ဝါတိုးတိုး

ဝါတိုးတိုး

ဝါတိုးတိုး...တဲ့...
ဘာမှန့်းမသိခင်.အရမ်းကြည့်ချင်နေမိတယ်..ပီးတော့ အာဖရိကစတိုင် choir
သံပြိုင်ဆိုတော့...အာဖရိကန်မတွေ Praise & worship လုပ်တာကို ကိုယ်ကနဂိုထဲကသဘောကျတာနဲ့...
ကိုယ်နေတဲ့ kalgoorlie ဆိုတဲ့မြို့လေးကို မနှစ်ကလည်းလာဘူးတယ်တဲ့..
ခက်တာက...လက်မှတ်တွေကို တမြို့လုံးက ဘုရားကျောင်းတွေကိုအစောကြီး
ထဲကဝေလိုက်တော့..နီးမှသိတဲ့ကိုယ်တို့ မောင်နှံလက်မှတ်မရတော့ဘူး...
ကျေးဇူးတော်ပါပဲ...အဘွားကြီးတယောက်က..ပိုတဲ့လက်မှတ်၂စောင်
လာပေးလို့....ရောက်သွားခဲ့တယ်...

ခုံနံပတ်နဲ့မဟုတ်လို့..ည ၇နာရီပွဲကို နာရီဝက်လောက်ကြိုသွားတယ်..
ဆောင်းညအေးအေးလေးမှာ...လူတွေတအုပ်ပီးတအုပ်ရောက်လာနေကြတယ်..
လူ ၃သောင်းကျော်ကျော်ပဲရှိတဲ့နယ်လေးဆိုတော့..တယောက်နဲ့တယောက်
မျက်မှန်းတမ်းမိပြုံးပြနှူတ်ဆက်ကြရင်း..ခန်းမထဲကိုရောက်လာတယ်...

ဟော..ဟိုရှေ့တန်းမှာ..သင်းအုပ်ဆရာမောင်နှံ..သြော်..ဒီဖက်မှာ..ဟ၀ှါတို့...

စစချင်း...စလိုက်ရှိုးလေးတွေနဲ့..တယောက်ချင်းမိတ်ဆက်တော့မှပဲ..သြော်..
ဝါးတိုးတိုးလေးတွေဟာ...အေအိုင်ဒီစက်စ်မိဘတွေကထားခဲ့တဲ့ မိဘမဲ့ကလေး
လေးတွေပါလားဆိုတာ..သဘောပေါက်တော့တယ်..

ဘာမှမရှိတော့တဲ့ဘာလုပ်ရမှန်းမသိတော့တဲ့သူတို့ဘ၀တွေဟာ..
ခုတော့..၀ါးတိုးတိုးရွာသားလေးတွေအဖြစ်နဲ့..ခရစ်တော်ရဲ့
မေတ္တာကိုခံစားရင်း..မျှော်လင့်ခြင်း..၀မ်းမြောက်ခြင်းတွေကိုရရှိနေကြပီလို့..
သူတို့လေးတွေရဲ့ပြုံးရျွှင်နေတဲ့မျက်နှာလေးတွေနဲ့.သက်သေခံကြတယ်...

စကားပြောတဲ့စလိုက်လေးတွေပြလိုက်...အားရပါးရ..သံပြိုင်သီဆိုကြနဲ့.
ခန်းမပြည့်ပရိတ်သတ်ကလည်း စည်းချက်လိုက်တီးကြပေါ့...တချက်တချက်.
နောက်ဖက်မှာထိုင်တဲ့..မြို့ခံအာဖရိကန်မတယောက်က...အားပါပီး..
တောခြေက်သံလိုမျိုးထထအော်သေးတယ်...ပျော်ဖို့လည်းကောင်း...
ကြည်နှူးဖို့လည်းကောင်းတယ်...

ဒုတိယအချီ..သီချင်းရပ်သွားချိန်မှာ..ကလေးတယောက်ချင်းရှေ့ကိုထွက်ပီး...
သူကတော့..ဆရာဝန်ကြီးဖြစ်ချင်ပါတယ်...သူကတော့..လေယဉ်မှူးကြီးးဖြစ်ချင်တယ်
သူကတော့..ဘတ်စကားဆရာလုပ်ချင်တယ်..အိုး..အစုံပဲ..
အများဆုံးကတော့..ဆရာဝန်ဖြစ်ချင်တယ်ဆိုတာပဲ..
အေးလေ..ဆရာဝန်ရှားပါးတဲ့နိုင်ငံမှာ..ရောဂါဆိုးကြီးကိုလည်း..
ပြက်ပြက်ထင်ထင်မြင်ထားရတာဆိုတော့...
တယောက်မှ..စစ်ဗိုလ်ကြီးလုပ်မယ်လို့မပြောတာတော်ပါသေးရဲ့...

ပီးတော့...သူတို့တွေဟာ...တချိန်မှာ..ယူဂန်ဒါနိုင်ငံရဲ့ တာဝန်သိတဲ့..
နှလုံးလှတဲ့ခေါင်းဆောင်တွေဖြစ်လာမှာပါလို့...ပြောတာကို..
ကိုယ်သဘောအကျဆုံးပဲ...

တချက်မှာ...ခေါင်းဆောင်ကောင်လေးက..ပရိသတ်အားလုံးမတ်တပ်ရပ်ပီး..
သူတို့နဲ့အတူလိုက်က..လိုက်ဆိုဖို့ဖိတ်ခေါ်တယ်...
ကိုယ်တို့အားလုံးမတ်တပ်ရပ်ပီး...အားရပါးရ..ဆိုကြ..ကကြတယ်...
ပျော်ဖို့ကောင်းလိုက်တာဆိုတာ..ရင်ထဲမှာကြည်နှူးမူတွေပြည့်ပီး..
မျက်ရည်တွေလည်းကျမိတာပေါ့...Praise & worship ဆိုတာဒါပဲလေ...

မီးတွေအားလုံးမှိန်သွားပီး..စလိုက်ရှိုးပြန်ထိုးတဲအခါ...၀ါးတိုးတိုး
တည်ထောင်သူဖြစ်တဲ့..Gary Skinner က..အာဖရိကတိုက်ကြီးကစလို့..
တကမ္ဘာလုံးကိုအေအိုင်ဒီစက်စ်ဗုံးကြီးကျဲချလိုက်တဲ့အခါ..အထူးသဖြင့်..
ခရစ်ယာန်တွေအတွက်..အကြီးဆုံးဇိမ်ခေါ်မူကြီးဖြစ်ခဲ့တယ်ဆိုပြီး...
သူအားဖြင့်ဘုရားသခင်ဟာ..ယူဂန်ဒါတနိုင်ငံတည်းမှာတင်..
၉၄၀ ၀၀၀ ကျော်ရှိနေတဲ့ အမေ့ခံမိဘမဲ့ကလေးငယ်တွေကိုကယ်တင်ဖို့
ဦးဆောင်ခဲ့တဲ့အကြောင်းပြောပြတယ်...
ခုဆိုရင်..သူတည်ထောင်ထားတဲ့..၀ါးတိုးတိုးရွာလေးမှာ..
မိဘမဲ့ကလေးပေါင်းတသောင်းကျော်မှီတင်းနေထိုင်ကြပီး...စာသင်ကျောင်း..
ဆေးရုံ..ဘုရားကျောင်း..စိုက်ပျိုးရေးလုပ်ငန်း
တွေနဲ့ စနစ်တကျလည်ပတ်လှုပ်ရှားနေပုံကို..အားရပါးရဝေမျှတယ်...

ခု..ကိုယ်တို့ကြည့်နေတဲ့..သံပြိုင်အဖွဲ့မျိုး အများကြီးရှိပီး..အမေရိက..
ကနေဒါ..သြစတြေလျတို့ကိုပတ်ပီး..တချိန်တည်းမှာ..လှည့်လည်ဖျော်ဖြေ
နေကြတယ်တဲ့...

သြော်..လုပ်တတ်လိုက်ပုံများ...
ဒီကလေးတွေကိုပဲ..စနစ်တကျလေ့ကျင့်ပျိုးထောင်...သူတို့ရဲ့ပါဝင်မူတွေ
နဲ့ပဲ..အလှူငွေတွေရ...လူတွေလည်း မေတ္တာတရားတွေ..ပွားများနိုင်တာလေ...
ခုပဲ..ကိုယ့်ရင်ထဲမှာကြည်နှူးမိရပီ...

၂နာရီလောက်ကြာတဲ့..ပီးမှာတော့..နောက်ဆုံးသီချင်းလေးကို
အနှေးလေးနောက်ခံရင်း ဦးဆောင်ခေါ်ယူတဲ့မြို့ခံဘုရားကျောင်း
ကပဲ..အလှူငွေကောက်..ပွဲကိုအဆုံးသတ်လိုက်တယ်..

ပွဲအပီး..ခန်းမရဲ့ပြင်ဖက်မှာတော့...ခုနက..သီဆိုဖျော်ဖြေခဲ့တဲ့
ကလေးတွေပဲ...ပရိတ်သတ်တွေကို..နှုတ်ဆက်ကျေးဇူးတင်စကားပြော..
သူတို့ရဲ့..လက်မူပစ္စည်းလေးတွေ...စီဒီခွေတွေရောင်းကြတယ်...
ကလေးတယောက်ကိုတလ ၄၀ နဲ့ထောက်ပံ့တဲ့ အစီအစဉ်ကိုလည်းတွေ့ရတယ်...
ကိုယ်တော့...ကလေးလေးတယောက်ကို..ပွေ့ဖက်လိုက်ရင်း..
အရမ်းကောင်းတာပဲကွယ်လို့ပြောတော့...သွားဖြူဖြူလေးတွေပေါ်အောင်ပြုံးပြတယ်...
အိမ်အပြန်လမ်းမှာ..အရင်ဦးဆုံးသတိရမိတာက..ဗမာပြည်က..အေအိုင်ဒီစက်စ်
မိဘမဲ့ကလေးငယ်တွေနဲ့...တနိုင်တပိုင်လူမူရေးလုပ်ငန်းလေးတွေကိုပေါ့
(တကယ်တော့..ခန်းမထဲမှာကြည့်နေထဲကကို..ယှဉ်ပီးစဉ်းစားနေမိတာ)
အခု..အဖြူရောင်သက်တံ့လှုပ်ရှားမူတို့...ဆရာမသန်းမြင့်အောင်တို့...စုထားတို့
ဂျူးတို့..တခြားအများအပြားပါပဲ..ဦးဆောင်ရုံးကန်နေကြတဲ့..လူမူရေးလုပ်ငန်းလေး
တွေ..အများကြီးပါပဲ...အင်း..ဒါပေမဲ့..သူများနိုင်ငံတွေက..ပြတ်ပြတ်သားသား
ဝန်ခံပီး..ကူညီလာသူမှန်သမျှကို..လက်ခံနိုင်ပေမဲ့..ကိုယ်တို့နိုင်ငံမတော့...
အဖမ်းမခံ..မျက်မုန်းမကျိုးခံရအောင်ကို..မနဲလှည့်ပဲ့လုပ်နေရပါလား....

ဘာပဲပြောပြော...နှလုံးသားကို..တခုခုတို့ထိတာကိုတော့..ခံလိုက်ရတယ်...

မှတ်ချက်၊ ၊ (၀ါးတိုးတိုးဆိုတာ..အာဖ၇ိကန်စကား..“ကလေး”လို့အဓိပ္ပါယ်တဲ့)

ဟောဒီအောက်မှာ..တချက်လောက်ကြည့်..ကြည့်ဖို့တိုက်တွန်းပါတယ်...

Watoto website


Share/Bookmark

3 Comments:

kay said...

မြန်မာစာလုံးစမ်းတာ

Anonymous said...

ခွာရာဆိုတာ အရမ်းကြိုက်တယ်ဗျ။ ကြုံတိုင်းနားထောင်ဖို့ကြိုးစားမိတယ်

ဂျူနို said...

ကလေးတွေက ဒီလိုလေး လုပ်ပြခွင့်ရတော့ သူတို့အကြောင်းလည်း လူသိ၊ သူတို့ကိုလည်း လူတွေက ပို ကူညီနိုင် ပိုလည်း ကူညီချင် လာတာပေါ့။

လူတွေနဲ့တိုက်ရိုက်ထိတွေ့ တာလိုဆိုတော့ ပိုလည်း ခံစားရ သနားလည်း ပိုသနားလာတာပေါ့။

မအယ်တို့ဆီကတော့ ပြိတ္တာမူကို မကေရယ်။


မအယ်