ဆရာဂျမ်း

ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း..တနှစ်ပြည့် အမှတ်တရ..
ဆရာဂျမ်း

ကဗျာ ကြယ်တပွင့်
ခရီးရှည် တခု ရွက်လွှင့် သွားတယ်။
ဒေါန တောင်ခြေ ကနေ
လွမ်းတဝေေ၀ နဲ့..မှန်းဆ နေစရာလည်း မလိုတော့ဘူး။

ဟိုးမှာ..ရွှေတိဂုံ လို့လည်း..
အဝေးက တမ်း..ရည်မှန်း ဖူးမြော် စရာ လည်း မလိုတော့ဘူး။


သူချစ်တဲ့ မြေမှာ..
သူ့ဝိညဉ် လိပ်ပြာ ကို..
ဘယ် မကောင်းဆိုးဝါးမှ..မတားစီးနိုင်တော့ဘူး..။

ပြည်ရွာ အနှံ့ လွတ်လပ်စွာ ခြေ ဆန့်ပလေ...
သူ့သားသမီးတွေက..
သူ့မြေး မောင်နှမ တွေကို..
သူ့တေး တွေ ဆို ပြီး..ချော့သိပ်လို့..
သူ့တေးတွေ ထဲက..
သူ့ရဲ့မေတ္တာ..သူ့ရဲ့ သစ္စာ
ရိုးသားမူ နဲ့သတ္တိ
သူ့မြေးမြစ်တွေရဲ့..ရိုးတွင်း ခြင်ဆီထိ..
သူ ပြုံး ပြီး ကြည့်နေမှာ..မြင်ယောင်ပါတယ်။

နီနီမာ
၂၃ ဇန်န၀ါရီ ၂၀၀၇




(ဆရာတင်မိုး ကွယ်လွန်ခြင်း ၆ လ ပြည့်..ဖန်မီးအိမ် စာစု များမှ....)


Share/Bookmark

1 Comment:

Unknown said...

ကဗျာ ကြယ်တပွင့်
ခရီးရှည် တခု ရွက်လွှင့် သွားတယ်။
ဒေါန တောင်ခြေ ကနေ
လွမ်းတဝေေ၀ နဲ့..မှန်းဆ နေစရာလည်း မလိုတော့ဘူး။


ပြည်ရွာ အနှံ့ လွတ်လပ်စွာ ခြေ ဆန့်ပလေ...
သူ့သားသမီးတွေက..
သူ့မြေး မောင်နှမ တွေကို..
သူ့တေး တွေ ဆို ပြီး..ချော့သိပ်လို့..
သူ့တေးတွေ ထဲက..
သူ့ရဲ့မေတ္တာ..သူ့ရဲ့ သစ္စာ
ရိုးသားမူ နဲ့သတ္တိ
သူ့မြေးမြစ်တွေရဲ့..ရိုးတွင်း ခြင်ဆီထိ..
သူ ပြုံး ပြီး ကြည့်နေမှာ..မြင်ယောင်ပါတယ်။


ကျနော်တို့လေးစားရတဲ့ ဆရာဂျမ်းအတွက်ကျနော် ဘာမှ မတင်ပြလိုက်ရဘူးဗျာ...
အခုလိုမကေသွယ်က တင်ပြလေးတဲ့အတွက် လေးစားပါတယ်...