သူငယ်ချင်း တယောက်က သတင်း ပေးလာတယ်။
ကိုယ် တို့ဆရာ တယောက် ..ရင်သား ကင်ဆာ နဲ့ တနေ့က..ဆုံးသွား တယ် တဲ့။
အော်..ဆရာ .. နောက်ဘ၀ အတွက်..ဘာတွေ များ ဆုတောင်းသွား မလဲ။ သေချာ ပါတယ်။ မေခလာ တောင် အဲဒီလို ခပ် မိုက်မိုက် ဆိုသွား ခဲ့သေးတယ်လေ..`နောက်ဘ၀ တခု သာ ရှိ ခဲ့ ရင်..ယောက် ကျား လေး ဖြစ် ချင် တယ် ..´ တဲ့။
ဟုတ်တယ်...
ကိုယ်တို့ ဆရာက.. မိန်းမ တယောက် အဖြစ် နဲ့ လူ့လောက ကြီး ထဲကို ရောက်လာ တာပါ။
ဒါပေမဲ့..သူ ဘယ်လို အချိန် က..ဘယ်လို စပြီး.. စိတ်တွေ ပြောင်း..ဘ၀ တွေ ကို လည်း ပြောင်းလဲ ပစ် လိုက်သလည်း မသိဘူး။
ဘူမိဗေဒ တတိယ နှစ် လက်တွေ့ခန်း ထဲမှာ.. စာသင် နေတဲ့ ဆရာ့ ကို စမြင် ကာစ က.. ဒီဆရာ ပုံစံက..ဆန်း တော့ ဆန်း နေပါတယ် လို့..ထင်မိသား။ နောက်မှ.. သူက.. မိန်းမ ကြီးတဲ့။ ဟယ်တော့....။
ဆရာက..အမြဲတမ်း.. ရှပ်အကျီ င်္..ပုဆိုး နဲ့.. ကျွဲကော်ကိုင်း မျက် မှန် ..ဘိုကေ နဲ့..။ အမှတ် တမဲ့ ကြည့်ရင်တော့..ခပ်ပုပု ..အမျိုးသား တယောက် အတိုင်း ပါပဲ။ အသံက လည်း..ကွဲရှ ရှ။ ဆေးလိပ် ကို လက်က မချ သောက် တော့..နှုတ်ခမ်း တွေကလည်း..ပြာနှမ်း လို့။ ကန်တင်း မှာ..ထိုင်..လက်ဖက်ရည် သောက် ..စကား ပြော ရင် လည်း.. ငါ့ချီး ဆိုတာ..ဆဲလိုက် ရတာ အမော။
နောက်တော့..ဆရာ နဲ့ တောက်လျှောက်.. ကွင်းဆင်း ရတယ်။ စာ အရမ်းတော် တဲ့..ဆရာ့ ရဲ့ အရည် အချင်း တွေကို ..တဖြည်းဖြည်း သိလာ ရတယ်။ ကထိက..ဖြစ် နေတုန်း..နိုင်ငံခြား ကို ပညာ တော်သင် လွှတ် ဖို့ကိုတောင်.. Gender နေရာမှာ..female လို့..အရေး မခံ ချင် လို့.. မသွား ပဲ..နေခဲ့တာ တဲ့။ ကွင်းဆင်း လို့..နယ်တွေ ရောက် ရင် လည်း.. ယောက်ကျား တွေ ဘီယာ ၀ိုင်း ဆို..သူရှေ့ဆုံးက.. ။ တကယ့် ယောက်ကျားဆရာ တွေ ထက်..ပိုသောက်ပြ တာလေ။ တခုခု ဆိုလည်း..ရှုရှု ရှားရှား ..ရန်ဖြစ် ဖို့ပဲ။ ရေ ချိုးတာ တခုပဲ။
တပည့်တွေ..လုပ်ဖော် ကိုင်ဖက် တွေ ကလည်း..အားလုံး လေးလေးစားစား..ဆရာ..လို့..ဦးတပ် ပြီးတော့..ခေါ် ကြ ပါ တယ်။ ကဲ..ဆရာ ရယ်..နောက်ဆုံး တော့.. ဆရာ..မိန်းမ ရောဂါ ရင်သား ကင်ဆာ ကြီး နဲ့ ဆုံးပါ ရောလား။
တိုက် တိုက် ဆိုင် ဆိုင်.. နောက်တနေ့..မဇ္ဇိမ မှာ ပါတဲ့.. ဂေး များ ရဲ့..အခွင့်အရေး အတွက်.. နယ်စပ် က..ကိုအောင်မျိုး မင်း တို့ ဦး ဆောင် ပြီး.. လှုပ်ရှား ကြ မယ် ဆိုတဲ့..သတင်း အောက်မှာ.. မစာ မနာ..မှတ်ချက် လေး တွေ ပေး ထား တာကို.. တွေ့မိပြန် တော့.. မနေနိုင် ဘူး..။ ကီးဘုတ် ပေါ် လက်တင် မိပြီး..စာတပုဒ် ရေး မိပြန်ရော။
ဂေးများဟာ..သာမန် လူတွေ လိုပဲ..လူမူရေး..စီးပွားရေး..နိုင်ငံရေး နယ်ပယ်တွေ မှာ ရပ်တည် နိုင် သင့်တယ်တဲ့။
ဒီကိစ္စ အညင်း အခုံ ကြီး ပေါ်မှာ..ဘက် မယူ လို ပေမဲ့.. အဲဒီလို.. လိင် အခြေ အနေ ထူးဆန်း စွာ မွေးဖွားလာ တဲ့.. လူများ ကို..မရှုံ့ချ မပစ်ပယ်..မကဲ့ရယ် သင့် ဘူး ဆို တာ တော့.. အသေအချာ..ရပ်တည် ချင်ပါတယ်။ အရင်ဘ၀ အတိတ် ကံကြောင့် ပဲ ဖြစ်ဖြစ်..ဘုရားသခင် အလို တော် ကြောင့်ပဲ ဖြစ်ဖြစ်.. Genetic Imprint မှားယွင်း လို့ပဲ ဖြစ်ဖြစ်..သေချာ တာတော့.. သူတို့ဟာ..သူတို့ရဲ့ မွေးဖွားရာ လိင် သတ်မှတ်ချက် ကို..မပျော် ပိုက် ကြဘူး။ နဲနဲ မပျော်ပိုက်တာ မဟုတ်ဘူး..။ ဘယ်လို မှ ကို ရပ်တည်နိုင်စွမ်း မရှိ တဲ့ အထိ..တချို့ဆို..ပြေးထွက်..ပေါက်ကွဲ ပြစ် ကြတာ နော်။
နုနု ရည် (အင်းဝ) ၀တ္တု လေး တပုဒ် ထဲမှာ ဆို.. အရာရှိ လူလတ်တန်းစားက..မွေးလာတဲ့..ဇတ်လိုက် ဟာ..မြန်မာ့ ယဉ်ကျေး မူ..လူမူ အသိုင်း အ၀ိုင်း ရဲ့..ထုံးစံ တွေ ကို ..မလွန်ဆန် နိင်လို့..သူ့ကိုယ်သူ အမျိုးမျိုး..ရည်းစားထားကြည့်လိုက်..လက် ဝှေ့ထိုးလိုက်..လုပ်ကြည့်ပေမဲ့.. နောက်ဆုံးတော့.. ဖွင့် ပြစ် လိုက် ရင်း.. ဆံပင်ညှပ် ကောက် အလုပ် နဲ့..မိဘ ကို ရှာ ကျွေး တဲ့ အကြောင်း လေး ရေးထားတာပါ ။ ဆရာမ ရဲ့ အရေး အသား က လည်း..ပြောင်မြောက် လွန်း တော့.. တကယ် ထိ ပါတယ်။
ယိုးဒယား လက်ဝှေ့ကျော် တယောက် ရဲ့..ဘ၀ ပြောင်း လိုက် တဲ့..အဖြစ်မှန် ရုပ်ရှင် လေး ကို ကြည့် မိတော့.. သနား သလိုလို.. နှမြောသလိုလို..။ အပြစ် တော့..လုံးလုံး မတင် မိပါ။ သူ့ခမြာ..ကံဆိုးထဲက..ကံကောင်းချင်တော့.. ခွဲစိပ်နည်း ပညာ တွေ လွယ်ကူ တဲ့..ယိုးဒယား မှာ..ဒီခေတ်မှာ လူလာ ဖြစ် တာ တော်သေး တာပေါ့ လို့...တွေးမိ ရင်း.. ငယ်ငယ် တုန်းက..လမ်းထဲက.. ဆံပင်ညှပ် တဲ့.. အခြောက် ကိုဖိုးကဲ ကြီး ကိုတောင် သတိရ နေမိတယ်။ သူ့ဆိုင် ရှေ့မှာ ရေးကပ် ထား တာ.. `ကိုယ့်လမ်း နဲ့ကိုယ်..´ တဲ့။ ပတ် ၀န်းကျင် လူမူ အသိုင်း အ ၀ိုင်း က..လှောင်ပြောင် တဲ့ ဒဏ်ကို..တန်ပြန် ထား တာ နေမယ်။
လူ့အခွင့်အရေး ကိုသိပ် အသားပေး တဲ့..အနောက် နိုင် ငံတွေမှာ တော့..ခု နောက်ပိုင်း..လိင်တူ လက်ထပ် ခြင်း ဆို တာ ကြီး ကို ..ရှေ့ထုတ် လာ ကြတယ်။ အင်း..တွေးစရာ တခု ရှိ တာက.. ကိုယ် လွတ်လပ် သလို တော့ နေကြပေါ့။ ဒါပေမဲ့..ယေက်ကျား ၂ ယောက်က.. ကလေး ယူ တာ မျိုး ကြီး တွေကတော့.. မဆိုင်တဲ့..သူတို့ လုပ်ယူ ထားတဲ့ ကလေး တွေ အပေါ်မှာ..မလိုအပ် တဲ့..လူမူရေး သက်ရောက် မူတွေ.. ဖြစ် ကုန် တာ တော့..မကောင်း ဘူး။ အေအိုင်ဒီအက်စ် နဲ့ အခြောက် ပြသာနာ ကတော့..လက် လှမ်းမမှီ လို့..မပြော တတ်ဘူး။ လိင်တူ ပြသာနာ သက်သက် ကြောင့် ဒီရောဂါ ဆိုး ကြီး ဖြစ်လာ တာ..ဟုတ်မဟုတ် တော့..သေချာ မသိ ပေ။

အမေရိကန် က..နံမယ်ကြီး talk show host တွေဖြစ်တဲ့ .. Oprah တို့..Ellen တို့ တောင်.. ဂေး တဲ့။ Ellen ကတော့..ဗြောင်ပဲ။ သူ ဂေး တဲ့။ တနေ့သား ကတောင်.. အော်ဇီ လွှတ်တော် အမတ် မ တယောက် က.. I'm openly Gay တဲ့။ အဲလို ဆို တော့..ကိုယ့် ဆရာ ကို တောင် သတိ ရတယ်။ နောက်မို့ဆို..ဆရာ..အဲလောက် ကြီး..ယောက်ကျား ဆန် ပြနေစ ရာ တောင် မလို ပါဘူး နော်။ ခု တောင်.. ဆရာ ..ရင်သားကင်ဆာ ဖြစ်တယ် ဆို တာကို..၀န်ခံ..လက်ခံ ပြီး..ဆေး တောင် သေချာ ကု ရဲ့လား ..ဆရာ ရယ်။
( ဒီ နိုင်ငံ တွေမှာ.. Lesbian ကိုလည်း Gay လို့ ခေါ် တတ်ကြတယ်)

◦

10 Comments:
အယ်လင်က ဂေး--လားအမ
သူငယ်ငယ်တုန်းကတော့မိန်းမလိုဝတ်တာတွေ့ဘူးတယ်
သူ ကိုယ်တိုင် ပြော တာပဲလေ.. တခါ ကြည့်ဖူးလိုက်တာ.. သူတို့ဂေး တွေက တော့..အတင်း ယောက်ကျား လို ၀တ်စား လုပ်ယူ တာ မဟုတ်တော့..သိပ် တော့..ရုပ်မဆိုး ဘူးထင် တာပဲ။း))
Liberalism and gay activism are different. I am fine for people do whatever they want with their private parts, they can choose to use those,
avoid using them, or use or abuse
some body parts, that is fine for me.
But I will not let them waste scarce
resources for them while majorities
do not have enough.
Dear Anonymous,
Yes.. I do agree with you. They shouldn't waste of their capacity and money. We can only accept that transgender is genetic disorder ( may be orderly different).
What I feel for them ( our Uni lecturer in this case ) is they shound not be discomfort and perish just as social outcasts and they need not pretend for the life they don't want.
Thanks for your comment and reading my blog. :)
ဆရာ့ကို သိပါတယ်။ စိတ်မကောင်းဘူး. အဆက်အသွယ် နဲနဲပြတ်သွားတယ်။ ရန်ကုန်မပြန်တာကြာလို့။
ဟုတ်တယ် အမရေ- ဆုံးကာနီး ဆေးရုံမှာတောင်.. သူနာပြုက..လူတွေရှေ့မှာ..လူနာက..ယောက်ကျားလား မိန်းမလား ပြောပါလို့ လာမေးလို့.. အသက်ယဲ့ယဲ့နဲ့ ဆရာက..` ကျနော်..မိန်းမကြီးပါဗျာ..´ လို့ပြောလိုက်ရတာကို..တပည့်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတယ်။ ဆေးရုံတွေမှာ..လူတယောက်ရဲ့ အတွင်းရေးကို အလေးမထားတာလား..
ဆရာ့ ကို လွမ်းသွားတယ်ဗျာ....
ဆရာ က ဆေးကုဘို့ လက်မခံဘူးလေ...
အမည်မသိ- မိတ်ဆွေ-
ဆရာ့အကြောင်း လာ ဖတ်သွားတာ ၀မ်းသာပါတယ်။း)
ဖတ်လို့ကောင်းတဲ့ ပို့စ်တစ်ခုပါ မကေ
ဆရာ့အတွက် စိတ်မကောင်းပါဘူး
သြော် . . . ဂေး . . .
Post a Comment