Internet Round Up

အင်တာနက် တ ပတ် လည်

ပီးတဲ့ ၂ပတ်လောက်ထဲက..ပြော မလို့။ ဟို ဟိုဒီဒီ လျှောက်သွား ရင်း စိတ်ဝင်စား စရာ လင့်ကလေး တွေ တွေ့ မိ လို ရှဲတာပါ ။ ဆရာ မ ဒေါ် ကြည်မေကောင်း ဆို အဲ လိုပဲ။ သူ ပေး တဲ့ လင့်လေး တွေ လျှောက်သွား ကြည့် တယ် ..စိတ် ၀င်စားစ ရာ လေး တွေချည်းပဲ ။ ဘာဖြစ်လို့ ဆို.. ဒီလောက် ကျယ် ပြော တဲ့ မဟာ အနန္ဒ အင်တာ နက် ပင်လယ် ပြင်ကြီး ထဲမယ်.. မကြုံ လို့ မရောက်.. မရောက် လို့ မကြုံ တာတွေက အများ သား ကိုး။

http://www.guernicamag.com/blog/445/what_a_picture_says_aung_san_s_1/

ဒါ က.. ဒေါ် စု နဲ့ ဦးအောင်ကြည် ဒုတိယ အကြိမ် တွေ့တဲ့ ပုံကို တခု ချင်း တနေ ရာ ချင်း အသေး စိတ် အကြီးချဲ့ပီး စာရေး သူ က..သူ ထင် သလို လေး သုံးသပ် ထား တာ။
အော်.. သူပဲ ပေါက်ပေါက် ရှာ ရှာ.. ဦး အောင် ကြည် မျက်စိ ထဲမှာ တောင် မျက် ရည် တွေ ..တွေ့ တယ် တဲ့။ အင်း.. သိ နိုင်ဘူး လေ။ ဟုတ် ချင် လည်း ဟုတ် မှာပေါ့။ အင်္ဂ ၀ိဇ္ဖါ မဟုတ် တော့ ... အတပ် မပြော နိုင်ပေမဲ့.. သူ့မျက် နှာ မှာ .. တည် ကြည် မူ တချို့ တော့ တွေ့မိသလား လို့။

ဒေါ် စု ရဲ့ ခြေ ထောက် ကလေး တွေ ကို လည်း အနီးကပ် ဖတ် ထား သေးတယ်။ သေချာ တာကတော့.. ဒေါ် စု ရဲ့ အသွင် အပြင် ဟာ ပိုမို ခိုင် ကြည် ပါးလျ နေတာပဲ။ အရွယ် ရဲ့ အရိပ် တွေလဲ အုပ်မိုး လာ ပီနော်။ ဒါ တောင် တချို့က..ဒေါ် စု က ..အရင် လို မရီ တာ တို့.. အရင် လို မလှတာ တို့..မငယ် တာတို့ လုပ် နေ သေးတယ်။ ခု ချိန် မှာ ဘာ ကို ရီ ရမှာလဲ... အသက် ၆၃ ဆိုတာ.. ဘယ် လို လုပ် ၄၅ လောက် တော့ လှပါ တော့မလဲ။ အရေး ကြီး တာ ကျန်းမာ ဖို့။ ကြား နေရ တဲ့ မကောင်းဆိုးဝါး ရန် တွေ ကင်းစင် ဖို့ပါပဲ။

---------------------------------

နောက်တခု က.. စင်ကာ ပူ နိုင်ငံခြား ရေး ၀န် ကြီး ဂျော့ခ်ျ ယို ရဲ့ ဘလော့လေး..ဒီမှာ..

http://beyondsg.typepad.com

တချို့လဲ..သိပီးသား ဖြစ်မှာပါ။ ဒါပေမဲ့.. အသွားအလာ မှတ် ချက် နဲ သေး တာ ကို ကြည့်တော့..သိပ် မသိလို့လား ... မလာ တာလား တော့မသိဘူး။ သူ ရဲ့မိန့်ခွန်း တွေ ..အင်တာဗျူး တွေ ပါပဲ။ အကုန် လုံး ထဲမလဲ.. မြန် မာ ပြည် အရေး တွေ ချည်းပဲ။ မြန်မာ ပြည် အတွက် နဲ့ ဂျော့ခ်ျ ယိုလဲ ဘလော့ရေးစ ရာ တွေရ.. စလုံး ရဲတွေလည်း အတွေ့အကြုံ အသစ်တွေ ရ.. ကောင်းရော။

အင်း... မြန် မာ ပြည် က..နိုင်ငံခြားရေး ၀န် ကြီး လဲ..ဘလော့ရေး ရင်ကောင်းမှာပဲနော်...။ ( ကွန်မန့် နေရာ တော့ ဖြုတ်ထား ပေါ့)


Share/Bookmark

2 Comments:

JulyDream said...

ဝန်ကြီး ဘလော့ရေးရင် ကွန့်မန့်ရော Cbox ပါ ဖြုတ်ထားရမယ် ထင်တယ် မကေရေ ... တော်ကြာ ဖိနပ်စုတ်တွေ၊ ပြောင်းဖူးရိုးတွေ၊ ပုလင်းခွံတွေနဲ့ အားပေးခံ ရမယ်ဗျ။

Anonymous said...

ကွန်မန့် နေရာ တော့ ဖြုတ်ထား ပေါ့

That's a funny comment ;)