သစ်သီးတလုံးကို.. အလွယ်တကူ ပုပ် မသွားစေ ချင် သလို မျိုး....
ပန်းတပွင့် ကို.. အလျင်အမြန် ညှိုးနွမ်း မသွားစေချင် သလိုမျိုး...
ယာတခင်း ကို...အချိန် မတိုင်ခင်.. ရိတ်သိမ်း မပြစ် စေချင် သလိုမျိုး...
အစတည်း က မှ.. မသေချာလှ တဲ့.. မိတ်ဖြစ် ဆွေဖြစ် တွေ...
ထပ် ကျပျောက်လို့ မဖြစ်...
ဘာလို့ အဲဒီလောက် ကြေက်တတ်နေ သလည်း...မသိ...
ရန်ကို ကြောက်တယ်...
စကားလုံးတွေကို ကြောက်တယ်..
အမှားတွေကို ကြောက်တယ်...
အထင်လွဲမူ တွေကို ကြောက်တယ်...
ပုပ်ပျက် ရွေ့လျော တတ်တဲ့..တရားကိုယ် သဘောကို နားလည် မိသလို
ပွတ်တိုက် ပြုန်းတီး နိုင်တဲ့.. ရုပ်သဘာဝ အကြောင်း လည်း..သင်ကြားဘူးတယ်...
ကမ္ဘာ့ဆွဲအား နဲ့.. တွဲ..တွဲ သွားတာက.. အရေပြား တွေ..
အပြစ် တွေက..မူလဗီဇ မှာ တွယ်ကပ်ကျန်နေခဲ့သလား..
ကြီးလာပေမဲ့..မပြင်း( ပျင်း) ချင်ဘူး..
ကြာလာပေမဲ့..မညောင်းချင်ဘူး...
မေးပါ များတိုင်း..စကားရ ရဲ့ လား..
သွားပါများတိုင်း..ခရီးရောက် ရဲ့လား..
မောင်ပေါက်ကျိုင်း ကို ပြန်မေးစရာ မလို..
အပြန်အလှန် လေးစားမူ ကို ယုံကြည်..
တူတာတွေ တွဲလုပ်.. ငြိမ်းချမ်းစွာ ကွဲလွဲ..
အလှမ်းတွေ ခြားစေမှ..
အတွေ့တွေ ဝေးနေမှ..
အကြည့်တွေ လွှဲထားမှ...
ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်နေ.. သူများဖိနပ် ၀င်မစွပ်နဲ့..
သတိ... အတန်တန် ထား..ဦး
“အမှားနဲ့ မကင်းတဲ့ လူသားများ”..အဲဒီစကားက.. အသုံးဝင်တယ်..
“အတား တချို့ တော့ ရှိသင့်” .. အဲဒီ ယူဆချက်က.. အမြဲမှန်လိမ့်မယ်...။
15 Comments:
ကေ...
ကဗျာလေး လာဖတ်တယ်
နားလည်သလောက် ကြိုးစားပြီး တွေးတော ခံစားသွားပါတယ်...။
အတား ဆိုတာ နေရာတိုင်းမှာ ရှိနေသင့်တယ်လို့ ယုံကြည်ပါတယ်...
အစတည်း က မှ.. မသေချာလှ တဲ့.. မိတ်ဖြစ် ဆွေဖြစ် တွေ...
ထပ် ကျပျောက်လို့ မဖြစ်...
ဘာလို့ အဲဒီလောက် ကြေက်တတ်နေ သလည်း...မသိ..
ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို ပြန်ရွတ်ပြဖို့ မှတ်သွားတယ်း)
အစတည်း က မှ.. မသေချာလှ တဲ့.. မိတ်ဖြစ် ဆွေဖြစ် တွေ...
ထပ် ကျပျောက်လို့ မဖြစ်...
ဘာလို့ အဲဒီလောက် ကြေက်တတ်နေ သလည်း...မသိ...
ရန်ကို ကြောက်တယ်...
စကားလုံးတွေကို ကြောက်တယ်..
အမှားတွေကို ကြောက်တယ်...
အထင်လွဲမူ တွေကို ကြောက်တယ်...
အားလုံးကို ကြောက်နေတဲ့
မြန်မာပြည်က ရွှေစင်
မကြောက်ပါနဲ့
ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ပါးပါးပေါ့
ကေ့ စာတွေ ဖတ်ပြီး လိုက်တွေးရတာ ပျော်တယ်
စဥ်းစားခိုင်းရင်စိတ်ညစ်တယ်။
ရေးတာလေး သိပ်ကောင်းတယ်
မေးပါ များတိုင်း..စကားရ ရဲ့ လား..သွားပါများတိုင်း..ခရီးရောက် ရဲ့လား..မောင်ပေါက်ကျိုင်း ကို ပြန်မေးစရာ...ဟုတ်ကဲ့...ညီမလဲ မေးလိုက်ချင်တယ်။
ဒီကဗျာလေး ကြိုက်လိုက်တာ..
ကြောက်တတ်က အတား လား၊ စိုးရိမ်တာက အတား လား။
အပြန်အလှန်လေးစားမှုကို ယုံကြည်၊ တူတာတွေ တွဲလုပ်၊ ငြိမ်းချမ်းစွာ ကွဲလွဲ.. တဲ့။ ဒါက ချမ်းမြေ့စွာ ဘ၀နေထိုင်နည်းပဲ ထင်ရဲ့။
အတား ဆိုတာ စည်းလားးး
လူ့စည်း ဘီလူးစည်း ဆိုတာလဲ ထားသင့်တာပဲ ကေရဲ့ ဟဟ
တားတာတား..ထားတာထား...သွားတာသွားပလေ့စီ..မကေရေ....
ဘူးနှစ်လုံးဆောင်ရင်တော့
အိုလို့တောင် မဆင်းရဲ...
းဝ)
ဟုတ်တယ်..
မကေ...
ကိုယ့်ခြေထောက် ကိုယ့်လမ်းကြောင်းပေါ်ကိုယ်နေကြတာပဲကောင်းပါတယ်...
တကယ်က (ကိုလှသန်းစကားနဲ့ဆို)
ကိုယ်တွေက ကိုယ့်ဖိနပ်ကို ခံတပ်လုပ်နေရတော့တာ
အရံ မို့ ...
အတား ရှိသင့်တဲ့ သဘောလားဗျာ ... :)
ဘာရယ် မဟုတ်ပါဘူး အစ်မရေ ...
ကဗျာ လေး ဖတ်ပြီး တွေးမိတာလေး သက်သက်
ကဗျာဆို များသောအားဖြင့် ကျော်ကျော်သွားတတ်တဲ့ ကျနော်တောင် မကေရဲ့ ကဗျာလေး
ကို တခေါက်မက ဖတ်မိတယ်။ Hidden talents တွေရှိသေးရင် ထပ်ပြပါအုံးလို့ တောင်းဆို
လိုက်ပါတယ်။
ဝတုတ
Post a Comment