အစွဲအလမ်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန်သိမ်မွေ့ပြီး
စိတ်ကူးယဉ်တတ် (romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ်
နှစ်ယောက်စလုံးဟာပင်ပမ်းနွမ်းနယ်မှုကို တယောထိုးဖြေ ဖျောက်တတ်ပြီး၊ ဟိုချီမင်းနဲ့
မော်စီတုန်းတို့ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ
ဆိုရင်လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့
အလယ် သခင်သိန်းဖေ၊ သခင်သန်းထွန်း၊ သခင်သန်းမြိုင်တို့ အဆုံး ကဗျာဆရာ၊
စာရေးဆရာတွေချည်းပါပဲ။ အစွဲလမ်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ၊
လူရိုင်းတွေလို့ ယူဆလို့ မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာ တယ်သာ အပြောခံရတာ
အီရတ်လို အာဖဂန်နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းလေးပေါ် ဒုံးကျည် ကျရောက်
ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို
မြင်တိုင်း၊ မျက်နှာလွှဲပစ်မိတာ ချည်းပဲ။ အိပ်ရာဘေးမှာ ကဗျာစာအုပ်ထားပြီး ရှယ်လီ၊
ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ 'ရိုမန်တစ်' ကဗျာတွေကို ခုထိဖတ်တုန်း၊
နတ်ရှင်နောင်၊ န၀ဒေး၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။
Facebook မှာ တယောက် ရှဲထားလို့.. ဖတ်လိုက်ရတဲ့..လူထု စိန်ဝင်းရဲ့..Weekly Eleven မှာပါလာတဲ့..
-
-
ခေါင်းမာသူတိုင်း..လူရိုင်းမဟုတ်..
အနုပညာ ကို ခံစား လက်ခံ တတ် သူမှသာ.. လူသားဆန်သူ..
အဲဒီလို နားလည် ရှေ့ရှု နိုင်သူ မှသာ .. ခေတ် တ ခေတ်ကို တော်လှန် ပြောင်းလဲ နိုင် သူ..
This is a good one, but almost like JoJo Moyes' bestselling, Me before You,
except here the man is less disabled.
-
https://www.youtube.com/watch?v=2n7sCDVWG44
However, Maintenance will come in to install mandatory fire alarms,
mandated by the state--not the nation stat...
5 hours ago



13 Comments:
သေချာတာပေါ့ မကေရယ်...
နူးညံ့သူမို့ ကဗျာကိုမြင်တယ်
ကဗျာကိုမြင်သူမို့ ရိုးသားမှုကိုမြင်တယ်
ရိုးသားမှုကိုမြင်သူမို့ အမှန်တရားကိုမြင်တယ်
http://pandora-and-pandora.blogspot.com/2007/09/blog-post_19.html
ကဗျာတွေကို ၀င်္ဂ၀ုတ္တိ အလင်္ကာများရင် သိပ်နားမလည်ဘူး။ ဒီအတိုင်းဆိုရင်တော့ ကဗျာကို နားလည်အောင် ကိုယ်တိုင်စပ်တတ်အောင် လုပ်မှ ဖြစ်မယ်ထင်တယ်။
ခံစားတတ်တဲ့ နှလုံးသား ရှိမှ ကဗျာတွေကို မြင်လိမ့်မယ်ပေါ့..
အဲဒီနှလုံသားတွေကပဲ အမှန်တရားကို မြင်တတ်တယ်..
အဲဒီနှလုံးသားတွေကပဲ တော်လှန်ရဲသူတွေ ဖြစ်လာခဲ့တယ်...
မှန်လိုက်တာ မရေ... ဆောင်းပါးလေးနဲ့ ဖြန့်ဝေပုံလေး ကောင်းလွန်းလို့ တိုလွန်းတယ်တောင် ထင်မိပါတယ်။
ဟုတ်တယ်..ကေ
ခေါင်းမာသူတိုင်း..လူရိုင်းမဟုတ်..အစွဲကြီးသူတိုင်း..ခေါင်းမာသူမဟုတ်..တော်လှန်သူတိုင်း.. အစွဲကြီးသူ မဟုတ်..-
အနုပညာ ကို ခံစား လက်ခံ တတ် သူမှသာ.. လူသားဆန်သူ..လူသားဆန် သူ မှ သာ..လူသားခြင်းရဲ့ အကျိုးစီးပွားကို မြင်တက် နားလည်တတ်သူ..
အဲဒီလို နားလည်တတ်သူ မှသာ .. ခေတ် တ ခေတ်ကို တော်လှန် ပြောင်းလဲ နိုင် သူ.. .........
လူသားကောင်းကျိုးကို လိုလားသော ဆန္ဒ၏ ပြင်းပြသောလှုံ့ဆော်မှုကြောင့် စိတ်ဓာတ်ခိုင်ကျည် (ခေါင်းမာ) ရ၏။ ယခုကဲ့သို့ ခေါင်းမာသူများကို လေးစားပါ၏။
ဖတ်ပြီးတော့ ဆက်တွေးနေတုန်းပဲ...။
အင်း ဆက်တွေးတုန်းပဲဗျ .. မဆုံးနိုင်ဘူးနဲ့တူတယ်
အနုပညာ ကို ခံစား လက်ခံ တတ် သူမှသာ.. လူသားဆန်သူ..
လူသားဆန် သူ မှ သာ..လူသားခြင်းရဲ့ အကျိုးစီးပွားကို မြင်တက် နားလည်တတ်သူ..
အဲဒီလို နားလည်တတ်သူ မှသာ .. ခေတ် တ ခေတ်ကို တော်လှန် ပြောင်းလဲ နိုင် သူ.
သိပ်မှန်တာပဲမကေရေ
ကေရေ… ဒီပို့ စ်လေးကို အထူးနှစ်သက်မိတယ်…
ရင်ထဲကို တိုက်ရိုက်ထိသွားတယ်… နောက်ဆုံးအပိုဒ်လေးက အကောင်းဆုံးပေါ့…
ပန်ပန်ရဲ့..သင်္ဂါရ ငှက်များ အား..စာနာခြင်း ကို.. သေချာ ပြန်ဖတ် ဖြစ်တယ်..
မငယ်နိုင်- ကဗျာမှရယ်လို့..ကျမတော့..မဆိုလိုဘူးလေ.. အနုပညာလို့ပဲ..ကျမက..ရွေးထုတ်ချင်တာပါ။
မခင်မင်းဇော်- မယ်ကိုး.. မနော်..ဇီဇ၀ါ..ကိုဆောင်း..မတန်ခူး.. ကျေးဇူးး)
LB နဲ့.. လင်းဒီပ.. ဆက်စဉ်းစား စေချင်တာပါပဲ။း)
တော်လှန်သူအားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်.
အပြည့်အဝထောက်ခံပါတယ်
Post a Comment