အရှေ့ကိုလျှောက်ပါလို့.. အနောက် ကို တဲ့..ကြည့် လိုက် ရင်...



ဒိန်းမတ် နိုင်ငံ ရဲ့မြို့လေး တမြို့ မှာ .. ကလေး မလေး တယောက် ဟာ. ကောင်းကင်ပေါ်က..ငှက်တွေ ကို ကြည့် ပြီး.. အဲဒီလို ပျံဝဲ ချင် လိုက် တာ လို့ တွေး နေခဲ့တယ် တဲ့ ။ အဲဒါ ကြောင့်ပဲ.. သူအရွယ် ရောက် လာတော့...လေယဉ် မောင်း သင်တန်း တွေ..အလှပြ ပျံသန်းခြင်း တွေ ကို.. တောက်လျှောက်..သင်ကြား ရင်း ကြီး ပြင်း လာခဲ့ တော့ တယ်။

တဖြည်း ဖြည်း နဲ့..သူ တွေးမိ လာ တာက.. ကောင်းကင် ပြင် ကြီး ထဲမှာ သွားလာ ပျံသန်း ဖို့..ဆိုတဲ့ ကိစ္စ ဟာ.. အာဏာလု နယ်မြေ တိုက်ပွဲ တွေ အတွက် ပဲလား..နိုင်ငံရေးကိစ္စ တွေ သက်သက် ပဲလား .. နောက်ပြီး.. သူတို့ လို..မိန်းမ တွေ မှာ ရော.. ကောင်းကင် ပေါ် က အလုပ်တွေ လုပ်ဖို့..တူညီ တဲ့ အခွင့် အရေး တွေ ရှိ ရဲ့ လား ပေါ့။ အဲဒီ လိုနဲ့.. Aero feminism ဆိုတဲ့..စကားလေး ကို သူ စိတ်ဝင် စား လာတယ်။ ပရောဂျက် တချို့ နဲ့..စတင် လှုပ်ရှား လာ တယ်။ အမျိုးသမီး တိုက်လေယဉ်မှူး တွေ နဲ့..သူ တွေ့ ခဲ့ တယ်။

တနေ့မှာ တော့.. Simone Aaberg Kærn ဟာ ..ကိုပင် ဟေ ဂင် မြို့လယ်ခေါင်က..ကော်ဖီ ဆိုင်လေး တခု မှာ..ကော်ဖီ သောက်..သတင်းစာ ဖတ် နေရင်း.. အဲဒီ ထဲက..ဆောင်းပါး လေး တခု မှာ..သူ မျက်လုံး တွေ..ရပ်တန့် မှင်သက် နေမိတယ်။

စက်တင်ဘာ ၁၁ တိုက်ခိုက် မူ အပြီး.. တာလီဘန်တွေ ကို တိုက် ထုတ် ပြီး..အမေရိကန် ၀င်ရောက် ထိန်းချုပ် နေ တဲ့.. အာဖဂန် နစ္စတန် နိုင်ငံ ထဲက.. ၁၆ နှစ် အရွယ်.. Farial ဆိုသူ မိန်းကလေးက.. သူ့ဘ၀ မှာ..တိုက်လေယဉ် သရဲ မလေး အဖြစ်..တာလီဘန် တွေ ကို တိုက်ထုတ် ချင် ပါ တယ် လို့.. ဆောင်းပါး ထဲ မှာ ဖော်ပြ ထားတယ်။ အမျိုးသမီး တွေကို ပညာ သင်ခွင့် တောင် ပိတ်ပင် ထား ခဲ့တဲ့..ဒီနိုင်ငံ ထဲ က.. မိန်းကလေး တယောက် ရဲ့.. စိတ်ကူးယဉ် အိမ်မက် တွေကို.. အားပေး အကောင်အထည် ဖော် ဖို့.. သူ ချက် ချင်း ဆိုသလို..ဆုံးဖြတ် ချက် ချလိုက် တော့တယ်။





သူ့အဖော် Magnus ကို..အကူ အညီ တောင်း ပြီး..ဒီ project လေးကို ခပ်မြန်မြန် ပဲ စ ခဲ့ ကြတယ်။ သူတို့ ၂ယောက်ပေါင်း..ပိုက်ဆံ ကို စုလိုက်တော့.. နှစ် ၄၀ ကျော် လောက် ဟောင်းနေပီး ဖြစ် တဲ့.. လေယဉ် သေးသေး လေး တစီး ပဲ ရတယ်။ ကိုပင် ဟေဂင် ကနေ.. အာဖဂန် မြို့တော်..ကဘူးလ် အထိ.. ကီလိုမီတာ ၆၀၀၀ ကွာဝေး တဲ့ ခရီး စဉ် မှာ-Magnus က..အဖော် အဖြစ် နဲ့..မှတ်တမ်းတင် ဗီဒီယို ရိုက်ကူး ရင်း လိုက်ပါ လာ ခဲ့တယ်။ စစ်ရေး စစ် ရိပ် တွေ လွှမ်း နေတဲ့..နိုင်ငံ တကာ လေ ကြောင်း ပိုင် နက် တွေ ကို..ဖြတ် ကျော် ဖို့ ဆို တာ..လွယ် ကူ လှ တဲ့ ကိစ္စ တော့ မဟုတ် ခဲ့ ။ ပထ မဆုံး Nato အဖွဲ့ဝင် Bosnia နိုင်ငံ မှာ ပြသာနာ စကြုံ ရတယ် ။ နောက်..တူရကီ။ ပြီး တော့.. အီရန်..။ နေရာတိုင်း မှာ..အခက် အခဲ တွေ..ကြန့်ကြာမူ တွေ.. ပိတ်ဆို့ မူ တွေ ချည်း ပဲ။ ဒါ လို အခက် အခဲတွေ တင် မက.. လေယဉ်ဆီ မရ နိုင် လို့..မှောင် ခို ဈေး ရှာ ၀ယ် ရတာတွေ.. ဆင်းသက်တဲ့ နိုင်ငံ တိုင်း က တောင်းတဲ့..ပြည်ဝင်ခွင့် ဗီဇာ ကိစ္စ တွေ..။ ရှုပ်နေ တော့တာပဲ။ နောက်ဆုံး Afghan နိုင်ငံ ထဲက..အမေရိကန် လေတပ် တာဝန် ရှိသူ တွေ ကိုယ် တိုင်က တောင်.. ပေး အ၀င် မခံ ဘူးလို့ ဆို လာတယ်။ ဘာ တွေ ဘယ်လောက်ပဲ ခက် ခဲ ခက်ခဲ.. သူ့စိတ် ထဲ မှာ- ပထမ ဆုံး အာဖဂန် အမျိုးသမီး လေး တယောက်..လေ ထဲ မှာ ပျံသန်း ရမယ် ဆိုတဲ့.. Project mission ကိုပဲ..ခိုင် ခိုင် မြဲမြဲ စွဲ ထားတယ်။ နောက်လှည့်ပြန် ဖို့..လုံးဝ စိတ် မကူး ခဲ့ဘူး။ သူ့ လေယဉ်လေး ကလည်း.. ၃ နာရီ စာ ပဲ..ဆီ ဖြည့်နိုင် တာမို့.. နာရီ ၅၀ အတွင်း.. ၃၃ ကြိမ် မြောက် အဖြစ် ပါကစ္စတန် နိုင်ငံ မှာ ဆင်း သက် ရင်း.. အာဖဂန် ထဲ ကို ၀င် နိုင် ဖို့..အစွမ်း ကုန် ကြိုးပမ်း ခဲ့ ရ တယ်။ ရာထူး အဆင့်အတန်း မျိုးစုံ က..လူမျိုးစုံ နဲ့ တွေ့တယ်..ညှိနှိုင်းတယ် ။ နောက် ဆုံး တော့ .. ပြစ်ချ ရင် လည်း ခံမယ် ဆို တဲ့. စွန့်စားမူ နဲ့ပဲ.. သူ့လေယဉ်လေး ပျံသန်း နိုင်တဲ့ အမြင့် ကန့်သတ် ထက် ကျော်လွန် ပြီး.. အာရှ အလယ် ပိုင်းက..မြင့်မား လှ တဲ့ ..တောင်တန်း ကြီး တွေ ပေါ် ကို ဖြတ် ကျော် ခဲ့တယ်။

ဒီလိုနဲ့ပဲ... အာဖဂန် မြေ ပေါ် ကို ဆင်းသက် လို့.. သူငယ် မ.. Farial နဲ့ တွေ့ခဲ့ ရ တော့တယ် ။ အရှေ့တိုင်း ထုံးစံ အတိုင်း.. မိသားစု ကြီးတွေ ..ရောပြွန်း နေထိုင် ကြတဲ့.. သူငယ်မ ရဲ့ အိမ် မှာ.. ညစာ လက်စုံ စား ရင်း.. စကား တွေ ပြော ဖြစ် ကြတယ်။ နောက် နေ့ မှာ တော့.. သူတို့ ၂ ယောက်..ကောင်းကင် ပေါ် မှာ ပျံသန်း ရင်း.. သူရည် ရွယ် ချက် လည်း ပြီး မြောက်.. သူငယ်မလေး ရဲ့.. အိမ်မက် တွေ လည်း..တကယ် ဖြစ် လာ ခဲ့ တော့တယ်။

ဒါ ပေမဲ့ လည်း..တကယ့် တကယ် တိုက်လေယဉ် မှူး မ တယောက်ဖြစ် အောင်.. ဆက်ပြီး ကြိုးစား အားထုတ် ဖို့ ကျ တော့.. သူငယ်မလေး ရဲ့ ဦးလေး တွေ က..ဒီလို မိန်းမ တယောက်က.. ထူးထူးခြားခြား ကိစ္စ တွေ လုပ်ဖို့ ဆို တာ..မဖြစ် နိုင်ပါ တဲ့။ သူငယ်မလေး ကိုယ် တိုင် ကလည်း.. စိမ်ခေါ် မူတွေ အပြည့် နဲ့..တကယ့် လောကကြီး ထဲ ကို..ကိုယ်တိုင် ထွက် ကြိုးစား ဖို့ ဆို တာ.. သူ့ အတွက်..မလွယ်ပါ ဘူး တဲ့။ မိသားစု ကို လည်း ..မခွဲ နိုင် ပါ ဘူး တဲ့။

ဒီလို နဲ့ပဲ.. အနောက်တိုင်းသူ လေး.. Simone ရဲ့.. Smiling in a War Zone- ဆိုတဲ့.. Documentary လေး သာ.. ၂၀၀၆ ရဲ့..မှတ်တမ်း ရုပ်ရှင် ဆု ကို ဆွတ်ခူး ခဲ့ ပေမဲ့.. အရှေ့တိုင်း သူ လေး Farial ရဲ့.. အိမ်မက် တွေ ကတော့..ေ၀၀ါး မှေး မှိန် လို့သာ နေ တော့တယ်။

အဲဒီ မှတ်တမ်း ရှပ်ရှင် လေး ကို..တီဗီ ဖန်သားပြင် က..တဆင့် ကြည့်လိုက် ပြီး တဲ့ အခါ မှာ တော့...အရှေ့ နဲ့ အနောက် ရဲ့.. မတူညီမူ ကို.. တမျိုး တိုး ပြီး.. သတိ ထား မိ ခဲ့ ရတယ်။
အခေါ် ဝေါ် ကိုက..အရှေ့ နဲ့ အနောက်..။ တည် နေရာက.. တဖက်စွန်း ဆီ မှာ။ ရေ မြေ တော တောင် ရာသီ တွေ က .. ကွဲပြား ။ လူတွေ ရဲ့ အသွေး အရောင် က..မတူ။ ယဉ်ကျေး မူ အနေ အထိုင် တွေက..တဘာသာ စီ။ အဲဒီ တော့..စိတ် ဓါတ် နဲ့..ခံယူချက် ဘ၀ အမြင် တွေ ကကော.. ဘယ်လောက် တောင် ကွဲပြား ကြ မလည်း ။ အနောက်တိုင်း သူ Simone ရဲ့.. အလျှော့မပေး တဲ့.. မဆုတ်မနစ် စိတ် ..အားနည်း သူကို ကူညီ ရိုင်းပင်းလို တဲ့ စိတ် ကို မြင် ခဲ့ ရ သလို.. အရှေ့တိုင်းသူ လေး.. Farial မှာ ကျ တော့.. အားမတန် လို့..မာန်လျှော့ချင် နေ တဲ့..အနေအထား မှာ အမှီအခို မကင်း နိုင် တဲ့.. တွယ်တာ စိတ် က..ထပ် ပေါင်း လိုက်တော့- လေ ထဲ မှာ တိုက် အိမ် ဆောက် ယုံ က လွဲလို့..ဘာမှ ဖြစ်မလာ နိုင် တော့ ။ ဒါပေမဲ့လည်း.. ဒီလို မတူညီ တဲ့.. စိတ်ဓါတ် ခံယူချက် တွေ.ကို ..မွေးဖွားပေး လိုက် တဲ့.. မတူညီ တဲ့.. ဘ၀ ပေး အခြေ အနေ တွေ ကို.. ထဲ့ သွင်း စဉ်းစား လိုက် မိ ပြန် တော့ လည်း... ။

ကိုးကား- Documentary of " Smiling in a War Zone" (2006).

ကေ
(၂၈-၀၈-၀၈)

( စက်တင်ဘာလ ထုတ်- ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်း တွင် ဖော်ပြပြီး-)


Share/Bookmark

8 Comments:

စူး said...

nice post.

yes,...
i'm thinking ur view point.

ဆောင်းယွန်းလ said...

မကေရေ.ကျနော်တို့အရှေ့တိုင်းမှာIndividualism
ကိုဦးစားပေးလာနိုင်တဲ့အခါကျရင်တော့.....

Moe Cho Thinn said...

တယောက်နဲ့ တယောက် သိဖူးခင်ဖူးတာလဲ မဟုတ်ပါဘဲ တပါးသူရဲ့ အိပ်မက်ကို အခုလို အခက်အခဲတွေကြားက အောင်မြင်အောင် ဖော်ထုတ်ပေးတဲ့ Simone ကို ချီးကျူးလေးစားမိတယ်။
ကိုယ်သာ Farial ဆိုရင် ကြိုးစားမိမလား သူ့လိုပဲ ဆုံးဖြတ်မိမလား မသေချာပြန်ဘူး။
စိတ်က အရှေ့လဲ မကျော်၊ အနောက်လဲ မရောက် အလည်မှာ ကန့်လန့်ကြီး ဖြစ်နေတယ် ထင်ပါရဲ့။ :))

တန်ခူး said...

ကေရေ… အရမ်းကောင်းတဲ့ပို့ စ်လေးပါ...
မတူညီတဲ့ ဘ၀အခြေအနေကြောင့် ပျက်ဆီးသွားတဲ့ မျှော်လင့်ချက်လေးတွေက အများသားမိုလား…

သက်ဝေ said...

ကေ...
တွေးစရာပါတဲ့ ပိုစ့်လေးတစ်ခုမို့  အလွန် နှစ်သက်မိပါတယ်..။ အထူးသဖြင့်တော့ Aero feminism ဆိုတဲ့ စကားလေး...
ငယ်ငယ်လေးထဲက ငှက်ကလေးတွေကို ကြည့်ရင်း ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးတယ်... ဒါပေမယ့် ကျောင်းတုန်းက မိန်းကလေးတွေကို Aero ယူခွင့်မပေးဘူး။ ခုတော့ အချိန်ရရင် အမျိုးသားနဲ Remote Control လေယာဉ်ပျံလေးတွေ ၀ယ် ဆင်ပြီး လွှတ်ဖြစ်တယ်...။ တခါတလေ မွန်းကျပ်လာတဲ့ စိတ်တွေကို အဲဒီ ဖေါ့လေယာဉ်ပျံလေးတွေထဲ ထည့်ပြီး ကမ္ဘာကုန်ကျယ်သ၍ ၀ဲပျံပစ်လိုက်တာပေါ့...။ ကိုယ်ခလုပ်နှိပ်သမျှ သူ သွားပေါ့...။ မကောင်းလား... :-)
သစ်ပင်နဲ့ ဝင်တိုက်ပြီး ကျိုးသွားတဲ့ အခါလဲ ရှိသပေါ့လေ...။

Anonymous said...

မြတ်နိုး- ကျေးဇူးပဲ- အမြဲမြှောက်ပေးလို့။း)
ဟုတ်တယ် ကို ဆောင်းယွန်းလ- နဲနဲ adjust ဖြစ်စေချင်တာ သက်သက်ပါ။ အကုန်တော့၊ ယူလို့- ပြောင်းလို့ မရနိုင်ဘူးလေ။
မချိုသင်း- ကန့်လန့်ကြီးတော့မလုပ်နဲ့လေ။ အသာလေး ဘေးကပ်နေ။ ကျမဆို..ခု ဘေးကပ်နေတာ။ဟိ
မတန်ခူး- သက်ဝေ- စဉ်းစားစရာလေးတွေနော်။ သက်ဝေ တို့- မရီနာဘေးမှာ..လေယဉ်သွားလွှတ်တယ်လား။ ကျမကတော့..Aero femenism ဆိုလို့- ငယ်ငယ်က..မိန်းကလေး စွန်တောင်မလွှတ်ခဲ့ရ တာ သာ ကြည့်။

Hteink Min said...

မကေ ဂွတ်တယ်ဗျို့.. ဒီလိုအခွင့်အရေးတွေသာ အားလုံးသာ ရခဲ့ကြမယ်ဆိုရင်..

Anonymous said...

မင်းမင်းရေ- ဂရုတစိုက်ဖတ်ပေးတာ..မှတ်ချက်ပေးတာ..ကျေးဇူးပါနော်။ အဲဒီလို..တယောက်နဲ့တယောက်..တဖက်နဲ့တဖက်..အားနည်းချက်..အားသာချက်လေးတွေ အပြုသဘောဆောင် သုံးသပ်ကြည့်စေချင်တာပဲ။