အားနည်းချက်


ကိုယ်တို့ အဖေ က..လူ တမျိုး။ တော်ရုံ သိပ် မဆူ တတ် ပေမဲ့.. ဆူ မိပြီ ဆိုရင် လည်း..မပြီးမစီး။ နောက် တ နေ့ ရောက်တဲ့ အထိ..renew လုပ်ပြီး ဆူတတ်သည်။ ဆူခံ ထိ ထား ပြီးဆို ရင်တော့.. ၂ ရက် လောက် အသံ မထွက်ပဲ ၊ တော်ရာ သွား ကုပ် နေပေတော့။

ပြီး.. ရိုးရိုး အချိန် တွေ ကျ ရင် ပြောရော...။ ` ဖေဖေ့ အမေ က..ဆူပြီဆိုရင်.. တဗြစ်တောက်တောက် ဆူ တတ်တယ်။ ဖေဖေ လည်း.. အမ ( အမေ) ဆီက..အဲဒီ အကျင့် ကြီး ရမှာ စိုးလို့.. ညီးတို့ကို ဆူ ရင်..မနဲ သတိ ထား ရတယ်...´ တဲ့။

ဒါပေမဲ့ လည်း..ဆူတဲ့ အချိန် ကျ ရင်တော့..ဒီအတိုင်းပဲ... ဆူတာပဲ..။ ငြိမ်ငြိမ်လေး နားထောင် ပေရော့။ မသိ ကျိုးကျွံ ပုံစံမျိုး များ လုပ်မိ လို့ကတော့.. ပို ကြာ ပီသာ မှတ်။ တော် ပါသေးရဲ့။ ဒါတောင်...ဖြစ် နိုင် ချေ ရှိတဲ့ အားနည်း ချက် ကို သိ ထား လို့ တဲ့။ သိ ထား လို့သာပဲ လို့အဖေ့ ကို ကြိတ် လှောင်ခဲ့ မိတယ်။

တကယ် တော့.. No man is perfect ဆိုတဲ့ စကား လေး နဲ့ကျားကန် ထားလို့..လူတွေလည်း အတော် လေး အဆင် ပြေ နေတာပါ။ ကိုယ် လည်း ချွင်းချက် မရှိပေါ့။ ဒါပေမဲ့ လည်း..` လူ ဆိုတာ ကိုယ့် အားနည်းချက် ကိုသိရမယ်။ သူများ အားသာ ချက်ကို မြင်တတ် အတုယူ တတ်ရမယ်´ လို့.. ညီတွေ ညီမ တွေကို ..ကြုံတိုင်း ဆုံးမ နေ တတ် ပြန် ရော။ (အဟင်း..ကိုယ့် အားနဲချက် တခု က..ဆရာလုပ်တာလေ...)

ခြုံ ကြည့် မယ် ဆိုလည်း..လူမျိုး အုပ်စု တွေ ထဲ မယ်.. ဟို လူမျိုးက..စကား များတယ်..လျှာရှည်တယ်။ ဟ၀ှာ တွေက ဖြင့် .. လောဘ ကြီးတယ်.. ငွေမက် တယ်..အင်း ဟို ဒင်းတွေကျတော့ .. ထစ်ကနဲ ဆို အော်တာပဲ... ဆော်တာပဲ..ကွဲတာပဲ...စသဖြင့် ကြိုတင် ပုံဖော် မူလေး တွေ ရှိ နေတတ် ပြန်ရော။ အားနည်း ချက် ကလေးတွေပေါ့။ ဗီ ဇ စိတ် ဆိုတာ ..ပြစ်ပယ်လို့ရ တဲ့ အရာ မှ မဟုတ်ပဲလေ။ ကိုယ့်ကို သူများ တွေက.. ဘယ်လို prejudice လုပ်ထား လဲ..။ ကိုယ့် မှာ ကော..ဘယ်လို ယိမ်း ယိုင် မူ မျိုး ရှိ နေ နိုင်လဲ... ဆိုတာ သိထား ကြတော့.. နဲနဲတော့.. ထိန်း နိုင် တာ ပေါ့ ။ ဒါပေမဲ့ လည်း..`ဇာတိ ပြ တယ် ´ဆိုတဲ့ စကား လေး က.. တယ် အသုံး ၀င် နေ ပြန် တော့ မခက်လား။ အင်းလေ..ကိုယ့် ဗီဇ အားနည်းချက် ( ဇာတိ ) ကို သိထား တယ် ဆိုရင် ပဲ..မဆိုး လှပါဘူး။

ကဲ..ကိုယ်လည်း ..ကိုယ့်ဗီဇ အားနည်းချက် ကို သိသိ ကြီး နဲ့ပဲ.. မနေနိုင်လို့..ဇွတ်ကြီး ဆရာ လုပ် လိုက် ပြန် ပြီ။ :-)



Share/Bookmark

3 Comments:

Anonymous said...

ဇာတိပြတဲ့အကြောင်း ဖတ်သွားတယ်း)

မျိုးရိုးဗီဇပါမယ်ထင်တယ် ... ဂျစ်ဆိုရင် ဖေဖေက စိတ်တိုတတ်တော့ .. ငါကြီးရင် စိတ်ရှည်အောင် နေမယ်ဆိုပြီး ကြိုးစားပေမယ့် ၊ ထစ်ခနဲဆို စိတ်က တိုနေတော့ .. ခက်တယ်း)

ဆရာလုပ်တာခံသွားပါတယ်ဂျာ အဟဲ ..

ဒါနဲ့ အမအဖေက နယ်ဘက်က ထင်တယ် ။ ဂျစ် ဘကြီးလည်း သူ့ အမေ (ဂျစ်အဘွား) ကို အမ ခေါ်တယ် ။ မေ၂တို့က နယ်ဇာတိတွေလေ ။

Anonymous said...

အော်.....သိသွားပြီပဲ.... :)

ဒါပေမဲ့လဲ....ဆက်ပြီးဆရာလုပ်လိုက်ပါဦး...
ဆရာမလုပ်ရင်....ကေသွယ်မဟုတ်....ဖြစ်သွားမှာစိုးလို့ပါ :)

တဖက်သားစိတ်တွေ မတို... တိုလာအောင် ...စိတ်ရှည် လက်ရှည်... 'စ' တတ် .. 'ရစ်' တတ်..တာလေးလည်း ......
အင်းးးး.....ဝေးသွားတော့လည်း....ဒါတွေကိုပဲ....သတိရနေရတာပါပဲ....

Anonymous said...

ကျေးဇူးပဲ..သူငယ်ချင်း..မမေရေ။
မမေ က.. စချင် စရာ ကြီး ဆိုတော့ လည်း.. စ မိတာ ရစ်မိတာ.. ခွင့်လွှတ်ပါ။ ပြီးတော့လည်း..ဆက်ရစ်ခွင့်ပေးပါနော်..ခိခိ..။ ( ဆရာလည်း ဆက်လုပ်ပါရစေ... )