ဖေဖော်ဝါရီ ထဲ မှာ လွတ်သွားတဲ့ ငါ

ဗယ်လန်တိုင်း နေ့ တဲ့ ..
အချစ်အကြောင်း ကဗျာစပ်မယ်..
ခက်တာက.. ကဗျာ အကြောင်း ငါက ကောင်းကောင်း မသိ
အချစ် အကြောင်းရော..???
ကောင်း - မကောင်း သိ တဲ့...ကဗျာဆရာ တွေ ကို.. ငါ လိုက် ပေါင်း မယ်..

ကိုစောဝေ ရဲ့  ဒေါင်လိုက် အချစ်ကဗျာ..ကြားဖူးလား တဲ့
ထောင်တန် တဲ့ အချစ်လေ.. ရာဇ၀င် တွင်ရစ်ပေါ့..
မောင်စိန်ဝင်း ရဲ့ ဂန္ဓ၀င် အချစ် တော့ ....ငါ မဖြစ်ဘူးထင်
ကြည်အေး တို့ ခေတ်က..အချစ်  ..စူးနစ်..မူးရစ် သတဲ့

( အို )..အချစ်နဲ့ ပတ်သတ်ရင်..ဟောဒီမှာ..ငါ့ မိတ်ဆွေစစ် တွေ ရှိပါရဲ့..
 အချစ်ကို သိပ်ချစ်တဲ့..အချစ် ကဗျာ စစ်စစ်တွေ ..
ကိုအောင်သာငယ် ရေ.. ပေါင်းချုပ်တအုပ်တော့..ထုတ်သင့် ပြီနော်..
တကယ် ချစ်စရာ ကောင်းတာက..လင်းဒီပ ရဲ့ အချစ်…
သူမို့ ချစ်တတ်ပုံ.. သူ့ကဗျာလေးတွေ စုပုံ ထားရင်..ပန်းကလေးတွေ ပြုံးနေသလို..
မေးချင်သေးတယ်..
(အချစ်)  မပါ ရင်ရော..အချစ်ကဗျာ လို့ ဆိုနိုင် မယ် ထင်သလား ..ကိုခင်အောင်အေး..
(အ)  က နေ  (ချစ်).. တရစ် ခြင်း တစစ်ခြင်း.. အချစ် ဖြစ်အောင် လုပ်တာ ..အိန္ဒြာ..
( ဟုတ်တယ်..)
သူ့ကဗျာတွေက.. တထစ် ပြီး တထစ်..အချစ်ကိုတောင် ကျော်ဖြတ် သွားပေါ့..

ပြီးတော့မှ.. မနော်ဟရီ ဆီကို သွားမယ်..
သူ့နောက်ကျောမှာ စိုက်ဝင်နေတဲ့ အချစ်.. ငါ ကြည့်ချင် သေး တယ်..
မမြင်နိုင်တာက.. ပန်ဒိုရာ ရဲ့ အချစ်..
သံကွန်ချာ..၀င်္ကဘာ စကားလုံး တွေ နဲ့..သိမ်းထုတ်ထား လိုက်ပုံ..
သူ့ နှလုံးသား ကို  .. လုံခြုံပြီပေါ့..
ကြည့်အုံး..
ငါသိတဲ့..ကဗျာဆရာတွေ..ဒါ အကုန်လား..
မဟုတ်သေးပါဘူး
ဒီလို ကဗျာ လူမူရေး ညံ့ဖျင်း ပုံ နဲ့ တော့.. ကဗျာ ကို မိတ်ဆက် လို့ မဖြစ်..
အချစ်ကို ဆို .. ပြုံး ယုံပဲ ပြုံး တော့ ...
----
----
----
 ( ဖြုန်းကနဲ ဆို...)
အို.. ငါ မုန်းလိုက်တာ..

ကဗျာ မဖြစ် လာ တဲ့.. အချစ် ကို မုန်း..
ကဗျာ မစပ်တတ် တဲ့.. ငါ့ ကို ငါ မုန်း..
ကဗျာ စပ်တတ်နေတဲ့.. အချစ်ကဗျာဆရာ တွေ ကို မုန်း..
ပြီးတော့..
မူဘာရတ် ကိုမုန်း..
လူတကာ သုံးသပ်တဲ့.. မြန်မာသတင်း တွေကို - ပိုမုန်း...
ဆန်ည်ရှင်  ကို မုန်း..
အဲဒီ အလံ ကို တင် တဲ့ သူ တွေကို - ပို မုန်း..
အခွင့်အာဏာ တွေ ကို မုန်း
အခွင့်အရေးသမား တွေကို - ပိုမုန်း..
အကယ်ဒမီ ပွဲခင်းထဲက..ရုပ်ရှင်သရုပ်ဆောင် တွေကို မုန်း..
လွှတ်တော် ပြဇာတ် ထဲက.. ရုပ်သေ သရုပ်ဆောင် တွေကို - ပို မုန်း..
တိုက်ပုံတွေကိုမုန်း..
ဓါတ်ပုံတွေ ကို မုန်း..
မမှန်တာတွေကို မုန်း
မှန် ကို ပါ မုန်း..
မြင်မြင်သမျှ.. မုန်းစရာချည်း..
မုန်းလို့ ကောင်းလိုက်ပုံ..
အခု ရေးနေတဲ့ စာကို တောင် မုန်း..
အချစ်ကဗျာ တပုဒ် မရတောင် ..အမုန်း စာ တအုပ် တော့.. ငါရေးနိုင်ပါ သေး တယ်..

ဗယ်လင်တိုင်း နေ့ ကို ..ငါ့အမုန်းတွေ နဲ့ ပဲ ဂုဏ်ပြုတော့ မယ်
နေပါဦး.. ဗယ်လင်တိုင်း ဆိုတာ ကိုက..မုန်းချင်စရာ
နေ့ တွေ ရှုပ်လှ တဲ့..ငါတို့ တိုင်းပြည်ထဲ.. ခြေရှုပ်.. ရင်ရှုပ်..စိတ်ရှုပ် စရာ
ရှုပ်လိုက်တာကွာ.. ဖေဖော်ဝါရီ ကို လည်း .. မုန်းတယ်
ဖေဖော်ဝါရီ မုန်းတဲ့ သူ ကိုပါ..  ငါ ထပ်မုန်းလိုက် တော့ မယ်





 


Share/Bookmark

6 Comments:

linn said...

မကေ တယောက် ကဗျာမစပ်တတ်ပေလို့ဘဲ စပ်များစပ်တတ်ရင်တော့လားး)

mie nge

linn said...

မကေတယောက် ကဗျာမစပ်တတ်ပေလို့ဘဲ စပ်များစပ်တတ်ရင်တော့လားး)

mie nge

TURN-ON-IDEAS said...

အချစ်နဲ့စ အမုန်းနဲ့ဆုံး
မုန်းလို့မရတဲ့ ဒီကဗျာကို ပိုမုန်းတယ်း))

TURN-ON-IDEAS said...

အချစ်တွေနဲ့စ အမုန်းတွေနဲ့ဆုံး
မုန်းလို့မရတဲ့ ဒီကဗျာကို ပိုမုန်းတယ်း))

MANORHARY said...

ကိုယ့်ဆီလာရင် အချစ်မတွေ့ ကဗျာမတွေ့ အမုန်းမတွေ့ ဘာခံစားချက်မှ တွေ့လိမ့်မယ် မထင် ...း)

ကိုဇော် said...

အတူတူ ဂုဏ်ပြုတာပေါ့ဗျာ . . .နော့။