စိန်ပန်း နဲ့ ကံ့ကော်တွေ အတူပွင့်ခဲ့တယ်(၄)


မနက်လင်းလျှင် ကေသည် သူ အိပ်ယာထ နောက်ကျသည် ကို တွေ့ရလေ၏။
ထို့ကြောင့် ခုန်ပေါက်၍ ထပြီး ရေချိုးခန်းသို့ ထွက်ခဲ့၏။ ယခု အင်းလျား ရောက်မှ
မျက်နှာသစ်ရင်း ရေချိုးသည့် အကျင့်ကို ရနေသည်မှာ ဟန်ကျ၏။


မျက်စိထဲမှာ..မြင်ယောင်လာ သည်။ အင်းလျားဆောင်ရဲ့.. လက်ဝဲခြမ်း တခု..လက်ယာခြမ်းတခု..ထားသော ရေချိုးခန်း တွဲ ကြီး ။ ရေပန်း နဲ့ ချိုးရတဲ့ တယောက်ခန်း တွေ ရှိပေမဲ့ လို့ .. ကြောက်လို့ တော်ယုံ တန်ယုံ ဘယ်သူမှ မချိုးကြ။ တောသမ..နယ်သမ တွေ ဆိုတော့ လည်း.. အကျင့် ပါနေတဲ့ အတိုင်း..ရေချိုးကန် ကျယ်ကြီး မှာပဲ..အားလုံး ၀ိုင်းပြီး ပျော်ပျော်ပါးပါး..ခပ်ချိုးကြ တာ။ စကားတွေ ပြောလိုက်.. သီချင်းတွေ အော်ဆို လိုက် ပေါ့..။ ဒါနဲ့ နေပါအုံး.. ကေ က ရန်ကုန်သူ ဆို။ ဘာကြောင့်..မနက် ရေချိုးတဲ့ ကိစ္စက အင်းလျားရောက်မှ အသစ်အဆန်း ဖြစ်နေ ရ သနည်း ။
-
သူ ရန်ကုန်ကို ကျောင်းတက်ဖို့ ရောက်ရောက်ချင်း အဆောင် မရသေး တဲ့ အချိန်… ကြည့်မြင်တိုင်က.. အဒေါ်အိမ်မှာ နေတော့.. ရေရှားတဲ့.. နယ်က..အကျင့်ပါလာ သေး လို့-- “ ရန်ကုန်ဆိုတာ..မိုးလင်း..ရေချိုးပြီးမှ အပြင်ထွက် ကြတာ..သမီး ရဲ့..” လို့.. အဒေါ်က.. သင်ခဲ့ တာ ကို လည်း ..တွေးရင်း ပြုံးမိသည်။
-
++++++
.
.
.
..
..
..
..
..
.
.
.
..
.
.
.


Share/Bookmark

13 Comments:

rose of sharon said...

အဆောင်နေကျောင်းသူဘဝလေးက ပျော်စရာကောင်းလိုက်တာနော်... အပျော်တွေကူးစက်သွားတယ်

တန်ခူး said...

ကေရေ… လွတ်သွားတဲ့ အကြွေးတွေ တပြိုင်တည်းဖတ်သွားတယ်… ဆက်တိုက်ဖတ်ရတော့ လူက မုဒ်ပိုဝင်ပြီး ကေနဲ့ အင်းလျားမှာ အတူတောင် နေနေရသလိုပဲ… ကျောင်းသား တရာကျော်နဲ့ မိန်းခလေး ၁၈ယောက် အတူတက်ခဲ့ရတဲ့ အာအိုင်တီကျောင်းသူဘ၀ကို ပြန်ရောက်သွားတယ်… ယောင်္ကျားလေးတောတဲ့ ကြီးပြင်းခဲ့ရတဲ့ ဘ၀တူတွေပေါ့ကေ… ကြည်အေးထဲက အခန်းလေးတွေ နဲ့  အပြင်က ကေ့နေ့ ရက်တွေနဲ့  ဆက်စပ်ရေးပုံလေးက လှလိုက်တာ… အတော်ကြာကြာပျောက်ဆုံးနေတဲ့ ပျိုမျစ်ခြင်းရင်ခုန်သံတွေကို ကေမို့  လှုပ်နှိုးနိုင်စွမ်းတယ်… မျှော်နေမိတယ်…

ရွှေရတုမှတ်တမ်း said...

အဆောင် မှာသူခိုး .ကပ်လို့ သူခိုး ကို သနပ်ခါးတုံး..
နဲ့ ပေါက်ချင်တာ..သနပ်ခါးတုံးပျောက် မှာစိုးလို့  ..
သနပ်ခါးတုံး မှာ.. နာမည်ရေး ပြီး မှ ..ပေါက်ကြတဲ့ ..
အဆောင်သူတွေ ရဲ့ အတွေ့ အကြုံ လေးရော...
ရှိရဲ့ လား

Mr.Pu said...

ဟေးဟေး...ရေပန်း နဲ့ ချိုးရတဲ့ တယောက်ခန်းမှာ????မကြောက်ပဲ နေ့တိုင်းချိုးခဲ့တာ အီစကိုကွ။

ကိုလူထွေး said...

စိန်ပန်းနဲ့ ကံ့ကော်တွေကတော့ တကယ်ရှိနေခဲ့တယ် မဟုတ်လား...

းဝ)

မမသီရိ said...

ဖတ်သွားတယ် ကေ
ပြီးရင် pdf file လေးတင်ပေး
တဆက်တည်းအရသာရှိရှိဖတ်ရအောင်
ခုတော့ တိုင်းရင်မေ အခန်းဆက်လိုဖြစ်နေလို့..း)

MANORHARY said...

စိန်ပန်းနဲ့ကံ့ကော်ပွင့်တွေပွင့်တဲ့လမ်းမှာ
လျှောက်ခဲ့ဖူးပါသည်....... =)

tg.nwai said...

ကေရဲ့ အဆောင်အကြောင်းတွေကို ဖတ်ပြီး လွမ်းတယ်..လွမ်းတယ်..အဲဒီလောက် နံမယ်ကြီးတဲ့ အဆောင်ဟင်းကိုကွယ်..တို့ကတော့ ထမင်းဘူးထဲ ထမင်းအပြည့်အသိပ်ထည့်ပြီး ကျောင်းကို သယ်ပြီးစားခဲ့တာ လွမ်းမိသေးတော့... အဆောင်နေချိန် အ၀ ခဲ့ဆုံး အချိန်များပေါ့...:)

စာအုပ်ပြန်ထုတ်ပါလား ကေရေ.. တက္ကသိုလ်နဲ့ အဆောင်နောက်ခံ ၀တ္ထုလေးတွေ ကို ဆာလောင်မွတ်သိပ်နေတာ..ကြာ...။

ATN said...

ပါဝင်သော..နာမည်တိုင်း..လူတိုင်း.. အဖြစ်တိုင်း သည် .. တကယ် ရှိခဲ့သည်ဟု မသတ်မှတ်စေလိုပါ...


မသတ်မှတ်ပါ ခင်ဗျား....း)

ကိုပေါ said...

ဖတ်လို့ကောင်းတယ်။ မိုးမိုး(အင်းလျား) ဖတ်နေရသလိုပဲ။ ကေ(အင်းလျား)ပေါ့လေ။ ကျနော်တော့ အဆောင်မနေဘူးတာ နာထှာပဲ။ အဆောင်ကျောင်းသားဘ၀မှာနေဖူးမှ တက္ကသိုလ်ကျောင်းသားဘ၀က ပီပြင်တာမဟုတ်လား။

mirror said...

ဆက်ရန်များကို စောင့်မျှော်နေကြောင်း.....

Moe Cho Thinn said...

ရေချိုးကန်ကြီးမှာ ရေချိုးရတာ ပျော်စရာပဲ။ မီးဖိုချောင် နိုင်ငံရေးလဲ ရှိသေးတာနော်။ သဘောကျတယ်။

ရေးပြီးမှ လူတွေ အဖြစ်အပျက်တွေ တကယ်မရှိဘူးဆိုတာတော့ ဘယ်ကောင်းမလဲအေ့.. :))

Nay Lin said...

(ပါဝင်သော..နာမည်တိုင်း..လူတိုင်း.. အဖြစ်တိုင်း သည် .. တကယ် ရှိခဲ့သည်ဟု မသတ်မှတ်စေလိုပါ။)

တော်သေးတာပေါ့..:)
ဖက်တီး ဆိုတာ တညင်ကလူရွှင်တော်လုပ်တဲ့သူလား