မွေးနေ့

မနေ့က..မွေးနေ့ပါ။ ဒါပေမဲ့..ခု- နောက်ပိုင်း..အဲလို မျိုးတွေ မရေးချင်တော့တာက..တကြောင်း.. ရေးတာလည်း ထပ်နေပြီ ဖြစ်တဲ့ အတွက်.. ဘာမှ မရေးဖြစ်ဘူး။ အိမ်မှာ မွေးနေ့ခြင်း ၆ ရက်ပဲ ကွာတဲ့..( နှစ်တော့ ကွာတာပေါ့) ခင်ပွန်းသည် နဲ့ အမြဲပေါင်းလုပ်လေ့ ရှိတဲ့..အကျွေးအမွေး ပွဲလေး ကြောင့်..အလုပ်ရှုပ်နေတာလည်း တကြောင်း ပေါ့လေ။
-
ခုတလော...ရောက် ရောက် နေဖြစ်တဲ့ face book မှာတော့..မိတ်ဆွေ သူငယ်ချင်းတွေက.. တထောကြီး ဆုတောင်းပေးကြလို့..၀မ်းသာ ကြည်နူးနေမိတယ်။ မွေးနေ့ဆိုတော့..မိဘတွေ..ကိုလည်း ဖုန်းလှမ်း ဆက်ဖြစ်တယ်။ စကားတွေ အများကြီး ပြောဖြစ်တယ်။ ဖုန်းတွေ လှမ်းဆက်ပြီး ဆုတောင်း ဆန္ဒပြုပေးတဲ့..သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင် ကြည်နူးမိတယ်။
-
ဒီနှစ် ဘလော့ပေါ်မှာ..ဘာမှ မရေးဖြစ် မတင်ဖြစ်ပေမဲ့..တိုက်တိုက်ဆိုင်ဆိုင် ..ဘလော့ မောင်နှမ - အကိုအောင်သာငယ် ရဲ့ မေမေ.. အန်တီ ဒေါ်ခင်မာအေး နဲ့ မွေးနေ့ခြင်း တူနေတယ် ဆိုလို့..အံ့သြ ၀မ်းသာ သွားမိတယ်။ အမှတ်တရ ကိုအောင်သာငယ် စုစည်းလိုက်တဲ့..ကဗျာ စာအုပ်လေးကိုလည်း.. မွေးနေ့လက်ဆောင် အဖြစ်.. အင်မတန် ကျေးဇူးတင်ကြောင်း.. မွေးနေ့ ရဲ့ နောက်တနေ့မှာ.. မှတ်တမ်းတင် လိုက်ပါတယ်။
-
မနှစ်က မွေးနေ့ပို့စ် အဖြစ် ရေးခဲ့တဲ့ “လမ်းလျှောက်ထွက်ခဲ့တယ်” ဆိုတဲ့ စာလေးပါ။ နောက်ထပ် ၃၆၅ ရက် ထပ်ပေါင်းလိုက်ပေါ့နော်။း)
-
အားလုံးကို ခင်မင် ချစ်ခင် စွာဖြင့်-


Share/Bookmark

40 Comments:

mgphonemyint said...

ဘာမှမကျွေးလို့ ခဏခဏ ဆုမတောင်းပေးတော့
ဘူး ..း F.B က မွေးနေ့ဆုတောင်းနဲ့ပဲ တော်ပြီ
နော်...း)

ရွှန်းမီ said...

“မွေးနေ့ မင်္ဂလာ ပျော်စရာ”
လာလည်တုန်း တိုက်ဆိုင်သွားပါတယ်..
Happy Birthday :-) အစ်မကေ..

P.Ti said...

ပျော်ရွှင်သောမွေးနေ့ပါ မကေ...
သားသားမီးမီးတွေ အများကြီးနဲ့ ပျော်ရွှင်သော ဘ၀ကို နှစ်ပေါင်းများစွာ ဖြစ်သန်းနိုင်ပါစေ။

:D

Anonymous said...

စမူဆာကြော်တူးတူးလေးနဲ့ ကော်ဖီလေးလွမ်းတာ

mirror said...

မနေ့တုန်းက ပျော်ရွှင်ခဲ့တယ်မလား..။
365 ရက်လဲထပ်ပေါင်းလိုက်ပါတယ်..။
နောက်ထပ် 365 အမြှောက် ၆၀ လောက်ဖြစ်တဲ့အထိ
လမ်းလျှောက်ထွက်နိုင်မှာပါ..။

လေးစားခင်မင်လျက်

JulyDream said...

ဘွားလေးကေ...
မွေးနေ့ဆုတောင်း မပေးတော့ဘူးနော်။ ဟိုဘက်မှာ တစ်ခါ ပေးပြီးပြီ။ ဆုတောင်းပေးလည်း ဘာမှ ကျွေးတာလည်း မဟုတ်။ အဟက်...

မတူသလို မတန်သလို ခွဲခြားဆက်ဆံသလို။ ဘာလိုလို ညာလိုလို နားလည်ရခက်တဲ့ မသင်္ကာမှုတွေ အပြည့်နဲ့ ဂွတီးဂွကျ ဘွားလေး ကေ... ဆိုပြီး ရေးချင်တာ ရေးသွားတယ်။ ဂျီတော့ခ်မှာ ပြောချင်သလို လာပြောတော့။ မျက်စိမှိတ်ထားပြီ။ အဲငှယ်...

MANORHARY said...

မွေးနေ့လက်ဆောင်ပန်းစည်းပို့ထားတယ်နော်း)

Anonymous said...

Happy Birthday ပါမမကေ
ဆန္ဒနဲ့ ဘ၀တထပ်ထဲကျပါစေ
မြူးသျှရီ

နှင်းနဲ့မာယာ said...

ပျော်ရွင်စရာ မွေးနေ့များစွာကို ပိုင်ဆိုင်နိုင်ပါစေမကေရေ။
ညီမက ဇူလိုင် ၂၄..
မကေနဲ့ တပတ်တိတိပဲကွာတယ်သိလား..
ချစ်ရတဲ့သူနဲ့ အတူလက်တွဲလို့
မွေးနေ့ပေါင်းများစွာကို ပျော်ရွှင်စွာ
ဖြတ်သန်းနိုင်ပါစေနော်....

rose of sharon said...

ကေ့မွေးနေ့မှာ
ပျော်စရာတွေနဲ့
ထာဝရကြည်နူးနိုင်ပါစေ....

Anonymous said...

သားလည်း လူလည်ကျတတ်အောင်သင်သွားပါတယ်.. :P

မေဓာဝီ said...

မွေးနေ့ပေါင်းများစွာ သာယာပျော်ရွှင်ပါစေ ... မကေ

လင်းဒီပ said...

ကောင်းသောမွေနေ့ပါအစ်မရေ...
အေးချမ်း ပျော်ရွှင်စွာ နွေးထွေး အဓိပ္ပာယ်ရှိသော ဘဝနေ့ရက်ချိုများ ပိုင်ဆိုင်နိုင်ပါစေ...။

ကောင်းကင်ပြာ said...

Happy birthday ပါလို့ ၊ ဆန္ဒနဲ့ ဘ၀ တထပ်တည်း ကျပါစေရှင်

Anonymous said...

မမပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။.......

KLNG

Anonymous said...

စီဘောက်မှာ တခါ ကွန်မန့်မှာ တခါ ဆုတောင်းပေးတာ
ဆိုတော့ မုန့်နှစ်ခါကျွေးဖို့တော့ ကောင်းပြီနော် ကေ....

မနှစ်ကမွေးနေ့ ဒီနှစ်မွေးနေ့ နောင်နှစ်ပေါင်းများစွာ
ရောက်ရှိဦးမယ့်မွေးနေ့ မွေးနေ့တိုင်း မွေးရက်တိုင်းမှာ
ကေ တယောက် ချစ်သောမိသားစု နဲ့ ချစ်သော ဘလော့ဂ် မောင်နှမများ နဲ့ ချမ်းမြေ့ပျော်ရွှင်ပါစေ.......

မုန့်ကျွေးဖို့အရင်ပြောပြီးမှ ဆုတောင်းပေးတာနော်....ဟက်...

မွေးနေ့နဲ့ပတ်သက်တာ တို့သမီးပြောပြတာလေး ကေ့ ကို ပြောပြမယ်...ခလေးကတော့ ခလေးအတွေးပေါ့..
သမီးက တို့ကိုပြောတယ်လေ သူ့ကိုဘာဖြစ်လို့ ဇူလိုင်လမှာ ( ၁၀ ရက်နေ့မွေးတာ ) မွေးရတာလဲတဲ့...
သူကမွေးနေ့ကို ဇန္န၀ါရီ ဖေဖော်ဝါရီလောက်ဖြစ်စေချင်တာ ဘာလို့ဆို နှစ်တနှစ်ရဲ့  အစ မှာ သူ့မွေးနေ့ဖြစ်ရင် သူများထက်အရင်ဦးပြီး မွေးနေ့
လုပ်ရတာမျိုးကို သူကလိုချင်တာကိုး... ဒီကကျောင်းက
စက်တင်ဘာမှာ စ ဖွင့်ပြီး ဇွန်လကုန်အထိ တက်ရတာဆိုတော့ သူ့မွေးနေ့ကျင်းပဖြစ်ရင်တောင် သူက နောက်ဆုံးဖြစ်နေတာဆိုတော့ ဇူလိုင်မွေးတာ သူမကြိုက်ဖူးလေ...

ဒီကကျောင်းတွေမှာ ခလေးတွေမွေးနေ့ ရောက်ရင် ကျောင်းမှာလုပ်ခွင့်ပေးတယ်လေ....သူ့မွေးတဲ့ ဇူလိုင်လက ဒီမှာ နွေရာသီကျောင်းပိတ်ရက် ဆိုတော့
တို့ကတော့ကြိုက်တယ် ကျောင်းမှာ မွေးနေ့ ထပ် လုပ်စရာ မလိုတော့လို့ ...ဟိ..ဟိ... အိမ်မှာတော့ မလုပ်ပေးရင်မဖြစ်လို့ လုပ်ပေးရတယ်...

mie nge

ကလူသစ် said...

ပျော်စရာမွေးနေ့ဖြစ်ပါစေဗျာ။ ၂ယောက်လုံးအတွက် ဆုတောင်းပေးသွားတယ်။ မုံ့ကျွေးတော့

ကိုအောင် said...

မွေးနေ့မှာ နှစ်ဦးစလုံး ပျော်ရွှင်နိုင်ပါစေဗျာ။ ဖယောင်းတိုင် မီးတွေမမှုတ်ခင် မွေးနေ့ကိတ်မုန့်ကို နည်းနည်းလောက်တော့ ခိုးယူချင်တယ်။

Anonymous said...

ခင်ပွန်းသည်နဲ့ မွေးနေ့ (၆)ရက်ပဲကွာတာချင်းတူနေပြီ။
တိုက်ဆိုင်မူတစ်ရပ်ပဲ။
Happy birthday!

ATN said...

မကေ

၁၃၅၀၅ မှသည် ၃၆၅၀၀ ကျော်သည်အထိ...
လမ်းတွေ ပျော်ရွှင်စွာ ဆက်လျှောက်လိုက်ပါဦး...

ဒါနဲ့ စကားမစပ် ရွာသားလေး ပြောနေတဲ့ စမူဆာလေးတွေ စားချင်လိုက်တာ...း)

Nay Lin said...

Happy 50th B-Day!!

Ooops..
I thought Sayama May Nyane B-day.hahaha

Just kidding..:))

Happy Birthday!! Wishing the Best..

Nay Lin

့ပုံရိပ် said...

မွေးနေ့ မင်္ဂလာပါ မကေ။ :)

sait phay yar said...

ပျော်ရွင်ဘွယ်မွေးနေ့လေးဖြစ်ပါစေ။

khin oo may said...

ပျော်ရွင်ပါစေ............

Anonymous said...

မကေ

ပျော်ရွှင်ချမ်းမြေ့ပါစေ။


မအယ်

အိမ့်ချမ်းမြေ့ said...

ကေ...
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ..

May the Lord be with you & guide you always.

ခင်တဲ့
မလေး

ပိုးဥ said...

ပျော်ရွှင်စရာကောင်းသော မွေးနေ့ပေါင်းများစွာကို
ဘ၀နှင့်ဆန္ဒ ထပ်တူကျလျှက်
ချစ်ခင်သူများနဲ့ ဖြတ်သန်းနိုင်ပါစေ....

Moe Cho Thinn said...

ကေတို့နှစ်ယောက် ဘ၀ရဲ့ အနှစ်သာရများကို အတူတူ ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာ မျှဝေ ခံစားပိုင်ဆိုင်နိုင်ပါစေ။
ကျန်းမာစွာနဲ့ စာတွေအများကြီးလဲ ရေးနိုင်ပါစေ။
ချစ်သော
မိုးချိုသင်း

pandora said...

လိုက်ဖက်ညီလှတဲ့ မကေတို့ ဇနီးမောင်နှံ မွေးနေ့များမှသည် ဘ၀တလျှောက်လုံး အတူလက်တွဲပြီး ကျန်းမာချမ်းသာစွာ အေးချမ်းပျော်ရွှင် နိုင်ကြပါစေ ..

(လေးဆယ့်ငါးနှစ် ဆိုတာ ရုတ်သိမ်းပါတယ်။ ဇူး.. ပါ ပါတော့နော်. :P)

kay said...

ညီမ: Happy Birthday May you remain as youthful and pretty as always

မိုးချိုသင်း: ဒါနဲ့ ဒီနေ့ ကေ့ မွေးနေ့လား။ အောက်က ညီမ ဆုတောင်းတာ တွေ့လို့။ မွေးနေ့ဆိုရင် Happy Birthday ပါ ညီမ ကေ။

နှင်းနဲ့မာယာ: မကေရေ ပျာ်စရာကောင်းတဲ့ မွေးနေ့လေးတွေကို ပိုင်ဆိုင်နိုင်ပါစေနော်။

mie nge: ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မွေးနေ့တွေကို ပိုင်ဆိုင်နိုင်တဲ့သူ ဖြစ်ပါစေ ညီမ ကေ....

ပန်ဒိုရာ: မကေရဲ့ လေးဆယ့်ငါ့းနှစ်မြောက်မွေးနေ့ မနေ့က ပြည့်သွားတာ ခုမှ လာနှုတ်ဆက်ရတယ်.. ကျန်းမာချမ်းသာ ဒေါသကင်းကွာ ငြိမ်းချမ်း ပျော်ရွှင်နိုင်ပါစေ.. လို့.. ချစ်သော ညီမငေး.

အနမ်း: ဘလော့ဂါမွေးနေ့ တွေ ဆက်တိုက်ဖြစ်နေတယ်နော်။ လာရောက်ဆုတောင်းပေးပါတယ်။ ပျော်ရွှင်ဖွယ်မွေးနေ့ လေးဖြစ်ပါစေ။နောင်မွေးနေ့ ပေါင်းများစွာထိနော်။

Nyo Nyo: ကေ ရေ.. လွန်ခဲ့ တဲ့ ၃၇ နှစ်က ရုပ်ရှင်ရုံထဲမှာ နို့ဘူး၂ဘူးနဲ့ မိတေဖိုးနဲ့ တူတူ ရွှေခြည်ငွေခြည်တန်းပါလိရွှေခြည်ငွေခြည်တန်းပါလို့ယက်ကန်းရွှေစင်ပန်းရွှေစင်ခဲ့ကြတာတွေမှတ်မိပါသေးတယ်.. ကေ့ကို စက်ဘီးဖြတ်နင်းတော့ငိုလိုက်ရတာလေ။ ဗန်ကောက်သွားတုန်းကလည်း လေယာဉ်ပျံကြီး ကို မျက်စိတဆုံးလိုက်ကြည့်ပြီး လွမ်းကျန်ခဲ့တာ မနေပဲ။ တူမလေး မွေးနေ့ မှာ အားလုံးကို ပြန်သတိရနေမိတယ်။

ချစ်တဲ့ ညိုညို

2 Aug 09, 02:23 PM
ပန်ဒိုရာ: လေးဆယ့်ငါးနှစ်ကို ရုတ်သိမ်းပြီး ငါးဆယ့်လေးနှစ် ဖြစ်ကြောင်း အမှန်ပြင်ပေးလိုက်ပါတယ်။

2 Aug 09, 06:38 AM
subuueain: မွေးနေ့ မှာပျော်ရွှင်ပါစေရှင်.ဆုလာတောင်းပေးတာနောက်ကျသွားတယ်

1 Aug 09, 10:09 PM

nadimoenyo: မွေးနေ့ မှာ..ပျော်ရွှင်ပါစေ..ရှင်..လာတာနောက်ကျသွားတယ်

kay said...

မွေးနေ့ ကို..ပြည့်စုံ အသက်ဝင်သွားစေတဲ့.. ဆုတောင်း နှုတ်ဆက် မှတ်ချက် များ အားလုံးကို.. အထူးပဲ..ကြည်နူးစွာ လက်ခံ ရရှိပါကြောင်း။း)

မမသီရိ said...

Late Happy Birthday ပါ ကေ
ပျော်ရွှင်ဖွယ်ရာ မွေးနေ့ပေါင်း များစွာ ပိုင်ဆိုင်ပါစေ

အိန္ဒြာ said...

မမ ကေ..

စာတွေလာလာဖတ်ဖြစ်
စာကိုရိုးရိုးရှုင်းရှုင်းနဲ့ဆွဲဆောင်မှုရှိအောင်ရေးတတ်တာ
သေသေချာချာလှလှပပလုပ်တတ်တာ..
စနစ်တကျရှိတာလေးတွေကို သဘောကျကျပြီး..
တိတ်တိတ်ကလေးပြန်ပြန်သွားတတ်ခဲ့တာ..

ခုတော့မွေးနေ့နဲ့တည့်တည့်တိုးနေတော့..
ဆုတောင်းပေးချင်လာ၊ လက်ဆောင်ပေးချင်လာ
လို့ပါ မမကေ ရေ..

"" ၃၇လမ်းမ ""

လမ်းတစ်ခု..
လျှောက်ခဲ့ ရောက်ခဲ့တယ်...

ပြန်မကြည့်ချင်ဘူး..
မျှော်မကြည့်ချင်ဘူး...
လက်ရှိမှာ..
ငါဟာ..လျှောက်နေ ရောက်နေတယ်.။

ဘ၀ဆိုတာ..
လမ်းပဲ...
၃၇ခုမြောက် မိုင်တိုင်မှာ...
ငါဟာ တစ်ထောက်မှ မနားခဲ့တဲ့ ခရီးသည်...

ပြန်လှည့်မကြည့်တော့ဘူး
မျှော်ငေးမနေတော့ဘူး...
ဟိုးးးရှေ့မှာ...
ငါလျှောက်နေတဲ့ လမ်းမရဲ့
အဆုံးသတ်ဆိုတာက စောင့်နေတယ်..။


ချစ်ခင်လေးစားစွာ

nu-san said...

မကေအတွက် မွေးနေ့ဆုတောင်းက နောက်တောင် ကျနေပြီ.. ကျနော့်သူငယ်ချင်း၊ မိတ်ဆွေတွေထဲမှာ မကေနဲ့ မွေးနေ့တူတဲ့သူ ၃ ယောက်တောင် ရှိတယ်..

မကေတို့ ၂ ယောက်က မွေးနေ့ ပေါင်းလုပ်ရတယ်ဆိုတော့ ပျော်စရာကြီးနော်.. :)

Happy Belated Birthday ma ma kay!!!

မေ့သမီး said...

အမရေ လမ်းလျှောက်ထွက်တယ်ကိုပြန်ဖတ်ဖြစ်ပါတယ်။ လမ်းကောင်းလျှောက်ခွင့်ရတဲ့အခါ လမ်းဆိုးလျှောက်နေရတဲ့ဘ၀တွေအတွက်လည်း စိတ်မကောင်းဖြစ်ရတာအမှန်ပါ။ အားလုံးကို ဘေးကင်းသာယာတဲ့လမ်းကိုယ်စီလျှောက်စေချင်လိုက်တာ။ ကိုယ်တိုင်လည်းလမ်းမှားမရောက်ချင်ဘူးလေ။ အမလည်း သာယာချောမွေ့တဲ့လမ်းလေးတွေနဲ့ကြုံတွေ့ပါစေ။ Happy Birthday နော်အမ။

လသာည said...

မကေ/

အလာနောက်ကျလို့ မွေးနေ့ဆုတောင်း နောက်ကျသွားပါတယ်။

happy birthday!!!

ပျော်ရွှင်သာယာသော ဘ၀လမ်းများကို နှစ်ပေါင်းများစွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ။

ခင်မင်းဇော် said...

အင်တာနက်က သောကြာနေ့လည်ကနေ တနင်္လာ နေ့လည်ထိ ပြတ်သွားလေတာမို့ ခုမှ မွေးနေ့ပို့စ် လာဖတ်ရတယ်... နောက်ကျရောက်ပေမယ့် ဆုတောင်းကတော့ ဘယ်အချိန်တောင်းတောင်း တူတူပဲ မဟုတ်လားဟင်..
ပျော်ရွှင်သော မွေးနေ့ နှစ် တရာ့နှစ်ဆယ် ရှည်စေသော်ဝ်...

sonata-cantata said...

မနှစ်က လမ်းလျှောက်ထွက်ခဲ့တယ်ပို့စ်ကစ ကေ့ဘလော့ဂ်မှာ ကွန်မန့် ရေးခဲ့တာ မှတ်မှတ်ယယ~
ဘ၀ခရီးလမ်းကို အောင်မြင် ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေ~

သက်ဝေ said...

ကေ...
ဒီမှာလဲ နောက်တခါ ထပ်ပြီး ဆုတောင်းပေးတယ်နော်။ ကေ မွေးနေ့မှသည် ဘဝတလျှောက်လုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပါစေ။ လိုရာဆန္ဒများ အားလုံး ပြည့်ဝပါစေ...။

kay said...

မမသီရိ- အိန္ဒြာ..နုစံ ..မေ့သမီး..လသာည..မခင်မင်းဇော်- မသီတာ..မသက်ဝေ..

ကျေးဇူးတင်စွာ ပျော်ရွှင်ပါကြောင်း..အလှူလာတဲ့ လူတွေကို ပြုံးပြနှုတ်ဆက်သလို..သဘောထားလိုက်ပါနော်.. အဟဲ.

နုစံ ( ငြိမ်နေပါလား) မသီတာ နဲ့ ခင်တာ..တနှစ်ပြည့်ပြီနော်။