လူ

မေလ ထုတ် Time မှာ ၂၀၁၁ ခု နှစ် အတွက် ကမ္ဘာ ကို အလွှမ်းမိုး ဆုံး လူ တရာ စာရင်း ကို ဖတ် လိုက်… ကြည့် လိုက် ရ သည်။

ဒီလို.. ထုတ်နုတ် ရွေးချယ် တာ မျိုး ကို..ထင်ရှား တဲ့ မဂ္ဂဇင်း တွေ ..မီဒီယာ တွေ က နေ ပြီး.. တနှစ်တခါ ဆို သလို.. အမြဲ ထုတ်ပြန် လေ့ ရှိတာ ပဲလေ…။  အချမ်းသာဆုံး လူ များ… အဆိုးဆုံး အာဏာရှင်များ.. စသဖြင့်…သူ့ ဆိုင်ရာ..ဆိုင်ရာ နယ်ပယ် အလိုက် ပေါ့..။ အခု လည်း.. Time  လို မဂ္ဂဇင်းမျိုး က.. ဘယ်လို အချက်အလက် စစ်တမ်း တွေ ကို အသုံးပြု ကြည့် ရှု တွက်ချက် လေ သလည်း တော့ မသိ ပေ..။ ကမ္ဘာကို အလွှမ်းမိုး ဆုံး လူ ၁၀၀ တဲ့။

လွှမ်းမိုး နိုင်မူ အနည်း အများ လိုက် စီ လေ သလား.. အဆင်သင့် သလို စီ လေ သလား တော့ မသိ…အီဂျစ် အာဏာရှင် တော်လှန်ရေး မှာ.. လူသိများ နာမယ် ကြီး ခဲ့ တဲ့.. ဂူးဂဲလ် က ဆရာလေး Wael Ghonim က.. ရှေ့ဆုံး မှာ.. စာဖောင် အပြည့်.. ဂိုက်ပေး လို့..။

Wael Ghonim

သူ့ လို ပဲ.. ကိုယ်တို့ ရွှေပြည် ကြီးက.. ဘလော့ဂါ နေဘုန်းလတ် လည်း.. မနှစ်က ပါခဲ့ သေး သည် မဟုတ် လား ။ အခုနှစ် ပါတဲ့ ဒေါ်အောင်ဆန်းစုကြည် က တော့..၁၈ ယောက်မြောက် နေ ရာ မှာ..။

ဒေါ်အောင်ဆန်းစုကြည်

အရွေးခံ ရ တဲ့ သူ တွေလိုပဲ.. သူတို့ အကြောင်း ကို ရေးပေး တဲ့.. ပုဂ္ဂိုလ် တွေ ကလည်း.. စိတ်ဝင်စား ဖို့ ကောင်းပါတယ်။ ဥပမာ.. အိန္ဒိယ က.. ပညာရေး လုပ်ငန်း ရှေ့ဆောင် ပရဟိတ သမား ကြီး Azim Premji အကြောင်း ရေးပေး တဲ့ သူက.. Bill Gates .. အဲဒီလို မျိုး။  ဒေါ်အောင်ဆန်းစုကြည် ကို ရေးပေးတဲ့..တရုတ် ဒီမိုကရေစီ ရေး လှုပ်ရှားသူ Wang Dan  ဆိုသူ က တော့.. သိပ် စိတ်ဝင်စား ဖို့ မကောင်း လှ သလို.. ရေးထားတဲ့.. စာ တိုတို လေး ကလည်း ရင်ခုန်သံ သိပ်မပါ  ။

အနုပညာ သမား တွေ.. စာရေးဆရာ တွေ.. မင်းသား မင်းသမီး တွေ ..ပညာရှင် တွေ.. နိုင်ငံရေး ခေါင်းဆောင်တွေ.. အာဏာရှင် လူဆိုးတွေ.. လူမူရေး ကြယ်တံခွန် တွေ.. အစုံ အစုံ ထဲ မှာ.. တော်တော် များများ ကတော့.. လူတိုင်း လို သိ နေ ပြီးသား  သူ တွေ ပါပဲ…။ ကမ္ဘာကို အုပ်စိုး နေ တဲ့.. အိုဘားမား တို့.. ဟီလာရီ တို့.. ဆာကိုဇီ တို့.. ဒေးဗစ် ကမ်မရွန် တို့.. ဂျာမန်မကြီး အန်ဂလာ မာကဲလ် တို့ ကတော့.. မဆန်း ဘူး ပေါ့ ။

နောက်ပြီး.. နတ်ဘုရားမ လိုလို .. သူ့ကို မြင်ရင်.. အထူးသဖြင့် မိန်းမ တွေ အသဲတုန် အူတုန် ဖြစ်ကြတဲ့.. အင်တာဗျူး ဘုရင်မ ကြီး အိုပရာ ၀င်းဖရေး  လည်း.. မပါ မနေ ။ မိန်းမ တွေ.. တုန် မှာ ပေါ့.. ရှိုး တပွဲ တပွဲ မှာ.. ကြော်ငြာ စပွန်ဆာ တွေက.. တဆင့် ..အလကား ပေး တဲ့..လက်ဆောင် ပစ္စည်း တွေ ကလည်း.. တုန် ချင် စရာ ကိုး။ တယောက် ကားတစီး ဆီ တို့.. ခရီးသွား လက်မှတ် အပြည့်အစုံ ဆိုတာ မျိုး တွေ လေ…။  အိုပရာ ကို သဘောကျ သလို..သူ့ ရှိုး . အစီအစဉ် ရည်ရွယ်ချက် ထိမိချက် ကလေး တွေ ကို.. နှစ်သက် ပါတယ်။ ဒါပေမဲ့.. လူတွေ က.. နည်းနည်း တော့.. လွန် နေ..လွဲနေ ကြ သလို..။ ကြည့်အုံးလေ.. တလောက.. ဗြိတိသျှ တော်ဝင် ချွေးမ တယောက် ဖြစ်တဲ့.. ဆာရာ ဖာဂူဆန် အရက်မူး ပြီး ကို့ယို့ ကားယား တွေ ဖြစ်တော့.. သက်ဆိုင်တဲ့.. သူတွေ.. မိသားစု တွေ ထက်.. တကမ္ဘာလုံး မြင် နိုင်တဲ့.. အိုပရာ ဆီ မှာ လာပြီး ၀န်ခံ ဖြောင့်ချက် ပေး ရှာ တယ်။ လူတွေ က..သူ့ ရှေ့ ရောက် ရင်.. အပြစ် တွေ ၀န်ခံ ကြတယ် ဆိုပဲ…။ အဲဒါကြောင့် ပြောပါတယ်.. ။ ဘုရား တော့ ဘုရားပဲ.. ဘာ ဘုရားလဲ တော့ မသိ။

နည်းနည်း ဆန်း တာ က.. တလောက.. Tiger Mom ဆိုပြီး.. အသကုန် စွတ်ပြီး နာမယ် ကြီး သွားတဲ့..ဟားဗတ်ဒ် ဥပဒေ ကျောင်း က.. အေဘီစီ တရုတ် ပရော်ဖက်ဆာ မ.. အေမီ ချွား လည်း ပါနေ ပါပေါ့..။ ဒေါ်စု ထက်တောင် ရှေ့ဖက် ကျ သေးတယ်..သူ့ နေရာ က..။ အမယ်.. သူ ကလည်း.. ကျားကြီး  ၂ ကောင် နဲ့.. ကော်လံ အပြည့် ပုံစံ ပေး ဂိုက် အပြည့် နဲ့ ပါလား..။ နာမည် များ ကြီးချင် တော့ လည်း.. ကိုယ့်သမီး ကိုယ် နှိပ်စက် ဆုံးမ တာလည်း ကြီးတာ  ပါပဲ လား။

Amy Chua ဓါတ်ပုံ အရိုက်ခံ နေပုံ

ဖေ့စ်ဘွတ်ခ် ဥသျှောင်ကြီး ဇူခမ်ဘက်ခ်  တို့... ရာဇ၀တ် အိုး ထုတ် နဲ့ လိုက်ထိုး နေတဲ့.. သတင်း ဖောက်ထွင်း ၀ိဇ္ဇာ.. ဂျုလီယန် အာဆန်းခ်ျ တို့  လည်း.. ဒီ လို ဆက်သွယ်ရေး နည်းပညာ စူပါ ဟိုင်းဝေး ကြီး မှာ.. ရုပ်ထု ထု ထား ခဲ့ ရ မည့် အာဇာနည် ကြီး များ  ပေ ပဲ။

ဂျပ်စတင် ဘိုင်ဘာ ဆိုတဲ့.. မင်စာ လေး ကလည်း..ကမ္ဘာကို လွှမ်းမိုး သည် ဆိုပါလား။

အနုပညာ ကို မျက်နှာ လိုက် တာ တော့ မဟုတ်ပါဘူး…the King’s  speech နဲ့  တအား လူကြိုက်များ သွားတဲ့… Colin Firth  ကြီး ကမ္ဘာ ကို လွှမ်းမိုး သွား တာတော့.. သေချာ သိ လိုက် သည်။ ပြောသာ ပြောသည်.. နှစ်ခါ ပြန် ကြည့်တာ တောင် မရိုး တဲ့.. အဲဒီ ရုပ်ရှင် ထဲ မှာ.. Firth ထက်..  သူ့ကို ကုသ နည်းပြ ပေးတဲ့.. Rush က ပိုလို့ တောင်.. လွှမ်းမိုး ချင်စရာ ကောင်း သေးသည်။ Speech Therapist-  Lionel မရှိရင်  King George VI  မိန့်ခွန်း ပြောနိုင်မှာ မဟုတ် သလို..  Rush  ကြီး မပါ ခဲ့ ရင်.. Colin Firth  ကြီး လည်း.. ကမ္ဘာကို လွှမ်းမိုး နိုင်မည် မထင် ပေ…။ ဘာပဲ ပြောပြော.. ကော်လင်းဖါ့သ် ကို ကြိုက် တယ် ကွာ.... ကဲ…

Colin Firth


ဒါဆို အသက်ချင်း သိပ်မကွာ လှ တဲ့.. အနုပညာ သမား အိုင်ဝေေ၀ ကို လည်း ကြိုက်ရ ပေ တော့မည်။ ကြိုက်ပါသည်။ နန်းစဉ် တရုတ် သိုင်းကား တွေ ထဲက.. လူယုတ်မာ ၀န်ကြီး ၀န်ကလေး တွေ ရဲ့ အကျင့်ပျက် ခြ စား မူ တွေ ကို.. ဖော်ထုတ် တဲ့.. လူစွမ်းကောင်း မင်းသား လို.. ကောင်းကင် ပေါ် မှာ သိုင်းပျံ တွေ ကစား မပြ ပေ မဲ့… လူထူထူ မြေပြင် ပေါ် မှာ..သူ့ ရဲ့.. နက်နဲ လှတဲ့.. အနုပညာ စိတ်ကူး တွေ ကို.. ရဲရဲ ရင့်ရင့် သရုပ်ဖော် ပြသ နေ တဲ့.. တရုတ် နိုင်ငံ ရဲ့ ယုံကြည်ချက် အနုပညာသမား ကြီး အိုင်ဝေေ၀ ကို လည်း ကြိုက်နှစ် သက် လှ ပါသည်။ 

Ai Wei Wei


စိတ် အ၀င်စား ဆုံး ကတော့.. လတ်တလော ဖတ်ပြီး သွားတဲ့.. Freedom ရဲ့.. လက်ရာ ရှင်.. ဂျိုနသန် ဖရန်ဇန် ဖြစ်နေ လေ သည်။ တယောက်ချင်း လျှောက်ကြည့် ရင်း.. အလယ် ကျော်ကျော် နား အရောက်မှာ..သူ့ကို တွေ့လိုက်ရ တော့..ဆွေမျိုးသားချင်း အိမ်သား တယောက်ကို တွေ့လိုက် ရ သလို ပျော်သွား သည်။ 

Johnathan Franzen


သူ့ အကြောင်း ရေး ပေး တဲ့သူ ကလည်း စာရေး ဆရာ တယောက် ပေပဲ မို့..  လှလှပပ ပိုပိုကဲကဲ ကို ရေးပြီး ဂုဏ် ပြု ထားလေ သည်။

His influence isn’t like that of a political leader or a top chef or even a gifted journalist. It’s more like the influence of natural disaster or a plane crash or a virus for which scientist can’t find a cure.

ဟုတ်ရဲ့ လား..။ သဘာဝ ကပ်ဘေး တခု လို.. လေယဉ်ကြီး တစင်း ပျက်ကျ သွားသလို.. ကုသလို့ မရ တဲ့.. ရောဂါပိုး တခု လို.. လူတွေကို  တုန်ယင် ခြောက်ခြား နေစေ အောင်..သူ့စာ တွေက..  လျှို့ဝှက် ဆန်းကြယ် သိပ္ဗံ ဖြစ်ရပ်ဆန်း တွေ မို့ လား…။  ကိုယ် ဖတ် လိုက် မိ တာတော့.. ဘယ်လို မှ ဖြေရှင်းလို့ မရ ..အဖြေရှာ လို့ မတွေ့ တဲ့.. လူတွေ ရဲ့ ..လူသားဆန်မူ ဝေဒနာ တွေ အကြောင်းသာ။

လူ အယောက် ၁၀၀ ကို မျက်စိ ညောင်းညောင်း နဲ့ ရေတွက် လှန်လျှော ပြီး သွားတဲ့ အခါ မတော့…မဂ္ဂဇင်း နောက်ဆုံး စာမျက်နှာ က.. Joel Stein ရဲ့  Down with People ဆိုတဲ့ သရော်စာ လေး ကို ဖတ် ရင်း...ရယ်မြူး လိုက်မိ သည်။

Time is totally obsessed with people တဲ့။

ဟုတ်ပါ့…
တနေ့ တနေ့.. လူတွေ ပဲ မြင်နေရ.. လူတွေ အကြောင်းပဲ ကြားနေရ..လူတွေကိုပဲ စိတ်ဝင်စား နေရ.. လူတွေ လွှမ်းမိုးတာပဲ ခံ နေရ.. လူ တွေ ရေးတာတွေပဲ ဖတ်နေရ.. လူတွေ လိုပဲ နေနေ ရ...။


 
 source:  The 2011 Time 100


Share/Bookmark

9 Comments:

မမသီရိ said...

တို့တွေက လူဖြစ်နေမှတော့ လူတွေနဲ့ပဲ လုံးထွေးနေတော့မှာပေါ့ ကေ

လူ သန်းပေါင်း ၆၀၀၀ ကျော်က ၁၀၀ ထဲမှာ
မြန်မာပြည်က လူထုခေါင်းဆောင် ပါနေတာ ဂုဏ်ယူ စရာပါ

Maung Myo said...

lady gaga ကြီးတောင် ပါသေး ခံစားလို့ကိုမရတာ ။ မမသီရိ ပြောသလို အမေစု ပါတာကိုတော့ ဂုဏ်အယူဆုံးပဲ ။

TURN-ON-IDEAS said...

ဒါဆိုမေးမယ်...
“အဲ့ဒိ လူဆိုတာ ဘာကြီးလဲ”

tg.nwai said...

နောက်ဆုံးကျတော့ လူတွေ စိတ်ဝင်စားတာ လူတွေအကြောင်းပဲပေါ့... တနှစ်တခါ လူ ၁၀၀ မဖြစ်မနေ ရွေးရတယ်ဆိုတော့လည်း...း)

Mirror said...

ကိုယ့်ဘာသာကိုယ် လျှောက်ဖတ်ပြီး ကိုယ့်ဘာသာကိုယ် စိတ်တိုင်းမကျများ ဖြစ်နေသလား အမ။ :)

T T Sweet said...

အော်ဖရာကတော့ အင်တာဗြူးတွေ၊ သူ့ရှိုးပွဲတွေမှာတွေ့နေရတာ ... စတိုင်ကိုက တကယ့်ကို နတ်ဘုရားမ စတိုင်ပဲ။
ကွန်ဖီးဒင့် အပြည့်နဲ့ ...

ဒါပေမဲ့ သူ့ကို သိပ်သဘောကျတယ်ဗျာ။

ခင်မင်းဇော် said...

လူကတော့ လူပါပဲဟာ..

နေ၀သန် said...

The King's Speech ထဲက ကော်လင်းဖတ်ကိုတော့ အသေကြိုက်တယ်. အဲဒီထဲမှာ သရုပ်ဆောင်တာ.. အတော်မလွယ်ဘူး.. အဲဒီဇာတ်ရုပ်တော့...

ခင်မင်လျက်
နေ၀ဿန်

kay said...

လူကတော့ လူပါပဲဟာ.. (မခင်မင်းဇော်)