တကယ်ဆို.. အင်းလျား က.. သူ့ကို ဒီလောက်ထိ ပြောင်းလဲ သွားစေလိမ့် မယ်လို့.. ထင်မထားခဲ့ မိတာ။
-
အပြုံး အရယ် မလွယ် တတ်ခဲ့ တဲ့ သူ... ခုတော့..လှလှ ပပ ပြုံးတက်လာသလို.. ဟက်ဟက်ပက်ပက် လည်း ရယ်မော တတ် ခဲ့ပြီ။
အပြုံး အရယ် မလွယ် တတ်ခဲ့ တဲ့ သူ... ခုတော့..လှလှ ပပ ပြုံးတက်လာသလို.. ဟက်ဟက်ပက်ပက် လည်း ရယ်မော တတ် ခဲ့ပြီ။
-
စိုးရွံ့..နာကျင်..ခြင်းနဲ့ မှိုင်းမှုံ.. လွမ်းဆွတ်မူ တွေ သာ ဖြတ်သွား ဖြတ်လာ လုပ်ခဲ့တဲ့.. ညနေ ဆည်းဆာ တွေက.. ခုတော့..အင်းလျား တစောင်းမှာ.. ရယ်မြူး ပျော်ရွှင်ဖွယ်ရာ.. ။ ရင်ခုန်.. မိန်းမူး .. စိတ်ကူး ယဉ် ချင်စရာ..။

++++++
++++++
-
အင်းလျားဆောင် ရဲ့ မနက်ခင်း တွေက တော့ ...ထုံးစံ အတိုင်း.. အတန်း တတ်ဖို့ သွားတဲ့ သူတွေနဲ့..မနက်စာ ဆင်းစား တဲ့သူတွေနဲ့.. နောက်ပေါက် အဆင်း နဲ့ နီးတဲ့ သူတို့ အခန်းနားမှာ..ခြေသံ တွေက..အမြဲ တရှပ်ရှပ် ။
အင်းလျားဆောင် ရဲ့ မနက်ခင်း တွေက တော့ ...ထုံးစံ အတိုင်း.. အတန်း တတ်ဖို့ သွားတဲ့ သူတွေနဲ့..မနက်စာ ဆင်းစား တဲ့သူတွေနဲ့.. နောက်ပေါက် အဆင်း နဲ့ နီးတဲ့ သူတို့ အခန်းနားမှာ..ခြေသံ တွေက..အမြဲ တရှပ်ရှပ် ။
-
ဒီနှစ် သူ့အဖေ အက်ဆီးဒင့် နဲ့ ဆုံးသွား လို့..ကျောင်းမတတ် ဖြစ် ဘူး ဆိုတဲ့..အိသွယ် တယောက်.. ၂ပတ် လောက်ကြာမှ ပေါက်ချ လာတော့.. အခု ဘူမိ ၆ ယောက် ဖြစ်နေ ပြီ။ အိသွယ်..သနားပါတယ်။ သူ့မိသားစု အတွက်..စိတ်မချ ၀မ်းနည်း အားငယ် နေရ တဲ့ ကြားထဲ..နောက်ကျတော့..အခန်းကျယ်ကြီး ထဲပဲ ရတော့တယ်။ အခုက..သူတို့ ၄ ယောက်က တခန်း.. မစု က.. တခြား ဟိုဖက်..လေးယောက်ခန်း တခု မှာ..ဘက်ပဲ့။

.
..
.
..
..
..
..
.
.
.
..
..
..
..
..
..
.
◦
..
.
..
..
..
..
.
.
.
..
..
..
..
..
..
.
18 Comments:
လွမ်းစရာ ကျောင်းသူဘ၀ပါပဲ ကေရယ်။ လွမ်းပေမဲ့ ပြုံးရင်း ဖတ်မိတဲ့ အလွမ်းမျိုး..
ဆရာဦးကျော်ထင်နဲ့ ဆရာမဒေါ်ဌေးကိုလဲ အများကြီး အများကြီး လွမ်းသွားတယ်။ :)
လွမ်းလိုက်ပါဘိ အမိတက္ကသိုလ်
နစ်မျောစရာ အရေးအသားမှာ
ဘာမှ မဆိုင်ပေမဲ့ လွမ်းသွားပါတယ်။
အော် ကျောင်းဆိုတာ အဲလိုကိုးလို့...
လွမ်းတယ်... လွမ်းတယ်... မန္တလေးဆောင်ကိုလွမ်းတယ်...
သူငယ်ချင်းတွေကိုလွမ်းတယ်...
အယ်.. သူများတကာတွေ လွမ်းကုန်တော့ ကိုယ်လည်း ၀င်လွမ်းလိုက်မယ်.. ကြည်ကြည်နူးနူး ဖြူဖြူစင်စင် အချိန်လေးတွေ ရှိခဲ့ဖူးတာ ကျေးဇူးတင်စရာ..။
နောက်ဆုံးစာပိုဒ်လေးကို သဘောကျသွားပါတယ် ကေ.ရေ..။
မကေရေ
သတင်းကြီးတဲ့ ဂန္တဝင်ကျောင်းတော်ကြီးကို
မတက်ခဲ့ရပေမယ့်...
လွမ်းစရာကောင်းတာကိုတော့ သိနေတယ်...
မကေရဲ့ စိန်ပန်းနဲ့ ကံ့ကော်တွေဖတ်ရတာ
အရသာရှိလိုက်တာ....
ဇာတ်ရှိန်တော့တက်လာပြီ...း))
ကျွန်တော်တို့ တုန်းက..
အတန်းထဲ မှာကျောင်းသူမရှိလို့ ...
သူများအတန်းသွားငမ်းရတယ်...
ဆရာ ဘိုကျော်
ငြိမ်းချမ်းပါစေ..
အမြဲလေးစားချစ်ခင်သတိရလျှက်..
တပည့်ဆိုးတစ်ဦး
NL
တက်ညီလက်ညီလွမ်းနေကြတာ အဲဒီခေတ်ကကျောင်းသား/သူ တွေချည်းပဲထင်ပါရဲ့ ။ သန့်လဲ ရောယောင်ပြီးတော့ လွမ်းလိုက်ဦးမယ် ။ :(
အဆောင်က6နာရီပိတ်တာဆိုတော့မိန်းကလေးဆောင် တွေအဖို့အင်မတန်သင့်တော်သောသက်မှတ်ချက်ပေါ့။ အမှောင်ကြောင့် ဖြစ်လာမယ့်အန္တရာယ်ကို ကြိုတင်ကာကွယ်ပြီးသား။ခုလှည်းတန်းကအဆောင်တွေ ပိတ်ချိန်က ည ၁၀နာရီ။အစောဆုံးက ညကိုးနာရီလို့ သိရတယ်။အားလုံးကိုသိမ်းကြုံးပြောလိုခြင်း
မဟုတ်ပေမယ့် အမှောင်ကိုအားပြုလို့ရအောင် တမင်များဖန်တီးထားသလို။သို့သော်လည်းခေတ်ကြီးက တိုးပြီးတက်လာလို့ လို့လဲတွေးရင်ဖြစ်တာပါပဲနော :)
ဆရာမကြီး ကြည်အေးရဲ့ ကေဖွဲ့ဆိုသီနဲ့ ဆွဲပြီးရေးထား
တာလေးကို ရေးဖို့ရလာတဲ့အိုင်ဒီယာလေးက အစ
သဘောကျမိတယ်။
ဒါပေသည့် အစ်မရေ.. ပုဂ္ဂိုလ်ရေးရာသိကျွမ်းခင်မင်
နေတဲ့အခါကျတော့ စိတ်ခံစားမှုက ကိုယ်ချစ်တဲ့လူ အကြောင်းဖတ်ရသလို...ဖြစ်နေတာတော့ အမှန်ပါ။
အဲ့ဒိတော့ ပိုပြီးသဘောကျ၊ပိုပြီးရင်းနှီးခင်မင်တဲ့စိတ် ဖြစ်လာတာတော့ အမှန်ပါပဲ။
အဲ့ဒိကျောရိုးလေးကိုပဲ တခြားဇာတ်ကောင်တယောက်နဲ့ ဒိထပ်ပိုပြီးတန်ဆာဆင်လိုက်ရင်ပိုလှလာဦးမှာလို့ မြင်မိပါတယ်။
အစ်မစာတွေဖတ်ပြီး မိန်းထဲကို တခေါက်လောက်သွား
ပြန်လည်ဦးမယ်ဗျာ။
ပွင့်ပွင့်လင်းလင်းဝေဖန်ပါ ဆိုလို့နော်။
မိခင်ကျောင်းတော်ကြီး (မှားလို့) ယောက္ခမ ကျောင်းတော်ကြီးကို လွမ်းသွားပါသည်။
ဂျီအော်လော်ဂျီ အကြောင်းရေးရင်း ဒဂုံဆောင်သားများ ဆိုးပုံလည်း ထည့်ရေးပါဦး။ အပေါ်မှာ တပည့်ဆိုး တဦးတဲ့၊ ဝန်ခံတဲ့သူ ဝန်ခံသွားပြီ :P
ဆက်လက်အားပေးလျှက်ပါ...
ဒါကြောင့် မကေက ကျောက်ခဲလိုမာတာနဲ့တူရဲ့...
းဝ)
မိန်းထဲမှာတော့ ကျောင်းမတက်ဖူးခဲ့ပေမယ့် သူငယ်ချင်းတွေနဲ့ လျှောက်သွားတာတွေကို ပြန်လွမ်းမိတယ်...
ဟိုမှာ ကျောင်းတက်ရတာကတော့ ဘယ်မှာမှနဲ့ မတူပါဘူးလို့ မလေး ထင်မိပါတယ်။
ဆက်ရန်ကို စောင့်မျှော်လျှက်ပါကေရေ..
တက္ကသိုလ်ကျောင်းသူဘ၀က တကယ်ပဲလွမ်းစရာနော်။
အပိုင်းသုံးမှာ ဖတ်ရင်း စ ဖီလင်တက်လာပြီ..။
ကျွန်တော်တို့ဘဝတွေမှာ ငေးကြည့်ဖြတ်သန်းခွင့်ပဲ ရခဲ့တဲ့ မြကျွန်းညို..။
Saya U Kyaw Htin passed away a few years ago.
Post a Comment