ဘ၀ နေ နည်း တခု-

လေ့လာမူ စစ်တမ်းတခု ဖတ် ဖူးလိုက် သည်။ လူတွေသည် မိသာစု အသိုင်း အ၀ိုင်း မှာထက်..မိတ်ဆွေ အပေါင်းအသင်း လောက မှာ ဆက်ဆံနေ ထိုင် ခြင်းသည် စိတ်ကျန်းမာမူ ကို ပိုမို ဖြစ်ပေါ် စေသည် တဲ့။

တော် တော်တော့..စိတ်ဝင်စား စရာ ကောင်း လှသည်။ ဆက်လက် ရှင်း ထားသည်က- မိသားစု အတွင်း..ချစ်ခြင်း သံယောဇဉ် အစစ်အမှန် များ က...ပူပန်ခြင်း.. အားမရခြင်း.. ကောင်းစေလိုခြင်း.. ဆိုတဲ့..စိတ်ဇော ဆန္ဒ စစ်စစ် မြစ်မြစ် ကြီး များကို.. ဖြစ်ပေါ် ပူလောင် စေ သည် ဆို၏။ မိတ် ဆွေ အပေါင်းအသင်း များကြား မှာတော့.. ဘယ်လောက်ပင် ချစ်သည် ခင်သည် ဆိုစေ ဦး..ဒီလိုပူပန် တောက်လောင် မူ တွေ မဖြစ် ပေါ် နိုင်ပဲ၊ ပေါ့ပါး လွတ်လပ် တဲ့..ဆက်ဆံရေး များ က..လူကို လန်းဆန်း ပျော် ရွှင် စေ သည် တဲ့။

အင်း.. ရန်တွေ ဘာတွေ မဖြစ်.. စိတ်သဘော ထား မတိုက်ဆိုင် တာမျိုး တွေ မတွေ့ ရင် တော့..ကောင်းတာပေါ့နော်။ ပြော တော့လည်း..ဟုတ်တာပဲ။ စိတ် ခြင်း မတိုက် ဆိုင် တဲ့ အခါ လည်း.. မတိုက်ဆိုင် တာ ထက် ဘာပို ဖြစ် မလည်း..ဘာမှမဖြစ်။ ခဏတဖြုတ် အခေါ် အပြော တန်း ချင် တန်း မယ်။ ဒါလောက် ပဲ။ ကိုယ့် ခေါင်း ပေါ် တင် ရွက် ထား ရတာ မဟုတ်။ ကိုယ်က..ခင်ယုံပဲ ခင် တာကိုး။ ချစ် တဲ့ အခါ ကျ ဒီလို မဟုတ်။ အမှန် ပင်.. ပူ လောင် သည်။ နောက်ပြီး..မိသားစု မှာ ကျ.. ချစ်တာ မချစ် တာ..အသာ ထား။ တာဝန် ဆို တာ ကြီး ကလည်း.. အရိပ် လို ကပ်လိုက် နေပြန် သေးသည်။ မိသားစု တာဝန် ကို တော့..လူတိုင်း လို..အနဲ နဲ့ အများ တော့.. ထမ်း ဖူးခဲ့သူ..ထမ်းနေ ဆဲသူ တမျိုးမျိုးတော့.. ဖြစ် ကြ ပေ မည်။

လူတချို့ ရှိ သည်။ အိမ် လုံးဝ မကပ်။ အပေါင်းအသင်း တွေနဲ့..သူများ အလုပ်တွေပဲ လိုက်လုပ် ပေး ခြင် ပေးနေ မည်။ လုပ်ငန်းခွင် မှာ နစ်မြုပ် ပျော်ရွှင် နေ ခြင် နေ မည်။ စာရေးဆရာမ- သန်းမြင့်အောင် ရဲ့ ၀တ္တုတိုလေး တခု ဖတ် ဖူးသည်။ သူ့အကြောင်း ကိုပင်..ခပ် ပါးပါး လေး ပြန် ရေး ထား သည် ဟု ယူဆ မိ သည်။သူ့မှာ သမီးလေး ၂ ယောက် ကို..မိဘ ၂ပါး လက် ထဲ အပ် ထား ပြီး.. မိုးလင်းက..မိုးချူပ်...လူမူရေး တွေ ပဲ လိုက်လုပ် နေ သည်။ အိမ် စီးပွား လည်း..မိဘ ၂ ပါးပဲ။ မီးဖိုချောင်တောင်..သူမ၀င်ဘူး။ တရက်..ညဖက် သူ အပြင် က..ပြန်လာတော့..သူ့ဆီလာတဲ့..ဧည့်သည် တယောက် နဲ့ စကားပြောနေ တဲ့..သူ့အမေ ရဲ့ အပြော ကို ..တံခါး နောက် က..ကြားလိုက် ရသတဲ့။
- ဟဲ့ နင်တို့ ကသာ..ဆရာမ ..ဆရာမ နဲ့..လာလာ အားကိုးနေ .. ငါ့အိမ် မှာ တော့..ဘာမှ အားမကိုးရ ဘူး ..တဲ့။ သန္တရသ ဆန် ဆန် လေး မို့..ဖတ် ရင်း ပြုံး ခဲ့ ရ ဖူးသည်။ ဒီလို လူ မျိုး တွေ ကိုရော..မိသားစု တာဝန် ပျက်ကွက် သူ များ လို့.. အပြစ် တင် ရ မလား။ လူ့ဘ၀ နေနည်း ထိုင် နည်း တခု လို့ ပြော ရင်..ပိုကောင်း မလား။

တကယ်တော့..ကိုယ်ပိုင် ဘ၀ အပူ တွေ များ လာ ရင်..တခြား ဘ၀ တခု ..သို့မဟုတ်..ဘ၀ များ အတွက်..အချိန် နဲ့ အာရုံ နဲနဲ ပြောင်း ပေး လိုက် ခြင်း သည် .. ကုထုံး တခု လိုပင်..အသုံးဝင် နေ နိုင် သည်။ ဥပမာ.. လူမူရေး လုပ်ခြင်း ဆိုပါတော့။ ဒါ ကလည်း..အော်..ကိုယ့်ထက် ဆိုး တဲ့ ဘ၀ တွေ ရှိ နေ သေးတာပဲ..ဆိုတဲ့..စိတ်ရဲ့ ဖြေ တွေး ကို..လက်တွေ့ အဖြစ် အသုံး ချ လိုက် ခြင်း ပင်။ ကိုယ့် အပူ ကိုယ့် အကြောင်း မှာပင်..အာရုံစိုက် နေ ခြင်း ကလည်း.. အပူကို..ပူသထက် ပူ စေ တာ က လွဲ လို့.. ဘာမှ သိပ် ထူး ခြား လာ မှာ မဟုတ်လေ..။ အဲ တော့..အပူ လွှဲခြင်း ခေါ် မလား။ အပူ လွှဲ နည်း တွေ ကလည်း..လူကို လိုက် လို့..အမျိုး မျိုး တော့..ရှိ နေ နိုင် သည်။

ကိုယ် တိုင် ပင်..ဘ၀ မှာ- စိတ်ပျက် ၀မ်း နည်း စရာ တွေ..တခါ မက ..ကြုံ ဘူး သည်။ ငယ် တုန်း ကတော့.. မကျေမနပ် ၀မ်းနည်း လာ ရင်.. စာ တွေချည်း..ဖိ ကျက် ပြစ် တတ် သည်။ မဝေး သေး တဲ့ ကာ လ တခု က ပင်.. မိသားစု ထဲက..ချစ်ခင် ရ သူ တယောက်.. အရွယ် မတိုင် ခင်..တိမ်းပါး ခဲ့ ရတော့..ပူဆွေး မူတွေ..ရင် နှင့် မမျှ အောင် ခံစားခဲ့ ရ ဘူး သည်။ အဲဒီ တုန်းက..သူ ဘယ်လို..အပူ လွှဲ ခဲ့ ပါလိမ့်။ Grieving Process ကို မလွှဲမရှောင် သာ ..ကျော်ဖြတ် ရင်း.. အထုပတ္တိ စာ ပေ တွေ..ရှာ ဖွေ ဖတ် ရှု ဖြစ် ခဲ့သည်။ တခြား တခြား သော ဘ၀ တွေ အကြောင်း..သိမြင် လာ တာနဲ့ အမျှ ..လောက အကြောင်း..ဆုံးရှုံးခြင်း အကြောင်း..အောင်မြင်ခြင်း အကြောင်း..များကို ဝေ မျှ နားလည် ရင်း Why me ! ဆို တဲ့..မေးခွန်းတွေ လည်း.. လျော့ပါး.. စိတ်သာ သာ မူ တစုံ တရာ တော့.. ရ ခဲ့ တာ အသေ အချာ။

တကယ်တော့..သူများ အကြောင်းကို သိမှ..ကိုယ့်ပြသာနာကို ဖြေ ရှင်းဖို့နည်းလမ်း ရ မည်။ သူများ ၀မ်းနဲမူ ကို မျှဝေ မှ..ကိုယ့် ပူဆွေး မူ သက်သာ မည်။ သူများ နဲ့ဆက်ဆံ မှ..ကိုယ့် လိုအပ် ချက် ကို သိမြင် နိုင် သည်။ သူများ အတွက် တခုခု လုပ် ပေး မှ- ကိုယ့်ဘ၀ အဓိပ္ပါယ် ရှိ ပေမည်။



Share/Bookmark

10 Comments:

Anonymous said...

မကေရေ .. မကေရဲ့ အဆုံးသတ်လေးက တွေးစရာတွေ အပြည့်ပဲ ။ သူများဖြစ်သမျှကို ဝေမျှခံစားပေးနိုင်တာကလည်း ကိုယ့်အတွက် အထောက်အကူရစေသလိုမျိုး ။

သူငယ်ချင်းတယောက်ကတော့ ပြောဖူးတယ် ... ကိုယ့်အိမ်ကိုတောင် မထူထောင်နိုင်ရင် မပံ့ပိုးနိုင်ရင် ၊ သူများအိမ်ကို ကူညီနေတာ ဖြစ်သင့်တဲ့အလုပ်လားတဲ့ ။ သူ့ အပြောကြောင့် ဂျစ်လည်း အဲဒီမေးခွန်းကို အဖြေရှာဖို့ ကြိုးစားမိတယ် ။

ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးကို ဒီအချိန်မှာ ဖတ်ရတာတွက် စိတ်ထဲ အတွေးတွေအများကြီး ဖြစ်သွားစေတယ် ။

ATN said...

ကျေးဇူးတင်တယ်ဗျ။ ဒီလိုစာမျိုးဖတ်ရတာ ခွန်အားရပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ်လဲခဲ့ဖူးတဲ့ လူတယောက်အတွက်တော့ ဘ၀နေနည်းဆိုတာက ပုံသေနည်းမရှိတဲ့ အဖြေအမျိုးမျိုးထွက်နေမယ့် တွက်နည်း တခုလိုပါပဲ။ တကယ်လို့ ဘ၀ဆိုတာက သင်္ချာပုစ္ဆာတခု ဖြစ်ခဲ့ရင်ပေါ့လေ။

Anonymous said...

အမကေ ကျနော့အဒေါ်လည်း အဲလိုမျိုးဗျ အိမ်မှာဘယ်တော့မှမကပ် သူများအကူအညီတောင်းသမျှ သူကူညီတယ် အိမ်ကအဘွားက သူမလာမချင်း ငုတ်တုတ်ထိုင်စောင့်တယ် မအိပ်ဘူး အိမ်မှာရှိသမျှ အားလုံးသူများကို ငှားတယ် ပြန်မရလည်း အေးဆေးပဲ ဟင်းအိုးတည်ခိုင်းရင် ရေအပြည့်ထည့်ပြီး စက်ဘီးတစ်စင်းနဲ့ လစ်တော့တာပဲ ဟင်းအိုးမပျက်တဲ့အခေါက်ဆိုတာမရှိဘူး။ သူ့ကို အိမ်မှမိနစ်ပိုင်းပဲမြင်ရတာ မကြာဘူး မန္တလေးရောက်လိုရောက် ရန်ကုန်ရောက်လိုရောက်၊ သူများအကူအညီတောင်းသမျှကို မငြင်းပဲလုပ်ပေးတတ်တာကိုက သူ့ဘ၀နေထိုင်နည်းလားမသိဘူးဗျ။

pandora said...

သူများ အတွက် တခုခု လုပ် ပေး မှ- ကိုယ့်ဘ၀ အဓိပ္ပါယ် ရှိ ပေမည်။
ဟုတ်တယ် အဲဒါကို လက်ခံတယ်။ စားစရာလေး လုပ်စားရတာတောင် ကိုယ့်တယောက်ထဲအတွက်ဆို ဖွယ်ဖွယ်ရာရာချက်ပြုတ် စားနေရမှာ အဓိပ္ပာယ် မရှိသလိုပဲ။ ဘ၀ဆိုတာ သူများအတွက် ပေးဆပ်ခြင်းလောက် မဟုတ်တောင်မှ အနည်းဆုံး မျှဝေခြင်းမှ အဓိပ္ပာယ်ရှိမယ် ထင်တယ်။

တန်ခူး said...

မကေရေ… သိပ်မှန်တာပဲ… ကျွန်မလို တရားမရှိ သမုဒယကြီးသူတွေ ပိုဆိုးမယ်ထင်တယ်… သိပ်မွန်းကြပ်လာရင် သူငယ်ချင်းတယောက်နဲ့  စကားပြောလိုက်ရင် စိတ်တွေသက်သာရာ ရသွားရော… သူများခံစားချက်တွေ မျှဝေခံစား အကြံပေးရတာလဲ ရင်းနှီးနွေးထွေးစေတာ အမှန်ပဲ… လူမှုရေးလုပ်ငန်းလုပ်ခြင်းက ရလာတဲ့ ကြည်နူးမှုကတော့ ဘာနဲ့ မှ မတူဘူး… လိုအပ်ချက်ကို ဖြည့်ဆီးပေးလိုက်နိုင်ခြင်းကပဲ အများအကျိုးလုပ်ခြင်းရဲ့ အလှတရားလို့ ဆိုရမလားပဲ…

Anonymous said...

အင်း ဟုတ်လိမ့်မယ်။ စာထဲမှာဖတ်ဖူးတယ် ယောမင်းကြီးဦးဖိုးလှိုင်လား ဦးပေါ်ဦးလားတော့ မသေချာတော့ဘူး။ သူသေခါနီး လပိုင်းလောက်အလိုရောက်တော့ သူ့အနားမှာ စကားပြောဖော် အဖြစ်သူ့အခင်ဆုံးမိတ်ဆွေတစ်ယောက်ကိုပဲခေါ်ထားတော့တယ်တဲ့။ မိသားစုဝင်တွေနဲပ သိပ်မနေတော့ဘူးတဲ့။ ဒါဆို ကေသွယ်လည်း မိတေဖိုးအနားမှာမနေနဲ့တော့နော် အဲ..အချိန်ရောက်ရင် ဟိ

P.Ti said...

တခါတလေ ကိုယ်ဘာသာရှုပ်နေတော့ သူငယ်ချင်းတယောက်က မင်းကြည့်လိုက်ရင်မအားဘူး ဘာလို့ အလုပ်မဟုတ်တာတွေ လုပ်နေတာလည်း မေးတော့… ငါ့အတွက်လုပ်နေတာ… လုပ်နေရင်ငါ စိတ်ချမ်းသာ လို့ပဲဖြေမိတယ်။ တခါတလေတော့လည်း တယောက်ထဲနေချင်တယ်၊ တခါတလေတော့လည်း အဖွဲ့အစည်း အပေါင်းအသင်းနဲ့ နေချင်တယ်။ မိသားစုနဲ့လည်း နေချင်မိပါတယ်… လူဆိုတာ အပြောင်းအလဲ လေးနဲ့ နေရတာ ကြိုက်မယ်ထင်တယ်နော်…

သက်ဝေ said...

သိပ်မှန်တာဘဲ မကေရေ...
အခုလဲ တွေ့ ရသမျှ ဘလော့ဂ်ကာတွေ အားလုံးဆီမှာ အဲဒီ မျှဝေခြင်း ဆိုတဲ့ စိတ်ထားကောင်းလေးတွေ ရှိနေကြတာ သတိထားမိတယ်။ ကိုယ်သိသမျှ၊ ကိုယ်ကြားသမျှ၊ ကိုယ်တွေ့ မြင်သမျှ ကို မျှဝေပေး နေကြတာ ကြည်နူးစရာနော်..။

Anonymous said...

မိတ်ဆွေ များ ( ဘလော့ဖောက်သည် များ ) အားလုံး- ရဲ့ တွေးတွေးဆဆ မှတ်ချက် များ အတွက်..ကျေးဇူးတင်ပါတယ်။

ဂျစ်ရေ- မေမေ နေမကောင်းလို့..စိတ်ညစ်နေတဲ့..ဂျစ် ကို လည်း..တွေးမိလို့လေ။

ကိုအောင်သာငယ် လည်း..မီးတွေလောင် ..နေတာ..ဘလော့မှာ တွေ့လို့..

ရွာသားလေး အဒေါ် ကိုသာ မေးကြည့်ပါ။ စိတ်ချမ်းသာသလားလို့။း)

တယောက်တည်း..ဟင်းချက်နေရတဲ့..ပန်ဒိုရာ အတွက်တော့.. မထူးတော့တဲ့အတူ..home restaurant ဖွင့်ပါလားဟင်-

တန်းခူး နဲ့သက်ဝေ- ခေတ်ပြိုင် ခံစားချက်များမို့..နားလည် မိ ကြတယ်နော်။

ပီတိ ကတော့..သိနေတယ်- အချစ်ကိုလည်း..မြင်ဘူးချင်- အချစ်တာဝန် တွေ မလိုက်နိုင်တော့.. အဲလို ၃ မျိုးဂျင် ဘ၀ လေး နဲ့ပဲ..အရိုးထုတ်ပေါ့ကွယ်။း)

မိတေဖိုးရေ- စာထဲမှာမို့ရေးတာပါ။ ငါ တခုခု ဖြစ်ရင်တော့..ယောမင်းကြီးလို ပစ်မထားကြပါနဲ့။ နော်-း)

Dr. Yi Yi Win said...

အစ်မကေ ဘလော့ လူတွေစည်နေပါလား။ ၀င်ပါလိုက်ဦးမှပါပဲ။ အဲလိုပဲပေါ့နော် လူစည်
စည်ကားကားနေရာတွေ သွားနေရတာလည်း ဘ၀နေနည်းတစ်မျိုးထင်တယ်နော်မ။
ဒါနဲ့ အစ်မရဲ့ ကော်မန့် ထဲကလိုပဲ ငါတစ်ခုခုဖြစ်ရင်ဆိုတာကြီးတွေးမိလို့ လက်တွေ့ ဘဝ
Reality မှာ ခုတော့ တစ်ရာကျနေပြီမရေ။