နိုင်ငံခြားပြန်

ခေါင်းစဉ်က..တမျိုးလေး လို့ ထင်မိတယ်။ ဒါပေမဲ့..ရေးဖို့ အကြောင်းက..ချက်ချင်း ခေါင်းထဲ ၀င်လာတာနဲ့..ရိုးရာ မပျက် ..ရေးလိုက်ပါ တော့တယ်။
တိုက်တိုက် ဆိုင်ဆိုင်.. ရန်ကုန်ထုတ် ဂျာနယ် တခု ထဲမှာ ပါတဲ့.. သုမောင် ရဲ့ ဆောင်းပါးလေး ကို ..ခေါင်းတညိတ်ညိတ် နဲ့ ဖတ်ခဲ့ရတော့.. ခု- ဒီ ခေါင်းစဉ် နဲ့ တန်းတိုးတာ..ကျေးဇူးတောင် တင်ရမလို ဖြစ်နေတယ်။

အဲဒီ ဆောင်းပါးကို ခေါင်းစဉ် လဲ မမှတ်မိ ချင်တော့ဘူး.. “ နိုင်ငံခြားပြန်” ဆိုတဲ့ စကားလုံးတော့ ပါတယ်လို့ ထင်တယ်။ သူရေးထားတာက..ဒီလိုပါ-
-
ဗမာပြည်မှာ- ဟိုးတုန်းက.. ဘိလပ်ပြန် သန်း.. ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း..ယိုးဒယားပြန် အမာစိန် ..အဲသလို.. နိုင်ငံခြားက ပြန်လာခြင်းကို..တထူး တမူး လုပ်ပြီး.. ခေါ်ဝေါ် ကင်ပွန်းတပ်တာမျိုး ရှိခဲ့ ပါတယ် တဲ့။ ဒါပေမဲ့ အဲဒီ အနုပညာရှင် တွေဟာ.. ပညာသင်ဖို့..ဒါမှ မဟုတ်..ယဉ်ကျေးမူတွေ..သံတမန်ပြုဖို့.. ပြည်ပ ကို ခဏ တဖြုတ် သွားကြ တာ ဖြစ်ပြီး.. အဲဒီ လို ထိုက်ထိုက် တန်တန်..ချီးမွမ်းထောမနာ ပြု ခဲ့ကြတာ ကလည်း..ဘာမှ နားကြားပြင်း ကပ်စရာ ကောင်းမနေ ခဲ့ ဘူးပေါ့။

အခု တော့.. ဆိုပြီး..သုမောင်က.. ရေးချ လိုက် ပေမဲ့.. နံမယ် အတိအကျ မသုံးထားပါဘူး။ အနုပညာ နှမ ကြီး ၂ ယောက် လို့ ပဲ..ခင်ခင်မင်မင် သုံးထားပါတယ်။ ဗမာပြည်မှာ..တအိမ် တယောက် နီးပါး လောက်..ပြည်ပ ကို နည်းအမျိုးမျိုး နဲ့ ရောက်ရှိ နေကြတဲ့..ခေတ်အခြေ အနေ မှာ..အနုပညာ ရှင်တွေ လည်း ချွင်းချက် မရှိပါဘူး။ ဒါပေမဲ့... လေ့လာ ပညာ ရှာဖို့..အနုပညာ တွေ ဝေမျှ ဖို့ လား...ဆိုတာ ကတော့.. အားလုံး သိတဲ့ အတိုင်းပါပဲ။ အဲဒါကို သုမောင်က.. ပုဂ္ဂိုလ်ရေး..အိမ်ထောင်ရေး ကိစ္စများ နဲ့..ပြည်ပ မှာ သွားရောက် နေထိုင်ကြတဲ့..နှမကြီး တွေ ကို ဘာမှ ဝေဖန် အပြစ်တင် စရာ မရှိပါဘူး.. ဒါပေမဲ့.. သူတို့တွေ..ဗမာပြည်က..စထွက်ခွါ ကြတုန်းက.. ပယ်ပယ် နယ်နယ် ရှုတ်ချ ခဲ့တဲ့..လူတချို့က ပဲ .. အခုတော့.. သင်္ကြန် မဏ္ဍပ် စင်မြင့်ပေါ်က နေပြီး.. “ အခု ဖျော်ဖြေ မှာ ကတော့.. အမေရိကန် ပြန်..++++ ပါ-” လို့.. ဖိတ်ခေါ် ချီးပ..သုံးနှုံး ကြ တာကတော့.. ဗမာပြည်မှာ နေထိုင် ရပ်တည်နေ တဲ့..အနုပညာ ရှင် တွေကို.. နာမ်နှိမ် လိုက်သလို ဖြစ်သွား ပါ တယ်လို့.. ဝေဖန် ထား တဲ့ ဆောင်းပါးလေးပါ။

ဒီ စာ ထဲမှာ..ပုဂ္ဂလ ခံစားချက် တွေလည်း ပါ ကောင်း ပါမှာပါ။ ဖတ် တဲ့ သူတွေကလည်း..အဲဒီ နှမကြီး ၂ ယောက် က..ဘယ်သူ ဆိုတာ.. ဖိတ်ခေါ်တဲ့ အခမ်းအနားမှူး ဘယ်သူ ဆိုတာ..ခန့်မှန်း နိုင်ကြ မှာပါ။ တကယ်တော့..ဘယ်သူ့ကိုမှ လက်ညိုးထိုးပြီး အပြစ်တင် လို့ ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..။ ဒါပေမဲ့..သုမောင် ပြောသလို..တကယ် သတိထားသင့် တဲ့.. အပြောအဆို တွေပါ။ ပြည်ပ မှာ နေတဲ့ အနုပညာရှင်တွေက လည်း.. တခါတလေ ရောက်တုန်းမှ..လူကြားထဲ ပြန် ထင်ပေါ် ရတာမို့..အဲဒီလို..ပွဲမျိုးဆို..ကြုံ ကြုံ ကြိုက် ကြိုက် နွှဲ တတ်ကြပါတယ်။ တချိန်က..နှစ်သက်ခဲ့ တဲ့ ပရိသတ် တွေကလည်း..ဘာပဲ ပြောပြော..လူ့သဘာဝ ဆိုတော့.. ဟယ်..ဘယ်သူက..ဘယ်လို ပုံပြောင်းသွားတာ..သူကတော့..လှတုန်းပဲ..စသဖြင့်.. လူဖတ်များတဲ့ ဂျာနယ် မဂ္ဂဇင်းတွေ ထဲမှာ.. စိတ်ဝင်တစား လိုက် ကြည့် ကြ ရှာပါတယ်။ ပြောရရင်တော့..စာအုပ်တွေ ထဲမလဲ..မင်းသားမင်းသမီး..စာရေးဆရာမ တွေရဲ့ နိုင်ငံခြား ခရီးသွား ဆောင်းပါးတွေ..ပြည်ပက..ဓါတ်ပုံ တွေ နဲ့ ဝေ ဆာ လှတဲ့.. ခေတ် အခါ ဆိုတော့ လည်းလေ…။

အဲဒီ ပွဲ မတော့..အခန်းအနားမှူး လုပ်သူကလည်း..သူများ အမြင်ကပ်လောက် အောင်ကို.. ဘယ်လောက် တောင်..မစားရ ၀ခမန်း..မြှောက် ပြော လေသလည်း မသိ။ အနု ပညာ နှမ ကြီး ၂ယောက် ဆိုတာကလည်း..ဘယ်လောက်တောင်.. ပရိသတ် ငတ် ပြီး ဖျော်ဖြေ ချင် နေခဲ့လည်း မသိ.. သုမောင် အတွက်တော့.. ဆောင်းပါး ကန့်လန့် တခု ထွက်လာ တာပါပဲ။

ဒါက..အနုပညာ လောက မှာ ပေါ့လေ။ တနေ့တော့.. အဲဒီ အကြောင်း ကိုပဲ..ပြောဖြစ်ကြရင်း..ပြည်ပမှာ ခု လက်ရှိ နေထိုင်လုပ်ကိုင် နေတဲ့..မိတ်ဆွေ ဆရာဝန် တယောက်ကလည်း..သူ့အတွေ့အကြုံကို ပြော ပြတယ်။ သူက..ပြည်တွင်းမှာ ၁၃ နှစ်လောက်.. အစိုးရ တာဝန် ထမ်းဆောင်ခဲ့ တာပါ။ တခါက..ပညာ- ကျန်းမာ ကို တာဝန်ယူ ခဲ့တဲ့..ဗိုလ်ချုပ် ခင်ညွှန့်က.. နိုင်ငံခြားက..ပြန်ရောက်လာတဲ့..အလည်ပြန်လာတဲ့..ဆရာဝန် များကို..ညစာစားပွဲ ကြီး နဲ့ အထူးတလည် ဧည့်ခံ တော့..သူတို့ ပြည်တွင်းက..ဆရာဝန် တွေ ခမျာ.. ခိုးလိုးခုလု အတော် ဖြစ်ခဲ့ ရတယ် တဲ့။ ခုတော့..သူလည်း ..အားကျမခံ..နိုင်ငံခြားပြန် ဖြစ်သွား ပီပေါ့လေ..။

တကယ်တော့..ဒါတွေက..ဖြစ်စဉ် တွေပါ။ ဘယ်သူက..မှားတယ်..ဘယ်သူက မှန်တယ်..ဘယ်သူက..တာဝန်ကျေတယ်..ဘယ်သူက..တာဝန် မဲ့တယ် လို့- ပြောဖို့ခက်တဲ့..ဖြေရှင်းရလည်း ခက်တဲ့..ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချ နေထိုင်ခြင်း ဆိုတဲ့ ခေါင်းစဉ် အောက်က.. ပုစ္ဆာတပုဒ်ပါ..။ ဟိုက်ပိုသစစ် စ် တခုပါ။ ကိုယ် ကို တိုင်လည်း ပြည်ပမှာ လက်ရှိ နေထိုင် ရပ်တည် နေသူ တယောက် အနေနဲ့.. ဝေခွဲ မရတဲ့..နောက်ဆုတ်မရတဲ့..တခါတလေ..လိပ်ပြာ မအေး ဖြစ်ရ တဲ့..မေးခွန်း တွေပါ။

အဲဒီမှာ ပဲ.. တလောကမှ ဖတ်လိုက်ရတဲ့..တောကျောင်းဆရာ လက်ဆောင်ပေးတဲ့ စာအုပ်တွေထဲက..တအုပ်ဖြစ်တဲ့..“ယုံကြည်မူ တည်ဆောက်ခြင်း ( သို့မဟုတ်) ဒေါက်တာ အောင်ထွန်းသက် နှင့် တွေ့ဆုံခြင်း” ဆိုတဲ့..စာအုပ် ငယ်ကလေး ထဲက.. အမေးအဖြေ တပိုင်းတစ ကို သွား သတိရ လိုက်ပြန်တယ်။ မေးမြန်းသူကတော့..ရွှေကူမေနှင်း ဖြစ်ပါတယ်။

ဆရာမက..လူငယ်တွေ နိုင်ငံခြား သွားကြတဲ့ ကိစ္စ နဲ့ပတ်သတ်ပြီး..ဦးဏှောက်ယိုစီး မူကို စိုးရိမ်တဲ့ အကြောင်း.. ဆရာ အောင်ထွန်းသက်ကို တောင်..ပြည်ပမှာ နေမဲ့အစား..ဗမာပြည်မှာ မြင်ချင်ပါတယ်..နှမြောပါတယ်လို့.. အတိအလင်းကြီး..မေးထားပါတယ်။

ဆရာအောင်ထွန်းသက် ပြန်ဖြေ တဲ့ စကားထဲမှာ-

“ဆရာ စိတ်ပူတာက..ကိုယ့်ဆုံးဖြတ်ချက်က..ဒီမှာပဲ နေချင်တယ်..ဒါပေမဲ့..နေခွင့် မရတဲ့ အခြေအနေမျိုး..တခါ..ကိုယ့်အဆုံးအဖြတ်က..ဟိုကိုသွားချင်တယ်..ဒါပေမဲ့..အခြေအနေ မပေးလို့..မသွားရတာမျိုး..အဲလိုဟာတွေက..စိတ်ညစ်ရမယ်..။ အဲဒါ မျိုး နည်းနိုင် သမျှ..နည်းစေချင်တယ်..ဒီနေ့ လူငယ်တွေထဲမှာ..ရေကြည်ရာ..မျက်နုရာ သွားရှာ ကြတယ်..။ တချို့ မသွားကြဘူး..။ သွားသည် ဖြစ်စေ..မသွားသည် ဖြစ်စေ..သူ့ဟာသူ ဆုံးဖြတ်တာပဲ ဖြစ်စေချင်တယ်။ ”
++++
+++++
“အဲဒီမှာ နှစ်ဖက် ရှိတယ်။ Push factor နဲ့ Pull factor( တွန်းပို့တဲ့ ကိစ္စ နဲ့ ဆွဲခေါ်တဲ့ အရာ) ဒီမှာ မနေချင် အောင် ဖြစ်တာရယ်..ဟိုကို လာချင်အောင် ဆွဲဆောင်တဲ့ ဟာရယ်…
++++
+++
အရေးကြီးတာက..အမြင်ကျယ်ဖို့ပါပဲ။ Broad minded ဖြစ်ဖို့ပါ။ ဘယ်လုပ်ငန်းပဲ ဖြစ်ဖြစ်..ငါ့ဆီကလူ..ဘယ်မှ မသွားရဘူး..သူတို့ဆီက လူ လည်း တို့ဆီ မလာနဲ့ လို့ မတွေးဖို့ပါပဲ..ဘယ်သူမှ အကျိုးမရှိဘူး။”
++++
++++
“Push factor ရှိနေရက် နဲ့ လုံးဝပိတ် လိုက်ရင် ဘာဖြစ်မလဲ.. ဟိုတုန်း..သွားလို့မရဘူး..အခု သွားလို့ ရတယ်..သွားလုပ်ကြ.. ပိတ်ထားရင် သွားချင်တဲ့လူ ဒုက္ခရောက်မယ်..။ အဲဒီ ဆိုးကျိုး ဘယ်သူခံမလဲ..ဒီလူတွေ ခံရမှာပေါ့..။ ဖြစ်နိုင်ရင်.. Push factor လျော့သွားအောင် လုပ်ရမယ်..။”

++++++++++


အခု မြန်မာနိုင်ငံမှာ..လူသိများလာတဲ့..နိုင်ငံခြားပြန်..ဒေါက်တာ အောင်ထွန်းသက် ပြောသွားတဲ့ အဲဒီ.. သုံးသပ် ချက်တွေ ..ဟုတ်လား မဟုတ်လား..ကိုယ်လဲ သေချာ မတွေးတတ် သေးပါဘူး။ တွေးနိုင် မယ်လည်း မထင်ပါဘူး။


သေချာတာကတော့.. နိုင်ငံခြားပြန် ဆိုပြီး..နိုင်ငံခြားမသွားနိုင်သူတွေ..မသွားချင်သူတွေ.. သွားဖို့မလိုတဲ့ လူတွေ အပေါ်မှာ.. တလုံးပို မရှူသင့်ဘူး ဆိုတာလေးပါပဲ။
-
----------------
-
( မနော် ရေ- ရေးပြီးပြီ- ခရီးထွက်လိုက် အုံးမယ်.. ပြန်လာမှ..ရွာသားလေး ရေးခိုင်းတဲ့..လာမဲ့ အနှစ် ၂၀ ကို..စဉ်းစားတော့မယ်)း)


Share/Bookmark

30 Comments:

:P said...

သေချာဖတ်သွားပါတယ်...။

mirror said...

အစ်မရေ..အဆင်ပြေပျော်ရွှင်တဲ့ ခရီးဖြစ်ပါစေ...။

ဆရာသုမောင်ဆောင်းပါးလဲ ဖတ်လိုက်ရပါတယ်။

ယုံကြည်မှုလှိုင်းတွေအကြောင်းလဲ ဖတ်ရတယ်..။
အစ်မလိုတော့ မမြင်တတ်သေးတာ အမှန် :)

လင်းဒီပ said...

ဟုတ်ပါတယ်..
ဆရာသုမောင်ပြောတာကော
ဒေါက်တာ အောင်ထွန်းသက်ပြောတဲ့ Push Factor & Pull Factor ဆိုတာကိုပါ သဘောကျ လက်ခံပါတယ်။

အစ်မပြောသလို ဘယ်သူမှ တစ်လုံး ပိုမရှုသင့်ပါဘူး..
ခေတ်ပြောင်းသွားပါပြီ...
(ပိုရှုချင်တဲ့သူတွေကို ဘိလပ်ပြန်သန်းတို့ခေတ်မှာ ထားခဲ့လိုက်ပါ..။)

မမသီရိ said...

ကေရေ..မမ ကတော့
ဆရာအောင်ထွန်းသက်ပြောတာ
့ အတိအကျ ထောက်ခံချင်တယ်
လူတွေဟာ ကိုယ်ယုံကြည်ရာ
ကိုယ်လုပ်ပိုင်ခွင့်ရှိရမယ် ရရမယ်

Broad minded လဲရှိရမယ်
ရနိုင်ခွင့်ရှိတဲ့အခွင့်အရေးလဲ ရရမယ်

လူတွေရယ်ပွဲဖွဲ့ရလောက်တဲ့
ဂုဏ်ပြုပွဲတွေ ဘာတွေတော့ လိုအပ်မယ်
မထင်မိဘူး...း)

Anonymous said...

မကေက နိုင်ငံခြားပြန် ဒေါက်တာအောင်ထွန်းသက်လို့ သုံးသွားပုံကို စိတ်ဝင်စားပါတယ်။

ဒေါက်တာအောင်ထွန်းသက်က ပြည်တွင်းမှာ အလုပ်အကိုင်၊ ပညာသင်ဖို့ အခွင့်အလမ်းတွေ မရှိတာကို push factor ရယ်လို့ ပါးပါးလေး သုံးသွားပါတယ်။ အစိုးရက တာဝန်ယူပြီး ဒီအခွင့်အရေးတွေ ဖန်တီးပေးရမယ်လို့မပြောဘဲ push factor လျော့သွားအောင် လုပ်ရမတဲ့။ ဒီလိုစကားလုံးတွေသုံးတာလဲ စဉ်းစားစရာပဲ။

နောက်စဉ်းစားစရာက နိုင်ငံခြားပြန်တွေ ပြန်လာတော့ ဘာဖြစ်သလဲဆိုတာပါပဲ။ နိုင်ငံခြားပညာတော်သင်တွေကို ခေတ်အဆက်ဆက် လွှတ်ခဲ့ကြပါတယ်။ ရာထူးကြီးကြီးတွေ၊ ၀န်ကြီးအဆင့်ထိရာထူးတွေလဲ ပေးခဲ့၊ ပေးနေဆဲပါ။ ဒါပေမယ့် ဒီနိုင်ငံခြားပြန်တွေ၊ အထူးသဖြင့် ဒီမိုကရက်တစ်အတွေးအခေါ်များရှင်သန်ရာ နေရာတွေမှာ နေခဲ့ကြသူတွေ လုပ်ပိုင်ခွင့်ရှိတဲ့နေရာတနေရာရောက်လာပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် ဘာမှ မယ်မယ်ရရမလုပ်နိုင်တာ၊ မလုပ်ကြတာ ဘာကြောင့်ပါလဲ။

အမြင်ကျယ်ပြီး နှုတ်တွေဆွံ့၊ လက်တွေကြိုးတုပ်ထားခံရရင်လဲ ဘာလုပ်မလဲလို့ စဉ်းစားမိပါရဲ့။ အမြင်ကျယ်တယ်ဆိုတာကရော ဘာကိုပြောတာပါလဲဆိုတာကလဲ စဉ်းစားစရာပါပဲ။

မကေရဲ့ theme ကနေ ချော်ပြီး ဒီလိုရေးမိတာ ခွင့်လွှတ်ပါ။ နည်းနည်းတော့ ဆိုင်တယ်လို့ ကိုယ့်ဘာသာကိုယ်ပဲ စောဒက တက်လိုက်ပါတယ် :o)

လင်းကြယ်ဖြူ said...
This comment has been removed by the author.
လင်းကြယ်ဖြူ said...

ကောင်းပါတယ်။အတ္ဂေးအခေါ်၊စိတ်ဆိုတာ လေထီးလိုပါပဲ ဖ္ဂင့်ထားမှကောင်းကောင်းအလုပ်လုပ်ပါတယ်။
အဲ့သလိုဖ္ဂင့်ထားနိုင်ဖို့က လ္ဂတ်လပ်စ္ဂာတ္ဂေးခေါ်ကြံဆနိုင်မှပါ။အပင်တ္ဂေလိုပေါ့
ပန်းအိုးထဲမှာဆိုအရမ်းမသန်ဘူး။
အပြင်မှာလ္ဂတ်လ္ဂတ်လပ်လပ်စိုက်ရင်
ပို သန်ပြီးပိုကြီးထ္ဂားပါတယ်။ဒီတော့ မိမိစိတ်အကြံဥာဏ်ကို မိမိဘာသာ အားပေးပြီး လိုအပ်သင့်တော်တဲ့နေရာမှာနေထိုင်ကြရမှာပါ.ဒါပေမယ့်ဘယ်မှာပဲနေနေ ဘယ်လောက်ပဲတတ်တတ် တဖက်သားကို လေးစားပြီး ငါကဘယ်ကပြန်လာတာ ဘာတ္ဂေတတ်တာဆိုတာထက် ပိုမိုထိရောက်တဲ့ လုပ်ကိုင်မှုတ္ဂေကို ဆောင်ရ္ဂက်သင့်ကြပါတယ် လို့ထင်ပါတယ်ခင်ဗျာ။

MANORHARY said...

ကေ့ နိုင်ငံခြားပြန်က ကေ့ စတိုင်လ်အတိုင်းထူးခြားမယ် လို့ထင်ထားတာ ထင်ထားတဲ့အတိုင်း ဖြစ်တဲ့တွက် ကျေးဇူးတင်ပါတယ် နှစ် ၂၀ ဆိုတာကြီးကိုတော့ ခေါင်းကိုက်နေတာ ခုထိပါပဲ...

ကလူသစ် said...

မပြန်တော့ဘူးဆိုရင်တော့ ပြီးရောပေါ့ဗျာ ဟီး :)

Moe Cho Thinn said...

ဆရာ အောင်ထွန်းသက် ဖြေတဲ့ အဖြေကို သဘောကျမိတယ် ကေ။ တကယ်တော့ လူတွေက ကိုယ့်စိတ်ကိုယ် အကျဉ်းကျသလိုများ ဖြစ်နေလေသလား။ ကိုယ့်အတွင်းစိတ် လွတ်လပ်ဖို့ဆိုတာ လွယ်သလိုနဲ့ ခက်မယ် ထင်တယ်။ တို့ကတော့ အထဲ တွေ အပြင်တွေ အပြန်တွေ အသွားတွေ စိတ်မ၀င်စားမိဘူး။ ဘယ်နေရာမှာနေနေ ကိုယ့်ပြည်ကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူတွေကို ကြီးတယ် ငယ်တယ် မဟုတ်၊ အမြဲလေးစားရိုသေလျက်ပါပဲ။

P.Ti said...

ကျွန်တော်ကတော့ တစ်လုံးပိုရှူပါတယ်။ ရန်ကုန်ကိုပြန်သွားချိန်ဆို ဘတ်စ်ကားမစီးနိုင်ဘူး၊ ကားတွေက ညစ်ပတ်တယ်။
တက္ကစီ စီးပါတယ်။ စီးပြန်တော့လည်း လမ်းမှာလူကြုံတင်လို့ ပေးရတဲ့ ပိုက်ဆံနဲ့ မတန်ဘူးလို့ အပြစ်တင်ပါတယ်။
ပညာရေးဆိုလည်း ငါတို့လို မကြိုးစားချင်ကြတော့ဘူး ခိုးချဖို့ပဲ လုပ်နေကြတယ်လို့ ပြောပါတယ်။
အလုပ်လုပ်တဲ့လူတွေလည်း ခိုဖို့ပဲစဉ်းစားနေတယ် အလုပ်လို သေချာမလုပ်ချင်ဘူး လို့ ပြောပါတယ်။

ငါတို့လုပ်တဲ့ စင်ကာပူမှာ ဆိုရင်လေ... ဆိုပြီး ကြွားပါတယ်။

တွန်းအားကြောင့် ရောက်လာပေမယ့် တစ်လုံးပိုရှူမိပါတယ်...

ခင်မင်းဇော် said...

ကေ
ဒါ့ကြောင့် အမဘလော့ခေါင်းစဉ်မှာ တင်ထားတာပေါ့။ လွတ်လပ်ခြင်းဆိုသည်မှာ ရွေးချယ်ပိုင်ခွင့် ဖြစ်သည်လို့။
မသွားချင်ပဲ သွားရတဲ့ဘ၀တွေ။ ထွက်ချင်ပေမယ့်လဲ မထွက်ရတဲ့ဘ၀တွေ.....
ရွေးချယ်ပိုင်ခွင့်တွေ ပျောက်ဆုံးနေတာ ၀မ်းနည်းစရာမဟုတ်လားးးးး

Unknown said...

ကျေးဇူးအထူးတင်ရှိပါတယ်....................
ဒီလို စာမျိုးတွေက လူငယ်တိုင်းအတွက်များစွာ အဖိုးတန်
ပါတယ်.......................

Anonymous said...

မကေသွယ်ရဲ့  စာဖတ်ပရိသတ်တယောက်ပါ..ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတဲ့ စကားကို ကြားနေခဲ့တာ ကြာပါပြီ...ဘယ်အချက်တွေပါလဲဆိုတာတော့ ကျမ စာဖတ်အားနဲနေသေးတဲ့အတွက် သေချာမသိသေးပါဘူး....ဆရာအောင်ထွန်းသက်ပြောသွားသလို အမြင်ကျယ်ဖို့ အရေးကြီးတယ် ဆိုတာကျမသဘောတူပါတယ်...ဒါပေမဲ့ အမြင်ကျယ်ဖို့အပြင် ကျမတို့မြန်မာတွေ သဘောထားကြီး, ခွင့်လျွှတ်ပြီး ညီညွှတ်မှု ရှိဖို့ပါ လိုအပ်တယ်လို့ ထင်မြင်ယူဆမိပါတယ်....အမြင်ကျယ်ကြပေမဲ့လည်း စည်းလုံးမှုအားနည်းနေသေးလားလို့ပါ...ကျမကိုယ်ကိုယ်တိုင်ကတော့ အ၇ာ၇ာကို သဘောထားကြီးကြီးနဲ့ နားလည်ဖို့ ကြိုးစားနေသူတယောက်ပါ...မိမိကိုယ်ကို nothing လို့ခံယူထားပါတယ်...။ ဟိုးအရင်တုန်းကတော့ မြန်မာပြည်မှာ ဆယ်တန်းအောင်မှ လူရာဝင်တယ်လို့ ယူဆကြပေမဲ့ အခုနောက်ပိုင်းကျတော့ နိုင်ငံခြားပြန်မှဘဲ လူရာဝင်တယ်လို့ယူဆလာကြပြီထင်ပါတယ်...ဘာဘဲဖြစ်ဖြစ် ကျမကတော့ လူတယောက်ကို သူ့ရဲ့ ပညာတတ်ခြင်း, မတတ်ခြင်းကို အဓိကမကြည့်ဘဲ သူ့ရဲ့ စွန့်လွှတ်သည်းခံ သဘောထားကြီးတတ်တဲ့ စိတ်ဓါတ် ကိုဘဲ လေးစားယုံကြည်မိပါကြောင်း ပြောပါရစေမကေသွယ်...စာနည်းနည်းရှည်သွားတဲ့အတွက် ဆောရီးပါနော်....ဒီပို့စ်နဲ့ ဆိုင်မဆိုင်တော့ မသိဘူး ရင်ထဲရှိတာ ချရေးလိုက်တာပါ ...အမှားပါရင်ခွင့်လွှတ်ပေးပါ.... (mie nge )

Myo Win Zaw said...

ကောင်းမွန်တဲ့ posr ဖတ်ရတဲ့အတွက် ကျေးဇူးပါ

mgphonemyint said...

မပြန်ရင် အိုဗာစတေးဖြစ်သွား မှာ ကြောက်လို့ပါပဲ အပေါ်က ကလူသစ်ရေ ..း) ။

မကေ့ ပိုစ့်နဲ့တော့မဆိုင်ပါဘူး..ဒါပေမဲ့ အမခေါင်းစဉ်ကို အမျိုးသမီး တွေက ပိုစိတ်ဝင်စားနေသလိုပဲနော် ...
ကွန်မန့်တွေ ကြည့်ပြီး ပြောတာပါ ။

zeRoTraSh said...

ဘယ်ရမလဲ ဒါမျိုး မရဘူး။ ကိုယ်တွေကမတော့ မလျှော့ရေးချ မလျှော့ ခုဆို စလုံးပြန်ဇီးရိုး လုပ်လို့ရပြီ တော်သေးတာပေါ့ကွာ တစ်ကျွန်းပြန်မဟုတ်လို့ ဒါပေမယ့် စလုံးကလဲ ကျွန်းပဲ ဟီး ဟီး။ ဒေါ်ကေရော သြစီပြန်ကေပေါ့ ကောင်းဘူးလား အဲဒါ ဟိ။ အဲဒါကြီးက ကျွန်းတောင် မဟုတ်ဘူး တိုက် ဟိ ဟိ။ :D

ATN said...

ဘာကြောင့်ပဲ ဖြစ်ဖြစ်
နိုင်ငံခြားရောက်သွားပြီးမှ
ဗမာပြည်ကို ပြန်သွားတဲ့လူတွေကို
နိုင်ငံခြားပြန်လို့ ခေါ်ကြတယ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်
နိုင်ငံခြားကို သွားချင်လို့ ငွေကုန်ကြေးကျ ခံခဲ့ပြီးတော့ သွားတဲ့လူတွေကို
ဘယ်လိုခေါ်ကြတယ် မသိ။

မသွားချင်ပဲနဲ့ ရောက်သွားတဲ့လူတွေကိုတော့ လူတချို့က အမည် တချို့ပေးတယ်၊ အပြစ်တင်တယ်၊ စွပ်စွဲတယ်၊ တံဆိပ်ကပ်တယ်။ မေးခွန်းလည်း ထုတ်လိုက်ကြသေးတယ် ဘာလို့ သွားတာလဲ... ။

နိုင်ငံခြားကို သွားချင်လို့ သွားပြီး
ဗမာပြည်ကို ပြန်ကို မပြန်တော့တဲ့ လူတွေကို
ဘယ်လို ခေါ်သလဲ ဆိုတာ စိတ်ဝင်စားတယ်။

ထို့အတူ မသွားချင်ပဲ သွားရပြီး
ဗမာပြည်ကိုလည်း ပြန်ချင်လျက်သားနဲ့
အကြောင်းကြောင်းကြောင့် မပြန်နိုင်တဲ့သူတွေကို
ဘယ်လို ခေါ်ကြသလဲ ဆိုတာကိုလည်း
သိချင်နေပါသေးတယ်။

ကျနော့် တဦးထဲကတော့
နိုင်ငံခြား ဆိုတဲ့ စကားလုံးကို
ရင်ဘတ်ထဲမှာ ခါးခါးသီးသီး မုန်းတယ် ဗျာ...

တကယ်ဆို
လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လည်း
နိုင်ငံခြားပြန်ပါပဲဗျာ...

ပို့စ်နဲ့ ဆိုင် မဆိုင်တော့ မသိဘူး
ရင်ဘတ်ထဲမှာ ရှိတာတွေ သွန်ချသွားတယ်...
ဆောရီးပါ...

April said...

ဆရာသုမောင်ရဲ့ ဆောင်းပါးကော
ဒေါက်တာအောင်ထွန်းသက် ပြောတာကောပါ သဘောကျ ပါတယ်။ အဲဒီအထဲက Broad Minded ကို ပြောသွားတာ တော်တော်ကြိုက်ပါတယ်..
ဒီပို့စ်အတွက် ..အမကို ကျေးဇူးတင်ပါတယ်။


ပျော်ရွှင်ပါစေ..
မိုးနေ

မီးမီးချစ် said...

မပြန်ဖြစ်သေးတဲ့လူတွေက တော့ ခေတ္တ xxx

တန်ခူး said...

ကေရေ… များသောအားဖြင့် ဘယ်သူမဆို ကိုယ့်မြေကိုယ့်ရေကိုယ့်ဒေသကိုယ့်ဘာသာစကားနဲ့ ပဲ ပျော်မွေ့ ကြတာမိုလား…
အခြေအနေ အကြောင်းကြောင်းကြောင့် ကိုယ့်ချစ်တဲ့သူတွေ ကိုယ်ချစ်တဲ့နိုင်ငံနဲ့ ခွဲနေရပေမယ့် တို့ စိတ်ထဲတော့ အိမ်ကအိမ်ပါပဲလေ… ဒါကြောင့် မပျော်ပဲနေနေရတဲ့ (တကယ်တော့ ကိုယ့်ရဲ့လောဘကြောင့်… ရောင့်ရဲနိုင်မှုဆင်းရဲလို့ ) ဒီနိုင်ငံကြီးကို ကိုယ့်အိမ်ပြန်ရောက်ရင် မေ့ကိုမေ့ထားပစ်လိုက်တာ… မကျပ်တည်းပေမယ့် ခါးသက်လွန်းလို့ လေ… တလုံးလျော့ရှုဖြစ်ပါတယ် ကေရယ်…

မေ့သမီး said...

အမရေ အဲဒါတော့အမှန်ပဲ။ ညီမတို့တောင်ကျောင်းပြီးသွားရင် မြန်မာပြည်ပြန်ဖို့စဉ်းစားတဲ့အခါ အလုပ်အတွက်ဆိုရင် အဲဒါတွေထည့်စဉ်းစားရတယ်။ ကိုယ်ကလူတွင်ကျယ်လုပ်တာမဟုတ်ပေမယ့် ဒီကဘွဲ့ရလာလို့အတွေ့အကြုံနည်းနည်းလေးနဲ့ ၀င်ပြီး ရာထူးကောင်းကောင်းရတယ်။ အောက်ကလူတွေက အကြာကြီးလုပ်လာပြီး သူတို့အနေနဲ့ကြည့်ရင်နိုင်ငံခြား ဘွဲ့လေးတဘွဲ့ယူလာပြီး သူတို့ကိုဆရာကြီးလာလုပ်တယ်ပေါ့။ အဲဒီပြဿနာတွေကအများကြီးပဲ။ နှစ်ဘက်စလုံးက လိုတယ်လို့ထင်ပါတယ်။
ဒါပေမယ့် လူငယ်တွေကိုလွတ်လွတ်လပ်လပ်ဆုံးဖြတ် စေချင်တယ်လို့ ဆရာအောင်ထွန်းသက် ပြောသွားတာကိုတော့ တကယ်ထောက်ခံတယ်။

နွေးနေခြည် said...

မမကေ ဒီပိုစ့်လေးကို တော်တော်နှစ်သက်မိပါတယ်။ ဆရာကြီးတွေရဲ့ အတွေးအခေါ်အယူအဆတွေကို သဘောကျမိပါတယ်။
နိုင်ငံခြားပြန်မို့လို့ အထင်ကြီးစရာမလိုသလို၊ ပြည်တွင်းမှာနေလို့လည်း အထင်သေးစရာမလိုပါဘူး။ လူတွေ စိတ်ဓာတ်ကောင်းဖို့ပဲ အရေးကြီးပါတယ်။
မမရဲ့ တင်ပြထောက်ပြပုံလေးကို သဘောကျပါတယ်ရှင်

Unknown said...

ပထမဆုံးအကြိမ် ရောက်လာပြီး နိုင်ငံခြားပြန်ကို ဖတ်သွားပါတယ်။ ၂၀ ရာစုနောက်ပိုင်း ကမ္ဘာ့ရွာကြီးအဖြစ် ထင်ရှားလာတဲ့အခါမှာ နိုင်ငံခြားသွားတဲ့ ကိစဟာ မထူးခြားတော့သလို့ နိုင်ငံခြားပြန်တဲ့သူတွေဟာလည်း မထူးခြားပါဘူး။ ဒါကြောင့် ကိုယ့်ကိုကို နိုင်ငံခြား ပြန်ပါဆိုပြီး ဂုဏ်ယူချင်တဲ့ သူတွေအတွက်လည်း တော်တော်စိတ်ပျက်မိပါတယ်။

ကိုနေသွန်း said...

နိုင်ငံခြားပြန်ဆိုတဲ့ ဆောင်းပါလေးကိုကြိုက်ပါတယ်
နိုင်ငံခြားသွားတောလား
ဆိုတာလေးများရေးဦးမလားလို့
မျှော်လင့်နေမိပါတယ်
အိမ်မက်တွေဗလပွနဲ့ အနာဂါတ်ကိုထမင်းလုံး
စီရင်းနဲ့ နိုင်ငံခြားကိုရောက်လာခဲ့တယ်
ဆန်ပြုတ်၂ ရက်သောက်ခဲ့ရတဲ့နေ့လေးရယ်
စားစရာမရှိလို့တောထဲမှာ ဟင်းရွက်ခူးရင်
ပိုင်ရှင်ကသိလို့ဒါးနဲ့လိုက်ခုတ်ခံခဲ့ရတာရယ်...
အများကြီးပါ ..မကေသွယ်....
အမြင်ကျယ်ဖို့နေနေသာသာ ဆေးသမား
အရက်သမားတွေကြားမှာ အမျှင်ပါးပါးလေး
သာကျန်တော့တဲ့ စိတ်ဓါတ်လေးကို ဘယ်အချိန်မှာများ ပြုတ်ကျလေမလားရယ်လို့
တွေးကြောက်နေရင်း ....နိုင်ငံခြားပြန်ဆိုတဲ့
အရာတခုကို လွှတ်ချမိခဲ့တဲ့လူသားတွေ ရှိနေပါသေးတယ်...

kay said...

စင်စင်- မကြေးမုံ..ကျေးဇူး။း)
ကဗျာအိုးကွဲ လင်းဒီပ- ကြက်ပျံ..ငှက်ပျံ..စလုံးပြန်..
မမသီရိ- အဲအတိုင်းပဲ

စီးရီးယပ်စ် ဇီဇ၀ါ..( အဲလို နံမယ်ချစ်စနိုးပေးလိုက်တယ်)း) နိုင်ငံခြားပြန် ဒေါက်တာအောင်ထွန်းသက် ဆိုတာ..တကယ်လည်း နိုင်ငံခြားပြန်လေ.. အဲဒီအတွက်လည်း တစိတ်တပိုင်း သူပိုထင်ပေါ်နေတာမို့ပါ။ ဆရာပြောတာတွေ.. ကောင်းပါတယ်။

လင်းကြယ်ဖြူ- အဟုတ်ပေါ့..ညီမရေ

မနော်- ခေါင်းကိုက်ပြေပီလား.. ကျမတော့..နောက်အနှစ် ၂၀ ဆို အဘွားကေ ပေါ့..ဟိ

ကလူသစ်က..ဒါဆို..စလုံးမပြန် ကလူသစ်ပေါ့..း)

မချိုသင်း- ကျမလဲ သဘောတူပါတယ်။ သုံးသပ်ချက်တော့..မချတတ်ဘူး..

တလုံးပိုရှုချင်တဲ့..ကပီတိ ကိုတော့.. တခါတည်း..မီးခြစ် နဲ့ တို့ပစ်လိုက်မယ်..း)

အမ- သိဘူး..ပြောတတ်တော့ဘူး။

မီးငယ်- ကိုနေမင်း.. ခုလို လေးလေးနက်နက် ရေးပြသွားတာ..သိပ်ဝမ်းသာပါတယ်။ စာဖတ်သူ တယောက် အနေနဲ့ မိတ်ဆွေ တယောက်အနေနဲ့..မှတ်မှတ် သားသား ရှိနေပါ့မယ်။

မောင်ဖုန်းမြင့် နဲ့ ကိုမျိုးဝင်းဇော်- စာလာဖတ်တာ..၀မ်းသာတယ်။း)

ကိုသုညရော-..စလုံးမပြန် လုပ်မလို့လား..း) ဘီယာဖိုးနဲ့ လခပြုတ်မယ်။

ကိုအောင်သာငယ် ရဲ့ ကွန်မန့်ရှည်ကြီးကိုတော့..မဖြေတတ်ပါ..း((

မိုးနေ..မီးမီးချစ်- ကျေးဇူးး)

မတန်ခူးရဲ့..လျှော့တော့မရှူပါနဲ့..အသက်ရှု မ၀ ဖြစ်နေမယ်.. မက..စေတနာနဲ့ လျှော့ရှုထားတဲ့ ဟာကို ပီတိ ယူသွားအုံးမယ်..း)

မေ့သမီး နဲ့ နွေးနေခြည်- တို့လည်း ထောက်ခံ သဘောကျ ပါတယ်။

အုန်းရေ- ဒီလိုလူတွေလဲ ရှိပါတယ် ပေါ့..နော်

ကိုနေသွန်း- ခါးသက်သက် ခံစားချက်တွေကို ရှုရှိုက်မိပါတယ်။ တချို့က ချို..တချို့က ခါး..ဒါ လောကသဘာဝပဲလား မသိ။ ဘာပဲဖြစ်ဖြစ်..ခုတော့..ကိုနေသွန်းလဲ အခါးပေါ့နေလောက်ပီ ထင်ပါတယ်။း)

Anonymous said...

နိုင်ငံခြားပြန်ဆိုတိုင်း အထင်ကြီးစရာ မဟုတ်သလို အထင်သေးစရာလဲ မလိုပါဘူး ၊၊
ဘယ်မှာပဲနေနေ ဘယ်လောက်ပဲတတ်တတ် ကိုယ်.တိုင်းပြည်အတွက်
ကောင်းကျိုးဖြစ်ထွန်းလာမဲ. ရလဒ် တစ်စုံတစ်ရာ မရှိရင်တော. အလကားအသုံးမကျတဲ. မြန်မာပဲ ။
မြန်မာဆိုတဲ.အောက်မှာ တိုင်းရင်းသားတွေ အကုန်လုံးပါတယ် ။

ကျောက်တာ said...

ဘာပဲ ပြောပြော နောက်ဆုံးဆတာ့ မီးပုံကြီးထဲကို အကုန် ခုန်ဆင်းကြရမှာပါပဲ တဲ့ သူငယ်ချင်းတစ်ယောက် ပြောတဲ့စကားကို သတိရမိတယ်။အခု ပို့စ်လေးကို ဖတ်ရလို့ ရော ကွန့်မန့်ပေးတဲ့လူတွေရော အားလုံး စိတ်ဝင်စားစရာပါပဲ။တစ်ခု မေ့နေမလား ပြောသမျှ လူတိုင်းက မြန်မာနိုင်ငံက လူတွေက နိုင်ငံခြားပြန်ဆိုရင် အထင်ကြီးနေကြတယ်။နိုင်ငံခြားမှာ နေရင် အထင်ကြီးတတ်ကြတယ် ။မညာချင်ပါဘူး ကိုယ်တိုင်လဲ အထင်ကြီးခဲ့ဘူးပါတယ်။မရောက်ဘူးခင်ကပေါ့။ရောက်ပြီးတော့ ကိုယ့်လူမျိုးကို အားမရ ဖြစ်မိတယ်။အထင်ကြီးတဲ့လူတွေကို မုန်းတယ်။နိုင်ငံခြားကနေ မြန်မာတွေကို အထင်သေးတဲ့ လူတွေကို မုန်းတယ်။ဘာကြောင့်လဲ ..
ဒီလို ခံစားမှုတွေ ဘာလို့ ဖြစ်လာတတ်တာလဲ...။
နောက်ဆုံးက မညာကြပါနဲ့ မြန်မာတွေ အတော် များများ အထင်သေးခံနေရပါတယ် ဘာကြောင့်လဲ။

kay said...

ကြုံလို့ တခါတည်း အမည်မသိကိုပါ ပြန်လိုက်ပါတယ်။
မှန်ပါတယ်..မြန်မာပြည်မှာ နေထိုင်ကြသော..တနိုင်ငံတည်းသား အားလုံး ကို..အတူတူ လို့ပဲ သတ်မှတ်ပါတယ်။
ကိုကျောက်ကာ လည်း စာသေချာ ဖတ်ပေး ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်။ တကယ်တော့..ဘာတွေပဲ ပြောပြော..ဘယ်လိုပဲရေးရေး..ဘယ်လောက်ပဲ တက်တက်.. လူတိုင်းရဲ့ အထဲမှာ..reality သဘောလေးတွေ ရှိနေတာပဲ ..မဟုတ်လား။

Mettā Mon said...

မမ ကေ ရေ ပိုရှူချင်တဲ့သူကို တလုံးပို ပေါက် ပေးလိုက် မယ် ဘူ ------- ဟဲဟဲဟဲ