တော်တော်များများ မှတ်မိသေးတာပဲ.. ကျနော်ဆို အခုပြန်ဖတ်မှ တချို့ဟာတွေ သတိရတယ်...

tin min htet said...

ချိုသင်းဆီမှာ မန့်ရတာ အားရသွားလို့၊ မကေဆီ ရွှေ့လာပါပြီ :)

ငယ်ငယ်က အမေ့ဆီက တတ်တာပါ၊
ပျင်းလို့ ဘာလုပ်ရမှန်းမသိရင် ဆိုတဲ့ကဗျာ ..

ပျင်းလိုက်တာနော်
ခွေးမလေးတိုင်မှာချည်လို့
မောင်ဖက်ခါနမ်း
ကိုက်လိုက်လေ မောင့်နှုတ်ခမ်း
သွေးငေါက်တောက်ပန်း

.. .. .. .. .. ..

ဂျာအေးကို သူ့အမေရိုက်က လည်း ဒီလို ကလေးကဗျာ ကနေ လာတာဖြစ်မယ် ထင်တယ်။

Moe Cho Thinn said...

ကျောင်းပြေး ကျောင်းပြေး နှုတ်ခမ်းမွှေး လို့လဲ ဆိုဖူးသေးတယ်။ ကိုယ်တိုင်လဲ ကျောင်းမတက်မိရင် အဆိုခံရဖူးသေးတယ်။
ကေ ရယ်.. တို့ဆီက ကွန်မန့်တွေရော၊ ကေ့ဆီက ကွန်မန့်တွေရော ဖတ်ပြီး ရီရလွန်းလို့ အူတောင် နာတယ်။ ;D

pandora said...

ညီမလေးကို မေးပြီး ထပ်ဖြည့်ပါတယ်

တလုံးနှစ်လုံး မလေးလုံး
တလုံးဆွမ်းတော်တင်
တလုံးရေထဲချ
ငါကောက်လို့ရ
...

တပြားနှစ်ပြားလင်ပန်းပြား
ပြားလားစက္ကူဖလံထူ
ပြူးတူးပြဲတဲပိုးတောင်တဲ
ဒေါင်ဒင် နင်တဖက် ငါတဖက်
ထွက်လေတော့ မောင်မင်း
ဆင်ကြီး မုန်တိုင်း လက်တဖက်ထွက်
....

ကျီးဖြူကျီးမဲတကောင်တည်း
ကျီးမဲကြီးကဘယ်မှာနေ
ဟောဒီမှာနေ
ကျီးဖြူအိမ်ဘယ်မှာဆောင်
ဟောဒီမှာဆောက်
အာလောက်လောက် အာလောက်လောက်...
(ဒါက ကလိထိုးတဲ့ဟာ.. ဟီး)

...

သက်ပိုင်သူ said...

မမကေမှတ်မိတဲ့ ကဗျာတွေ တော်တော်များများ ငယ်ငယ်က ဆိုဘူးတယ်
ရှိသေးတယ် ပေါက်တီးပေါက်တတ် ညစ်တီးညစ်ပတ်.. ဘယ်သူသင်ပေးမှန်း မသိဘူး
မမ... -င်ပြဲ နှစ်ကျပ်ခွဲ
ဈေးမှာသွားရောင်း၊
မစားကောင်း... ဆိုပြီး ကျွန်တော့်အမတွေကို စပြီး ထွက်ပြေးတာ..
အဲလိုဆိုရင် မေမေက နောက်ကနေ ဒုတ်နဲ့ လိုက်ရိုက်လို့ ပြေးရရော။

ရှိသေးတယ်..
ရွှေစွန်ညို ဘာလို့ဝဲပါတယ်
မထွေးလိုလို့ဝဲပါတယ်.. မထွေးအသားခါးလှတယ်လို့ပေါ့..
အခုမမချိုသင်းအိမ်သွာြး့ပီး ဖတ်လိုက်ဦးမယ်

rose of sharon said...

သူများရေးတဲ့ထဲမှာကိုယ်ရေးချင်တာပါသွားပြီ.... လာလည်သွားတာဘဲမှတ်တမ်းရေးခဲ့တော့မယ်နော်...

မိတေဖိုး said...

နောက်ဆုံးပေါ်ကလေးတွေဆိုတာကြားဖူးတယ် သူတို့အချင်းချင်း နာမည်ထည့်ဆိုတာလေ..
“သည်အသံလေးကြားဖူးပါတယ် ဂုံးတံတားအောက်မှာကွယ်
မယ်ဒလင်လေးတီးလို့သာရယ် တောင်းစားလို့နေတယ်
မသေချာလို့ကြည့်လိုက်ပါတယ်
........ဖြစ်နေတယ်။ (ကိုယ်ထည့်ချင်တဲ့သူနာမည်ထည့်ဆိုပေါ့..ချိုကုပ်ကြီးဖြစ်နေတယ်ပေါ့ ဟိ)

ဝင်းပေါ်မောင် said...

ကလေးတွေ ဘာရယ်မဟုတ် ရွတ်ဆိုတဲ့ ကဗျာတွေအကြောင်း ဆရာကြီး မင်းသုဝဏ် ရေးခဲ့တဲ့ ဆောင်းပါးတွေ ရှိတယ်။ ရှေးက ကလေးတွေလည်း ဒီလိုပဲ ပေါက်ကရ ဆိုခဲ့ကြတာပဲလို့ ဆိုပါတယ်။ အဲဒီကဗျာတွေထဲမှာ ကလေးတွေရဲ့ တွေးတတ်မြင်တတ်ပုံတွေ ပါဝင်နေတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ကလေးတွေ ကစားရင်း ဆိုဖို့ ကဗျာလေးတွေကို လူကြီးတွေက ရေးပေးသင့်ကြောင်းလဲ တိုက်တွန်းထားသေးရဲ့။

Talkii said...

ကိုယ်ပြောင်ချင်တဲ့သူနာမည်အရှေ့ကထည့်ပြီးတော့
..._င်မှာ ၀ဲခြောက်တွေပေါက်
၆လကြာရင် ပြည်သူ့ဆေးရုံရောက်
နောက်တော့ မေ့သွားပြီ။

kay said...

ကိုလူထွေး- ကျမက..တေဇလူငယ် ထဲ စိမ့်ဝင်ထားတဲ့ ယူဂျီလေ..း)

မမေရေ- ဟုတ်တယ်..ကျမ ကစားနည်းကဗျာလေးတွေ တွေးမိတည်းက..မမေရေးဖူးတဲ့ ညောင်ပင် တစေ.. ပို့စ်လေးကို သတိရနေတာ။ တကယ်က..အဲဒီကစားနည်း ကဗျာလေးတွေက..ပိုချစ်စရာကောင်းတာနော်။

ကိုအောင်သာငယ် နဲ့ မချိုသင်း- နောက်ကျမှ.. geology field ထဲက..ပေါက်ကရတွေ အကြောင်း ရေးခိုင်းအုံးမယ်။ တွေးထားး)

ကိုဖုန်းမြင့်- ဆင် တို့..ကျား တို့..နောက်ပြီး..ကိုဖုန်းမြင့်တို့ ဖမ်းတဲ့ ဟာတွေ မဖမ်းတတ်လို့..ငယ်မူပြန်ရတာပါ့။း)

မမီးငယ်-ပန်ပန်- ရွာသားလေး- ကိုတင်မင်းထက်-ကိုသက်ပိုင်သူ-မနော်- ကိုပေါ- မိတေဖိုး..နဲ့ တော်ကီ
မှတ်ညဏ်ကောင်းကောင်းနဲ့..လာရောက်ထပ်မံ ဖြည့်စွက် ပေးသွားတဲ့ အတွက်- ကျေးဇူး။ ရီစရာ ပျော်စရာ..ငယ်ဘ၀ တွေပဲ။း)

နုစံ- ပျောက်နေပါလား..မနော်ဖော..ကျေးဇူး
ကိုဝင်းပေါ်မောင်- ပြောတဲ့ မင်းသုဝဏ် စာအုပ် မဖတ်ဖူးဘူး။ စိတ်ဝင်စားသွားပြီ။ ဒေါက်တာမောင်ဖြူးလည်း ကလေးစာပေ တွေ အများကြီး လုပ်ခဲ့တယ်လို့ သိဖူးတယ်။

စူး said...

အမ

အုန်းသီး၎လုံးဘာလေးလုံး
တလုံးဆွမ်းတော်တင် တလုံးရေထဲကျ
ငါကောက်လို့ရ..။

တတိုင်နှစ်တိုင်
မုန်ညင်းတိုင်
မုန့်တိုင်လေးလုံး မုန့်လေးလူံး
နင့်ပုလွေ ငါမှုတ် ငါပလွေ နင်မှုတ်
ခြေထောက်တဖက်ရုပ်..

ဆော်ကလီးဆီးစော်
ဖိုးနဲ့ဟင်းနဲ့ဆော်
ဆော်ကင်းနော် ဆော်ကင်းနော်..ဆွတ် (ဒါက ကရင်လို ..လက်ဝါးပေါ်မှာ လက်ညိုးတွေ ၀ိုင်းထည့်ရတာ ကဗျာဆုံးရင် လက်ဝါးကလွတ်အောင် လုပ်ရတာ..)

ပုစွန်ဆိဆိတ် ဆားဆီဆိတ်
မောင်ရင်လာတခါးပိတ်..ဂျိတ်..


ကလင်ကလောင်ကလက်..ချဉ်ပေါင်ရွက်

တော်ပီ
ကျန်တာတွေက မချိုသင်းဆီမှာေ၇ာ အမဆီမှာရော ရှိတယ်

JulyDream said...

မကေ လုပ်မှပဲ... အဲဒီကဗျာတွေ မြေအောက်တေးများ ဖြစ်သွားရတယ်။ အဟက်...

Anonymous said...

ကေရေ... ကိုအောင်သာငယ်နဲ့ မချိုသင်းတို့ကို ရေးခိုင်းဖို့ ကေရဲ့  စိတ်ကူးတွေကို မြန်မြန် အကောင်အထည် ဖော်နိုင်ပါစေ....ဟီး..ဟီး...( ကိုယ်မှ မရေးရတာနော့ ) အဲဒါမျိုးလေးတွေ မဖတ်ရတာ ကြာပေါ့ ...

mie nge

ဝသန်မိုး said...

ငယ်ငယ်ကဆိုခဲ့ဖူးတဲ့ ကဗျာလေးပါ

တောင်တောရယ်သာ မာလာကငုံဖူး
တစ်ပင်ကို နှစ်ပင် ယှက်တယ်
ကျေးလက်ကမြူး

ဒါကတော့ ကျွန်တော့်ရဲ့ မူကွဲ

အိမ်နားက စားသောက်ဆိုင်မှာ
ဝီစကီကို ဆိုဒါယှက်တယ်
ရေခဲနဲ့ ထူး

လျှောက်ရေးလိုက်တာပါ
တကယ်တော့ အရက်ကိုကြိုက်ဘူးနော် ဟီးးးး

ခင်မင်စွာဖြင့်
ဝသန်မိုး

သက်ဝေ said...

ခါးတာကဆေး
ဆေးတာက ရေ...
ရေတာက တစ် နှစ် သုံး...
ပြီးတော့ တပါတ်ပြန်လည်သွားတာပေါ့.. ဟီဟိ
ဒါမျိုးဆို ခေါင်းက သိပ်မှတ်မိ...

tin min htet said...

ဘာတွေများ ထပ်တိုးလာပြီလဲ လာကြည့်တာ ..
ကွန့်မန့်ကို စောင့်ဖတ်ရတာ ဒီပို့စ်တွေပဲ၊ စတင်ပေးတဂ်တဲ့ မဇီဇဝါ စိတ်ကူးကောင်းပါတယ်။

ကိုတော်ကီရေးထားတာရဲ့ အဆက်က

... -င်မှာဝဲခြောက်တွေပေါက်
၆လကြာရင်ပြည်သူဆေးရုံရောက်
ဒေါက်တာငွေစိုး အပ်နဲ့ထိုးလို့ -င်ရိုးကျိုးပါပြီ

Anonymous said...

ကိုယ်တို့ ဆိုဖူးတာကတော့...

(.....) တင်မှာ ၀ဲခြောက်တွေပေါက်
ခြောက်လကြာရင် ပြည်သူ့ဆေးရုံရောက်
ငါးပြား ဆယ်ပြားလောက်... ဆိုပြီး လက်ဝါးတွေ ဖြန့်ပြီး စချင်တဲ့လူရှေ့မှာ သွားဆိုကြတာ အဲတာကတပုဒ်...

နောက်တပုဒ်က သပ်သပ်ပေါ့---
(....) ခမျာ
တင်မှာ အနာပေါက်ရှာ
ဒေါက်တာငွေစိုး အပ်နဲ့ထိုးတော့
တင်ရိုးကျိုးပါပြီ

ATN

Nge Naing said...

ကျွန်မက ကဗျာဆိုလေ့ မရှိလို့ ပေါက်ကရ ကဗျာတွေတော့ မမှတ်မိတော့ဘူး။ ငယ်ငယ်တုန်းက သူငယ်တန်းမှာ သင်ခဲ့ရတဲ့ ပျိုလေးတို့ အိမ်ဦးနဲ့ ကကြီးခခွေး ကဗျာကို မမိုးချိုသင်းဆီမှာ ရေးခဲ့တဲ့အတိုင်း ဒီမှာ ပြန်ရေးခဲ့မယ်နော့်။

ပျိုလေးတို့ အိမ်ဦး
ဆတ်သွားဖူးက တရုံနှစ်ရုံ
ကျေးတွေကအုံ
မအုံပါနဲ့ ကိုရွှေကျေး
ပျိုတို့မောင် ရှင်လိင်ပြန်ရင်
နားပန်ဖို့လေး။

ကျွန်မတို့ သူငယ်တန်းတုန်းက သင်တာ
က ကလေးငယ် ချစ်စဖွယ် မဟုတ်ဘူး။ ကျွန်မ ရ တန်းရောက်တဲ့အချိန် စနစ်သစ် ပြောင်းမှ ကကညက် ပေမှာ ခြစ်ကနေ ကကလေးငယ် ချစ်စဖွယ် ဖြစ်သွားပါတယ်။ အရင်က ဆိုခဲ့တဲ့ ကကြီး ခခွေးကဗျာက..

က ကညစ် ပေမှာခြစ်
ခ ခရာ အသံသာ
ဂ ဂဏန်း ရေမှာဖမ်း
င ငရုပ်စိမ်း စပ်ရှိန်းရှိန်း
စ စပါး တို့အားထား
ဆ ဆရာ ရိုသေပါ
ဇ ဇရပ်မှာ တည်းခိုပါ။
ည ညအခါ လသာသာ
တ တလင်းဝယ် စပါးနယ်
ထ ထမင်းနဲ့ တပို့တွဲ
ဒ ဒရယ်လေး ဘေးမဲ့ပေး
ဓ ဓနိပင် အသုံးဝင်
န နယုန် လေရူးသုန်
ပ ပလောင် ဒို့ညီနောင်
ဖ ဖရုံတော ဒို့ရွာတော
ဗ ဗလ အင်အားပြ
ဘ ဘရက် ရွှေဒေါင်းခွက်
မ မမအဖေါ်ရ
ယ ယမင်းပပ၀င်း
ရ ရထား စီးလို့သွား
လ လမင်း ထိန်ထိန်လင်း
ဝ ၀ကလေး ၀ိုင်းဝိုင်းရေး
သ သမင် အပြေးလျင်
ဟ (ကျွန်မတို့ သူငယ်တန်းတုန်းက ဟအတွက် ကဗျာမရှိပါ။)
အ အလံ အောင်ပွဲခံ။

tin min htet said...

မြေအောက်ကဗျာ ပေါင်းချုပ်မှာ ကျန်ခဲ့မှာစိုးလို့
(ဆင်တူဝတ်တဲ့သူတွေကို စတဲ့ ကဗျာ) ..

အင်္ကျီဆင်တူ၊ ဘောင်းဘီဆင်တူ၊ ခွေးလေးနဲ့တူ

တန်ခူး said...

ဟုတ်ပါရဲ့ကေရေ... တော်တော်များများက တူနေကြတာ အံ့သြစရာနော်... အုန်းသီး၎လုံးနဲ့ အတူ တွဲမှတ်မိတာက...

ပုဇွန်စိတ်စိတ်
မောင်ရင်လာ
တံခါးပိတ်...ချိတ်

လက်ဖမိုးလေးတွေ အဆင့်ဆင့် ဆိတ်ပြီးကစားခဲ့တာလေ... သားလဲ အဲဒီကစားနည်းကို ကြိုက်တယ်...
ငယ်ဘ၀ကို ပြန်လွမ်းသွားတယ်...

Anonymous said...

စိန်ကြည် စိန်ကြည် လင်ယူ ပက်စပ်သည်
ဂျပန်ကြီးက တိုကျိုပြန် ဗိုက်တစ်လုံးနဲ့  ကျန်.... :)

နှင်းနဲ့မာယာ said...

မမရေ
မမဆီမှာ ကလေးကဗျာတော်တော်စုံနေပြီနော်...
အသံထွက်ပြီး လိုက်ရွတ်ကြည့်နေတာ
ကလေးကဗျာရွတ်ပွဲလေးလိုပဲ
ပျော်စရာကြီးနော်...

မဟာဆန် said...

ပန်းထိမ်ဆရာ လိမ်ညာကာ ကျွန်မရွှေကို ခိုးပါလို့
မိုးကြိုးနဲ့ စပ်ပါ့
စပ်ပါ့ မိုးကြိုး

ဟီး ငယ်ငယ်က အိမ်နားက အန်တီတွေက သင်ပေးတာ
ရပ်ကွက်ထဲ ၂လမ်းကျော်လောက်မှာ ပန်းထိမ်တစ်ခု ရှိတယ်လေ။

talkyboy said...

ywartharlay said...
စုဆောင်းချင်တယ်ဆိုလို့ ပေါက်တတ်ကရမှတ်မိတာလေးရေးပေးလိုက်ပါတယ် ကြီးဒေါ်ကေ..

နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး ဓါးနဲ့ထိုး
သူခိုးအမေ နို့သီးရှည်
ရှည်တဲ့နို့သီး ဓါးနဲ့လှီး
လှီးလိုက်လှီးလိုက် ဗထက်ချိုက်
ဘကုန်းနောက်က လိုက်
ဗထက်ချိုက် ချော်လဲ
နငယ်နှာခေါင်းပြဲ....

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့

နေပူမိုးရွာ သခိုးလာ
လာတဲ့သခိုး တုတ်နဲ့ထိုး
သခိုးအီးပေါက် ငါမကြောက်
ဆေးတံရိုးနဲ့ခေါက် ဒေါက်ဒေါက်ဒေါက်။

ဆိုပြီး ဆိုကြတာပဲဗျ