ကိုယ်လည်း ..ဘာအကြောင်းရင်း စေ့ဆော်မူမှ မပါ.. ဖတ်မိတုန်း စိတ်ကူး တဲ့တုန်း ရေးလိုက်တာ..ခေါင်ကို မှ သွားကိုင် မိ သလို ဖြစ်သွားလား မသိပါဘူး။း)
-
တကယ်တော့.. စိတ်ဝင်စားစရာ ရှုထောင့်သစ်တွေမို့..စာဖတ်သူတယောက် အနေနဲ့ မှတ်စု ထုပ်ကြည့်တဲ့ သဘောပါ။ ခင်မင်လေးစားရတဲ့..ညီမငယ်.. ဇီဇ၀ါ က.. ကိုယ်ရေးလိုက်တဲ့.. ဗမာ့ပညာတတ်များ နဲ့ စင်ဒရဲလားအတွက် ဖိနပ်တဖက်.. ဆိုတာလေးကို.. အခုလို သေသေချာချာ ပြန်လည် ဆွေးနွေးပြ တာ တွေ့တော့.. ကျေနပ်အားရ မိသလို..စာဖတ်သူတွေ အတွက် လည်း အကျိုးရှိ စေတာမို့...မတူတဲ့ ရှုထောင့်တွေ နဲ့ ထပ်ပြီး တွေးတော သုံးသပ်ကြည့်နိုင်စေမှာမို့..သူ့မှတ်ချက်လေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
-
အဲဒီမှာ တချက်က.. ဗိုလ်ချုပ်တို့ vision ပိုင်း အားနဲတယ်လို့ နားလည်မူလွဲသွားတာလေး တခုပါပဲ။ အဲဒီ အတွက် ကိုယ်ရေးထားတဲ့စာကိုလည်း..အသေအချာ ပြန်ကြည့်ပြီး..မှားယွင်းနေတဲ့ ၀ါကျ တချို့ကို.. အနဲငယ် ပြင်ဆင်လိုက်ပါတယ်။
-
မကေရေ…
ဖတ်ထားတာတွေ ပြန်ဝေငှတာ ကျေးဇူးပါ။ ကျွန်မတို့ နိုင်ငံမှာ elite လို့ ခေါ်တဲ့ ပညာတတ်အလွှာက ပါးပါးလေးပါ။ ကိုလိုနီခေတ်နှောင်း 1936-37 မှာ ဘွဲ့ ရ ၁၃ ယောက်ပဲ ထွက်ပါတယ်။ ဗိုလ်ချုပ်တို့ ၊ သခင်မြတို့ ကို vision ပိုင်းမှာ အားနည်းတယ်လို့  ပြောလို့ မရပါ။ ဗိုလ်ချုပ်တို့ ကို ဂျပန်နဲ့ ပေါင်းလို့ ၊ ဓနသဟာယထဲမ၀င်ဘဲ လုံးဝလွတ်လပ်ရေးယူလို့ အမြင်ကျဉ်းတယ်လို့  အနောက်တိုင်းပညာရှင်တော်တော်များများက ပြောကြပါတယ်။ ဒါပေမယ့် ၆လက်မဓားတောင် ကိုင်ခွင့်မရှိတဲ့ခေတ်မှာ ကိုလိုနီပညာရေးဟာ အရင်းရှင်စနစ်အရှည်တည်တံ့ဖို့ ပဲဆိုတာ တဖြည်းဖြည်းသိသာတဲ့ ဗိုလ်ချုပ်တို့ လို ကျောင်းသားခေါင်းဆောင်တွေဟာ ရတဲ့နည်းနဲ့  အင်္ဂလိပ်ကို တော်လှန်မှာပါ။ ဂျပန်တွေဝင်လာတော့လဲ ဖက်ဆစ်တွေရဲ့ မဟန်ပုံကို သိလို့  မဟာမိတ်တပ်တွေနဲ့ ၁၉၄၃ဒီဇင်ဘာလောက်ကတည်းက ဆက်သွယ်ပြီး လှုပ်ရှားနေပါပြီ။
-
ဓနသဟာယ၀င်ရင် အင်္ဂလိပ်အကူအညီဆက်ရနိုင်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဖဆပလက ကွဲမှာပဲ။ လူတွေလည်း ဟိုအဖွဲ့ နောက်ပါ၊ ဒီအဖွဲ့ နောက်ပါနဲ့ စုစည်းလို့ ရမှာ မဟုတ်ဘူး။ နောက်တချက်က ၁၈၈၆ ဗမာပြည်ကို ဘုရင်မကြီးကို နှစ်ကူးအဖြစ်လက်ဆောင်ပေးပြီးကတည်းက ဗမာနဲ့ တခြားတိုင်းရင်းသားတွေရဲ့ ပညာရေးကို လျစ်လျူရှုထားလို့ အင်္ဂလိပ်လက်အောက်မှာ ဆက်နေလည်း တိုးတက်စရာမမြင်လို့ လုံးဝလွတ်လပ်ရေးကို ရွေးလိုက်တာပဲ။ ဒါတွေကို ကြည့်ရင် ကျွန်မတို့ ရဲ့ ခေါင်းဆောင်တွေဟာ အမြင်မကျဉ်းခဲ့ကြဘူးလို့ ဆိုရပါ့မယ်။ ‘ဆိုရှယ်လစ် ၀ါဒ ဟာ.. အချိန်အခါ နဲ့ အခြေအနေအရ..မှန်ကန်တဲ့ ရွေးချယ်မူ မဟုတ်ခဲ့ ဘူးလို့.. ဆိုထားပါတယ်’ အန်တီစုနဲ့ ဖာနီဗယ် ဒီနေရာမှာ သဘောမတူပါဘူး။ ဖာနီဗာကတော့ နယ်ချဲ့ ရဲ့  capitalism ရဲ့  အဓိက ဆန့်ကျင်ဘက် Marxism ဟာ ဗမာနိုင်ငံ အမျိုးသားလှုပ်ရှားမှုအတွက် အဓိကကျောထောက်နောက်ခံ ဖြစ်ခဲ့တယ်လို့ သူ့ ဆောင်းပါးတွေမှာ ဆိုပါတယ်။
-
နောက်တချက်က အင်္ဂလိပ်စာကို ရုံးသုံးအဖြစ်နဲ့ ဆက်ထားရင် ညီညွတ်မှုကို ပိုပြီးတည်ဆောက်နိုင်မလားဆိုတာပါ။ ဗမာစာကို ဂျပန်ခေတ်မှာ ရုံးသုံးလုပ်လိုက်ပေမယ့် ဗမာနဲ့  တခြားတိုင်းရင်းသားတွေကြား ညီညွတ်မှု မတည်ဆောက်နိုင်ခဲ့လို့ အင်္ဂလိပ်စာဆက်ထားရင် ဒီညီညွတ်မှုရှိမယ်လို့ ပြောလို့ မရပါ။ ဦးသန့် ဟာ ဗမာစာကို ရုံးသုံးလုပ်နိုင်ခဲ့တာကို အင်မတန်ဂုဏ်ယူပါတယ်။ ဘာသာစကားအပြင် ပညာရေးစနစ်နဲ့  တိုင်းရင်းသားပေါင်းစုံကို နိုင်ငံရေးစနစ်တခုထဲ သွတ်သွင်းတဲ့ political integration လုပ်ငန်းမှာ ဗမာပြည်မှာ အစိုးရအဆက်ဆက် မအောင်မြင်ခဲ့ပါဘူး။ အဲဒါကိုလည်း ဆရာကြီး ဦးကျော်သက်က အစောဆုံး ထောက်ပြခဲ့ပါတယ်။ ညီညွတ်ရေးဟာ ဘာသာစကားတူညီမှုတခုထဲအပေါ်အခြေမခံပါဘူး။ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုလိုအပ်ချက်တွေကို အစိုးရကဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာနဲ့ လဲ ဆိုင်ပါတယ်။
မကေရဲ့ ဆောင်းပါးကနေ အတွေးဆက်ဆန့် ပြီး ဒီစာကို ရေးတာပါ။ ဆရာလုပ်တယ်လို့  မယူဆစေချင်ပါ။...
◦
5 Comments:
တွေးစရာလေး တွေ လာတွေးတောသွားပါတယ်...မမရေ...
အင်ဂလိပ်လက်အောက်ခံရင် ပိုတိုးတက်မယ်လို့ ထင်နေတဲ့ တချို့ကိုဖတ်စေချင်ရဲ့...။
စလုံးရောက်မှ အဲဒီလိုအတွေးရှိတဲ့ လူတချို့ကို ဆုံဆုံလာရလို့လေ။း)
ဇီဇ၀ါ ရဲ့ အမြင်လေး ကို သဘောကျတယ်
ညီညွတ်မှုဟာ ဘာသာစကားတူညီမှုတစ်ခုထဲအပေါ်မှာ အခြေခံလို့မရဘူးဆိုတာတော့ ထောက်ခံပါတယ်။ အဲဒါကြောင့်သာ အခုတိုင်းရင်းသားတွေဟာ ပညာတတ်တိုင်းရင်းသားတွေထဲမှာတောင်မှ ရုံးသုံးဖြစ်တဲ့ ဗမာစကားကိုလိုက်ပြောနေကြပြီး ဗမာမုန်းတဲ့စိတ်ဓါတ် တွေဝင်နေတာပေါ့။ အစိုးရရဲ့မှိုင်းတွေမိနေပြီး ဗမာလူမျိုးရိုးရိုးစိတ်ဓါတ်နဲ့ တောင်တန်းဒေသကလူတွေကို အနိုင်ကျင့်နေတဲ့ ဗမာအမည်ခံလက်တဆုပ်စာ အရာရှိတွေရဲ့လုပ်ရပ်ကို ခွဲခြားမမြင်နိုင်ကြဘူးလေ။ ညီညွတ်ရေးကတော့ ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ။
ရေးသူရော ကော်မန့် ပေးသူရောရဲ့ ၀မ်းစာပြည့်ဝမှုကို လေးစားအားကျမိပါတယ်…
Post a Comment