မြန်မာပြည်က.. ဆွေမျိုး တွေက..ဟိုမှာ ဘာတွေစား ကြ လည်း လို့မေး တတ် ကြသည်။ သူငယ်ချင်း တွေ ကလည်း..ချက်တင်း တွေ ဘာတွေ မှာ တွေ့ရင်..အဲဒီမှာ..ဗမာစာ တွေ ရှိလား တဲ့။
အဲဒါ နဲ့..အစား အသောက် အကြောင်းလေး.. ပွား ဦး မှ ပဲ လို့။
စင်ကာပူ မှာ တုန်း ကတော့.. ကုလား ဈေး.. တရုတ်ဈေး..ဗမာ ဈေး တွေ မှာ..စား စရာ တွေ စုံ လွန်း လို့၊ ဗမာ စာ လွမ်း ရ ကောင်း မှန်း တောင် မသိဘူး။ ဒီကြား ထဲ..ရန်ကုန် ပြန် တဲ့ လူ ကြုံ ကလည်း..မပြတ်တော့.. အမျိုးတွေ ချက်ပေး လိုက်တဲ့ ဟင်း အစို အခြောက် ကစလို့.. ငရုတ်သီး စိမ်း .. ဓညင်းသီး..ထိ..စားလို့တောင် မနိုင်။ ကွမ်းသမား တွေ အတွက် ဆို.. ဗမာဈေး မှာ.. မနက်ကမှ..လေယဉ် နဲ့စိုက် လာတဲ့..ကွမ်းရွက် တောင် ရ တာလေ။
ဒီရောက် တော့.. နေတာကလည်း...မြို့ကြီးပြ ကြီး မှာ မဟုတ်တော့.. ဗမာစာ မပြော နဲ့..အေရှန် စာ တောင် ..တယ် မရ ချင်။ ကိုယ်က အစားအသောက် သိပ် မမက် တတ်ပေမဲ့..ဟိုတယောက်က.. ကန်စွန်းရွက် စားချင် ရတာနဲ့..ကင်ပွန်းချဉ်ရွက် ကလေး စိုက် စား ဦး မှ ဆိုတာ နဲ့..။ ဒါပေမဲ့ ..သူက.. ကိုယ့်ထက် အဆင်ပြေ တာက.. ဒီက အစား အစာ အသစ် တွေ ကို လည်း..ကြိုက်တတ်တယ်။ လျှောက်..လျှောက် စမ်း ၀ယ်စား တတ် တယ်။ အော်စီ တွေက ..ဘာစားလဲ ဆိုတော့..တခါလာလဲ.. ခြံနောက်ဖေး မှာ ဘာဘီကျူး ( အသားကင်) ပြီးတော့..၀ိုင်ပေါ့။ အမဲသား ကို အသကုန် စား တဲ့ ကောင်တွေ။ ဒီက အမဲသား ကလည်း တော်တော် နူးညံတယ်။ ဦးလေး တယောက် ဆို.. ဗမာပြည်မှာ.. အဘွားကို ကတိပေး ထား လို့..အမဲသား မစားပေမဲ့.. တခြား ရောက်ရင် တော့..စား တယ်။ သူ့အကြောင်း ပြချက် နဲ့သူတော့ ဟုတ်လို့။ ဗမာပြည်က နွားတွေက ကျေးဇူးရှင် မို့ မစားတာတဲ့..။ ဒီဖက်မှာတော့.. ကျေးဇူးရှင် မဟုတ် တဲ့။ အင်း..အော်စီ မှာ လည်း ဗမာ တော်တော်များများ အမဲသား မစား ရင်တော့..တကယ်မတန်ဘူး။ ကိုယ်တွေလည်း..မကြာ ခဏ ဆိုသလို..အော်စီ ဘာဘီကျူးပေါ့ ..၀ိုင်ကလေး နဲ့။
အသား တွေက တော့..သိပ်မကွာလှပေမဲ့.. လွမ်းတာက.. အေရှန် အသီး အရွက် တွေလေ။ ဒီမှာ တော့..ပုံမှန်ဈေး မှာ.. အများဆုံး ကိုက်လန်..မုန်ညင်း ..ဒီလောက်ပါပဲ။ တခါတလေ ရုံးပတီသီး နဲ့ ခရမ်းသီး ရတတ် တယ်။ တခါ ကများ ..ရှားရှား ပါးပါး ဘူးသီး တွေ့လို့ ပျော်လိုက်တာ။ သူတို့မှာ ဘူးသီး ကို winter melon လို့ နံမယ် တပ်ထားတော့..ခမျာမှာ.. ဖရဲသီး တို့..သခွါးမွှေး တို့ထဲ မှာ ညပ် နေတာ။ တခါ လည်း ခ၀ဲသီး ကြီး တွေ..ချော မှ ချော.. ။ ၀မ်းသာ အား ရ ..ကုလားမ ကြီး တယောက်နဲ့ လုဝယ် ရတယ်။ ကောင်တာ ကျတော့..အဲဒါ.. vege လား fruit လား တဲ့။ ဘယ်လို စားတာလဲတဲ့။ အဲ.. အဲဒီလို ဟင်းရွက် ဟင်းသီး အဆန်း များ ၀ယ်လို့က တော့.. စင်ပေါ်မှာ ကပ်ထားတဲ့..စာ ကို တခါ တည်း သေချာ မှတ် လာခဲ့။ ကောင်တာ ရောက်လို့.. ဘိုမ တွေ..မသိ ရင်..ကြာပီ...။ဟို အော်ခေါ် မေး..ဒီလှမ်း မေး နဲ့..ရှုတ်ရောပဲ။
တ ခါ တလေ.. ပါ့သ် ကို တတ်ဖြစ် ရင်တော့.. ဗီယက်နမ် ဆိုင်..တရုတ် ဆိုင် တွေ ရောက်အောင် သွား ရတယ်။ စင်တွေပေါ် က စိမ်း စိုနေတဲ့.. ရှမ်းနံနံ..ပင်စိမ်း.. ပိန်းရိုး.. ကန်စွန်း.. သဘောင်္သီးစိမ်း..အကုန် ဆွဲချ.. နိုင်သလောက် ၀ယ် တာပဲ။ ဒီ တခေါက် တော့.. အသိ တယောက် အိမ် ရောက်တုန်း ခြံ နောက်ဖေး မှာ စိုက်ထားတဲ့..ကင်ပွန်းချဉ် တွေ..ဒန့်ဒလွန် တွေ ..အားရပါးရ ခူးခဲ့ လိုက်တယ်။ ငါးရှဥ့် တို့..ဆိတ်သား တို့လို..ဟိုမရောက် ဒီမရောက် အသား ငါး တွေ ကလည်း..မြို့မှာ မှ ရတာ ဆိုတော့..ကြုံ ရင်ကြုံ သလို ဆွဲ တာပဲ ။ တခါ က.. Made in Myanmar ဆိုပြီး..သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့..ငါးဖယ် တွေ ရဖူးတယ်။ ဘာပဲ ပြော ပြော ..အဲလို လေး တွေ့ရတာ..စိတ်ချမ်းသာ တယ်။ နောက်မို့ဆို.. အော်စီ တနိုင်ငံ လုံးက ..စတိုးဆိုင် ကြီး တွေမှာ.. Imported from Thailand ဆိုပြီး..ရောင်းနေတဲ့.. ပုစွန် တို့.. ပြည်ကြီးငါး တို့..ဈေးကြောသန့်စင် ပြီး ..သားသားနားနား အထုပ်ကလေး တွေ တွေ့ရင်.. နယ်စပ်..မဟာချိုင် အရပ်က..ဗမာ ရေလုပ်သား တွေ မျက် နှာ မြင်ယောင် ပြီး.. ရင်နာမိတယ်။ မိဘ တွေနဲ့ အတူ လုပ်ငန်းခွင် ကို လိုက်လာ ရင်း.. ဈေးပေါ အလုပ်သမားလေး တွေ အဖြစ်နဲ့..ငါးတွေပုစွန် တွေ ..ဆေး ကြော သန့်စင် နေ တဲ့ ဗမာ ကလေး ငယ် တွေ ရဲ့ပုံ လေး တွေ..မြင်ယောင် မိတယ်။
ဘာထူးလဲလေ.. တကမ္ဘာလုံး က.. အေရှန် အစားအစာ ဈေးကွက် မှာ လည်ပတ် နေတဲ့.. ထိုင်းက တင်ပို့တဲ့.. စည်သွပ် အစားအစာ တွေ..ပုလင်းသွပ် ဟင်းရွက် တွေ ဆိုလည်း..ဗမာ ပြည်က..ထွက်တာတွေ..ဗမာ အလုပ်သမားတွေ.. လက် နဲ့ ရွေးချယ် သန့်စင် ထား တာ တွေပဲ နေမှာပါ။ အဲဒီ လို..ပုလင်းသွပ်ထား တဲ့ ..ဓညင်းသီး တို့.. မယ်ဇလီ ရွက် တို့.. မျှစ် တို့ ဆိုတာ.. ဗမာ ပြည်တွင်း က.. အိမ် တွင်း စက်မူ လုပ်ငန်း.. အစားအသောက် လုပ်ငန်းတွေ မှာ ရော..ဘာလို့ မလုပ် နိုင် ရ မှာ လည်း.. မလုပ်နိုင် ကြ တာ လည်း။ ခက် တာ က.. ပြည်တွင်းမှာ တောင်..ယိုးဒယား တံဆိပ် နဲ့ ငံပြာရည် မှ..ဆော့စ် အချဉ် မှ.. ကြိုက် ကြ တာ ဆိုတော့လည်း...။ ပြသာနာ က..အရည် အသွေး လား..။ ထုပ်ပိုးမူ လား..၊ စားသုံးသူ တွေ တလွဲ ဆံပင် ကောင်း နေ တာလား...။ ခုတော့..ကြည့်စမ်း..တကမ္ဘာလုံး..ယိုးဒယား ထုတ် အစား အစာ တွေ ချည်းပဲ။ ယိုးဒယား က.. နံပတ် (၂) အချမ်းသာဆုံး သူဌေးကြီး ဆို.. အဲလို အစားအ သောက် စည်သွပ် တင်ပို့ တဲ့ လုပ်ငန်း ရှင် တဲ့ ။
အော်စီ မှာ လည်း..ဗမာ အသိုင်း အ၀ိုင်း ထဲ..နံမယ် ကျော် နေတဲ့..ပဲကျော် သူဌေး တယောက် ရှိတယ်။ ဗမာ ပဲကပ် ကျော် ကို..အထုပ် လှလှ လေး နဲ့ ထုပ်ပီး ရောင်း တာ။ ဒီဖက် အော်စီ အနောက် ခြမ်း မတော့.. ဆိုင် တိုင်း မှာ..အဲဒီ ပဲကျော် ရှိတယ်။ ကုလား တွေ နဲ့..တခြား နိုင်ငံသား တွေ လည်း .. snack အဖြစ် နဲ့ ကြိုက်ကြတယ်။
ဒီလို ပါပဲ..။ ရှာ ဖွေ လေ တွေ့ရှိ လေပဲ။ ဗမာ စာ နဲ့ ခပ် ဆင် ဆင် လေး တွေ တွေ့ ရင် လည်း.. ၀ယ်စား ကြည့်။ ကောင်း ရင်..ပါးစပ် တွေ့ရင်.. စားစ ရာ တခု တိုး တာပဲ။ ကိုယ် တို့ နေတဲ့ မြို့ မှာ .. Oriental Food Store ဆို တာ တဆိုင် ရှိ တယ်။ ပိုင် ရှင် ကတော့..ဆလို ဗက် ..ရောင်းတာက..ဖိလစ် ပင်းမ..။ ကိုယ်တွေက.. ချစ်စ နိုး နဲ့..ဖားမ ဆိုင် ..လို့ ခေါ်တယ်။ ( ဖိလစ်ပင်း တွေကို..တချို့ဗမာ တွေ က..ဖ ဦး ထုပ်..ဖား စသဖြင့် အတို ခေါ် တာလေ )
သူ့ ဆိုင် ကို တော့..အပတ် တိုင်း လို လို ရောက်တယ်။ တခါ တလေ..၀ယ်စ ရာ ထွေ ထူး မရှိ လဲ..ကြုံ ရင် ၀င် ပတ် ကြည့်တာပဲ။ ၀င် တိုင်း လည်း ..တခု ခု ၀ယ် မိ တာပဲ..။ အနဲ ဆုံး.. ယိုးဒယား က လာ တဲ့.. ငယ်ငယ် တုန်း က..စားတဲ့..ကြက်ဥ မြေပဲ ထုပ် ကလေး ပဲ ဖြစ်ဖြစ်။ သူ့ ဆိုင် က ..စည်တော့ စည်သား။ အာဖရိကန် တွေ လည်း ၀ယ်တယ်..။ အဖြူ တွေ လည်း လာတာပဲ။ မိတ် ဆွေ အဖြူ အမျိုးသမီး တယောက် ဆို..၀ယ်စား ဖို့တော့မဟုတ် ဘူး.. စိတ်ဝင်စား လို့ ..၀င်ဝင် ကြည့် တယ်တဲ့။ တ နေ့ကတော့.. ဖားမ ဆိုင် ၀င် ကြည့် ရင်း.. ဟောဒီ ပုလင်း လေး တွေ့လို့..၀ယ်ခဲ့တယ်။
Burmese Balachaun တဲ့။ ဗာလ ချောင် ကြော် မကြိုက် ပေမဲ့.. ပျော်လို့ ၀ယ် လာခဲ့တယ်။ ဗမာ နဲ့ပတ်သတ် တဲ့ ဟာ ဆိုလို့.. Burmese ruby ..တို့ Burmese Cat တို့.. Burmese python တို့ ပဲ..ရှိတာလေ..။ ခွိ.. ခု.. Burmese Balachaun တခု တိုးသွား ပီ။ အော်စီ ရောက် ဗမာ တွေပဲ ထုတ် ထာ လား တော့ မသိဘူး။ သူ့ တံဆိပ် နဲ့.. ပစ္စည်း တော်တော် များ များ တော့ တွေ့တယ်။ မလေး ရှား လက်က်ဆာ တို့.. ထိုင်း တွမ့်ယမ် တို့ အစုံပဲ။
ခုနောက်ပိုင်း တော့လည်း.. ဗမာ ပြည် တွင်း စား သောက်ကုန် လုပ်ငန်း တွေ လည်း..တိုးတက် လာ လောက် ပီ လို့မျှော်လင့်ပါတယ်။ ကုန် ကြမ်း တွေ အားလုံး ရှိ ပါလျက် နဲ့.. ဘာတွေ လို အပ် နေ လို့ပါလိမ့် နော်။
10 Comments:
ပြည်တွင်းစားသောက်ကုန်လုပ်ငန်းတွေလည်း..
တိုးတက်လာလောက်ပြီလို့ မျှော်လင့်သလားအစ်မရ..
ဟိုတုန်းကနဲ့တော့ဘာမှသိပ်မကွာပါဘူး..
တစ်ခါတစ်ဆို ကျန်းမာရေးနဲ့မညီညွတ်တာတို့..
သတင်းစာမှာအများစားသုံးဖို့မသင့်တော်ဘူလို့
ကြော်ငြာတာတွေလည်း..
တွေ့နေရတာပါပဲ...
အစားအသောက်ထုပ်ပိုးမှုပုံစံတစ်ချို့တော့..
ပြောင်းလာပါရဲ့..
သို့သော်လည်း အရင်တုန်းကများလို့..
နောက်ဖေးလမ်းကြားကကစွန်းရွက်တွေခုးပြီး..
တရုတ်ကစွန်းပါလို့ပြောရောင်းကြတာတွေ..
တွေ့ရာမြေကြွက်တွေထောင်ဖမ်းပြီး..
လယ်ကြွက်စစ်စစ်ပါလို့ပြောရောင်းကြတာတွေလည်း..
ရှိနေတုန်းပါပဲဗျ.. တခြားစားသောက်ကုန်လုပ်ငန်းတွေတော့ပေါပါရဲ့..
မြန်မာမှာကအိမ်တွင်းစားသောက်ကုန်ထုတ်လုပ်ငန်းအသေးလေး တွေပေါရဲ့မဟုတ်လား..
ကျန်းမာရေးနဲ့ညီညွတ်သလားဆိုရင်တော့..
ဒီလိုပါပဲ..
အဆင်ပြေသလိုစားကြရတာပေါ့..
အော်...တစ်ချို့များကျပြန်တော့လည်း...
နိုင်ငံခြားဖြစ်မှစားချင်လွန်းလို့လေ..
စူပါမားကတ်တွေမှာ သွားဝယ်နေကြရတာ..
ရပ်ကွက်ထဲကဈေးတွေမှာတော့..
လမ်းပေါ်မှာ ဘန်းကလေးခင်းလို့....
ခြေထောက်တွေကြားထဲကပဲ...
စားသောက်ဖွယ်ရာ အသီးအရွက်...
သားငါးတွေကို အသာခင်းရောင်းနေကြတာကိုပဲ..
လူတိုင်းက ၀ယ်ယူစားသောက်နေကြတာပါပဲ..အစ်မရေ...
If I visit Australia, will you have a barbecue party for me at your house? :) :)
Warmly welcome Lwin Moe..
:-)
ဘားမိစ် ဘာလချောင်အတွက် ကျေး ဇူး ပါ ။ ဒီလိုပဲ ရှာကြံ ပြီး ဂုဏ်ယူ ရ တာ ပဲ ။ လာလည် တဲ့ အတွက် လည်း ကျေး ဇူး ပါ ။
မကေရေ.. အလုပ်များလွန်လို့ မရောက်ဖြစ်ဘူး။ ဒီနေ့တော့ အမဆီလာလည်ရင်း မနေနိုင်လွန်းလို့ comment ရေးခဲ့ပြီ အမရေ..ဒီမှာလည်း ဘာထူးလဲ အမရယ် ထိုင်းက ပစ္စည်းတွေပဲ စားနေရတာ။ ငံပြာရည်၊ မန်ကျီးသီး၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်း၊ မျှစ်၊ အို.. အစုံပါပဲ အမရာ..တခါတလေဆိုရင် ကိုယ့်မြန်မာအစားအစာကို သူများထုတ်ပိုးမှုနဲ့ ၀ယ်စားရတာ စိတ်ထဲမှာ တစ်မျိုးပဲ။ ကိုယ်တွေ နိုင်ငံကရော ဒါတွေ မရှိရင်ထားပါတော့ အခုတော့ ထိုင်းက ထုတ်ပိုးမှုနဲ့ အထားခံအောင် ဘယ်လို ထားမလဲ စတဲ့ နည်းပညာကွာတော့ ခံရပြီပေါ့။ အင်း ပြောရရင်လည်း နောက်ဆုံး.. ဒီဘူတာပဲ ဆိုက်လာအုံးမယ်.. စကားလမ်းကြောင်းလွှဲဦးမှ.. :)
မြန်မာဆိုင်က တိုကျိုမှာပဲ ရှိတော့ စားချင်တာ အကုန်ရပေမယ့် အိုဆာကာမှာက ဘာမှ ၀ယ်မရဘူး။ တိုကျိုမှာဆိုရင် ချဉ်ဖတ်တို့ ချဉ်ပေါင်တို့က အစ အကုန်ရတယ်။ အမရေးထားတာ ဖတ်ရတော့ မြန်မာအစားအစာတွေ အဲဒီမှာတော်တော် ၀ယ်လို့ရတာပဲ။ ဒီမှာက အသီးအရွက်ဆိုရင်လည်းလေ ဒန့်ဒလွန်သီး မမြင်ဖူးဘူးကြဘူး၊ ဘူးသီးကို ရှင်းပြလိုက်ရတာ အာပေါက်ရော ဖြစ်ချင်တော့ မြန်မာပြည်က ဘူးသီးရှိတ်ကလည်း ရှည်တာရှည် ပုတာပု ဆိုတော့ အင်္ဂလိပ်လို Dictionary မှာ ရိုက်ပြတော့မှ ဂျပန်လို စာလုံးသူတို့ဖတ်ပြီးတော့ အော်.. ဒီအသီးက သူတို့ ဘူးသီးခြောက်ဘူးလုပ်ပြီး အရက်တို့ ရေတို့ထည့်ရင် သုံးတာတဲ့။ မစားတတ်ဘူးတဲ့။ စားချင်ရင် Botanical Garden မှာရှိတယ်တဲ့.. ဒုက္ခက အဲဒီလို မကေရေ... အမပြောတာ တကယ်ကိုယ်ချင်းစာတယ်.. ဒီမှာလေ ပဲသီးအရှည်တွေ့တော့ ပျော်လိုက်တာ အရမ်းပဲ။ နွေဘက်ပဲ ရတယ်။ ဂေါ်ရခါးသီးတခါတလေ ရတယ်။ မြန်မာပြည်က တင်ပို့တဲ့ ပုဇွန်ကြီးတွေများ ရေခဲရိုက်ပြီး စတိုးဆိုင်မှာရောင်းတာ အကောင်တွေ ကြီးမှကြီး၊ ဈေးကလည်းအတော်ကောင်းတယ်.. မြန်မာပြည်က လူတွေတော့ မစားနိုင်ကြပေမယ့် ဒီရောက်တော့လည်းဈေးကြီးလို့ မစားနိုင်ပါဘူး အမရာ... အဟီး.. ပြောချင်တာတွေရှိနေသေးတယ်.. ဒါပေမယ့် commentလည်းအတော်ရှည်သွားပြီ မကေရေ... ဘရိတ်အုပ်မှ.. နောက်မှ အေးဆေးလာလည်အုံးမယ်.. :D
ဟုတ်တယ်အစ်မရေ။
ဒီမှာ ဟိုဟာဆိုလည်း မင်းတို့ဆီကကွ၊ ဒီဟာဆိုလည်းမင်းတို့ပင်လယ်ထဲကကွ. လို့အပြောခံရတာ သိပ်ခံပြင်းဖို့ကောင်းတာပဲ။
ထိုင်းမှာ ချဉ်ပေါင်ရွက်နဲ့ ရုံးပတေသီးတော့ ရှာမတွေ့ဘူး အစ်မရဲ့။
HI KAY,
DROP TO SAY HELLO, HOW R U
THANKS FOR THE POST
RGDS/NANG MYINT
Hi Kay,
drop ta say "Hello"
thanks for the post.
rgds/nang myint
ဒီပိုစ့်လေး ခုမှ ဖတ်မိတယ် ကေရေ...။ အပေါ်က လူတွေ ပြောသွားသလိုပါပဲ။ ဘာတွေများ လိုအပ်နေပါလိမ့်ပေါ့နော်...စဉ်းစားမိပါရဲ့။ စလုံးမှာကတော့ အကုန်ရနေတာမို့ အိမ်ကိုတောင် စားစရာ ဘာမှ မပို့နဲ့ မှာထားရတာ...ဟိ။ ဒီကိုလာလည်လေ ကေရဲ့၊ မလာခင် ပေါင်တော့ ချိန်လာခဲ့လိုက်....:))
အမနုစံရေ။ ဘူးသီးသိပ်စားချင်ယင် နည်းတခုရှိတယ်။
ဖရဲသီးခွံကို သေချာနွှာပြီး တုံးတစ်ချက်ကြည့်။ တကယ့်
ဘူးသီးထက်ကိုချိုသေး။ကောင်းမှကောင်း။ဒီမှာလဲ ဘူးသီးရှားလို့ ကြံမိကြံရာ ပဲ။
Post a Comment