စာမျက်နှာ လက်ကျန် တချို့

၉-၄-၉၄

မိုးလင်းပြီ ဆိုတာနဲ့ အိပ်ယာက မြန်မြန်ထရတယ်။ ဒီနေ့က ပထမဆုံး ဆိုတော့ တမျိုးပဲ..။ ဘောင်းဘီတွေနဲ့ဆိုတော့ ကို့ရို့ကားယား ဖြစ်သလားမသိ။ ထမင်းကြော်တွေ စားကြတယ်။ ပြီး group ခွဲတယ်။ ကဲ- စထွက်ကြပြီ။ ဘာမှန်းမသိတဲ့ ဟာတွေကို တိုးဝှေ့ပြီး ကြည့်ကြတယ်။
--------------
--------------

၁၀-၄-၉၄

General Traverse ဒုတိယနေ့ပေါ့..။ ဒီနေ့တော့..ယင်းမာပင်တဲ့လေ..။ (၆) မိုင် ခရီးကို ဇလီဖားတုံးတွေ ရီရင်း သွားရတယ်။ တံတားကြီးတွေ ဖြတ်တဲ့ အခါ ကျရင်.. အောက်ကို မကြည့်ရဲဘူး။ တအားမူးတာပဲ။
-------------
-------------

၁၁-၄-၉၄

လဲ့ ခြေထောက်ပေါက်တာကို အကြောင်းပြပြီး.. မိန်းကလေးတွေ အကုန် camp မှာ ကျန်ခဲ့ကြတယ်။ ဒီနေ့တော့ free day ပေါ့။ ဆရာတွေကတော့..သိပ်မကြည်ဘူး ထင်ရဲ့။ ကျောင်းကို စောင့်ရင်း..ကောင်လေးတွေ အိပ်ယာတွေ ၀င်မွှေကြတယ်။ နေ့လည်ခင်းကျတော့..ချောင်းထဲမှာ အကြာကြီး ရေစိမ်ကြတယ်။ တအား ပျော်စရာကောင်းတယ်။ အဲဒီနေ့က..လယ်ပြင်ကို သွားတာ..ခရုက.. ခရုလေးတကောင် လက်ဆောင် ပေးလိုက်တယ်။ နေ့လည်ခင်းကြီးမှာ..ယင်းမာပင်က လူတွေ ရောက်လာတယ်။ ဆရာ ၀င်း နဲ့ တနေ့ခင်းလုံး စကားတွေ ထိုင်ပြော လိုက်ကြတာ..ရေချိုးပြီးမှ သူတို့ရထားနဲ့ ပြန်တယ်။ ငါတို့လဲ ရေချိုးနောက်ကျလို့ ဆူခံရတယ်။ ----------
------------
------------
၁၂-၄-၉၄

ဒီနေ့က ရေဘုတ်ဆုံ တဲ့..ဘယ်တော့မှ မမေ့ဘူး..။ တောင်တွေကို ပတ်သွားရင်း..လမ်းပျောက်သွားကြတယ်။ တော တောင်တွေ ထဲမှာ..တယောက်နဲ့ တယောက် ရိုင်းပင်း ကူညီကြရင်း..အခက်အခဲတွေကို ကျော်ဖြတ်ခဲ့တယ်။
-----------------
-----------------
ညနေက အတော်စောင်းနေပြီ..။ ရေချိုးဆင်းကြတော့.. မှောင်စပြုပြီ..။ အရေးထဲ မိုးတွေ ညို့လာတော့..ကြောက်ပြီး..ထွက်ပြေးလိုက်ရတာ။ စိတ်တော်တော် ညစ်မိတယ်။ ညကျတော့..ထမင်းစားရ..စာလုပ်ရ နဲ့ တစက်မှ မနားရဘူး။ ည ၁ ချက်ထိုးမှ အိပ်ဖြစ်တယ်။ ခုည ခရုလေးကို ကြည့်မိတယ်။

၁၃-၄-၉၄

------------
------------
--------------ရထားလမ်း အတိုင်း သွားပြီး ချောင်းခြောက်တွေ မှာ ဖဲ့ဆင်း တယ်။ တောတိုးရတာပါပဲ။ ခါတိုင်းက ဆရာတွေ နဲ့ အုပ်စုလိုက် ကြီး သွားရတာ။ ဘာမှ ကြောက်စရာ မရှိဘူး။ ဒီနေ့တော့.. ထူးထူးခြားခြား တအားကြောက် မိတယ်။ -----------------
--------
---------

၁၄-၄-၉၄

ဒီနေ့ သင်္ကြန် အကျနေ...
ငါတို့နဲ့..ဘာမှမဆိုင်.. (၇) နာရီ ထိုးတာနဲ့ field dress အပြည့်အစုံ ၀တ်ပြီး ထမင်းကြော် စားပြီး တန်းစီရတယ်။
------------------
--------------------
ခုလောက်ဆို..ငါပေးတဲ့ မုန့်တွေ ကုန်လောက်ပြီ။ ည (၉)နာရီခွဲလောက်..၀ရံတာက နေပြီး..တောင်တွေကို လှမ်းကြည့်မိတယ်။ ဗွီဒီယို ရုံက..ဗဒင် သီချင်း ဖွင့်သံကြားတော့..မကြီး ပြောလိုက်တာကို သတိရ လိုက်တယ်။ အဲဒီ သီချင်းလေးတွေက.. third year ကာလရဲ့ ရင်ခုန်သံ တွေပါလား..။ မကြာခင်မှာ ဟောင်းတော့မဲ့.. ခံစားချက်တွေကို နှမြောလိုက်တာ..။
ခရုလေးရယ်....။

၁၅-၄-၉၄

------------
-------------
---------------- ဒီသင်္ကြန် မှာ ဘယ်သူ့ကိုမှ ရေမပက်ဘူးလို့ ဆုံးဖြတ်ထားတယ်။ အရမ်းမုန်းတယ်။ အကုန်လုံးကို မုန်းတယ်။ ဘယ်သူမှ မကောင်းဘူး..။ ဘယ်သူငယ်ချင်း ကိုမှ လဲ မခင်ချင်ဘူး..။ -----------------
------------
------------

၁၆-၄-၉၄

သင်္ကြန်အတက်နေ့
ဒီနေ့ စောစော လယ်ပြင် camp ကို သွားကြတယ်။ ခရု နဲ့များ တွေ့ရလေမလား..။ ရထားကြီး ကို စီးသွားရတယ်။ ဟိုရောက်တော့..ဘယ်သူမှ မရှိတော့ဘူး။ ----------------
-----------
-----------

၁၇-၄-၉၄

ဒီနေ့ ပြင်ညောင်က ခွါရတော့မဲ့..နှုတ်ဆက်ပွဲ camp fire ရှိတယ်။ နေ့ခင်းဘက်တော့.. viva ရှိတယ်။ ---------------------
------------

၁၈-၄-၉၄

မနက် (၃) နာရီထဲက..ထပြီး ပြင်ရ ဆင်ရ တာ ( ၆) နာရီလောက်မှ..ရထားလာတယ်။ တို့တွေ မြင်းဒိုက်ကို သွားရတော့မယ်လေ..။ ရှမ်းရထားကြီးက..မြင်းဒိုက်ကို ခေါ်ဆောင်သွားရင်း.. ပြောပြလိုက်တာ..အစုံပါပဲ။ ရှုခင်းတွေကလဲ..လှလိုက်တာ။ တအားပဲ..။ လွန်းထိုး အတက်ကြီးတွေ ဆို အံ့သြစရာပါပဲ။ ခွေးရုပ်ဘူတာ ရောက်တော့..မုန့်တွေ တအား ပေါတာပဲ။ မြင်းဒိုက် ဘူတာ ကို ဆိုက်တော့.. (၁၁) နာရီလောက်ပဲ ရှိသေးတယ်။ ------------------------
------------
------------
၁၉-၄-၉၄

-------------
--------------------------
ဆရာ မောင်းလိုက်တာ.. ၁၂ နာရီခွဲပြီးမှပဲ..နေ့လည်စာကို မြင်းမထိ တောင်ခြေက..ရွာလေးတရွာမှာ စားရတယ်။ ရွာက..အရက်ဆိုင်လေးက..တကယ့် နိုင်ငံခြားကားတွေထဲက လိုပဲ။ အဲဒီရွာက..တကယ် သားနားတယ်။ တိုက်တွေချည်းပဲ..။ dolometic limestone
တွေနဲ့ ဖုတ်တဲ့ အုတ်တွေကို သုံးကြတယ်။ အဲဒီကနေပြီးမှ ကလော အထိ လျှောက်လိုက်တာ..နေ့လည် ၂ချက်ခွဲလောက်ထိ တောက် လျှောက်.. လမ်းမှာ..တအား ပျော်ဖို့ ကောင်းတယ်။ လမ်းကလေး တွေကလဲ..သာယာ လိုက်တာမှ အရမ်းပဲ။ တကယ့်ကို ပျော်စရာမြို့ကလေးက.. ကလောမြို့လေးပေါ့။ --------------
-------------
------------


၂၀-၄-၉၄

ဒီနေ့ကတော့..တကယ့် အမှတ်တရပဲ။
Geology ရဲ့ တကယ့် အပီအပြင်ဆုံး ခရီးကို ထွက်ကြတယ်။ ဆင်တောင်တဲ့ ။ ပြီးခဲ့တဲ့ camp ကလူတွေက..ငါတို့ကို ခြောက်သွားတယ်။ ဆင်တောင်ကို ဖင်ထောင် တက်ရမယ်တဲ့။ အဲဒီတော့..နဲနဲ တော့ လန့်တာပေါ့။ မနက်ကျ တော့..ထုံးစံ အတိုင်း.. field dress ၀တ်ပြီးတဲ့ အခါကျတော့.. ထမင်းကြော် အစုတ်အပြတ်ကို ၂ ဇွန်းလောက် ကော်စားပြီးတော့..အောက်က ဘူတာ ကို ဆင်းခဲ့တယ်။ ( ငါတို့နေတာက..ဘူတာအပေါ်ကို တောင်ကုန်းလေး တက်ရတဲ့..ကုန်းမြင့်လေးပေါ်မှာ နေတာ..)

ထွက်ခါနီး လမ်းပြငှါးတာ..တယောက်က..မလိုက်ချင်ဘူးဆိုတော့..ကြောက်တောင် သွားတယ်။ ဘယ်လောက်များ အခြေအနေ ဆိုးလဲပေါ့။ အဲဒီလို နဲ့ တက်လိုက်တ..အဆင့်ဆင့်ပဲ။ မနက် (၇) နာရီလောက် ကစတာ..နေ့လည် ၂ ချက်ခွဲလောက်မှ..တောင်ထိပ်ကို ရောက်တယ်။ အဲဒီတောင် ပေါ် ရောက်အောင် သွားရတဲ့ ခရီးက.. အမျိုးမျိုးပဲ..။ ပထမတော့..လွင်ပြင်မြင့်လေးတွေ ဖြတ်ရတယ်။ ဆရာ ဦးခင်မောင်ဝင်း က..သေချာ ရှင်းပြတယ်။ စိတ်ဓါတ် တက်ကြွအောင်လဲ ပြောတတ်တယ်။ တကယ့်ကို ဆရာကောင်းပါပဲ။ အရမ်းလေးစား ဖို့ကောင်းတယ်။ ဆရာပြောတာတွေကို စိတ်ဝင်တစား နားထောင်လိုက်ရင်..အမောကို ပြေသွားတာပဲ။ ခရီးကတော့..တကယ့်ကို ပန်းတယ်။ တောင်တွေကို အဆင့်ဆင့် ကို တက်ရတာ။ တောင်တလုံး တက်ပြီးလို့..ပြန်လှမ်းကြည့်တော့မှ.. ကိုယ်လျှောက်ခဲ့တဲ့ ခရီးကို အံ့သြရတယ်။ တကယ့်ကို တောင်တန်းကြီးတွေ..တလုံးပြီးတလုံး ကျော်ရင်း..ဆင်တောင် ရဲ့ ပုံသဏဏ္ဍန်ကြီးကို ပီပီပြင်ပြင် မြင်လာရတဲ့...တောင်ခါးပန်းလေးတခုမှာ..နားကြတယ်။ ထမင်းစားကြတယ်။ တကယ်ပျော်ဖို့ ကောင်းတဲ့ နေရာလေးပဲ။ သစ်ခွတွေ..လျှောက်ခွါ ကြတယ်။ ဇီးဖြူသီးတွေ..ကတွတ်သီးတွေ ..တွေ့သမျှ အသီးတွေ ခူးစားကြတယ်။ တကယ့်လူငယ်တွေပါပဲ။

ဆင်တောင်ပေါ်က..သူငယ်ချင်း ၄ယောက်



အော်- ခွေးလေးတကောင်ဟာလေ.. ဘူတာကနေပြီး လိုက်လာတာ.. တောက်လျှောက်ပဲ။ ပြန်မောင်းလို့ လဲ မရဘူး။ အဲဒါနဲ့ ခေါ်လာတာ.. ဆင်တောင်ထိပ် ထိ ရောက်ရောပဲ..။ ဆင်တောင်ကို စတက်တယ်ဆိုရင်ပဲ... တောတွေ လျှိုတွေကို ဒါးတွေနဲ့ ရှင်းပြီး ခက်ခက်ခဲခဲ တက်ရတာ။ ကိုယ့်ကိုကိုယ် တောင် ဒီလောက် ဆင်းရဲဒုက္ခခံ ရဲတာ..အံ့သြမိတယ်။ အိမ်က လူတွေ မြင်ရင်တော့..အံ့သြမှာပဲ..။ နောက်ဆုံးတော့..အပြောကျယ်တဲ့ ဆင်တောင်ပေါ်ကို ရောက်လာရတော့တာပဲ။ လှိုင်းကြီး လှေ အောက်..တောင်ကြီးဖ၀ါးအောက် မဟုတ်လား။
ပျော်လိုက်တာလေ.. တအားပဲ။ မောသလောက် အမောပြေ တာပဲ။

ဒီဒေသ တ၀ိုက်မှာ..အမြင့်ဆုံးနေရာကို..ရောက်ရပြီလေ။ ဘယ်ကို ကြည့်ကြည့်..ကိုယ့်အောက်မှာပဲ။ မိတ္တီလာ..သာစည်..ပုပ္ပါးထိတောင် မြင်ရတယ်။ ပျော်ပျော်နဲ့ ကျောက်တုံးတွေမှာ..ကိုယ့်နံမယ်ကို အများကြီး ရေးပြစ်လိုက်တယ်။ တောင်ရဲ့ အမြင့်က.. ၆၆၆၇ ပေ တောင် ရှိသတဲ့။

ဆရာတွေ လည်း ပျော်ကြတယ်။ fossil အဆန်းနဲ့ ကျောက်အဆန်း လို့တဲ့လေ။ ငါတို့တွေ ဓါတ်ပုံ စုရိုက်ကြတယ်။ အဲဒီ ဓါတ်ပုံကတော့..တကယ့်ကို ဂန္တ၀င် ဖြစ်တော့မှာပဲ။ နောက်ပြီး စာရွက်ကြီးမှာ ရောက်ခဲ့တဲ့ group တခုလုံး ( ၃ ယောက် ကတော့ မလိုက်နိုင်) ရဲ့ နံမယ်တွေ ရေးတယ်။ field name တွေရောပေါ့။ ခွေးကလေး ရဲ့ အမည်ရောရေးပြီး..ကမ္ဗည်းထိုး ပလက်စတစ် အိတ်နဲ့ ထဲ့ပြီး ကျောက်ပုံထဲမှာ ထဲ့ခဲ့တယ်။ တကယ့်ကို ကြည်နူးစရာလေးပါ။ ၃ နာရီ ခွဲလောက်မှ.. ဆင်းကြတယ်။ အဆင်းတလမ်းပဲ။ တကယ့်ကို ကြောက်စရာ လန့်စရာ မတ်ဆောက်နေတဲ့ တောင်စောင်းကြီးတွေ တလျှောက်.. ဖင်ထိုင် လျှောချကြတယ်။

အမှတ်တရကတော့.. မသူ ဘောင်းဘီ ကွဲသွားတယ်။ မျိုးကြီး မေးစေ့ ကွဲ သွားတယ်။ ဖိုးညီ ငိုတယ်။ ငါကတော့..အရူးထပြီး ဘယ်သူ့ကိုမှ လက်မတွဲဘူး..ဖြစ်အောင် ဆင်းတယ်။

အပြန်မှာ ရွာလေး တရွာမှာ..သစ်တော်သီးတွေ ခူးစားကြတယ်။ အရမ်းဆာနေလို့လားတော့ မသိ။ စားလို့ကောင်းလိုက်တာ။ လျှောက်ရင်း..လျှောက်ရင်း..ဗိုက်က..တအားဆာလာပြီ။ လမ်းမှာ ရှမ်းတောင်သူတွေဆီက..ဈေးအပြန် မုန့်တောင်းစားတာ.. ဘီစကွတ် တထုပ် ရတော့.. ပျော်လိုက်တာလေ..။ တအားပဲ..။ တကယ် သဘောကောင်းတဲ တောင်သူတွေ..။

camp ကို ပြန်ရောက်တော့.. ၇ နာရီ ထိုးတော့မယ်။ ရေမြန်မြန်ချိုးတယ်။ ချမ်းလိုက်တာ..တအားကိုပါပဲ။ ပြီးတော့..အစိမ်းကြော် ( ၀က်သား ) နဲ့ ထမင်းစားတယ်။ စားလို့ကောင်းလိုက်တာ။ အရမ်းပဲ။ field ထဲမှာ မပိန်ပဲ ၀-၀ လာတယ်။ အားလုံးဟာ တကယ့်ကို မောင်နှမ တွေလို..ပျော်စရာကောင်းလိုက်တာ။ ပြီးတော့..လွင်ပြင်ကြီးမှာ ထွက်ထိုင်တယ်။ တယောက်ထဲပဲ။ ဘယ်ဖက်ကို ကြည့်ကြည့်..တောင်တွေ ၀ိုင်းနေတယ်။ အပေါ်ကို ကြည့်တော့..လကြီး က ပြည့်ကာနီး ပြီ။ ကြယ်တွေက..တလက်လက်နဲ့..ဘယ်လို သာယာမှန်း ကို မသိဘူး။ အေးလွန်းလို့ ခဏပဲ ထိုင်ပြီး အိပ်ဆောင်ထဲမှာ လက်ဘက်သုတ်စားကြတယ်။ တီချယ် နဲ့ စကားပြောတယ်။ ခုတော့..အိပ်မယ်။ တကယ့်ကို အမှတ်ရ အရှိဆုံးနေ့ပါပဲ။

+++++++

ကိုင်း--- ကိုပီတိက..သူ့တောင်တက် အသင်း လာကြော်ငြာဝင်သွားတော့..ဘယ်ရမလဲ။ မစွံတောင်တက် ဆိုရင်တော့..ကိုယ်တို့ တွေတော့..သိပ်ကို စွံနေတော့မှာပဲ။း) ဒေသ တခု ရောက်တိုင်း အဲဒီ ဒေသက..အမြင့်ဆုံးဆိုတဲ့ တောင်တွေကို တက်ရတာကိုး။ အဲဒီ နှစ်က..ပူလောက် ခြောက်သွေ့ တဲ့ သာစည် ပြင်ညောင်ရွာလေး နဲ့.. ရှမ်းပြည် ထဲ အ၀င်..မြင်းဒိုက်ရွာလေး ၂ ရွာကို တ၀က်စီ ၁၅ ရက်စီ အဖွဲ့ချင်းလဲပြီး နေရတာလေ။ သင်္ကြန်အပြီး..စိန်ပန်းပြာတွေ နဲ့ မှိုင်းဝေနေတဲ့.. ကလောမြို့နယ် မြင်းဒိုက်ရွာလေးက..အဲဒီ တုန်းကတော့..မျက်စိ ထဲမှာ လှချင်တိုင်း လှနေခဲ့တာပေါ့။

နောက်- အမှတ်ရ နေတာ..အဲဒီ ကလောသွားတဲ့ နေ့က.. စိန်ပန်းပြာတွေ.. မြူတွေ..နှင်းမိုးတွေ ရောယှက် ပြာမှိုင်း နေတဲ့..ညနေစောင်း..မြို့ထဲတနေရာ မှာ.. မီးခိုးငွေ့လေးတွေ တလူလူ ထွက်နေတဲ့.. ဆိုင်လေးထဲက.. အနွေးထည် ထူထူ ၀တ်ထားတဲ့..ရွယ်တူ လူငယ် ကောင်လေး ကောင်မလေး ၅ ယောက်လောက်.. ထွက်လာပြီး ပြုံးပြရင်း.. ဒီ အုပ်စုထဲမှာ စာရေးဆရာမ မိုးချိုသင်း ဆိုတာ ပါလားလို့..လာမေးရှာတယ်..မချိုသင်းရေ...။ ကျမတို့က.. မိုးချိုသင်းထက် အများကြီးငယ်တာပေါ့..တနှစ်လို့..နောက်လိုက်တယ်။း)




Share/Bookmark

22 Comments:

MANORHARY said...

ကေ
ခရုဆိုတာကွေးကွေးလေးလားဟင်း)
ပျော်စရာကြီး ဒီလိုသာတက်ရလို့ကတော့
မစွံလည်းဘာအရေးလဲ နော့်း)

ဆောင်းယွန်းလ said...

ရှားရှားပါးပါး စုဆောင်းထားနိုင်တဲ့ မကေရဲ့ ဒိုင်ယာရီဟောင်းစာမျက်နှာကို လာပြီးခံစားသွားပါတယ်ဗျာ....

ကိုပေါ said...

(၆) မိုင် ခရီးကို ဇလီဖားတုံးတွေ ရီရင်း သွားရတယ်။

ဇလီဖားတုံးတွေကို ရေရင်း သွားရတယ်………။ အင်း……… ကာတွန်းမောင်ဝဏ္ဏရဲ့ အာဖျံကွီးကိုတောင် သတိရမိတယ်။

အာဖျံကွီးရတဲ့သိုက်စာမှာ ဘာရေးထားသလဲဆိုတော့… “ဘုရားလမ်းဘူတာကိုသွားပါတဲ့။ ပြီးတော့ တုံးကျော်တသန်း၊ ရွှေ့ကာလှမ်း၊ တသန်းပြည့်သော်၊ တူးကာဖော်…ယူနော်ရွှေအိုးကြီး”…တဲ့။

အဲဒါနဲ့ အာဖျံကွီးနဲ့ ဆားပုလင်းကင်းကောင်လည်း မကေတို့လိုပဲ ဇလီဖားတုံးတွေကို ရေတွက်ရင်း သွားတယ်။ ”၉၅၃၇၃…၉၅၃၇၄…၉၅၃၇၅….၉၅… အဲ…မေ့သွားပြီ…အစက ပြန်ရေရအောင်” လို့ အာဖျံကွီးကပြောတယ်။

ဆားပုလင်းကင်းကောင်က “ငါမှတ်ထားပါတယ်ကွ၊ ၉၅၃၇၆ ပါ….ဆက်သွားရအောင်” ဆိုပြီး ဆက်သွားလိုက်ကြတာ….“သြော်…ဘာလိုလိုနဲ့ ဂုတ်ထိပ်တံတားကြီးတောင် ရောက်လာပါပေါ့လား” ဆိုတဲ့ ကာတွန်းလေ။

ကိုရင်နော်ခင်လေးငယ် said...

စိတ်ဝင်စားစရာလေး.. အမှတ်တရတွေ အများကြီးပဲနော်..း)

Anonymous said...

ပြန်မရတော့တဲ့ အရင် ဘဝများကို နှစ်ပြီး လာဖတ်ပါတယ် ဗျားးးးးးးးး၊ ဟဲ...ပလုပ်တုတ်! မှောက်ခုံလဲ ဒူးပြဲ၊ ဘောင်းဘီကွဲ အဲ..လေ ထမိန်ပြဲ

ATN said...

ခရုဆိုတာ Tom Cruise ကို အဖျားဆွတ်ခေါ်တာ မဟုတ်လား ... မလိမ်နဲ့... မှန်မှန် ပြော...း)

Anonymous said...

သူငယါချင်း ၄ ယောက်ထဲ မကေ က
ဘယ်တစ်ယောက်လဲ
မှန်မှန်ပြော..း)

:P said...

ပျော်စရာကြီးနော်....

မောင်နိုင် said...

မနက် (၃) နာရီထဲက..ထပြီး ပြင်ရ ဆင်ရ တာ ( ၆) နာရီလောက်မှ..ရထားလာတယ်။ တို့တွေ မြင်းဒိုက်ကို သွားရတော့မယ်လေ..။ ရှမ်းရထားကြီးက..မြင်းဒိုက်ကို ခေါ်ဆောင်သွားရင်း.. ပြောပြလိုက်တာ..အစုံပါပဲ။ ရှုခင်းတွေကလဲ..လှလိုက်တာ။ တအားပဲ..။ လွန်းထိုး အတက်ကြီးတွေ ဆို အံ့သြစရာပါပဲ။ ခွေးရုပ်ဘူတာ ရောက်တော့..မုန့်တွေ တအား ပေါတာပဲ။ မြင်းဒိုက် ဘူတာ ကို ဆိုက်တော့.. (၁၁) နာရီလောက်ပဲ ရှိသေးတယ်။ ------------------------




မကေရေ..
မကေ ရဲ့ ဒိုင်ယာရီကို ဖတ်ကြည့်ရင်း ကျွန်တော်တို့
ငယ်ငယ်က တောင်ကြီးကို ရှမ်းရထားစီးသွားရတဲ့
ရှုခင်းလေးကိုပြန်မြင်မိလာပါတယ်ဗျာ..

မေ့သမီး said...

အစ်မ ခရုဆိုတာဘယ်ဒူရဲဟင်။ :P

Moe Cho Thinn said...

ကေရေ
Field အနံ့တွေ မွှေးသွားတာပဲ။ တို့က ပထမဆုံး ဆင်းရတာ တတိယနှစ်က ကျောက်ဆည် ရွှေပုထိုး ပေါ့။ ဆရာမ ဒေါ်ကျော့မင်းဌေးနဲ့ ဆင်းရတာ။ ရေးချင်သေးတယ်။ တခါတလေကျတော့လဲ အဲဒီအကြောင်းတွေ ပြန် တွေး၊ ပြန် လွမ်းရလွန်းလို့ ဗလာချည်း သပ်သပ်ကျန်ခဲ့ပြန်ရော..၊ ဗလာမှ လုံးဝ ဗလာ..
မေ့သမီးမေးသလို မေးရရင် ခရုဆိုတာ ဘယ်ဒူရဲ ငှင်..:))

မီယာ said...

စာမျက်နှာတွေ ကျန်သေလား မကေ...
ပျော်စရာကြီး.. အမှတ်တရ ရေးထားတာတွေကို ကြာတော့မှ ပြန်ဖတ်ရတာလည်း အရသာတစ်မျိုးနော်။ ကိုယ့်ဒိုင်ယာရီထဲရေးထားတာတွေကို သူများ တွေကို ပြောပြမယ်လို့ ရေးတုန်းက စိတ်တောင် ကူးမိမှာ မဟုတ်ဘူးနော်..

Phyo Evergreen said...

အန်တီကေရဲ့ အမှတ်တရနေ့အကြောင်းဖတ်ရတာ ဖတ်တဲ့သူတောင်ကြည်နူးသွားတယ်..။ ကျွန်တော်ကတောင်တန်းတွေကို သဘောကျတာ..။

kay said...

မနော်သာဆို.. ခြေလျင်တောင်တက်ရမှာကို မဟုတ်ဘူး။ သယ်ပေးမဲ့သူတွေ များလို့လေ..။း)

ကိုဆောင်း- အဲလောက်ကြီး ရှားပါး ပစ္စည်းဟုတ်သေးပါဘူး.. တိုက်တန်းနစ်ထဲက..အဘွားကြီးလောက်မှ.. ရှားရှားပါးပါး။း)

ကိုပေါ- ခုတလော..ကိုပေါ ရီစရာတွေချည်း တွေးနေ..ရေးနေပါလား။ အာဖျံကွီးကို ကျောင်းစာလို အလွတ်ရနေခဲ့တာလဲ..ချီးကျူးပါ့..း)

ကိုရင်နော်ခင်လေးငယ်-း)

ဒူကဘာ- ဟုတ်ပ..အဲတုန်းက..အကုန်..အလဲလဲ အကွဲကွဲ..း)

ဆင်ဆင်-း))

မောင်နိုင်- ရ- ရထားကြီး ပျော်ပျော်စီးး)

မချိုသင်း- တီချယ်ဌေး နဲ့ဆို တအားပျော်ဖို့ကောင်းမှာ.. ဘာလို့ ဗလာ ဖြစ်ရတာတုန်း..အသဲကွဲ ဇတ်လမ်းလေးတွေ ရှိခဲ့လို့လား..း)

မီယာ- ကျန်တော့ကျန်သေးတယ်.. ဒါမဲ့..တော်ပါပြီ နော်။

ဖြိုး- တောင်တွေကို ချစ်တာချင်း တူတယ်ဟေ့

ကိုအောင်သာငယ်- မမ သီရိနဲ့- မေ့သမီး..

ဘယ်ပုံက..မကေ လဲဆိုတာနဲ့..ခရုဆိုတာ..ဘူလဲ ဆိုတာတော့.. မြုပ်ကွက်ပေါ့နော်။း)

ThuHninSee said...

အဲဒီခရုလေး...ရှိသေးလားဟင်။
:P

PAUK said...

မကေတို့နဲ့တူတူ တောင်လိုက်တက်ချင်တယ်..

Ye-Mon said...

မကေတို့ကတော့ လွမ်းစရာဖြစ်အောင် လုပ်သွားပြီ။

ကျွန်တော့် ပထမဆုံး တောင်တက်ခရီး (၁၉၉၃ အောက်တိုဘာ လောက် ဖြစ်မယ်ထင်တယ်) ကလည်း မြင်းမထိ၊ ဆင်တောင် နဲ့ အရှေ့မြင်အနောက်မြင် တောင်တွေဗျ။ မြင်းဒိုက်ရွာမှာ ၂ ရက်လောက် တည်းခဲ့သေးတယ်။ တောင်ပြို လမ်းပိတ်လို့ ရထားမလာတာနဲ့ မြင်းဒိုက်ကနေ ကလောကို ဇလီဖားတုံး ရေရင်း လမ်းလျောက်ခဲ့ရသေးသဗျား။ တူပုံများ ပြောပါတယ်။

မြင်းဒိုက်ဘူတာက တောင်ကြားထဲမှာရှိပြီး အရမ်းကို လှတာပဲ။ အဲဒီမှာ ရှုး-ဒိုင်း ဗျောက်အိုး ဖောက်ရတာ ရေရေလည်လည် မိုက်တယ်။ တောင်တွေဆီက ပဲ့တင်သံနဲ့ ဆိုတော့ တစ်လုံးဖောက်ရင် အသံ ၃ခါလောက် ကြားရတယ်။

ရန်ကုန်ပြန်ရောက်ပြီးနောက် ရွာကလူတွေ လာလည်တော့ ပြောတော့ ပြောသားဗျ။ ခင်ဗျားတို့နောက် လာတဲ့ ကျောင်းသား ကျောင်းသူတွေ ရွာမှာ တစ်လလောက် လာနေ စားသောက်သွားတာ ရွာမှာ ၀မ်းစာ စပါး ပြောင်ရော ဆိုပဲ။ အဲဒီအဖွဲ့က မကေတို့ ဖြစ်နေတာကိုး။း)

kay said...

သုနှင်းဆီရေ- အဲဒီ ခရု လား.. အဟဲ ပြောဘူး။
ပေါက်- ပြောမယုံ ကြုံဖူးမှသိမယ်ပေါက်ရေ- တကယ်ပျော်ဖို့ကောင်းတာ။
ကိုရဲမွန်- တောင်တက်စိတ်ဝင်စားမှန်း သတိထားမိတယ်။ ပီတိ တို့လိုပေါ့။ ကျမတို့ကတော့..စိတ်ဝင်စားလား မစားလား မသိပဲ တက်ကို တက်ဖြစ်နေကြတာ။ တောင်တက်ရတဲ့ အရသာက.. တတ်ဖူးမှပဲ သိကြမှာ။ အဲ- ဒါဆို..မြင်းဒိုက် ဆင်တောင် အရှေ့မြင်အနောက်မြင်..ကျမတို့ နဲ့ မရှေးမနှောင်းပဲ။ အရှေ့မြင်အနောက်မြင်တော့.. နဲနဲပဲ တက်ဖြစ်ခဲ့တယ်။ အဟဲ- ကျောင်းသားတွေကတော့..ရွာခံတွေ..ဘုန်းကြီးကျောင်းတွေကို နှိပ်စက်နေကြလေ..။ ဘာပဲပြောပြော..လွမ်းစရာတွေကို လွမ်းလိုက်ရလို့..အလွမ်းနဲနဲ ပြေသွားပါတယ်။

Anonymous said...

အစ်မရေ.. တကယ့်ကို အမှတ်တရဖြစ်ရတဲ့ ဒိုင်ယာရီပဲနော်...။ ပြန်ရေးပြရင်း အစ်မ ပြန်နုပျိုသွားသလို မခံစားရဖူးလား..။

kay said...

လေးမရေ- အသံမပေးဖြစ်ကြတာ ကြာပေါ့။
ဟုတ်တယ်။ နူပျိုအောင်..အတိတ်တွေနဲ့ ပေါင်းတင်ကြည့်တာပေါ့နော်။း)

Unknown said...

Credit!!!!!

Unknown said...

Credit