လက်တလော စာအုပ်များ (၂)

ဒီနေ့ စာတိုက် ဗုံး လေး ကို ဖွင့် လိုက် တော့.... Dr Seagrave ရဲ့..The Life of Burma Surgeon စာအုပ် ကလေး.. ရောက် နေ ပါ ပြီ ကော..။

ကြည့်တော့..စာ အိတ် ကလေး က.. သေး သေး လေး ဆိုတော့.. စာအုပ် ကလေး က ဘယ်အရွယ်လေး ပါ လိမ့် ..ဆိုပြီး..အမြန် အမြန် ဖွင့်။ ဒါတောင် အထဲ မှာ စက္ကူ ကဒ်ထူ ၂ ချပ် ခံ ထား သေး တယ် ဆိုတော့.. အို.. စာအုပ် ကလေး က..တကယ့် မှ.. ရှေးဟောင်း ပစ္စည်း လေး ကိုး။ 



ထောင့် ကလေး တွေ မှာ တောင်..ပိုးကိုက် ထား တဲ့.. လက်တ၀ါး သာသာ စာအုပ် ငယ် ကလေး..။ ဒါပေမဲ့..အထဲ ကတော့.. စာရွက် ပေါ့ပေါ့ လေး တွေ မှာ..စာလုံးလေး တွေ ခပ်သေးသေး နဲ့..မထင် ရ လောက် အောင်...များပြား တဲ့..စာမျက်နှာ တွေ..။  ငယ်ငယ် က..အိမ်က..ဖေဖေ့ စာအုပ် ဘီရို ထဲ မှာ တွေ့ ရ တတ် တဲ့.. ၁၀ ပြား တန်..အင်္ဂလိပ် ၀တ္တု စာအုပ် မျိုးလေး ပဲ..။ အဲဒီ ခေတ် ကတော့..အဲလို အရွယ် လေး တွေ ပဲ ထုတ် ဟန် တူ ပါ ရဲ့..။ အခု လည်း..စာ အုပ် ကလေး ရဲ့ ထိပ်မှာ.. 50 c  တဲ့..။  ငါးမူး တန် ပေါ့..။ ၁၉၆၀ ခု နှစ် က ထုတ် တာ ဆို တော့...ကိုယ့် ထက် အသက် အတော် ကြီး နေ ပြီ ဖြစ် တဲ့..စာအုပ် ကလေး ကို.. ကပ်ထူ လေး တွေ ဖယ် ပြီး တယု တယ ခပ်ဖွဖွ လေး ကိုင် ကြည့် နေ မိတယ်။ အခါ တိုင်း စာအုပ် တွေ လို.. ဆွဲ ဖွင့် ဖတ် မ လို့..လက် နှစ် ဖက် နဲ့ အသေ အချာ လှန် လိုက် တော့.. ကျွပ် နေတဲ့..စာ ရွက် ညိုညို လေး တွေက.. ခပ်တိုးတိုး..ညည်း ရှာ တယ်။

စာအုပ် နဲ့ အတူ ပါ လာ တဲ့.. စာရွက် ငယ် ကလေး မှာ..description ကို ရေးထား တာ ကို လည်း ကြည့် ပါ အုံး..။

 Pages brown with age, covers scuffed and edgeworn with some large & small chips.  တဲ့..။

တကယ်ကို..စာရွက် ကလေး တွေ ညို နေ တဲ့.. စာအုပ် အနှောင့် လေး တွေ ဆွေးပြီး ကြွေ နေ တဲ့.. စာအုပ် ဟောင်း ကလေး မှ..တကယ့် အဟောင်း လေး..။

ဘာလို့ လည်း မသိ.. အဲဒီ လောက် ဟောင်းနွမ်း အိုမင်း နေတဲ့..စာအုပ် ကလေး ကို.. ရ လို့..ကျေနပ် ပျော်ရွှင် နေ မိ တယ်။ တကယ်ပဲ.. ဒေါက်တာ စီးဂရော့ဗ် ကြီး ကိုယ်တိုင် ..အနား ရောက် လာ သလို လို...။
ပန်းဆိုးတန်းက..စာအုပ် အဟောင်း တန်း လေး တွေ ကို လည်း..ချက်ခြင်း ပြေး သတိ ရ မိ တယ်။
မိတ်ဆွေ လေး တယောက် က ပြောတယ်.. အမ.. အဲဒီ စာရွက် ဟောင်း လေး တွေ ရဲ့ ..အနံ့ က ..သိပ် ကြက်သရေ ရှိ တာ တဲ့..။ ဟုတ် လိုက် လေ..။ သူ ပြော မှ ပဲ.. စာအုပ် ကလေး ကို လက် တဖက် တည်း နဲ့...ခပ်ရွရွ လေး ကိုင် ရင်း.. စာရွက် ဟောင်း နံ့ လေး ကို.. ဖြည်း ဖြည်း ချင်း ပင့်သက် ရှု ကြည့် မိ တယ်။



ကဲ .. စာအုပ် ထဲ က..အကြောင်း တွေ က တော့.. နောက် မှ ပေါ့ နော်..။ စာအုပ်က ဖြင့် မဖတ် နိုင် သေးဘူး။ ထုံးစံ အတိုင်း..ကြွားချင် တာ နဲ့...ကင်မရာ ထုတ် ပြီး ဓါတ်ပုံ ရိုက် နေ ရ တာ ။ မထူး ပါဘူး.. လောလော လတ် လတ် အနား ရောက် နေတဲ့..စာအုပ် ကလေး တချို့ပါ.. အတင်း ပို့စ် ပေး ခိုင်း လိုက် တယ်။  သနား ပါတယ်း)



ခုရက် ထဲ..နားထောင် ဖြစ် နေ တဲ့..ခင်ဝမ်း သီချင်း နဲ့..ခင်ဝမ်း ဘ၀ ပုံရိပ် စာအုပ် ကလေး ဖြစ်တဲ့.. ခရမ်းနုရောင်နှင်း....။ အောင်ဝေး ရေး ထား တဲ့..စာအုပ် ကလေး ကို.. ချစ်အမ ကြီး မခင်မင်းဇော် ..ချင်းမိုင် ကနေ ပို့ပေး ထား တာပါ..။


နောက် တအုပ် ကတော့.. တလော ကမှ....ကိုခင်အောင်အေး  ပို့ပေး လိုက် တဲ့... ပျော်ရွှင်ဘွယ်ရေးခြစ်ခြင်းများ..။ 




လတ်တလော စာအုပ်တွေ (၁)


Share/Bookmark

5 Comments:

Aung Phyoe said...

လောလောဆယ်တော့ Mario Vargas Llosa ရဲ့ The Way to Paradise ကိုဖတ်ဖြစ်နေတယ်.. ၊ ဒီဗူးဗွား အော်တိုဘိုင်ကရပ်ဖီ လေးတွဲကို amazon က ဝယ်ထားတာ ပထမတွဲကလွဲပြီး မဖတ်ဖြစ်သေးဘူး ။ နံနက်တိုင်း စာတိုက်ပုံး စစ်ရတဲ့ ရင်ခုန်မှုကို မကေ င်္ကြုဖူးပြီပေါ့ :D ... ဖတ်ပြီးရင် ရေးပါဦး :)

kay said...

တို့ က second sex ရှာနေတာ..သူ့ဘိုင်အိုတော့..အကျဉ်း နဲ့ ပဲ existentialism ကို မယုံကြည် ခဲ့တာ..း) အဖ စိတ်တိုအောင်ပြောတာ

AH said...

အမက အတော့်ကို စာဖတ်နိုင်သဗျာ။ ကျွန်တော်ကတော့ စာအုပ်နဲ့တွေရင် တစ်ခါထဲ အိပ်သွားတာဘဲ။ ဘာဘဲဖြစ်ဖြစ် အမပိုစ့်လေးတွေက ဖတ်လို့ကောင်းတယ် :)

Aung Phyoe said...

ဟုတ်ပ .. :( ပြောရက်လိုက်တာ ။

Angelhlaing(May everybody be happy and healthy! said...

စာအုပ်တွေ ပို့ပေးမယ့်သူ ရှိတော့ မိုက်တာပေါ့ ..ကိုယ်တိုင်ကတော့ အွန်လိုင်းကပဲ လက်လှမ်းမီတဲ့ စာလေးတွေပဲ ဖတ်နိုင်တယ် အားကျထှာနော် ...:)