သစ္စာတရား ရှာပုံတော်


ကောင်းကင်တံခါး ပွင့်ပြီလား...
ကျွန်ုပ်အား အပြစ်မှ လွှတ်တော်မူပါ ဘုရား....

အသူရကာယ်ဘုံ ဘယ်နှယ်ဆင့် များ...
အပါယ်ငရဲမှ ကင်းရပါစေသား...

သစ္စာတရားအား ငါတွေ့ခဲ့ရ...
.. အတ္တ ...


Share/Bookmark

17 Comments:

Anonymous said...

စိပ်စိပ်ရေးပြီ

Anonymous said...

သစ္စာတရားထဲမှာ အတ္တ အဲ့လိုလား တီကေး)
ရှင်း၂လေးရေးထားတာကို ရှုပ်၂တွေးသွားတယ်။

MANORHARY said...

သစ္စာတရားကိုရှာဖွေတာကလည်း အတ္တလို့ ပြောချင်
တာလား ....ဒါဆိုလည်းအဲဒီအတ္တက အဖြူရောင်
ဖြစ်ပါလိမ့်မယ်။

Anonymous said...

မလေးတော့ ဒီပိုစ်ဖတ်ပြီး စိတ်ချမ်းသာတယ်။

mirror said...

အေးချမ်းမှုရှာရင်းကပဲ...လူတွေပူလောင်နေကြတာ..
အဲ့လိုလား မသိ...။:P

အဲ့လိုဆိုရင်တော့ အပူငွေ့ငွေ့လေးပေါ့...။

Anonymous said...

ကျွန်တော် K ဆိုတဲ့ ကလောင်အမည်နဲ့ အတူ တွဲမှတ်မိနေတဲ့ စကားတစ်ခုက ဖြစ်တည်မှုဝါဒီတစ်ဦးဖြစ်တဲ့ Kierkegaard ရဲ့ “to find a truth which is truth for me” ပါ။ သစ္စာတရားဟာ Objective မဟုတ်ဘူး။ Subjective ပါတဲ့။ ဒီနေရာမှာ Subjective ကို ပုဂ္ဂလဓိဋ္ဌာန်(ဓမ္မဓိဋ္ဌာန်ရဲ့ ဆန့်ကျင်ဖက်)လို့ဘာသာပြန်မဲ့ အစား အဇ္ဈတ္တိက (ဗဟိဒ္ဓရဲ့ ဆန့်ကျင်ဖက်) လို့ပြန်ချင်ပါတယ်။ သစ္စာတရားကို အပြင်မှာ ရှာလို့မရနိုင်ပါဘူးပေါ့။ အဇ္ဈတ္တိက ဆိုတာကလည်း အတ္တကိုရည်ညွှန်းခြင်း (အဓိ + အတ္တ) လို့ အဓိပ္ပါယ်ရပါတယ်။

pandora said...

ဒီကိစ္စတွေကိုတော့ မှတ်ချက်မပေးတော့ပါဘူး
လာတော့ရှာသွားတယ်

ဆောင်းယွန်းလ said...

ဖြစ်တော့ဖြစ်နိုင်တာပါပဲလေ..ယုတ္တိဗေဒ အမြင်တွေနဲ့ ခြုံယူလိုက် ထုတ်ယူလိုက် လုပ်ကြည့်မယ်ဆိုရင်ပေါ့ မကေရေ...လိုလို့ရှာဖွေတာဆိုတော့လည်း အတ္တလို့ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်..မနော်မန့်ထားသလို အတ္တကတော့ အဖြူရောင်အတ္တဖြစ်နေမှာပါ..ဒါကြောင့်လည်း အရောင်ရဲ့ ကန့်သတ်ချက်တွေရှိလာခဲ့တာပေါ့...
ဒီလိုကဗျာမျိုးလေးတွေ များများရေးပါ မကေရေ..ကြိုက်တယ်ဗျ...စဉ်းစားကြရတာပေါ့...ကျနော်ကသူများရေးထားတာကို စဉ်းစားရတာပိုကြိုက်တယ်ဗျ...

Phyo Evergreen said...

ငါဆိုတဲ့ အတ္တ..

ATN said...

အပေါ်ယံအလွှာက အေးခဲနေတဲ့ ကမ္ဘာကြီးဟာ အတွင်းထဲမှာတော့ ကျောက်ရည်ပူ အပြည့်နဲ့...
ဗဟိုချက်မှာတော့ solid iron core တခု...
အပေါ်ယံ ကျောက်လွှာထု က သစ္စာတရား ဖြစ်ခဲ့ရင်
solid iron core ဟာ အတ္တ ပါပဲလေ...

သည် အတ္တကပဲ သစ္စာတရားကို ခြုံလို့
၂၄ နာရီမှာ တပတ်ပြည့်အောင်
သူ့ကိုယ်ကို သူ လှည့်နေလေရဲ့...
နေ့နဲ့ညကို ခွဲခြားဖို့...

သည် အတ္တကပဲ သစ္စာတရားကို ခြုံလို့
၃၆၅ ရက်မှာ တကြိမ်
နေဆိုတဲ့ မီးလျှံထုကြီးကိုလည်း လှည့်ပတ်နေသေးရဲ့...
ရာသီဥတုကို တွေ့ကြုံဖို့...

ဒါကိုပဲ ဖြစ်တည်မှုလို့ ခေါ်ဆိုကြမယ်ဆိုရင်... ... ...

hana san said...

မိုက်တယ် မကေ။ တိုက်ရိုက်ကြီးကို ရင်ထဲ ၀င်သွားတာ။
အဟင့်...နောက်ပို့စ်တွေ သာမီး လာဖတ်နိုင်ဦးမှာ မဟုတ်ဘူး။ သာမီး ပျားတုပ်နေပြီ။ မကေများများရေးထားနော်။သာမီး ပြန်လာမှ တ၀ကြီးလာဖတ်မယ်။ ခုတော့ သာမီး ကျောင်းစာပြန်လုပ် နေရပြီ။

kay said...

KLNG- စိပ်လိုက် ကျဲလိုက်.. အာရုံရသလို..( အကြားအမြင်ရသလို ) ရေးပါဒယ်။း)

မောင်မျိုး- ရှုပ်ရှုပ်တွေး။ ဦးဏှောက် ကြွက်သားတွေ ကောင်းအောင်။း)

မနော်- ကဗျာဆြာမကြီး အတော်ဆုံးပါပဲ..။ အနီးစပ်ဆုံးပဲ။ အရောင်ကတော့..ကိုယ်ကြိုက်သလို ပေါ့နော်။

မလေးရေ- ကောင်းကင်တံခါးပွင့်ရင်..ကျမတော့..၀င်ရပါ့မလား မသိဘူး..။

မကြေးမုံ- ဒါဆို ညီမလေး မှားပါဒယ်။ နဲနဲတော့ မှန်ပေးလိုက်မယ်။

ကိုဧရာ ပြောမှ..ကျမလဲ..ပါဠိ-
သတ်ပုံတွေ ဗဟုသုတရတော့တယ်။ အဲဒီဖက်မှာ အရမ်း အားနဲတယ်။ လှိုင်းဗျာပါဒ ကို ( လှိုင်းဗျာပါရ ) လို့ ပြင်ပေးတာလဲ ကျေးဇူးပဲ။း) ခုလဲ.. စကားလုံး ဒီ့ထက် လှလှ ကြွကြွ လေးတွေ မရှာတတ်လို့..ခံစားချက်ကိုပဲ ပေါ်အောင် ရေးလိုက်တာပါ။

ပန်ပန်- မပေးချင် လည်း ရပါဒယ်.. ရင်ထဲက.. ပန့်ရဲ့ စကားလုံးတွေ အမြဲတမ်း နားလည်မယ်.. ( သီချင်း )

ကိုဆောင်း- ကျမလဲ သူများ ကဗျာတွေ ဘာသာပြန်ရတာ ပိုပျော်တယ်။း)

ဖြိုး- တွေ့ပီလား။

ကိုအောင်သာငယ်- ကဗျာ တပုဒ် လုံးကြီးတောင်..မူပိုင်ခွင့် မထားပဲ..လာပေးသွားလို့ ကျေးဇူးတင်ပါတယ်။ ( ငါမစပ်တဲ့ကဗျာ မို့ထင်တယ်)း)

ဟန- စာကြိုးစား..နောက်မှ တွေ့မယ်။း)

မမသီရိ said...

မကေ
အစ်ကိုလေး (ATN) တို့ ..မပန်တို့ ကို အားကျလာပြီလာ..း)..
(ဒါ မှ မဟုတ်...သူတို့ကများ မကေကို....
အား ကျတာလား...း)...)

ကိုယ်တိုင် ပုံ တွေ ဆွဲ လာပြီ.....း)

ကဗျာ ရော..ပုံလေး ရော ကြိုက်တယ် ရှင့်..
..
ထပ်ဆွဲ ပါအုံး ပုံလေး တွေ....

တန်ခူး said...

ကေရေ… သစ္စာတရားကို တွေ့ လိုက်ရပြီ…

Anonymous said...

သစ္စာတရားဟာ..အတ္တ ... လား

Anonymous said...

ခေါင်းစဉ်ကို တွေ့မိပြီး စိတ်ဝင်စားလို့ လိုက်လာတာပါ
ဒီရောက်တော့ သစ္စာတရား ဖော်ကျူးမှု တစ်ခု ဖြစ်နေတယ် ...
ကျနော် နားလည်သလောက်လေး ပြောရရင်တော့
သူ့ သဘော သဘာဝလေး အတိုင်း ဖြစ်နေခြင်းဟာ သစ္စာပါပဲ ...

ငါ သိတယ်လို့ သတ်မှတ်လိုက်ရင်တော့ ဒါဟာ အတ္တပေါ့ ..

စိတ်ရဲ့ effect ( ကံ ) တွေကို Zero level အထိ ချထားနိုင်ပြီး သူ့သဘောလေးတွေကိုပဲ သိနေနိုင်ရင်တော့ ဒါဟာ သစ္စာသိမြင်ခြင်း ဒါမှမဟုတ် သစ္စာ ရှာတွေ့ခြင်းပါပဲဗျာ ...

www.moethout.com ကိုလာလည်ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ ...

လေးစားစွာဖြင့်
မိုးသောက်

Anonymous said...

သူတို့ကို အားကျ မိတာပေါ့..မမသီရိရယ်။
မတန်ခူး နဲ့ ဂစ်တာ- ထင်ချင်သလို ထင်၍ တွေ့ချင်သလိုသာ တွေ့လိုက်ပါ။ အဲဒီလို ဖွင့်ထားတာပါ။း)

မိုးသောက်ရေ- အလေးအနက် ဆွေးနွေးပြတာ..၀မ်းသာတယ်။ ဒီလို စိတ္တဇ နာမ်တွေကတော့..အနက်ဖွင့်ချင်သလိုဖွင့်.. အကျယ်ချဲ့ချင်သလိုချဲ့.. မဟုတ်လား။ တို့ ဆိုချင်တာကတော့.. လူတွေ ဘာပဲ လုပ်လုပ်..ဘာပဲရှာရှာ.. ဟောဒီကိုယ်တိုင်..ကိုယ်ပိုင် သဘောထဲက..မထွက်နိုင် တာကိုပါ။ မှားချင်လဲ မှားနိုင်တယ်လေ။