နေ့

ဒီနေ့.. ပြည်ထောင်စုနေ့
မနက်ဖြန်.. ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့....မြန်မာနိုင်ငံ ကလေးများနေ့
သဘက်ခါ.. ချစ်သူများနေ့..သူတော်စင်ကြီး ဗယ်လန်တိုင်း နေ့..

ဖနွဲခါ.. တနင်္ဂနွေနေ့..တပတ်ကုန်တဲ့နေ့..(သို့မဟုတ်) တပတ်စတဲ့နေ့..
ပြီးရင် ..တနင်္လာနေ့
နောက်တော့..အင်္ဂါနေ့..
မဟုတ်သေးရင်.. တပို့တွဲလဆုပ် ၈ ရက်နေ့..
..နေ့
......နေ့
သမိုင်းက အံချတဲ့နေ့
ပြက္ခဒိန်ပေါ်မှာ စုန်ချည် ဆန်ချည်သွားနေတဲ့နေ့
နေ့ပေါ်က..တွန်းချ ခံရတဲ့နေ့
ခေတ်ပေါ်နေ့ ခေတ်ပျော်နေ့
ညမဟုတ်တဲ့နေ့..သမရိုးကျဆန်တဲ့နေ့

အဲလိုနေ့တွေရှိသလို..

သတို့သမီးတယောက် ရင်ခုန်တဲ့နေ့
အကျဉ်းသားတယောက် စောင့်စားနေတဲ့နေ့
လူမသမာတယောက် အမူးပြေတဲ့နေ့
လူမမာတယောက် ဆုတောင်းပြည့်တဲ့နေ့
သူတောင်းစားတယောက် ခွက်ပျောက်တဲ့နေ့..
နေ့တွေထဲမှာ ..နေ့

ဒီနှစ်..ဒီနေ့မှာတော့..ရေးချင်သလိုရေးလိုက်တယ်..
မနှစ်က..ဒီလိုနေ့မှာ ရေးခဲ့တဲ့.. ပြည်ထောင်စုနေ့မှတ်စု


Share/Bookmark

13 Comments:

Moe Cho Thinn said...

ရေးချင်သလို ရေးလိုက်လဲ ကောင်းနေတာပဲကိုး။
ဒီလိုနေ့မှာ အကျဉ်းသမားတယောက် စောင့်စားနေတဲ့ နေ့ လေး ဖြစ်ရင် ပိုကောင်းမှာပဲ။

ကိုရင်နော်ခင်လေးငယ် said...

ဟုတ်တယ်..
အစ်မ မိုးချိုသင်းပြောတဲ့နေ့လေးဖြစ်ရင်ကောင်းမယ်..

ATN said...

နေ့တိုင်းကို ချိုးဖြူငှက်များ ၀ဲပျံသွားတဲ့နေ့ပဲ ဖြစ်စေချင်ပါသည်...

မီယာ said...

အမှတ်ရစရာ နေ့ တွေ အများကြီး... နေ့သစ်တိုင်း လှပပါစေ လို့ ဆုတောင်းပါသည်။
မှတ်ချက်။ ကဗျာဖတ်ပြီး ပေါ်လာတဲ့ ခံစားချက်ပါ

MANORHARY said...

ရေးချင်သလိုရေးတော့
တွေးချင်သလိုတွေးလိုက်တာ
မဆုံးတော့ဘူး
နေ့တွေ
နေ့တွေ
နေ့တွေ..
ကိုယ့်ရဲ့နောက်ဆုံးနေ့လည်းပါမှာပဲနော်..
...................

RePublic said...

နေ့ ...
အားရပါးရ ဆက်တွေးနေပြန်တော့တယ် ၊၊

ဆောင်းယွန်းလ said...

ဘာပြောရမှန်းကိုမသိတဲ့နေ့ပါပဲ မကေရေ..
နေ့တွေ နေ့တွေ
ကိုအောင်သာငယ်ဖြစ်စေချင်တဲ့နေ့မျိုးတွေ အားလုံးလည်း ဖြစ်စေချင်လှတာ ကြာခဲ့ပြီပေါ့...

mirror said...

ဆန္ဒထပ်တူပြုလျက် ကဗျာလေးဖတ်သွားပါတယ် အစ်မရေ့..။

ဒါနဲ့ ဒီကဗျာလေးကို ညီမသိမ်းယူထားချင်လို့ပါ အစ်မ၊
ဖြစ်လား မသိဘူး။ :)

သက်ဝေ said...

နေ့... တဲ့
စကားလုံးက တစ်လုံးထဲ...
ဒါပေမယ့် အဓိပ္ပါယ်တွေ အများကြီးနဲ့နော်...

သက်ဝေ said...

နေ့ ဆိုတဲ့ စာလုံးရဲ့ ရှေ့မှာ
ပေါင်းထည့်သမျှ စကားလုံးတွေပေါ်ကို လိုက်လို့
အဓိပ္ပါယ်တွေက အမျိုးမျိုး...

kay said...

ရေးချင်သလိုရေးလိုက်တာကို မပျက်မကွက် လာဖတ်ပြီး ကွန်မန့်ပေးသူ သူငယ်ချင်း မိတ်ဆွေ များကို အားတောင်နာသွားပြီ-

မကြေးမုံရေ- ကဗျာလို့ပြောနဲ့လေ- ရှူး..ရှက်စရာကြီး။း)

တန်ခူး said...

ကဗျာလေးက ကောင်းလိုက်တာကေရေ..

လင်းလက်ကြယ်စင် said...

ဘ၀အမျိုးမျိုးလူတွေအတွက် “နေ့”တွေလည်း မတူညီနိုင်စွာ အမျိုးမျိုးရှိနေကြမှာပါနော် မမကေ။ ညီမစိတ်ထဲမှာတော့ မိမိနေ့ရက်တွေအားလုံး လိပ်ပြာသန့်ရှင်းစွာ နေထိုင်နိုင်ဖို့ အရေးကြီးဆုံးလို့ မြင်မိပါတယ်။ ဘလော့ခ်တွေဘက် မရောက်တာကြာလို့ အခုမှ စာတွေ တ၀ကြီးလာဖတ်ရှုသွားပါတယ် :)