Out of Connection

ဆက်သွယ်မူဧရိယာပြင်ပ...

သတင်းလေးတခုက..အတွေးတွေကို..အတင်းလာဖွနေပြန်သည်..
သတင်းလေးတခု ဆိုပေမဲ့..ကိုယ်တို့လို..ပြည်ပရောက်တွေနဲ့..တော်တော်လေးပတ်သတ်နေတာမို့ပါ..
အင်း..တကယ်တော့..အကုန်လုံးအတွက်..အရေးကြီးတာပါပဲ..ဆက်သွယ်ရေးဆိုတာ..ဘယ်သူ့
အတွက်မဆို..နေ့တဓူဝကိစ္စတခုပဲလေ..

သတင်းလေးက..ဟောဒီ ဇူလိုင် ၁၄ ရက်နေ့မြန့်မာ့အလင်းထဲမှာ...


မြန်မာ့အလင်းကိုတော့..မရောက်ဖြစ်ပါ..သို့သော်လည်း..တိုးတက်ခေတ်မှီဖို့..
ခောတ်လူငယ်ကို..ကြည့်ကြစို့..ဆိုတဲ့..အတိုင်း..ခေတ်နောက်ကျမှာဆိုးလို့..တခါတလေတော့..
ခောတ်လူငယ်ကို...ခေါင်းစဉ်လေးတွေသွားသွားဖတ်ပါတယ်..အဲဒါနဲ့..ခောတ်လူငယ်ကတဆင့်..
မြင်လိုက်တယ်ဆိုပါတော့...

သတင်းကိုမြင်တာနဲ့..ဟာ..ဒုက္ခပဲ..အင်တာနက်လိုင်းတွေ..ဖုံးလိုင်းတွေတော့..အကျစ်ခံရဦးမယ်လို့
တွေးပူရင်း..ရန်ကုန်ကိုလှမ်းဆက်တော့..တကယ်ပဲ..ခုတလော..အင်တာနက်လိုင်းတွေသိပ်မကောင်းတဲ့..တနေ့က..အမတယောက်တောင်..အင်တာနက်ကဖေးမှာလာစကားပြောတော့..ဂျီမေးလ်တောင်
ရိုးရိုးဝင်မရပြန်တဲ့..ကိုယ်ထင်တယ်..ဒီသတင်းကတော့..ပြည်ပကခေါ်ခေါ်နေတဲ့..ပုဂ္ဂလိကပိုင် ဖုံးကဒ်
များနဲ့..အထူးသဖြင့်..ကိုယ်သုံးလေ့ရှိတဲ့.. Skype နဲ့ဆိုင်လိမ့်မယ်...

ကိုယ့်မှာက..ဒီ Skype ကလေးရှိနေလို့..အလုပ်ဖြစ်နေတာ..
အဲဒါနဲ့..ပြည်တွင်းက..ဖုံးလုပ်ငန်းလုပ်နေတဲ့..လည်လည်ပတ်ပတ်..မိတ်ဆွေတယောက်ကို..လှမ်းစပ်စုတော့မှ..ဇာတ်ရည်က လည်တော့တယ်..

သူ့ကိုလည်း..ကိုယ်က.. Skype နဲ့ပဲလှမ်းခေါ်လိုက်တယ်..
သူငယ်ချင်းက..“ ဟေ့..နင်..မသမာတဲ့ကုမ္ပဏီနဲ့ဆက်သွယ်နေတယ်..” လို့တန်းနောက်ပါတော့တယ်..
“အေး..အဲဒါပဲ..ငါလဲသိချင်နေတာ..ဒီလုပ်ငန်းကြီးတွေက..တကမ္ဘာလုံးကျယ်ကျယ်ပြန့်ပြန့်သုံးနေတာပဲ”
“ အမလေး..နင့်ကုမ္ပဏီကိုလည်းသိပ်အထင်ကြီးမနေနဲ့..ကြီးဒေါ်..ငါပြောပြမယ်..”

ဒီလိုနဲ့..သူ့ဆီက..သိရတာတော့..ဗမာ့ဆက်သွယ်ရေးက..ထုံးစံအတိုင်း..အ၀၀သောနည်းပညာများ..
စက်ကိရိယာများကို..တရားအားထုတ်၍..တရုတ်ဆက်သွယ်ရေးဆီမှာ..တပည့်ခံထားသတဲ့...
ဖြစ်ချင်တော့..မူဆယ် ၁၀၅ မိုင်အလွန်မှာ..ဗမာ့ဆက်သွယ်ရေး..ကွန်ယက်တချို့...တရုတ်နယ်ထဲ
ကျွံဝင်နေတာကို..တရုတ်ဖက်က..အဲဒီမသမာတဲ့ကုမ္ပဏီကြီးကို..ရောင်းစားလိုက်ပါသတဲ့..
အဲဒါကြောင့်..ပြည်တွင်းနံပါတ်ချင်းချိတ်ပေးပီး..ဈေးပေါပေါနဲ့..ရောင်းစားနိုင်တာတဲ့..

အေး..သူပြောမှ..သွားဆက်စပ်မိတယ်..
တခါတခါ..ကိုယ် ၇န်ကုန်လှမ်းခေါ်ရင်..အိမ်က..“ဟဲ့..ဒီမှာပြည်တွင်းဟန်းဖုံးနံပတ်ကြီးပေါ်နေပါလား..”
တချက်တချက်..လိုင်းမ၀င်တဲ့အခါလည်း..ဟိုဖက်က..တရုတ်သံတွေပေါ်ပေါ်လာတတ်တယ်..

ကဲ..ဘာတွေလဲတော့..ကိုယ်လည်းသေချာမသိ..သူပြောတာရော..ဘယ်လောက်ဖြစ်နိုင်ချေရှိလဲ..
ကိုယ်မတွေးတတ်..

ဒါပေမဲ့လို့...အဲဟို..သတင်းစာမှာ..အမိန့်ထုတ်ထားသလို..ကိုယ့်အိမ်ကို..ပြည်တွင်းနံပါတ်နဲ့..ပြည်ပကဖုံး
ဝင်လာရင်..အကြောင်းကြားတိုင်ကြားပါဆိုတာတော့...
တဆိတ်...ကိုယ့်အိမ်ကိုခေါ်မဲ့..ပြည်ပကောက....ကိုယ့်သားသမီး..ကိုယ့်ဆွေမျိုးပဲဖြစ်တော့မပေါ့..
သူတို့လဲ..သက်သာရာ..သက်သာကြောင်းပဲ ရှာတော့မပေါ့..
တော်ကြာ..မတော်နေ..ကိုယ့်ဖုံးပါ..လာသိမ်းသွားမှ..ဒုက္ခ..

သူငယ်ချင်းက..ဖုံးချခါနီး..ခပ်နောက်နောက်ကလေး..အော်ငြီးသွားသေးတယ်..
“ အေး..နင်တို့..မသမာတဲ့..ကုမ္ပဏီတွေလုပ်လို့..ငါအငှါးချထားတဲ့..ဖုံး၂လုံးသိမ်းခံလိုက်ရတာ..
တော်တော်အထိနာသွားတယ်...”

ကဲ...ခလုတ်တိုက်လို့..ဖါးပြုတ်ကိုက်တာလား...ဖါးပြုတ်ကိုက်လို့..ခလုတ်တိုက်တာလား..



Share/Bookmark

0 Comments: